ဂဇက်ရွာသူ/သားများ ဟင်းချက်ပွဲကြီး

ဒါက ဒီလိုရှိပါတယ် ခင်ည ……။

ဒီ မတ်လကုန်ပေါ့ ဧပြီလဆန်း (၁)မှ (၅)ရက်ကြား တနေ့နေ့ပေါ့ဗျာ။ မန်းဂဇက်က ရွာသူ/သားတွေ စုပေါင်းပီး ဟင်းချက်ပွဲ လုပ်မလားလို့ စဉ်းစားမိပါတယ်။ ဆိုတော့ကာ ……..

ဟောင်ကောင်က ဇနီးမောင်နှံ(ကျော့်ကို ဖေ့ဘွတ်မှာ အစားနဲ့ ဒုက္ခပေးတဲ့ ၂ယောက်) လည်းပြန်ရောက်မှာမို့ လူစုံမယ် ထင်သဗျာ။

နောက်ပီးတော့ ……….

အန်တီမမ

ဦးမိုက်(မဒမ်မိုက်)

အစ်မသဲနူအေး

ကိုဆွေ

အစ်မအိ

မဝေ

ကိုကမ်းဝေး

မမဆွိ(အဝေးရောက်)

ကျနော်

တက်တူးဆြာမင်းသုဝေ(သူ့ယောက်ဖက စားဖိုမှူး) တို့လည်း အားမယ်ထင်တော့ အားဖြည့်စေချင်တယ်။

Location and Plan

နေရာကိုတော့ ကျနော့် မှော်ဘီခြံ/ သူငယ်ချင်းရဲ့ ရမိုင်ခြံ/ ဒါမှ မဟုတ် တနေရာရာပေါ့ဗျာ။ ချက်ဖို့ပြုတ်ဖို့ အိုးခွက်၊ပန်းကန်ကတော့ ကျနော့်တာဝန်ထား အဆင်ပြေရင် ဒီပွဲလုပ်ဖြစ်ရင် 5PLus Channel က ကျော့်ဘော်ဒါတွေက လာကူညီမယ်တဲ့။ သင်္ကြန်ပီးရင် လွှင့်ပေးမယ်တဲ့။ သူရို့နဲ့ ဆိုရင်တော့ ဆုတွေ ဘာတွေ ပါမလားမသိ။ ကျနော်ကတော့ City Martက ၁သိန်းတန်/၅သောင်းတန် အခမဲ့ ဈေးဝယ်ခွင့်ကဒ် မေတ္တာလက်ဆောင် ပေးချင်ရဲ့ဗျာ။

အစီအစဉ်ကို လာတဲ့သူတွေ ဝိုင်းဗုတ်တဲ့ စနစ်ပေါ့။

အဓိက ရည်ရွယ်ချက်ကတော့ သင်္ကြန်မှာ အမှတ်တရ မိသားစုလိုက် စုံစေချင်တာပါ။

ကျန်တဲ့ အသေးစိတ်ကိုတော့ ရွာသူ/သားများ ထပ်ဆင့် ဆွေးနွှေးကြပါကုန် ……….။

 

54 comments

  • Ma Ma

    March 22, 2014 at 3:16 pm

    စိတ်ဝင်စားဖွယ်ရာအရမ်းကောင်းတဲ့ အစီအစဉ်မို့ လက်မလွှတ်စတမ်း ပါဝင်ချင်ပါတယ်။
    ဘိတ်ချီးဆုလည်း ပေးမယ်ဆိုရင်ပေ့ါ 😀

    ပျော်ပျော်ပါးပါးဖြစ်အောင် တစ်ယောက်တစ်မျိုး ကြိုက်ရာချက်မယ့်အစား အစားအစာတွေ လိုက်ဖက်အောင် ညှိနှိုင်းပြီး ကြိုတင်စီစဉ်မယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်။ 🙂

    • TNA

      March 22, 2014 at 5:05 pm

      အာလူးကတ်တလိပ် ကိုယ်ပိုင်ဗားရှင်းလုပ်ချင်ပါတယ်။

  • surmi

    March 22, 2014 at 3:21 pm

    လာရောက်မြည်းစမ်းစားသောက်ဖို့ ပထမဆုံးစာရင်းပေးပါတယ် 🙂

  • ဘရန်းဒက် ကေဇီ

    March 22, 2014 at 3:28 pm

    အဟင့်!!
    သများ မရှက်တတ် အဲလေ ချက်တတ်ပါဘူ ဆိုု…!
    စားပဲစားတတ်တာ…
    အဲလော့ ဒိုုင်ကိုုင်မယ်။။။
    :mrgreen:

