လူပိန်​းကြိုက်​ အလုပ်​များ

naywoon niMarch 24, 20141min966

သဒါ္ဓတရားမပါတဲ့
တဏှာ အမှား​တွေလုပ်​​နေတဲ့
အို…..သူ​တော်​စဉ်​ အ​ပေါင်​းတို့
​ဟော​တော့ ​ဟော​နေတာပဲ
​ဟောပါများလို့
​ဟောရ​တဲ့နှုတ်​​တွေလည်​း
သစ်​​ခေါင်​းဖြစ်​​တော့မယ်​……။
နာ​တော့ နာ​နေတာပဲ
နားရလွန်​းလို့လည်​း
နား​တွေသစ်​​ခေါင်​းဖြစ်​လို့​နေ​ပေါ့……

နှုတ်​သစ်​​ခေါင်​းနဲ့နားသစ်​​ခေါင်​း
​ဟောင်​း​လောင်​း​ပေါက်​​တွေကြားမှာ
ပိုး​လောက်​​တွေ တွယ်​လို့
မသတီစရာ အညှီတဏှာ​တွေနဲ့
ပြီတီတီ ​ဗောက်​ဖတ်​​တွေ​ပျော်​​မွေ့
​တွေ့ကြရဲ့လားမသိ ။
ကြည်​့​လေ
​ဟော့ဒိကမ္ဘာ​မြေမှာ
လူပိန်​းကြိုက်​အလုပ်​​တွေ လုပ်​တတ်​မှသာထင်​​ပေါ်
လူရာလည်​း ဝင်​
သဒါ္ဓ တရားမပါတဲ့
တဏှာများရှင်​
ယင်​တစ်​​လောင်​း​လောင်​းနဲ့ပါလား ။

​နေဝန်​းနီ

6 comments

  • alinsett (gazette)

    March 24, 2014 at 9:08 am

    တရားသဘောလေးနဲ့မို့ မြတ်နိုးစရာ ကဗျာလေး

  • black chaw

    March 24, 2014 at 9:16 am

    လူပြိန်းကြိုက်…ဆိုတော့
    ကျွန်တော်တို့ ကြိုက်တဲ့ အရာတွေပေါ့နော်…
    ကိုနေကြီးရေ…။

  • Paing Lay

    March 24, 2014 at 9:39 am

    Share သွားတယ်ဗျို့ အဘရေ 🙂

  • kyeemite

    March 24, 2014 at 10:17 am

    ကဗျာလေးရဲ့ ဒသနကိုရော အရေးအဖွဲ့ကိုရော သဘောကျတယ် ဆြာနေရေ့….

  • ko six

    March 24, 2014 at 3:03 pm

    အမှန်​​တွေဆို လူ​တော်​ကြိုက်​​တွေပဲ

Leave a Reply