စဉ်းစားကြစေလိုပါတယ် ( ၇၁ ) ( တရားမျှတမှု အစစ်အမှန် )

Foreign ResidentMarch 24, 20145min40827

စဉ်းစားကြစေလိုပါတယ် ( ၇၁ ) ( တရားမျှတမှု အစစ်အမှန် )

 

ဘာရယ် မဟုတ်ပါဘူး ၊ သုရှင် ရဲ့ ၊

” ရုရှ တု၍ ဘင်္ဂလား ခုန် အိုင်ပျက်ရုံ သာရှိလိမ့်မည်တည်း ”

ဆိုတဲ့ Post လေးကိုဖတ်ပြီး ၊ ပြောချင်တာလေးတွေ ရှိလာလို့ပါ ။

 

၁ ။

 

လောလောဆယ် ၊ ယူကရိန်း နိုင်ငံ ကရိုင်းမီးယား ဒေသ နေ ပြည်သူတွေ ရဲ့ ဆန္ဒ အရ ၊

ကရိုင်းမီးယား ဒေသ ကို ရုရှားပြည်ထဲကို ထည့်သွင်းလိုက်တဲ့ ကိစ္စ ဖြစ်ခဲ့တယ် ။

 

အဲဒီမှာ ၊ ဘင်္ဂလားဒေရှ့် သတင်းစာ တစ်စောင် ဖြစ်တဲ့ ” dhakatribune ” မှာ ၊

ပါလာတဲ့ ဆောင်းပါး တစ်ပုဒ် ” A referendum in Rakhine state?  ” က ၊

( http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state )

ဘူးသီတောင် ၊ မေါင်းတော ၊ စစ်တွေ ဒေသတွေမှာ လူထု ဆန္ဒ ခံယူပွဲ လုပ်ပြီး ၊

အဲဒီ ဒေသက လူများစုကသာ သဘောတူရင် ၊ အဲဒီ ဒေသတွေကို ၊

ဘင်္ဂလားဒေရှ့် နိုင်ငံထဲကို ထည့်သွင်းသင့်တယ်ဆိုပြီး တင်ပြထားပါတယ် ။

 

အဲဒါကို သုရှင် က သူ့ Post ထဲမှာ ” ဖားတု၍ ခရုခုန် ၊ အိုင်ပျက်ရုံသာရှိ ” လို့ ကဲ့ရဲ့ ထားတာပါ ။

 

၂ ။

 

သုရှင် ပြောသွားတဲ့ အထဲက အောက်က အချက်ကို သဘောမတူပါဘူး ။

 

” ဘင်္ဂလီများကို ဘင်္ဂလားထဲ အဝင်မခံခြင်း နောက်ကွယ်တွင် ၊

နယ်မြေချဲ့ထွင်လိုခြင်းကလည်း တစ်စိတ်တစ်ဒေသ ပါနှင့်ပြီး ဖြစ်ပါသည် “

 

ပထမ အချက်က ၊

အဘ သိရသလောက် ဘင်္ဂလားဒေ့ရှ် ရဲ့ Constitutions အရ ၊

သူတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၇၁ ခုနှစ်မှာ ၊

သူ့နိုင်ငံ နယ်နမိတ် အတွင်းမှာ ရှိနေရင် သူ့ နိုင်ငံသား ။

သူ့နိုင်ငံ နယ်နမိတ် အတွင်းမှာ ရှိ မနေရင် သူ့ နိုင်ငံသား မဟုတ်ဘူးလို့ ပြဋ္ဌာန်းထားပါတယ် ။

အဲဒီတော့ကာ ၊ မြန်မာပြည်ထဲက ဘင်္ဂါလီ / ရိုဟင်ဂျာတွေ က ၊

သူတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မဆိုင်ဘူး ၊ သူတို့ နိုင်ငံကလည်း လက်ခံလို့ မရဘူး ပေါ့ဗျာ ။

 

ဒီ ဘင်္ဂါလီတွေက ၊ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရ ကတည်းက ၊

တွဲပါလာတာ ဆိုတော့ကာ ၊ မြန်မာနိုင်ငံသား ဘဲ ပေးရတော့မပေါ့ဗျာ ။

ဘယ်လို လုပ်မလဲ ။ တိုင်းပြည် ကံဆိုးတယ်ဘဲ ပြောရတော့မပေါ့ ။

 

ဒုတိယ အချက်က ။

အခု ဖြစ်နေတဲ့ အရေးအခင်းတွေမှာ ၊ ဘင်္ဂလားဒေရှ့် အစိုးရ ဟာ ၊

ဘင်္ဂါလီ / ရိုဟင်ဂျာတွေဖက်ကနေ လက်နက် ၊ လူသူ ၊ ငွေကြေး အကူအညီတွေ မပေးခဲ့ဘဲ ၊

လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီများသာ ပေးခဲ့တာကို တွေ့ရပါတယ် ။

 

တကယ်လို့ ဘင်္ဂလားဒေရှ့် အစိုးရ က သာ ၊ ဘင်္ဂါလီ / ရိုဟင်ဂျာတွေ ကို ၊

နောက်ကွယ်က မြှောက်ပေး ၊ လက်နက် ငွေကြေး ထုတ်ပေးခဲ့လို့ရှိရင် ၊

အခုအချိန်မှာ ၊ အနောက်ဖက် နယ်စပ်မှာ စစ်ပွဲ အကြီးကြီးတွေ ဖြစ်နေပြီပေါ့ ။

 

အဲဒီလို မှန်မှန်ကန်ကန် ကြားနေပြီး ရပ်တည်ပေးခဲ့တဲ့အတွက် ၊

လက်ရှိ ဘင်္ဂလားဒေရှ့် အစိုးရ ကို ၊ အဘ လေးစား ကျေးဇူးတင်ပါတယ် ။

 

အဲဒီတော့ကာ ၊ သူ့ဘာသာ လွတ်လပ်စွာ ရေးသားခွင့်အရ ၊

စာရေးသူ တစ်ယောက် က ၊ သတင်းစာ တစ်စောင် မှာ ၊ ဆောင်းပါး ရေးခဲ့တာမှာ ၊

အဲဒါဟာ ၊ ဘင်္ဂလားဒေရှ့် အစိုးရ ရဲ့ အာဘော်လည်း မဟုတ်သေးတဲ့ အတွက် ၊

အဲဒီလို ဘင်္ဂလားဒေရှ့် နိုင်ငံ ကို ထိခိုက် စွပ်စွဲတဲ့ အရေး အသားမျိုးကို ၊

အဘ အနေနှင့် ဘယ်လိုမှ မထောက်ခံနိုင်ပါဘူး ။

 

၃ ။

 

အဲ ၊ ဒီ အောက်ပိုင်းကတော့ သုရှင် ရဲ့ Post နှင့် သိပ် မဆိုင်လှတော့ပါဘူး ။

အဘ အဓိက ပြောချင်တဲ့ အချက်က အခုမှ လာမှာပါ ။

 

အဲဒါကတော့ ၊ ရခိုင်ဒေသမှာ ၊ ဒီ အတိုင်းသာ ဆက်ပြီး ဖြစ်နေ / ဖြစ်သွားရင် ၊

ဘူးသီတောင် ၊ မေါင်းတော ဒေသကြီး ခွဲထွက်သွားတဲ့ ကိစ္စ ကြီးဟာ ၊

အနှေး နှင့် အမြန် ဘဲ ကွာပါမယ် ၊ ဖြစ်ကို ဖြစ်လာတော့မှာပါ ။

 

အခုက ၊ အရေးအခင်းတွေမှာ လူသေတဲ့ အရေအတွက်က ၊

ရာ / ထောင် ဂဏန်း ဘဲ ရှိနေသေးလို့ပါ ။

 