  • Myo Thant

    March 22, 2014 at 3:51 pm

    သားသား ဘာချက်ပေးရမလဲ ?
    သားက ( ၁၉၉၆ – ၂၀၀ဝ ) ဆီဒိုးနား မိန်းကစ်ချင်းကနော့ ၊ 🙂

  • 5-4-2014 နေ့ မှာ ရန ် ကုန် ဆင် း လာ ပြိး အ လှူ ငွေ တွေ စု ပါ မယ်
    6-4-2014 နေ့ မှာ သွား ရောက ် လှူ ဒါန်း ပါ မယ်

    ကား ကူ ညီ ပေး နိုင် မည့် သူ များ နဲ့ လိုက် ပါ မည့် သူ များ ကျ နော် ကို ဆက် သွယ် စေ လို ပါ တယ်။

    ( လူ အဝင် များ မယ့် ပိုစ် မှာ ဝင် ကြော် ညာ ပေး ခြင်း )

    • Ma Ma

      March 22, 2014 at 4:40 pm

      ကားတစ်စီး ကူညီပေးနိုင်ပါတယ်။
      လူနည်းရင် ဆလွန်းယူလာမယ်။
      လူများရင် ပစ်ကပ်ယူလာပေးမယ်။
      ဆလွန်းဆိုရင် ၂ယောက်-၃ယောက်၊ ပစ်ကပ်ဆိုရင် လူ ၁ဝယောက်လောက်လိုက်နိုင်မယ်။ 🙂

      • TNA

        March 22, 2014 at 5:05 pm

        ဆလွန်းကားတစ်စီးပါပါမယ်။

    • Ko chogyi

      March 23, 2014 at 5:57 pm

      ကိုပေါက်ရေ အလှူငွေတစ်သောင်းကျပ်နဲ့ probox ကားတစ်စီးကူညီပါမယ်။

  • ရဲစည်

    March 22, 2014 at 4:04 pm

    အန်တီမမ
    လူတကိုယ် အကြိုက်တမျိုးမို့ ကျော်ကတော့ ဘာမှမပြောလို၊ ကုလားစာ၊ တရုတ်စာ၊ ဗမာစာ၊ တိုင်းရင်းသားအစားအစာ တယောက်တမျိုးချက်တော့ စားရတဲ့သူတွေ အမျိုးစုံ မြည်းစမ်းရသပေါ့။

    ဆွိ
    အက်ပတူဒိတ် အွန်လိုင်းကနေ ပို့ပေးပါ့မယ် အကြံပေးပေါ့

    အူးဆာ
    မြည်းလည်းမြည်း မီးလည်းထိုးပေါ့ ဟိဟိ

    အူးမြိုး
    အက်စ် ယူလိုက် အက်စ်ယူ ဝှချ့်၊ ယူ ကန်ဒူး ဆမ်းမ်းဝန်းမ်

    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 9:45 am

      သများကို……
      လေယာဉ်လက်မှတ်အသွားအပြန်ဖိုးရယ်။ (ပိုးသားလေကြောင်းက)
      တစ်နေ့ အစားအသောက် ၅ နပ်စာ ၁ ပတ်လောက်ရယ် (သများ တစ်ခါစားရင် ဘယ်လောက်စားလည်း သိတယ်မို့လား)
      ဟိုနားဒီနားသွားဖို့ အဲယားကွန်းကောင်းကောင်း စလွန်းလေးရယ် (ဘာကား ညာကား လို့ မပြောဘူးနော်)
      ဒရိုင်ဘာ ချောချောလေးရယ် (တော်ကြာ ကဖက်ကက်ကြီးချောဆွဲလာမှာစိုးလို့)
      လှည့်မကြည့်စတမ်း သုံးဖို့ ပိုက်ဆံ အထပ်လိုက်ရယ် (တစ်သောင်းတန် အထပ်လိုက်မှ)

