စာ​မေးပွဲ

ko sixMarch 23, 20141min1139

​မေးတာကိုပဲ ​ဖြေပါ
မဆိုင်​တာ မ​ဖြေရ
အ​နေလှချင်​ရင်​ ​ရွှေချပြီးမှ​ဖြေ
အ​သေလှချင်​ရင်​ မဂ်​ရပြီးမှ​သေ
ခက်​တာက
တစ်​ဘဝလုံးကျက်​ထားမိတာ
အကုသိုလ်​​တွေ တစ်​အုပ်​ပြီးတစ်​အုပ်​
​ပိုဆိုးတာက
ဘယ်​​နေ့​ဖြေရမယ်​မသိသလို
ဘယ်လို​နေ့မျိုးလဲ ရင်​တထိတ်ထိတ်​
ကဲ
​ကော်​ပီကူးဖို့​တော့မစဉ်းစားနဲ့
​သေချာတာက​တော့
တစ်​​ယောက်​ချင်​းစီ ​မေးခွန်း​ပေးတယ်​ဆိုတာပဲ
ကိုစစ်​

9 comments

  • alinsett (gazette)

    March 23, 2014 at 5:22 pm

    ” တစ်ဘဝလုံး ကျက်ထားမိတာ
    အကုသိုလ်တွေတစ်အုပ်ပြီးတစ်အုပ် ” ဆ်ုတဲ့ စကားလုံး အသွားအလာကို
    သဘောအကျကြီးကျသွားတယ်ဗျာ. . .

    ဟုတ်သား. . .
    ကျွန်တော်လည်း ကျက်ခဲ့မိသမျှတွေ ပြန် ရေကြည့်ဦးမှ. . ,

    တစ်အုပ် နှစ်အုပ် သုံးအုပ် လေးငါးအုပ်
    ဆယ့်လေးငါးအုပ် . . .
    ထောင်သောင်းများစွာ. . .
    များစွာ. . .
    များစွာ. . .

  • ko six

    March 23, 2014 at 6:03 pm

    ပြန်​မ​ရေရဲဘူး

  • alinsett (gazette)

    March 23, 2014 at 6:16 pm

    ကဗျာ အရေးကောင်းတဲ့ ဆရာSix ရေ

    ကျနော်တို့ရဲ့ ဂဇက်ကဗျာပြခန်းမှာ ဖော်ပြချင်လို့
    ကဗျာ တစ်ပုဒ် နှစ်ပုဒ် သုံးလေးပုဒ်လောက်
    ကဗျာ အလှူခံပါတယ်ခင်ဗျ

  • ko six

    March 23, 2014 at 7:38 pm

    ဟုတ်​ကဲ့ပါ
    တွန်​့တွန်​့တိုတိုနဲ့လှူဒါန်​းပါတယ်​ခဗျ။

  • padonmar

    March 23, 2014 at 9:19 pm

    Ko Sixရေ
    ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးပါလား။

  • ko six

    March 23, 2014 at 10:32 pm

    တီတီ​ရေ….
    မ​မြောက်​ပါနဲ့ဗျ

  • kyeemite

    March 24, 2014 at 10:21 am

    အင်း…ဒီနေ့တွေ့တဲ့ ကဗျာနှစ်ပုဒ်လုံး (ကိုနေဝန်းနီ နဲ့ ကိုဆစ်) ကြိုက်သဗျာ..ဒသန ကလည်းလှမှလှ

  • ko six

    March 24, 2014 at 3:01 pm

    ဦးကြီးမိုက်​က
    ​ယောကျ်​ားစစ်​ရဲ့လားဟင်​

  • TNA

    March 24, 2014 at 4:12 pm

    တိုတိုနဲ့ ထိမိလှသမို့ သဘောကျသွားပါတယ်ဗျို့

Leave a Reply