တကယ်လို့သာ လူသေတဲ့ အရေအတွက်က ၊

သောင်း ဂဏန်း အထိ ရှိလာမယ် ဆိုရင် ၊

( အထူးသဖြင့် တဖက်သတ် အသတ်ခံ နှိပ်စက်ခံနေရမယ် ဆိုရင် )

 

နိုင်ငံတကာ ကသော်၎င်း ၊ ကုလသမဂ္ဂ ကသော်၎င်း ၊ ဘင်္ဂလားဒေရှ့် အစိုးရ ကသော်၎င်း ၊

စစ်တပ် အင်အားနှင့်ပါ ၊ မလွဲမသွေ ဝင်ရောက် စွတ်ဖက်လာတော့မှာပါ ။

 

အခုခေတ်ကြီးဟာ ၊ လူလူချင်း လူမျိုးတုန်း မတရားသတ်ဖြတ် / ဖိနှိပ်မှု တွေကို ၊

ကမာ္ဘကြီး က ထိုင်ကြည့်နေတဲ့ ခေတ် မဟုတ်တော့ပါဘူး ။

 

အဲဒီ အခါကျမှသာ ၊ ဘူးသီတောင် ၊ မေါင်းတော ဒေသကြီး ၊

နိုင်ငံကနေ ခွဲထွက်သွားမဲ့ ကိစ္စ ကြီးက ၊ မလွဲမသွေ ဖြစ်လာတော့မှာပါ ။

 

၄ ။

 

အဲ နောက်တစ်ခု ပြောချင် / ထောက်ပြချင် တာလေး တစ်ခုက ၊

တစ်ချို့က ပြောကြတယ် ၊ဒီ ဘင်္ဂါလီတွေ က ၊

မြန်မာနိုင်ငံကို သစ္စာ မခံဘူး ၊ သစ္စာ မရှိနိုင်ဘူးလို့ ပြောကြတယ် ။

 

အမှန်ကတော့ ၊ မြန်မာနိုင်ငံ ထဲက ဘင်္ဂါလီ ၉ဝ % ကျော် အများစု ဟာ ၊

မြန်မာနိုင်ငံ ထဲမှာ နေလာတာ ၊ ဟိုး ဘိုးဘွား လက်ထက်ကတည်းကပါ ။

 

( လက်ရှိ ခိုးဝင်တာတွေ ရှိနေသေးရင်တော့ ၊ ဘယ်သူ့မှ ဂရုစိုက်မနေနှင့် ၊

နယ်စပ် ကနေစောင့်ပြီး ၊ သေနတ်နှင့် တန်း ပစ်ထည့်လိုက်ဦး ၊ ထောက်ခံပါတယ် )

 

သတိထားမိသလား မသိဘူး ၊ လူဝင်မှု ဝန်ကြီး ဦးခင်ရီ တောင် ၊

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောခဲ့သေးတယ်လေ ၊

ခိုးဝင် ဘင်္ဂါလီ ဆိုတာ မရှိသလောက် နဲ ပါတယ် ဆိုတာလေ ။

 

( အဲ့ဒီ သတင်းစာ ရှင်းလင်းပွဲ VDO တောင် အဘ ဆီမှာ ရှိသေး )

 

ဘင်္ဂါလီတွေ ကို ခရီးသွားလာခွင့် ၊ ပညာသင်ခွင့် စသဖြင့်တွေမှာ ၊

တန်းတူ မရဘဲ ၊ မတရား ဖိနှိပ်ချုပ်ချယ်ခံနေရပါတယ် ။

 

အဲဒီတော့ကာ ၊ သူတို့ ဘင်္ဂါလီတွေ ဘက်ကကြည့်ပြန်တော့လည်း ၊

သူတို့ ဘိုးဘွားတွေ လက်ထက်ထဲက ဒီမြေ မှာမွေး ၊ ဒီရေ ကိုသောက် တဲ့သူချင်း အတူတူ ၊

သူတို့ကို ကျမှ မတရား ဖိနှိပ်ချုပ်ချယ်တယ်လို့ မြင်တော့မပေါ့ဗျ ။

 

အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ၊ သူသူ ကိုယ်ကိုယ် ဘယ်ခံချင်မလဲ ။

ဒီ မြန်မာ တိုင်းပြည် ကို ချစ်ဖို့ ၊ သစ္စာရှိဖို့ နေနေသာသာ ၊

သူတို့လဲ တခြား တိုင်းရင်းသားတွေလိုဘဲ လက်နက် စွဲကိုင် ပုန်ကန်ချင်နေမပေါ့ဗျာ ။

 

နောက်တစ်ခုက ၊ ကုလ သမဂ္ဂ ရဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်း အရ ၊

လူတစ်ယောက်ဟာ ၊ နိုင်ငံသား မရှိဘဲ မွေးဖွားခွင့် မရှိဘူး ဗျ ။

အဲဒီတော့ ၊ ဘင်္ဂါလီတွေ ကို မြန်မာနိုင်ငံသား ပေးကို ပေးရမှာဘဲလေ ။

ငြင်းနိုင်လှ ခဏ ပေါ့ဗျာ ၊ အနှေး နှင့် အမြန် ပေးရမှာပါဘဲ ။

 

( ဘင်္ဂါလီ တွေကို ၊ တိုင်းရင်းသား ပေးစရာ မလိုပါ )

 

၅ ။

 

အဲဒီတော့ကာ ၊ နောက်ဆုံး မတော့ ၊ အဘ သဘောထားကတော့ ၊

အမေစု ပြောခဲ့သလိုပါဘဲ ၊ ဒီ ကိစ္စဟာ ညှိယူရမှာ ၊ အပေးအယူ လုပ်ရမှာပါဘဲ ။

 

– ကိုယ်တွေဘက်က ဘင်္ဂါလီတွေ ကို  နိုင်ငံသားဖြစ်မှု နှင့် တန်းတူမှု ကို ပေးရမယ် ။

– သူတို့ဆီက နိုင်ငံတော် အပေါ် သစ္စာ ရှိမှု ကို ပြန်တောင်းရမှာပါဘဲ ။

 

အဲဒီလို ဘင်္ဂါလီတွေ ဘက်က လိုလိုလားလား နိုင်ငံတော် အပေါ် သစ္စာရှိလာမှသာ ၊

ဘူးသီတောင် ၊ မေါင်းတော ဒေသကြီး နိုင်ငံကနေ ခွဲထွက်သွားတဲ့ ကိစ္စ ကြီး ကို ၊

တားဆီးနိုင်မှာပါ ။

 

 

၆ ။

 

ဟဲ ဟဲ ၊ နောက်တစ်ခုက ၊ စစ်တိုက် လိုက်မယ် ဆိုတဲ့ စကားဟာ ၊

ပါးစပ်လေး နှင့် ပြောရင်တော့ လွယ်လွယ်လေး ပေါ့လေ ။

တကယ့် တကယ် က ၊ ထင်သလောက် မလွယ်လှပါဘူး ။

 

အထူးသဖြင့် ဒေသခံ ပြည်သူလူထုက ကိုယ့်ဖက်က မပါရင် ၊ ပိုဆိုး ။

အခု လက်ရှိ စစ်သည် အင်အား ၁၀၀၀ဝ ကျော်လေးသာရှိတဲ့ KIA ကချင်တပ်ကို ၊

ဗမာတပ် က တိုင်း ၊ တပ်မ ၊ ဒ က စ ၊ စ က ဌ ဆယ်ခုလောက်နှင့် ဝိုင်းထိုးတာတောင် ၊

နယ်ကျွမ်းတဲ့ ကချင်တပ်ကို ၊ အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ နေနေသာ ၊