      တီဗီရိုက်မှာဆိုရင် ပွဲနေ့ကို ဝတ်ဖို့ ဝတ်စုံရယ်
      အဲ ! ဆုရရင် ဆုယူတဲ့ အချိန်ဝတ်ဖို့ ဝတ်စုံရော နော်။
      အာ့တွေ စီစဉ်ပေးမယ် ဝယ်ပေးမယ် ဆို ယွဲ စီစဉ်တဲ့ ပွဲ လာ နွှဲမယ်။
      ဟေးဟေးဟေးးးး

      :mrgreen:

      • Foreign Resident

        March 24, 2014 at 4:33 pm

        ဒရိုင်ဘာ ချောချောလေးရယ် (တော်ကြာ ကဖက်ကက်ကြီးချောဆွဲလာမှာစိုးလို့)

        :mrgreen:

  • ရဲစည်

    March 22, 2014 at 4:07 pm

    လေးပေါက်နဲ့ ကိုခကိုပါ အိုက်ပွဲဖြစ်ရင် ဆွဲစိမှာ ကပေနဲ့ ကိုဖိုးထောင်က ၄ရက်နေ့ ရန်ကုန်မှာ ရှိမယ် ဆိုလားပဲ

  • အာဂ

    March 22, 2014 at 4:49 pm

    ဖြစ်နိုင်ရင် အသည်းထောင်း လေးလုပ်ကျွေးချင်တယ်။ နောက် ရေခင်း မုန့်ဟင်းခါး…လေးလည်းကျွေးချင်တယ်။ ရမိုင်ခြံကပိုနီးမလားလို့..။

  • တညင်သား

    March 22, 2014 at 4:54 pm

    ဟာဂျာ ဟာဂျာ….အဲ့ရက် လုံးဝ မအားလို့ဂျာ ဝင်နွဲလိုက်ချင်တယ်… :mrgreen:

  • TNA

    March 22, 2014 at 5:02 pm

    ဆုရရ မရရ ဝင်ပြိုင်ပါမယ်။ ရန်ကုန်ထဲမှာကျင်းပစေချင်ပါတယ်။ မှော်ဘီဆိုရင်တော့ လာဖို့မလွယ်လို့ပါ။ အရမ်းစိတ်ဝင်စားပါတယ်။ ဘယ်လိုအစားအစာမျိုးချက်ရမှာလဲ။ သတ်မှတ်ချက်ရှိပါသလား။

  • Ma Ma

    March 22, 2014 at 5:13 pm

    လိုက်ဖက်တာ ကြိုတင်ညှိနှိုင်းပြီး ချက်စေချင်တယ်ဆိုတာ….
    ဆရာ့ဆရာကြီးတွေရဲ့ လက်ရာကို ပံ့ပိုးတဲ့အနေနဲ့ အဝစားပြီး အချိုတည်းနိုင်အောင် သီးစုံနို့အေးဖျော်ရည် လုပ်ဖို့ စဉ်းစားထားလို့ပါ။
    ဒါမှမဟုတ် အခြားအဆင်ပြေတဲ့ လေးဇီးကွတ်တစ်ခုခု ဆိုလည်း ရတယ်။
    လေးဇီးကွတ်ပဲနော်။ 😀

  • Mr. MarGa

    March 22, 2014 at 6:05 pm

    ဒွတ်ခပဲ… အစားဆိုတာနဲ့ မရိုးမရွဖြစ်ချင်နေပြီ
    ဆိုးတာက နောက်လ 4,5,6 ကို ရုံးရွှေ့မယ်ဆိုတော့ ခွင့်ယူလို့မရတဲ့အပြင် အိုဗာတိုင်ပါဆင်းရဦးမယ်
    ကြည့်ရတာ နှစ်ပွဲလုံး လွတ်ဖို့က ရာနှုန်းအတော်များနေတယ်။

  • ရဲစည်

    March 22, 2014 at 6:12 pm

    အစ်မသဲ
    သတ်မှတ်ချက် မရှိပါ ခင်ဗျ။
    ချက်သူတွေ အဆင်ပြေအောင် ဂက်စ်မီးဖို ၃လုံးထားပေးပါ့မယ်။ အသီးအရွက် သားငါး စုံအောင်ထားပေးပါ့မယ်။
    သီးသန့်ဟင်းလျာဆိုရင်တော့ ကိုဟွာကို ဝယ်လာပေးကြပါ။ ဥပမာ။ ။ငါးမန်းတောင် ဟင်းချိုလို ဟာမျိုးပေါ့
    :mrgreen:
    မှော်ဘီက ငရဲဗြဲလျှမ်းခြံက နည်းနည်းဝေးတာမို့ ရမိုင်/တခြားနီးတဲ့နေရာ စီစဉ်ပေးပါ့မယ်ဗျ

