ရုရှ တု၍ ဘင်္ဂလား ခုန် အိုင်ပျက်ရုံ သာရှိလိမ့်မည်တည်း။

 

ပြည်တွင်းမှာ အိမ်ကြက်ချင်းအိုးမဲသုတ်နေတော့ ဘင်္ဂလားက ပွဲကြည့်ကုလားထိုင်မှာ မိန့်မိန့်ကြီး ကြည့်နေလေရဲ့။ ဒီအချိန်မှာ ဘင်္ဂလားတပ်တွေသာ မောင်တောကို ၀င်ကြည့်… အားလုံးကြက်သေသေ နေကြမှာ မြင်ယောင်မိသေးတယ်။

စစ်ရေးသတိရှိရမည်။ ဟူ၍ စစ်တပ်တိုင်းတွင် ဆိုင်းဘုတ်ချိတ် ထားသည်မှာ အလားကားဖြစ်နေပြီလော။ ရုရှ ကို တု၍ ဘင်္ဂလားက ” ဖားတု၍ ခရုခုန် ၊ အိုင်ပျက်ရုံသာရှိ ” တော့မပေါ့လေ။ုရုရှက ရုရှ ဖြစ်၍ ဘင်္ဂလားက ဘင်္ဂလား ကုလားဖြစ်သည်။ ယြူကရိန်းက ယူကရိန်းဖြစ်၍ မြန်မာကမြန်မာဖြစ်သည်။

စကားလေးနဲ့ဖြစ်ဖြစ် သွေးတိုး စမ်း၍ ရင်တွင်းက စကားတွေ ပွင့်ထွက်လာပေပြီ။ အမှန်တွင် သိပ်တော့လည်း အံ့သြစရာမဟုတ်ပါချေ။ ဘင်္ဂလားသည် ဘင်္ဂလားကုလားပင်ဖြစ်သည်။ ကိုယ့်အမျိုးကို ချစ်ပေလိမ့်မည်ပေါ့။ ဖြစ်နိုင်လျှင် ရခိုင်ပြည်ကိုပင်မဟုတ် မြန်မာတစ်နိုင်ငံလုံးကိုပင် ဘင်္ဂလားကုလားက အလကားရလျှင် လိုချင်နေသည်မဟုတ်ပါလား။

ဘင်္ဂလီများကို ဘင်္ဂလားထဲ အ၀င်မခံခြင်း နောက်ကွယ်တွင် နယ်မြေချဲ့ထွင်လိုခြင်းက လည်း တစ်စိတ်တစ်ဒေသ ပါနှင့်ပြီး ဖြစ်ပါသည်. နှစ်ဖက်စလုံးကလည်း ဒါကို သိသည်။ ထိုကြောင့် မြန်မာကို လက်ခံရန် တိုက်တွန်းသည့်အခါတိုင်း ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲ လုပ်နေသည်ပေါ့။

မြန်မာတို့သည် ဘင်္ဂလားကို ဘယ်တုန်းကမှ အထင်မကြီးခဲ့သလို ကြောက်လည်းမကြောက်ခဲ့ပေ။ စစ်ဖြစ်ပြီဆိုလျှင်လည်း လူအင်အားထက် စစ်ရေးစွမ်းအင်ကသာအရေးပါသည်။ နည်းပညာကသာလျှင်အရေးပါသည်။ သတ္တိသွေးကသာလျှင်အရေးပါသည်။

ဆိုသည်ကို အစ္စရေးက မွတ်စလင်ကမ္ဘာကို သက်သေပြပြီးဖြစ်သည်။ အမျိုသားနေ့သည် စကားတစ်ခွန်းကြောင့် ပေါ်ပေါက်လာပါသည် ဆိုလျှင် ထိုစကားမှာ ” မြင်းခွါတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက် စေရမည် ” ဟူသောစကားပင်ဖြစ်ပေလိမ့်မည်။

သုရှင် ၂၃-၃-၁၄

About သုရှင်

သု ရှင် has written 44 post in this Website..

ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။ တိုင်းတိုင်းပြည်သူ လူဟူသမျှ ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။ မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း ကျွန်ုပ်မမြင်..မထင်ပါသေး။ ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန် ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား.. တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။ သုရှင်