စစ်သားတွေမှာ သေကျေ ဒါဏ်ရာရလိုက်ကြတာလဲ သောက်သောက်လဲ မို့ ၊

နောက်ဆုံး ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိက ကို ၊

စစ်ဆက်တိုက်ဘို့ကို ၊ ငြင်းဆန်လာလို့ ၊ ထောင်ချလိုက်ရပါတယ် ။

 

ဖွ မပြောကောင်း ပြောကောင်း ။

အခုနေသာ ၊ ဘင်္ဂလားဒေရှ့် နိုင်ငံ နှင့် စစ်ဖြစ်ကြည့်ပါလား ။

မြန်မာ တပ်တွေ ဘင်္ဂလားဒေရှ့် ပြည်ထဲ ဝင်မဝင်တော့ ၊ မသိဘူး ။

ဘင်္ဂလားဒေရှ့် တပ်တွေ မြန်မာပြည်ထဲ ဝင်မဝင်တော့ ၊ မသိဘူး ။

ဖြစ်ဖို့များတာကတော့ ၊ ကချင် တပ် တွေက မြန်မာပြည် မြောက်ပိုင်း ၊

ရှမ်း နှင့် ဝ တပ် တွေက မြန်မာပြည် အလယ်ပိုင်း ၊

ကရင် နှင့် မွန် တပ် တွေက မြန်မာပြည် အောက်ပိုင်း ၊

အသီးသီး နောက်ပိုးကနေ ဝင်သိမ်းလိုက်ကြမှာပါ ။

 

ပြောချင်တာကတော့ ၊ အချင်းချင်း စစ်ခင်းနေတဲ့ ၊ ငမွဲ တိုင်းပြည် တစ်ခု အနေနှင့် ၊

ကိုယ့် ဘဝ / အခြေအနေ ကိုယ်သိပါ ။ သိပ် စိတ်ကူး မယဉ်ကြပါနှင့် ။

 

၆ ။

 

ဟဲ ဟဲ ၊ အဘ ဒီလို ရေးတဲ့ အတွက် ၊

ဗမာ့ ယဉ်ကျေးမှု အတိုင်း ၊ ဝိုင်းဆဲကြတော့မှာဘဲ လို့ ထင်ပါတယ် ။

အဲဒီတော့ကာ ၊ အဆဲ ခံရမယ့် အတူတူ ၊ တစ်ချီထဲ ဖြစ်သွားအောင် ၊

နောက် တစ်ခုပါ ထပ်ရေးလိုက်ပါမယ် ။ ၉၆၉ ကိစ္စ ပါ ။

 

၆ – ၁ ။

ပထမ အဆင့်အနေနှင့် မြန်မာ နိုင်ငံထဲမှာဘဲ နေထိုင် ပညာသင်ခဲ့တဲ့သူ

( လွယ်လွယ် ပြောရရင် ဖားခြေရာခွက်ထဲက လူတွေပေါ့ ) နှင့် ၊

နိုင်ငံရပ်ခြားအထိ သွားလာ ပညာသင်ယူ အလုပ်လုပ်နေတဲ့သူ ကြားမှာ ၊

အဆင့် တစ်ဆင့် / Barrier တစ်ခု ကွာခြားနေတယ် ကွယ့် ။

 

၆ – ၂ ။

နိုင်ငံရပ်ခြားမှာ ပညာသင်ယူ အလုပ်လုပ်နေတဲ့သူတွေ အချင်းချင်း တောင်မှ ၊

မလေးရှား ၊ စင်္ကာပူ တို့လို ဒီမိုကရေစီ မစစ်တဲ့ နိုင်ငံတွေမှာ နေသူတွေ နှင့် ၊

အမေရိက ၊ ဩဇီ အစရှိတဲ့ ဒီမိုကရေစီ အစစ် နိုင်ငံတွေမှာ ၊

ခေတ္တ မဟုတ်ဘဲ နှစ်ရှည် ပညာသင်ယူ အလုပ်လုပ်နေတဲ့သူတွေ ကြားမှာလဲ ၊

နောက်ထပ် အဆင့် တစ်ဆင့် / Barrier တစ်ခု ကွာခြားနေသေးတယ် ကွယ့် ။

 

၆ – ၃ ။

အဲဒီ Barrier လေးတွေဟာ တော်တော် ပါးလွှာပြီး ၊ သေချာကြည့်မှ မြင်နိုင်ပါတယ် ။

တစ်ချို့ကတော့ ဉာဏ်ရည်ထက်မြက်လို့ ပညာဉာဏ် နှင့်တင် မှန်းကြည့်နိုင်ပါတယ် ။

 

ရ ။

 

အကြမ်းဖျင်း အားဖြင့် ၊ အမေရိက ၊ ဩဇီ အစရှိတဲ့ ဒီမိုကရေစီ အစစ် နိုင်ငံတွေမှာ ၊

ခေတ္တ မဟုတ်ဘဲ နှစ်ရှည် ပညာသင်ယူ အလုပ်လုပ်နေတဲ့သူတွေ မှသာ ၊

သူ့နိုင်ငံမှာ ရေရှည်နေ သူ့ဥပဒေတွေ နှင့် ထိတွေ့ရင်း တဖြေးဖြေး နှင့် ၊

ဪ တရားမျှတမှု အစစ်အမှန် ( တရားမျှတမှု အစစ်အမှန် ) ဆိုတာ ၊

ဒီဟာ ပါလား ဆိုပြီး ၊ ခံစားသိ ( ခံစားသိ ) နှင့် သိလာတာဗျ ။

 

သူတို့တွေ ဟာ ( အဓိက အားဖြင့် လူဖြူတွေပေါ့ဗျာ ) ၊

ဒီလို တိုးတက် သာယာ ဝပြောတဲ့ နိုင်ငံကြီး ကို ၊

 

၁ ။ ဘယ်လို နည်းလမ်းတွေ နှင့် အခြေခံပြီး တည်ဆောက်ခဲ့ကြတယ် ၊

( ဥပမာ ပြရရင် အဘော်ရီးဂျင်းတွေ မြန်မာတွေ သာ တည်ထောင်မယ် ဆိုရင် ၊

အခုလို သာယာ ဝပြောတဲ့ ဩဇီ နိုင်ငံကြီး ဖြစ်မလာနိုင်ဘူးဗျ )

 

၂ ။ အဲဒီ နည်းလမ်းတွေကို မရခင်မှာ ဘာ အမှားတွေကို လုပ်ခဲ့မိတယ် ၊

( ဥပမာ ပြရရင် ကျနော့် အမြင်မှာတော့ ၉၆၉ / မဘသ တွေ ထကြွလာတာဟာ ၊

ဂျာမဏီ မှာ နာဇီ မတိုင်ခင် အမျိုးသားရေး ထကြွလာတဲ့ အဆင့်မျိုး အနုစား လို့ မြင်မိတယ် ၊

သမိုင်းမှာ မှားပြီးသား အမှားကြီးကို သင်္ခန်းစာ မယူနိုင်ဘဲ ၊ ထပ်မှားဖို့ ကြံနေသလို ဘဲ )

 

အဲဒါတွေကို သိမြင် လာခဲ့တယ်ဗျ ။

 

ရှင်ဆန္ဒာဓိက က ခြေကျိုးတာကို ကုရင်း ၊ အမေရိက မှာ နှစ်ပေါက်အောင်နေခဲ့တော့ ၊

တရားမျှတမှု အစစ်အမှန် ကို သူလဲ ရှင်းရှင်း လင်းလင်း သိခဲ့တယ် ။

 