  • nature

    March 22, 2014 at 6:53 pm

    နောက်တွေ့ဆုံပွဲတွေကျရင် အကုန်အကျစရိပ်သက်သာအောင် ရွာထဲမှ easy cook များအား အကူအညီတောင်းသင့်ပါကြောင်း။ 😛

    ဟိုတလောက ဟော်တယ်မှာ အာလူးချောင်းချဉ်စပ်မှာစားတာတွေ့တော့ ဝေဝေရဲ့အာလူးချောင်းချဉ်စပ်ကို သွားသတိရတယ်။

    Easy Cook တွေရဲ့စာတွေ့တွေကို လက်တွေ့မြည်းရတော့မယ်။ အားလဲနာတယ် ခင်လဲခင်တယ်။ အဟီးးးးး။

  • ဘရန်းဒက် ကေဇီ

    March 22, 2014 at 7:41 pm

    Easy cook – Wei
    Lazy cook – Ma Ma
    Busy cook – Kyauk
    Eco Cook – Aunty Don
    Chef cook – TNA
    Homey cook – Mwa Ei
    Heavy Cook – U Sur Mi
    Duty Cook – U Myo Thant
    Lousy Cook – KZ
    😀

    • ဘရန်းဒက် ကေဇီ

      March 22, 2014 at 7:43 pm

      Drunken Cook – Yee Xie
      😀

      • Myo Thant

        March 24, 2014 at 9:15 am

        Duty Cook ….. အဲဒါ ဘာလဲ ဟင် ?
        🙂

        • ဘရန်းဒက် ကေဇီ

          March 24, 2014 at 9:22 am

          ကွတ်ချင်ချင် မကွတ်ချင်ချင်
          ဂျူတီ အရ ကွတ်ရတာကိုပြောတာလေ။
          ဟိဟိ။

          😀

  • padonmar

    March 23, 2014 at 12:03 am

    ယွဲယွဲရေ
    ၆ရက် တနင်္ဂနွေ လုပ်ပါလား။
    လေးပေါက် သီလရှင်ကျောင်းအလှူ စောစောလေး သွားလှူကြပြီး အပြန် စားတော်ချက်ပြိုင်ပွဲကြီး နွှဲကြရအောင်။
    လက်တိုလက်တောင်း
    ပန်းကန်ဆေး အားပေး
    မီးထိုး အာလူးဖုတ်
    ဆရာလုပ် နှမ်းဖြူး ချင်လို့ပါ။

  • ဖြူစိုင်း လူ

    March 23, 2014 at 6:08 am

    ဆုံချင်ပါသေးတယ်

    စားသောက်ဆိုင်လိုင်းမှာ လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ ကြက်ကြော် ကြော်ကြွေးပြချင်ပါသေးတယ်
    မရောက်နိုင်တာတော့ ခွင့်လွှတ်ဗျာ

    • ဘရန်းဒက် ကေဇီ

      March 23, 2014 at 6:44 am

      Yummy Cook – Ko Yin Sai
      😀

  • ဘရန်းဒက် ကေဇီ

    March 23, 2014 at 6:45 am

    Fatty Cook – Ko Fat Cat
    😀

  • ဘရန်းဒက် ကေဇီ

    March 23, 2014 at 8:46 am

    Sweety Cook – Ba Swe
    Mighty Cook – Madam Mite
    😀

  • ဗုံဗုံ

    March 23, 2014 at 9:07 am

    တမီးက ရေနွေးအိုးတော့
    ဆူအောင်တည်တတ်ပါတယ်ချင့်…
    ဝင်ပြိုင်မယ် :mrgreen:

