မေးတာကိုပဲ ​ဖြေပါ
မဆိုင်​တာ မ​ဖြေရ
အ​နေလှချင်​ရင်​ ​ရွှေချပြီးမှ​ဖြေ
အ​သေလှချင်​ရင်​ မဂ်​ရပြီးမှ​သေ
ခက်​တာက
တစ်​ဘဝလုံးကျက်​ထားမိတာ
အကုသိုလ်​​တွေ တစ်​အုပ်​ပြီးတစ်​အုပ်
ပိုဆိုးတာက
ဘယ်​​နေ့​ဖြေရမယ်​မသိသလို
ဘယ်လို​နေ့မျိုးလဲ ရင်​တထိတ်ထိတ်
ကဲ
ကော်​ပီကူးဖို့​တော့မစဉ်းစားနဲ့
သေချာတာက​တော့
တစ်​​ယောက်​ချင်းစီ ​မေးခွန်း​ပေးတယ်​ဆိုတာပဲ
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014