သတိထားမိမလား မသိဘူး ။ မိထ္ထီလာ ဖြစ်ရပ် ဖြစ်ပြီးပြီးချင်း ၊

ဘုန်းဘုန်း ရှင်ဆန္ဒာဓိက မိထ္ထီလာ ကိုသွားပြီး ၊

ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်စား သွားတောင်းပန်တာလေ ။

ဗုဒ္ဓဘာသာဝင် သူတော်ကောင်း ဆိုတာ အဲဒါကိုမှ ခေါ်တာကွယ့် ။

 

ဒီလိုပါဘဲ ဒေါ်စုလည်း နိုင်ငံကြီးတွေမှာ အနေကြာခဲ့တဲ့ ၊

ပညာတတ် သူတော်ကောင်း တစ်ယောက် ဆိုတော့ကာ ၊

တရားမျှတမှု အစစ်အမှန် ဆိုတာ ဘာလည်း သူသိသွားပြီ ခမျ ။

 

အဲဒီအခါမှာ ၉၆၉ ရဲ့ လုပ်ရပ်တွေဟာ ၊ လူသားဆန်မှု နှင့် ၊

တရားမျှတမှု မရှိတာကို သူသိနေပြီလေ ။ ဘယ်လိုလုပ် ထောက်ခံရမလဲ ဗျာ ။

 

၈ ။

 

OK ပါ ၊ ဗုဒ္ဓဘာသာဝင် အချင်းချင်း ဆိုတော့ ၊

၉၆၉ ကို မှားတယ် လို့ ဒဲ့ မ ပြောချင်တဲ့အတွက် ၊

တရားမျှတမှု အစစ်အမှန် ဟာ ဘာလဲ ဆိုတာကိုဘဲ ၊

တစ်ချို့ ထင်ရှားတာလေးတွေဘဲ ရွေး ပြောပြမယ်နော် ။

 

၈ – ၁ ။

အဘိုး အဘွား လက်ထက်ထဲက ဒီမြေမှာ နေလာခဲ့တဲ့ ၊

ဘင်္ဂါလီတွေကို နိုင်ငံသား ပေးရမယ် ။

သူတို့ ဘိုးဘွား မှာ ခိုးဝင်ခဲ့တဲ့ အပြစ် ရှိရင်တောင် ၊

သူတို့ မိဘ အထိ ခံ ခဲ့ရတာတောင် လွန်လှပြီ ။

ဗုဒ္ဓ တရားတော်အရ ဘင်္ဂါလီ ဝမ်း ထဲမှာ မွေးဖွားလာတဲ့ ၊

မြေး / မြေးမ ဘင်္ဂါလီ ဟာ ဘာ အပြစ်မှ မရှိဘူး ။

( ကိုယ်တွေလဲ နောင်ဘဝ ဒီလို ဖြစ်နိုင်တာဘဲ )

အဲဒီတော့ မြေး / မြေးမ ဘင်္ဂါလီ ကို နိုင်ငံသား ပေးကိုပေးရမယ် ။

ခုခေတ် မှ ခိုးဝင်တဲ့ ဘင်္ဂါလီ က မရှိသလောက်ပါဘဲ ။

ဒါကို လူဝင်မှု ဝန်ကြီး ဦးခင်ရီလည်း ဝန်ခံထားပါတယ် ။

 

၈ – ၂ ။

” ကုလားအယုူဝါဒ မကောင်း လို ့မကောင်းဘူးပြောတယ် “

အဲဒါ မှားတယ် ။ ကိုယ့်အချင်းချင်း တီးတိုးလောက်ဘဲ တရားမဝင် ပြောလို့ရမယ် ။

ဒါပေမယ့် ၊ Public မှာ ၊ တရားပွဲမှာ ပြောခွင့် မရှိဘူး ၊ မပြောရဘူး ။

 

ဒီမိုကရေစီ မှာ ၊ တရားမျှတမှု အစစ်အမှန် မှာ ၊

ကိုယ့် ဘာသာ ကောင်းကြောင်း ကြိုက်သလောက် ပြောလို့ရတယ် ။

သူများ ဘာသာ မ ကောင်းကြောင်း ပြောခွင့် မရှိဘူး ။

 

အဲဒါကို Hate Speech ခေါ်တယ် ၊ ဒီဘက် နိုင်ငံကြီးတွေမှာ ပြောရင် ဖမ်းတယ် ။

( ဗုဒ္ဓ ဘာသာ အချင်းချင်း အားပေးတဲ့ အထိ ကို လက်ခံတယ် )

 

၈ – ၃ ။

မွတ်ဆလင် ၊ ခရစ်ယာန် ၊ ဟိန္ဒူ ဘယ် ဘာသာကမှ ၊

သူတို့ဘာသာ အတွက် မျိုးစောင့် ဥပဒေ ကို ၊

မြန်မာနိုင်ငံထဲမှာ တရားဝင် ဥပဒေ လုပ်ပြီး မ ပြဋ္ဌာန်း ခဲ့ဘူး ။

( မြန်မာနိုင်ငံထဲမှာ တရားဝင် ဥပဒေ လုပ်ပြီး မ ပြဋ္ဌာန်း ခဲ့ဘူး )

 

ဗုဒ္ဓ ဘာသာကမှ ကွက်ပြီး မျိုးစောင့် ဥပဒေ ကို ၊

တရားဝင် ဥပဒေ လုပ်ပြီး ပြဋ္ဌာန်း ခဲ့ရင် ၊

အဲဒါ တရား ဥပဒေ မခေါ်ဘူး ။ မ တရား ဥပဒေ ဘဲ ။

 

( တစ်လင် တစ်မယား ဥပဒေ အထိ ကို လက်ခံတယ် )

 

ကျနော် သေတဲ့အခါ အသေဖြောင့်ချင်တဲ့အတွက် ( အသေဖြောင့်ချင်တဲ့အတွက် ) ၊

( ငါ မတရား မမျှတ တဲ့ဘက်မှာ မနေခဲ့ဘူး ၊ မထောက်ခံခဲ့ဘူး )

လက်ရှိ ၉၆၉ ရဲ့ လုပ်ရပ်တွေကို မ ထောက်ခံနိုင်ပါ ခမျ ။

 

၉ ။

 

ဟဲ ဟဲ ၊ အဆဲခံရမယ့် အတူတူတော့ ၊ မြိုင်မြိုင် ဆိုင်ဆိုင်လေး ဖြစ်သွားအောင် ၊

ဗမာ ဗုဒ္ဓဘာသာ ဘက်တင်မက ၊ မွတ်ဆလင်ဘက် ကိုလည်း ပြောလိုက်ဦးမယ် ။

 

ဒီ မိထ္ထီလာ ကိစ္စကြီး ဖြစ်ရတာမှာ Who draws the first blood ဆိုတဲ့ ၊

ပထမဦးဆုံး သွေးထွက်အောင် လူသတ်ခဲ့တာ မွတ်ဆလင်တွေဘက်က ပါဘဲ ။

( သူ့ဘာသာသူ ခရီးသွားနေတဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းကြီးကို စ သတ်ခဲ့တယ် )

 

ဒီ အနောက်နိုင်ငံ ဘက်က ဒီမိုကရေစီ / ဥပဒေ အမြင်တွေအရ ၊

ပစ္စည်း ဥစ္စာ ပျက်စီးတာ ထက် ၊ လူသေတဲ့ ကိစ္စဟာ အများကြီး အရေးကြီးပါတယ် ။

 

ရှင်းရှင်း ပြောရရင် ၊ လူနည်းစု မွတ်ဆလင်တွေ ဘက်ကလဲ ၊

လူများစု မြန်မာ ဗုဒ္ဓဘာသာ တွေ နေတဲ့ နိုင်ငံမှာ ၊

အဆင်ပြေအောင် / အမြင်မကပ်အောင် ၊ မနေတတ်ကြတာတွေ ၊

ထောင်လွှား ၊ ကြမ်းတမ်း ၊ သည်းမခံတတ်တာတွေကို ပြင်ရမှာဘဲ ။

 