  • ရဲစည်

    March 23, 2014 at 10:10 am

    မတ် ၃ဝ တနင်္ဂနွေ
    ဧပြီ ၆ တနင်္ဂနွေ
    ဧပြီ ၁၃ တနင်္ဂနွေ ရက်ရွေးကျပါကုန်
    အားလုံးအားမှ အားလုံးစုံမှ ပျော်စရာကောင်းမယ် ထင်ပါတယ်။

    @အန်တီဒုံ
    ၆ရက်နေ့ ရွှေပြည်သာအလှူကအပြန်ဆို အချိန်တော့ နည်းနည်းကျပ်လိမ့်မယ်။ဒါပေမဲ့ အများအားမဲ့ရက်က အကောင်းဆုံးမို့ ညှိကျပါခင်ဗျ။

  • ရဲစည်

    March 23, 2014 at 10:19 am

    လာမဲ့ တနင်္ဂနွေလောက်ကို ကိုစွယ်တော်ရွက်ရဲ့ ရွာကွပ်ပစ်မှာ အသေးစိပ်ညှိနှိုင်းခြင်ပါတယ်ဗျ။

    ဒီကိစ္စ အကောင်အထည် ဖော်ဖြစ်ရင် စီးတီးမတ်နဲ့ ဟင်းစားကိစ္စ ပြောရမှာမို့ပါ။

  • အနော်ကတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မချက်တတ်တော့ ချက်တဲ့သူတွေကို တောက်တိုမယ်ရ ကူပါမည်… (သတိ..ကြက်သွန်နီခွာရင် မျက်ရည် ဘူးသီးလုံးလောက်ကျသည်.)

  • weiwei

    March 23, 2014 at 7:38 pm

    ပါဝင်ဆင်နွှဲချင်ပါတယ် ..
    ဒါပေမယ့် ရက်တွေက ညှိဖို့လွယ်မယ်မထင် …
    ၁၃ ရက်နေ့ကတော့ ခရီးသွားနေမှာမို့လို့ သေချာပေါက်မအားပါ ..
    ၆ ရက်နေ့က မနက်ပိုင်း ကိုပေါက်အလှူနဲ့ နေ့ခင်းပိုင်း မသွားမဖြစ်တဲ့ မင်္ဂလာဆောင်တစ်ခုရှိနေတယ် ..

  • ချစ် လှ စွာ သော ရွာသူ သား များ ခင် ဗျား

    ကျ နော် တို ့ သွား ရောက် ရ မယ် ့ နေ ရာ က

    ရွှေ ပြည် သာ

    ထန်း ခြောက် ပင် ဈေး ရဲ့ အ နောက် ဖက်

    မြို င် သီ လ ရှင် ကျောင်း အနီး မှာ ဖြစ် ပါ တယ်။

    ကျ နော် က ရန် ကုန် မ ကျွမ်း ပါ။

    အဲ တော့ ကျ နော် တို့ စု ရပ် လေး တစ် ခု ကို ဝိုင်း စဉ်း စား ပြီး

    ပြော ပေး ကြ စေ လို့ ပါတယ.် ခင် ဗျား

  • padonmar

    March 23, 2014 at 11:21 pm

    ၁၃ရက်က ခရီးသွားမည့်သူများပါသည်။
    ၆ရက်ကိုပဲ ရွေးစေချင်ပါသည်.
    ကိုပေါက်အလှူကို ရွှေပြည်သာကျောင်းမှာ မနက် ရနာရီ စပြီး ၈နာရီပြန်လာ ရမိုင်မှာ ချက်ရေးပြုတ်ရေး စမည်ဆိုလျှင် ထမင်းစားချိန်တော့မီမည် ထင်ပါသည်။
    ရွာကွပ်ပျစ်မှာ တနင်္ဂနွေ မနက်စောစော ဆုံမည်ဆိုလျှင် ကျောင်း တချိန်ပြေးပြီးလာပါမည်။

  • padonmar

    March 24, 2014 at 12:08 am

    အလှူသွားဖို့ ရွာကွပ်ပျစ်မှာ မနက် ၆နာရီခွဲ စုပါလား ကိုပေါက်။

  • kyeemite

    March 24, 2014 at 9:03 am

    အကောင်းဆုံးစုရပ်က ကိုစွယ်တော်ရဲ့ “ရွာ့ကွပ်ပျစ်” ပါ..အချိန်ကတော့ အာတီဒုံပြောသလို ၆ခွဲပေါ့…
    စုပေါင်းချက်ပြုတ်ပွဲကြီးအတွက်တော့ ပြောစရာမရှိပါ…လာရောက်အားပေးစားသောက်ပါမည်
    Mighty Cook – Madam Mite 😀

  • Wow

    March 24, 2014 at 9:32 am

    မတ် ၃ဝ နဲ့ ဧပြီ ၆ ရက်ကတော့အားတယ်…
    ၂ ၊ ၃၊ ၄၊ ၅ က Workshop ရှိတယ်… မအားဘူး…
    အားတဲ့နေ့ ဆိုရင်တော့ အုန်းနို့ခေါက်ဆွဲ ချက်ချင်ပါတယ်… ကွဲစည် အုန်းသီး (၂) လုံးလောက် ခြစ်ထား ညှစ်ထားဘာ :mrgreen:

    • surmi

      March 24, 2014 at 9:52 am

      သွေးကျဆေးသောက်ပြီး လာစားမယ်ဗျာ 🙂

      • Ma Ma

        March 24, 2014 at 5:43 pm

        ဒုတိယမြောက် သွေးကျဆေးသောက်ပြီး လာစားမယ့်သူအဖြစ် စာရင်းပေးပါသည်။ 🙂

        • Wow

          March 25, 2014 at 10:36 am

          အနော် အုံးတီးကိုင်ပီး အသင့်စောင့်နေပါသော်လည်း…
          ပွဲစီဇင်သူဂျီး… ပွဲဖျက်ရန်ကြံနေပါသီ…. :mrgreen:

  • ရဲစည်

    March 24, 2014 at 12:19 pm

    ကိုဆွေကလည်း မအားဘူးတဲ့
    မဝေကလည်း မအားဘူးတဲ့
    အစ်မသဲကလည်း ရေခဲသေတ္တာရမှ သူ့မုန့်ကရမှာ

    ဆိုတော့ ဝိးတိုးဝါးတားရဲ့ အစီအစဉ်ကို မျက်လုံးမှာ မြင်နေပီ

    ဆိုတော့ကာ
    ဆိုတော့ကာ
    ဆိုတော့ကာ

    ???????????

  • ဦးကျောက်ခဲ

    March 25, 2014 at 9:15 am

    ဆိတ်အကြီးကြီးဝင်စားပါတယ် ခီည…
    ဒါပေသည့် ၅ရက် (သို့) ၆ရက်နေ့မှ အဆင်ပြေလိမ့်မယ်…
    ချက်ကျွေးမယ်… ဘာစားချင်ကြတုန်း ပိတ်သတ်…
    ဒါမှမဟုတ်… ဟောင်ကောင်ဘဲကင်စားကြမလား…
    ကိုပေါက် အလှုကိုလည်းလိုက်ခဲ့မယ်… အဲ အတင်းမရှိခိုးခိုင်းရဘူးနော်…
    😀

  • Ma Ei

    March 25, 2014 at 10:23 am

    တီဗွီမှာ လာလာနေတဲ့ ဟင်းချက်ပြိုင်ပွဲလိုမျိုးဆိုရင်တော့ ပါချင်ဘူးအေ…
    ဒီတိုင်းလေးဘဲ ချက်ပြုတ်စားသောက်ချင်တာ…
    ဒါမှမဟုတ်…
    ကုသိုလ်ဖြစ် ဈေးရောင်းပွဲ လိုမျိုးလေးလုပ်
    ရလာသမျှ အရင်းအမြတ်(အမြတ်) အကုန်လှူ အဲ့လိုမျိုးလေးကော…

  • kai

    March 25, 2014 at 3:11 pm

    အစားအသောက်ပြိုင်ပွဲလေးပါလုပ်ပါလား..
    လောလောဆယ်… စတစ်ကီ.. :mrgreen:

    • kai

      March 26, 2014 at 6:04 am

      သယ်ပေးရတဲ့သူကရိကထမများအောင်… သေးပြီးလူတိုင်းသုံးနိုင်တာစဉ်းစားတော့.. ထုံးစံအတိုင်း SD Card တွေပဲတွေးရတာမို့..
      လောလောဆယ်.. ၁၆ဂစ် ၃ခု ဝယ်ထားပါကြောင်း..။
      လူကြုံ…လူကြုံ….