အဲဒါတွေကို မပြင်လို့ကတော့ ၊ ဒေါ်အောင်ဆန်းစုကြည် မကလို့ ၊

အိုဘားမား ၊ ဘန်ကီးမွန် ဘဲ ၊ လာ အုပ်ချုပ် ၊ လာ အုပ်ချုပ် ၊

ကုလား – ဗမာ အဓိကရုဏ်း ကတော့ ဖြစ်နေအုန်းမှာပါဘဲ ။

 

ကျနော်တို့လည်း ဒီ့ထက်တော့ လူမုန်းခံ ပြောပေးလို့ မရတော့ဘူး ။

 

သဗ္ဗေ သတ္တာ ကမ္မ သကာ ဘဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R )

 

 

 

 

27 comments

  • ဘရန်းဒက် ကေဇီ

    March 24, 2014 at 1:43 pm

    ခွိ။
    တူတူ ဆဲခံရအောင် ဝင်ပြောလိုက်အူးမှ။ :mrgreenn:
    လူ့ အခွင့်အရေးတို့ နိုင်ငံသားအခွင့်အရေးတို့ ဆိုတာ ဘာမှန်းးးးးးးးးးကို မသိတဲ့သူတွေတို့….
    လူအသက်တစ်ချောင်းကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာတဲ့ သူတို့…. ကို
    အဲလို တရားမျှတမှု ဆိုတာ ပြောလို့မရဘူး အဘရဲ့။
    ခုနေပြော ခု ဆဲ ခံရမှာပဲ။ :mrgreenn:

    ခါတလေ ရိုင်းရိုင်းပြောရရင် လူလို အဆက်ဆံခံရဖူးမှ လူစိတ်ရှိတတ်သလိုမျိုးလေ။

    ကျနော်တို့ဆီမှာက……
    သေနတ်ကိုင်ခွင့်ရရင် လူသတ်ခွင့်ရတယ်ထင်၊
    ကိုယ့် ဘာသာဝင်မဟုတ်ရင်ကို မိစ္စာဒိဌိ ထင်လိုထင်
    ကိုယ့်လူမျိုးမဟုတ်တဲ့ တိုင်းရင်းသားတွေ ကို နှိမ်၊
    နိုင်ငံခြားသား အဖြူကောင်ကျ ဖားးး
    မူ မမှန် အမူအကျင့်တွေ အများကြီးပဲ။

    အာ့ကြောင့် စစ် အစိုးရလက်အောက်က ခုထိကို မလွတ်သေးတာ။
    ဟိုက ဘရိန်းဝပ်လုပ်သမျှ ခံနေရတာ။
    :hint:

    ကျနော်တို့ အသုံးမကျလို့ ဆိုတာ သိပြီးကတည်းက တိတ်တိတ်လေးပဲ နေတော့တယ်။
    :hint:

    • Foreign Resident

      March 26, 2014 at 8:27 am

      ဘရန်းဒက် ကေဇီ says:
      ” တခါတလေ ရိုင်းရိုင်းပြောရရင် လူလို အဆက်ဆံခံရဖူးမှ လူစိတ်ရှိတတ်သလိုမျိုးလေ ”

      ဒီလို ရေးရဲတဲ့ သတ္တိ အတွက် Best Comment ပေးလိုက်ပါတယ် ။ ကေဇီ ရေ ။

  • တိမ်မည်း

    March 24, 2014 at 1:46 pm

    ဘဖောရေ….

    စာရှည်ကြီးရေး နိုင်တာတော့ လေးစားပါတယ်….
    လူမျိုး တခုလုံးကို သိမ်းကျုံး ပတ်ရိုက်တာတော့ မကောင်းပါဖူး…..

    ကျွန်တော်လည်း အဲဘက်မှာ ငါးနှစ်လောက် နေလာတဲ့ ကောင်ပါ….
    ပြသာနာ အစအဆုံး ကောင်းကောင်း သိပါတယ်….

    အစကတော့ တလေးတစား ပြန်မန် ့ပေးမလို ့ပါ….
    ဒါပေမယ့် ဒီစာပိုဒ်လေး မြင်လို ့ ဘာမှ ပြန်မမန် ့တော့ဖူးလို ့ ဆုံးဖြတ်လိုက်တယ်…..

    ဟဲ ဟဲ ၊ အဘ ဒီလို ရေးတဲ့ အတွက် ၊
    ဗမာ့ ယဉ်ကျေးမှု အတိုင်း ၊ ဝိုင်းဆဲကြတော့မှာဘဲ လို့ ထင်ပါတယ် ။

    ဘယ်သူမှ အားအားယားယား မရှိဖူး…..
    အမေက မှာထားတယ်… ခွေး ဟောင်တိုင်း ခဲနဲ ့ပြန်မပစ်ရဖူးတဲ့…..
    အဲ့ စာပိုဒ်လေး ပြင်ရင်တော့ ပြန်လာမန် ့ပါမယ်…..

    တော်သေးဘီ….
    တိမ်မည်း

  • surmi

    March 24, 2014 at 2:30 pm

    မနေ့ကတောင် အဘဖေါပျောက်နေတယ်လို့ ကိုခင်ခနဲ့ပြောဖြစ်သေးတယ်
    အင်းး ပြောရင်းဆိုရင်း အသက်တော့ရှည်ဦးမယ် ဟဲဟဲ

  • ရဲစည်

    March 24, 2014 at 4:03 pm

    “Barrier” ဆိုတဲ့ အကြောင်းလေးတော့ စိတ်ဝင်စားသား။
    နောင်အကြောင်းသင့်ရင် ဆွေးနွေးပါ့မယ်။

    ဒီပို့စ်အတွက်တော့
    “နိူင်ငံသားတယောက်အနေနဲ့ တချို့နေရာတွေမှာ- ဥပမာ(ဒေါ်စုတို့ အရှင်ဆန္ဒာဓိက တို့ကတောင် ပေးရမယ်၊ ပေးသင့်တယ်လို့ မပြောဘူးဗျ) အခုဖြစ်နေတာက ဒေသခံက သူတို့ဖြစ်ချင်တာ ဆန္ဒပြတောင်းဆိုမယ်။ အစိုးရက လွှတ်ပေးပီး ထိုင်ကြည့်နေမယ်။ အချိန်တန်ရင် သူတို့လုပ်ချင်တာ လုပ်သင့်တာ လုပ်သွားလိမ့်မယ်။ ဘင်္ဂလီအရေးနဲ့ ပတ်သတ်ပီး မြန်မာပြည်ထဲက မွတ်ဆလင်တွေက အစိုးရိမ်ဆုံး (သူတို့အကျိုးစီးပွား) ဆိုတော့ ကျနော်သည် နိူင်ငံသားတယောက်အနေနဲ့ မသိတာမဟုတ်ဘူး။ မပြောပဲ ငြိမ်ကြည့်နေတာ အဲ့ဒါ မသိလို့ မတတ်လို့ နားမလည်လို့ barrier နည်းလို့မဟုတ်ဘူး။ အဲတော့ သိတာအပြစ်မဟုတ်ဘူး
    ရေးတာပြောတာ အပြစ်

    ဒီပို့စ်ကို ဖတ်လိုက်ရလို့ ဂဇက်မန်ဘာတွေ အကုန်လုံးက ဟာာာာာ ငါတို့မသိတဲ့ ငါတို့မမြင်တဲ့ ရှုထောင့်ကနေ မြင်လိုက်ရပါလားလို့ အံ့ဩကျမယ်မထင်ပါနဲ့ …..နေပြည်တော်က ငတများ ရယ်ကုန်လိမ့်မယ်။ သူတို့ဆိုးတာ မကောင်းတာ ခဏဖယ် လောလောဆယ် အုပ်ချုပ်မှု အတွေ့အကြုံ ၁ဝစုနှစ်တခုရှိတယ်။