  • ဘရန်းဒက် ကေဇီ

    March 25, 2014 at 5:57 pm

    Judging Criteria
    Cooking
    Total points attainable for all four courses is 400.

    Menu/recipe composition/innovation/utilisation of meat cuts (0-10 points per course)
    Points will be awarded for the maximum use of the meat cuts, creativity, recipe and menu compilation.
    ~~~~~~~~~~~~`
    Mise en place and cleanliness during preparation (0-10 points per course)
    Points awarded are based on the arrangement of materials for trouble-free working and service and for safe and hygienic work methods employed, during and after the completion of the event.
    ~~~~~~~~~~~~~~~~
    Correct professional preparation (0-20 points per course)
    Points awarded based on the correct basic preparation of food, corresponding to today’s modern culinary art. Preparation should be practical, acceptable methods that exclude unnecessary ingredients. Appropriate cooking techniques must be applied for all ingredients, including starches and vegetables.
    ~~~~~~~~~~~~~~~~~~~~~~
    Arrangement and presentation (0-20 points per course)
    Points awarded are based on clean arrangements, with no artificial garnishes and no time-consuming arrangements. Exemplary plating to ensure an appetising appearance.
    ~~~~~~~~~~~~~~~~~~~~~`
    Taste (0-40 points per course)
    The typical taste of the food should be preserved. It must have appropriate taste and seasoning. In quality, flavour and colour, the dish should conform to today’s standards of nutritional values.
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    Important Note

    Teams must maximize the use of the ingredients provided by the sponsors. At the judge’s discretion, a maximum of 10 points per course can be deducted if, in their opinion, the use of other ingredients has been exaggerated. Teams are disqualified if they cannot produce the required number of portions.
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    Table decor
    Total points attainable 80.

    Innovation (0-40 points)
    Creative use of display materials. Unique presentations of centrepiece. Table decoration is in keeping with the general theme of the food being served.
    ~~~~~~~~~~`
    Professional presentation (0-20 points)
    Table is laid to exacting international standards of dining etiquette. Quality of napery, cutlery and accoutrement used.

    Hygiene (0-20 points)
    Material used is suitable for food service, cleanliness of linen and flat ware, glasses, etc.
    ~~~~~~~~~~~~~~
    ဒိုင် တွေ ဖတ်ဖို့။
    ခိခိခိ။

    😀

  • ခင် ခ

    March 25, 2014 at 8:35 pm

    ဆုံပွဲမှသည် ပြိုင်ပွဲဆီသို့

  • ဘဆွေ

    March 26, 2014 at 4:16 am

    ဆုံအောင်ကြိုးစားပါ့မယ် ကစိရေ…

  • ရဲစည်

    March 26, 2014 at 5:17 pm

    အမယ်မင်း ၆ကျိုးနည်း လူမစုံတော့လို့ ဖေ့ဘွတ်ထဲ ရက်ရွှေ့ကြောင်း ကြေငြာပီး သကါလ ဒီထဲမယ် ဘိုဖြစ်ကျတာတုန်း???

    သဂျီး စတစ်ကီ ဖြုတ်ပေးဦးဗျ ပြိုင်ပွဲက ၆ရက်နေ့ မဖြစ်ဘူးရယ် ……..
    ဆိုတော့
    ရက်အတိအကျ ရအောင်ညှိနှိုင်းပါရဇီ :'(

  • မြစာကလေး (23122011)

    August 17, 2014 at 2:35 am

    ဇီဇီ ပြောတဲ့ တန်းလန်း ဆိုတာ ဒါလား ငင်င်င်။
    ရွာနဲ့ ပြတ်တုန်း လွတ်သွားတဲ့ သတင်းဘဲ။
    အဲ့ဒီ ပွဲ ဖြစ်ခဲ့လား။
    ဘာတွေ ဆက်ဖြစ်ကြတုန်း။ ပြောကြပါဦး။

    • ဇီဇီ ခင်ဇော် (15102012)

      August 17, 2014 at 7:01 am

      ခိခိ။
      ဟုတ်ဘူး အရီးးး
      သများ မှားပြောတာ။
      ဖြတ်ဖောက်ချုပ် ဂိုဏ်းက ဇာတ်သိမ်းတယ်ရယ်။

      :k:

Leave a Reply