    ဆိုတော့ကာ
    ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ရခိုင်/ဘင်္ဂလီအရေးထက် ခရိုင်းမီးယားဥပမာအရ အရှေ့ဘက်ခြမ်းကို barrier မြင့် နိူင်ငံသားများအနေဖြင့် ပိုအရေးစိုက် ရေးကျ ပြောပြကျပေးပါလို့ နော

    • San Hla Gyi

      March 26, 2014 at 8:23 pm

      ပို့စ်ပါ အကြောင်းအရာနဲ့ ပက်သက်လို့တော့ မပြောလိုသေးပါဘူး ခင်ဗျာ။ ပို့စ်နဲ့ မဆိုင်ပေမယ့် ဒီပို့စ်မှာ ဖြစ်နေတဲ့ ကျနော်ရဲ့ Technical ပြဿနာလေးကို ဒီမှာ တင်ပြလိုပါတယ်။ ဒီပို့စ်မှာ ကိုရဲစည်ဆိုသူ ရေးတဲ့ ကွန်မန့်ကို ကျနော် အစိမ်းပေးချင်လို့ အစိမ်းပေးနေတာ မနေ့ညကတည်းကပါ ခင်ဗျာ။ ဘယ်လိုမှပေးလို့ မရတာကို တွေ့ရပါတယ်။ ကွန်ပျူတာကြောင့် ဖြစ်တယ်ထင်လို့ စက် ၃ လုံးပြောင်းပြီး ကြိုးစားတာလည်း မရပါဘူးခင်ဗျာ။ ဒီကွန်မန့် မတင်ခင်လည်း သေချာအောင် စက် ၂ လုံးပြောင်းပြီး စမ်းကြည့်ပါတယ်။ လုံးဝမရပါဘူး။ ဒီပြင့်လူတွေကို စမ်းကြည့်ပြီးပါပြီ။ သူတို့ကိုကျတော့ အစိမ်းပေးလို့ ရပါတယ်။ ကိုတိမ်မည်းရဲ့ ကွန်မန့်မှာ နံပါတ် ၁ နဲ့ ၆ ခုမြောက် အစိမ်းတွေဟာ ကျနော် ပေးတာပါ။ ကိုအလင်းဆက်နဲ့ ကိုကျီးမိုက်ရဲ့ နှစ်ခုမြောက် အစိမ်းတွေဟာလည်း ကျနော် ပေးကြည့်တာ ဖြစ်ပြီး ရပါတယ်။ မမကို မနေ့က အစိမ်းတခုပေးကြည့်တော့လည်း ရတာကို တွေ့ရပါတယ်။ ဘယ်လိုဖြစ်လို့ ကိုရဲစည်ရဲ့ ကွန်မန့်ကို အစိမ်းပေးလို့ မရတာပါလည်း ခင်ဗျာ။ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဆိုရင် မော့မော့တို့ ဘော်ဘော်တို့ ဘော်ဒါ ဘော်ဂျွတ်တို့က အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။
      ကျနော် သူ့ကွန်မန့်လေးကို အစိမ်းပေးချင်လွန်းလို့ပါ။

      • padonmar

        March 27, 2014 at 12:00 am

        ကိုစံလှကြီးရေ
        ကျမလည်း ကိုစံလှကြီးကွန်မန့်ကြည့်ပြီး ရဲစည် ဘာတွေများလုပ်ထားလို့ အစိမ်းပေးခံရခွင့်ပိတ်နေသလဲ သိချင်တာနဲ့ တခါမှမလုပ်စဖူး အစိမ်းတွေ လိုက်ပေးကြည့်ပါတယ်။
        အနီတော့ ဘယ်တုံးကမှ မပေးဖူးလို့ အချိန်ကုန်ခံမစမ်းတော့ပါ.
        အခုလောလောဆယ် တွေ့နေရတဲ့ ကွန်မန့်တွေ အကုန် လိုက်စိမ်းကြည့်ပါတယ်။ကျမကွန်မန့် အပါအဝင် ရဲစည်သာမက အပေါ်က ကိုဆာမိ၊အောက်က ကိုခင်ခတို့ကိုပါ စိမ်းပေးလို့မရဖြစ်နေပါတယ်။
        အစိမ်းတခါမှ မရသေးလို့ စိမ်းခွင့်မရတာလားဆိုတော့လည်း မဟုတ်ဘူး။
        ကေဇီ အသစ်ရေးတဲ့ မန့်နဲ့ အဘဖေါကွန်မန့်တွေကျတော့ ကွန်မန့်အသစ်ပေမယ့် စိမ်းလို့ရပါတယ်။တခုတော့ရှိတယ်၊သူတို့က ဒီပို့စ်မှာ ပထမ အကြိမ် မန့်တာမဟုတ်ပါ။
        ဆိုတော့ ရဲစည်ကို ၆မြင်ကပ် ပုဒ်မနဲ့ စိမ်းခွင့်မပေးတာတော့ မဟုတ်လောက်ဘူး။
        (သံသယကို သံသယမှာ ရပ်ထားခဲ့ကြရင် အချင်းချင်း အထင်အမြင်လွဲစရာတွေ ဖြစ်လာတတ်ပါတယ်။
        သီချင်းတောင်ရှိသေးတယ်လေ၊
        သံသယပျောက်ပါစေ၊အမှန်ဘဝရောက်ပါစေ ဆိုတာလေ…)
        အဲဒီ သဂျီးရဲ့ ဆာဗာကြီးက ကြောင်တောင်တောင်ရယ်။
        အခုတလော ကိုယ့်ပို့စ်မှာ မန့်တဲ့ ကွန်မန့်တွေတောင် မေးဘောက်စ်ထဲ ဝင်တာဝင် မဝင်တာမဝင်ဖြစ်နေတယ်။

        • San Hla Gyi

          March 27, 2014 at 8:29 pm

          ဒေါက်တာ ပဒုမ္မာရေ
          ဆရာမပြောတာ မှားနေတယ် ထင်တာပဲ ဆရာမရဲ့။ သံသယဝင်ရအောင် ကျနော့်စာ ကျနော်ဖတ်ကြည့်တာ သံသယဝင်တယ်ဆိုတဲ့ အရိပ်အရောင်တောင် မပါပါဘူး။ ဆဲတာလည်း မဟုတ်ဘူး။ အပြစ်တင်တာလည်း လုံးဝ မပါဘူး။ ကျနော်က အဲဒီလူရဲ့ ကွန်မန့်ကို စိမ်းပေးချင်လို့ စိမ်းလို့ မရလို့ စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့်ဆိုရင် အဆင်ပြေအောင် လုပ်ပေးပါလို့ ပြောတာပဲ ပါတယ်။ ပိုရင်းနှီးအောင်ဆိုပြီး ဘော်ဒါတို့ ဘော်ဂျွတ်တို့လို့တောင် ခေါ်လိုက်သေးတယ်။ ကျနော်လည်း အဲဒီစကားကို ပိုပြီး ယာဉ်ကျေးအောင် ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။
          အခုတော့ ဘာလို့ စိမ်းပေးချင်တာလည်း ဆိုတာ ပြောပါမယ့်။ အမှန်တော့ ဒေါက်တာကို ကျနော်က တချို့နေရာတွေမှာ မသိလိုက် မသိဖာသာ နေမယ့်အစား သံတမန်စကားနဲ့ နားဝင်အောင် ပြောစေချင်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဆရာမက ဟိုဘက်နဲ့လည်း အဆင်ပြေ ဒီဘက်နဲ့လည်း အခြေအနေ မဆိုးဆိုတော့ ပြောလို့ ပိုသင့်တော်ပါတယ်။ ကျနော်တို့ကျတော့ သံတမန်စကား မဟုတ်တော့ပဲ စစ်ကြေညာနေတယ်လို့ ထင်သွားဖို့ များတယ်။ အဲဒီ ဘယ်ရီယာအကြောင်း ပြောထားတဲ့ အသုံးအနှုန်းတွေပါ ဒေါက်တာရယ်။ ကျနော် အသေးစိတ် မပြောတော့ပါဘူး။ ဆရာမ ပိုသိမှာပါ။
          ဥပမာပေးရရင် ဟိုတုန်းက ရွာတရွာမှာ အလှူလုပ်တော့ ရွာထုံးစံအတိုင်း ဖိတ်စာမရှိပဲ ဗျိုး ဟစ်ရတယ်တဲ့။ ဘယ်သူ ဘယ်သူရဲ့ အလှူကို ကြွပါဆိုပြီး တရွာလုံးကြားအောင် ရွာဆော်က လိုက်အော်တာပေါ့လေ။ လှူတဲ့ ဇနီးမောင်နှံ နာမည်က ကိုတိုးကြွယ် မမုန့်လုံးတဲ့။ သူတို့က ရွာမှာ ချောင်လည်တော့ တော်တော်များများကို ငွေလေး ဘာလေး အမြဲလို ချေးတတ်တယ် ဆိုပါတော့။
          အဲဒါ သူတို့ အလှူကို ဗျိုးဟစ်ပြီး ဖိတ်တော့ သူတို့က ရွာဆော်ကို ဘယ်လို အော်ပြီး ဖိတ်ခိုင်းသလည်းဆိုတော့ “အများတကာ ခိုကိုးတွယ်ရပါတဲ့ ကိုတိုးကြွယ် မမုန့်လုံးတို့ အလှူကို ကြွပါဆိုပြီး အော်ခိုင်းတယ်တဲ့”။ သူများကို ငွေချေးနိုင်တာတော့ ဟုတ်ပေမှာပေါ့ ဆရာမရယ်။ ဒါပေမဲ့ လူကြားအောင် “အများတကာ ခိုကိုးတွယ်ရပါတဲ့” ဆိုတဲ့ ဂုဏ်ပုဒ်ကြီး တမင်ထည့်အော်ခိုင်းတော့ တမျိုးကြီးပေါ့။ ဆရာမ ပိုသိမှာပါ။

      • kai

        March 27, 2014 at 12:47 am

        +- ပေးရတဲ့ အဝိုင်းလေးမှာ.. ဂဏန်း မပြပဲ.. ဘလာဖြစ်နေရင်..+- ပေးလို့မရတော့ဘူးဗျ..။
        ဘာကြောင့်လဲတော့.. ကျုပ်လည်းမသိ..။ :buu:

        • ရဲရဲတောက် ကေဇီ

          March 27, 2014 at 5:36 am

          If…. We give comment via phone, that comment cannot be green or red.
          It becomes blank.

  • alinsett (gazette)

    March 24, 2014 at 6:26 pm

    ညှိယူခြင်းက
    အဖြေတစ်ခုခု တော့ ရမှာပါ. . .

    🙂

    ဒါပဲ ပြောတတ်တယ် ။

  • Ma Ma

    March 24, 2014 at 6:51 pm

    (ဒီမိုကရေစီ မှာ ၊ တရားမျှတမှု အစစ်အမှန် မှာ ၊
    ကိုယ့် ဘာသာ ကောင်းကြောင်း ကြိုက်သလောက် ပြောလို့ရတယ် ။
    သူများ ဘာသာ မ ကောင်းကြောင်း ပြောခွင့် မရှိဘူး ။)
    🙂

    ပြောရမယ်ဆိုရင် ကိုယ်တိုင်လည်း ဒီရွာမှာ နေရင်းနဲ့မှ အတွေးအခေါ် အသိအမြင်တွေ ပြောင်းလဲလာတာ အများကြီးပဲ။

    ဘယ်သူမျက်နှာမှမကြည့်ပဲ တရားမျှတမှုအစစ်အမှန်ကို သိစေလိုက်နာစေချင်တဲ့ စေတနာနဲ့ ရေးထားတာမို့ ပိုစ့်တစ်ခုလုံးကို ချွင်းချက်မရှိ ၁၀၀% ထောက်ခံပါတယ်။

  • padonmar

    March 25, 2014 at 1:47 am

    မြတ်စွာဘုရားရဲ့ အဆုံးအမတွေကိုသာ တကယ်လိုက်နာကြမယ်ဆိုရင်
    လူမျိုးရေး ဘာသာရေးပြဿနာတွေ ဖြစ်စရာမရှိပါဘူး။
    ဒီမိုကရေစီ စစ်စစ် နဲ့ တရားမျှတမှု ဆိုတာ ကိုယ်ချင်းစာတရားပေါ် အခြေခံထားတာလို့ နားလည်ပါတယ်။

    • Foreign Resident

      March 26, 2014 at 8:29 am

      padonmar says:
      ” မြတ်စွာဘုရား ရဲ့ အဆုံးအမတွေကိုသာ တကယ် လိုက်နာကြမယ်ဆိုရင် ၊
      လူမျိုးရေး ဘာသာရေး ပြဿနာတွေ ဖြစ်စရာ မရှိပါဘူး။
      ဒီမိုကရေစီ စစ်စစ် နဲ့ တရားမျှတမှု ဆိုတာ ၊
      ကိုယ်ချင်းစာတရားပေါ် အခြေခံထားတာလို့ နားလည်ပါတယ် ”

      ဒါမှ ဗုဒ္ဓ ဘာသာ အစစ် ။

  • ကထူးဆန်း

    March 25, 2014 at 10:07 am

    ၁။ အစိုးရ က အမြဲတန်းလိမ်နေကျဆိုတဲ့ လူတွေက ဒီလို မျိုး အဖြေ ကျတော့ လက်ခံ ပေးတယ် နော် ။

    သတိထားမိသလား မသိဘူး ၊ လူဝင်မှု ဝန်ကြီး ဦးခင်ရီ တောင် ၊
    သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောခဲ့သေးတယ်လေ ၊
    ခိုးဝင် ဘင်္ဂါလီ ဆိုတာ မရှိသလောက် နဲ ပါတယ် ဆိုတာလေ ။

    ၂။

    အကြမ်းဖျင်း အားဖြင့် ၊ အမေရိက ၊ ဩဇီ အစရှိတဲ့ ဒီမိုကရေစီ အစစ် နိုင်ငံတွေမှာ ၊

    အဲ့ဒီ့ နှစ်နိုင်ငံလုံးကြည့်လိုက်ရင် တိုင်းရင်းသား ဆိုတာကျန်သေးရဲ့လားဟင် လို့ မေးရတော့မဲ့ နိုင်ငံ ။ သူများနိုင်ငံကို သိမ်းပို်က်ကြပြီးနောက် အဲ့ဒီလိုလူတကာ နေနိုင်အောင် စံလုပ်ထားတဲ့ နိုင်ငံနဲ့ ဘယ်လိုမှ တော့ စံထိုးယူလို့ မရနိုင်သေးပါဘူး ။
    အဲ့ဒီ့ နိုင်ငံကြီးဘဲ ကိုယ်ကျိုးစီးပွားထိခိုက်လာတော့ ဒီမိုကရေစီ ဆိုတဲ့ စံ တွေဘေးဖယ်ပြီး နိုင်ငံပြင်ပ အကျဉ်းစခန်းဖွင့် ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ လုပ်နေတာတွေ မမြင်ချင်ယောင်ဆောင်ပြနေကြလားဟင် ..

    ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား ဖြစ်နေကြတာ တကယ်တော့နိုင်ငံတိုင်းပါဘဲ ။

    ပညာရှိ ့လူလည်ကြီး လူမသိအောင်လုပ်တာနဲ့ ဆင်ကန်းတောတိုး လူမိုက်လို လူမသိအောင် မလုပ်တတ်တာဘဲ ကွာတာပါဘဲ ..

    :chee: :chee:
    အဲ့ဒါ ပညာရှိနည်းနဲ့ ဆဲလိုက်တာလေ … :mrgreen:

  • ကထူးဆန်း

    March 25, 2014 at 10:09 am

    ခိခိ.. သူ့ ဟာသူ က တော့ အားလုံး ရီစရာပါဘဲ။

    မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်
    Monday, March 24, 2014
    http://www.myanmarcnn.com/2014/03/blog-post_7187.html

  • kyeemite

    March 25, 2014 at 11:52 am

    🙄 စဉ်းစားခိုင်းတော့လည်း စဉ်းစားရမှာပေါ့ ကိုဖေါရာ 🙄 🙄 🙄 🙄 🙄

  • kai

    March 25, 2014 at 2:59 pm

    ဘင်္ဂလားဒေချ့်နောက်ခံမှာ.. ယူအက်စ်ရှိတာမို့.. ဒီလိုခေတ်အခြေအနေနဲ့.. ဘင်္ဂလားကမြန်မာပြည်ကိုလာတို့ထိမယ်မထင်ပါ..။

    ယူအက်စ်ရဲ့အာရုံကျမှုဟာ..ဒေါ်စုဆီမှာပုံနေတာမို့.. ဒေါ်စုကိုအသုံးချပြီး.. တိုင်းပြည်အတွက်လုပ်သင့်လှပါတယ်..။

    မဟာဗျူးဟာသမားတွေက.. ဗုဒ္ဓဘာသာနဲ့..အစ္စလမ်ဘာသာကို ငြိအောင်လုပ်နေကြတာမှာ.. တစိတ်တပိုင်းအောင်မြင်ရင်တောင်.. မြန်မာပြည်အတွက်တော့…” ချောင်”မယ်မထင်..
    ငြိမ်းချမ်းခြင်းတွေပျောက်ကုန်မှာသေချာတာမို့.. ကိုယ်ပြုတဲ့ကံ..ကိုယ့်ထံပြန်လာမှာပါပဲ..
    ဆိုတော့… ဗုဒ္ဓဘာသာအစွန်းရောက်တာတွေကို.. ထောက်ခံတာဟာ.. အနာဂတ်မြန်မာပြည်ရဲ့ငြိမ်းချမ်းတည်ငြိမ်ခြင်းကိုဖျက်စီးနေတာလို့… ယူဆရမလိုပါပဲ..။

    ခရိုင်းမီးယားပြသနာကိုသေသေချာချာလေ့လာကြည့်ပြီးရင်… မြန်မာပြည်အတွက်.. သတိထားရမယ့်နိုင်ငံက… စိနပြည်ဖြစ်ပါကြောင်းရယ်လို့… ထပ်(ထပ်)ရေးထားလိုက်ပါတယ်..။

    မြန်မာပြည်ညူကလီးယား ပိုင်သင့်ကိုင်ထားသင့်ပြီ.။ :mrgreen:

  • ခင် ခ

    March 25, 2014 at 8:57 pm

    မြန်မာပြည်တစ်ယောက်တစ်ပေါက် အခုလွှတ်တော်စနစ်မှာတော့ ညူကလီးယား ပိုင်ဖို့မပြောနဲ့ ဗျောက်အိုးတောင် တရုတ်သွင်းကုန်ရှိလို့ ဖောက်ရတယ်မှတ် သဂျီးရေ။

    • kai

      March 26, 2014 at 6:18 am

      ဒေါ်စုက… အနောက်နိုင်ငံတွေမှာကြီးသူမို့.. အနောက်ယိမ်းပါတယ်..။
      ဒေါ်စုအဖေကလည်း.. အင်္ဂလိပ်တွေနဲ့သူတို့စနစ်.. ဓလေ့တွေကိုလက်ခံကြိုက်ပါတယ်..။
      (အမှတ်မမှားရင်.. အင်္ဂလိပ်တွေကိုမမုန်းကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှုတ်နဲ့ထုတ်ပြောဖူးတယ်..။)

      ဆိုတော့…
      နှုကလီးယားဆိုတာက.. အနောက်နိုင်ငံတွေကထီထွင်ထားတဲ့ဟာမို့.. သူတို့က…အသိဆုံးပါ..
      အင်အားချိန်ခွင်လျှာညှိရင်း.. မြန်မာပြည်ထဲ နူလျှပ်စစ်အားစက်ရုံဆောက်မယ်ဆို… သူတို့ကူမယ်… သေချာ.. :mrgreen:

  • Foreign Resident

    March 26, 2014 at 7:45 am

    က ရဲစည် နှင့် က ထူးဆန်း ရေ ။

    ကိုရင်တို့ရဲ့ Comment တွေကို အကြောင်းပြန်တာ ၊
    ထုံးစံအတိုင်း အရမ်းရှည်သွားတဲ့အတွက် ၊
    ” စဉ်းစားကြစေလိုပါတယ် ( ၇၂ ) ( တရားမျှတမှု အစစ်အမှန် – ၂ ) ”
    ဆိုပြီး ၊ Post အသစ်ကို ခွဲလိုက်ရတယ်ကွယ် ။
    အဲဒီမှာဘဲ ဆက် အားပေးကြပါနော် ။

  • ဦးဦးပါလေရာ

    March 26, 2014 at 10:55 am

    ဟိုဘက်ပိုစ့် သွားမယ်လုပ်ပေမယ့် စာသားချင်း မဆက်စပ်တော့ဘူး….
    ဒီတော့ နှစ်ပိုစ့်လုံးမှာပဲ ကွန်မင့်ရေးပါမယ်..

    စကားမစပ်-
    မီးဝေး ရင် ချိတ် မာ သတဲ့…..
    ကျုပ်လဲ ရွာသူရွာသားတွေနဲ့ မတွေ့တာကြာလို့ အားနာစိတ်တွေဘာတွေလျော့နေတာဆိုတော့ ..
    . အော်ရဂျင်နယ် လေသံလေးနဲ့ပေါ့…. နော့….
    :mrgreen:

    1- နိုင်ငံတွေရဲ့ နယ်နိမိတ်ဆိုတာ ဘယ်လိုတရားမျှတခြင်းနဲ့မှ ခွဲခြားသတ်မှတ်ထားတာမဟုတ်-
    စစ်နိုင်တဲ့ ကောင်က သူ့စိတ်ကြိုက်သတ်မှတ်တာကို စစ်ရှုံးတဲ့ကောင်က လက်ခံထားရတာ..။
    (အများစုကို ဆိုလိုသည်)
    ဒါကြောင့် –
    လက်ရှိမြန်မာနိုင်ငံရဲ့နယ်နိမိတ်သည် စစ်နိုင်တဲ့ ဗြိတိသျှအစိုးရက ပေးခဲ့တဲ့အတိုင်းသာဖြစ်တယ်…
    နောက်တစ်ခါ စစ်ထပ်ရှုံးရင် နယ်နိမိတ် ပုံစံတစ်မျိုး ထပ်ဖြစ်မယ်
    စစ်မရှုံးချင်ရင် စစ်တပ်ကို စစ်တပ်နဲ့တူအောင် စစ်သားကို စစ်သားနဲ့တူအောင်လုပ်ဖို့လိုတယ်…
    အဲဒါအတွက် စစ်တပ်ကို စစ်တပ်နဲ့မတူအောင် စစ်သားကိုစစ်သားနဲ့မတူအောင် လုပ်ထားတဲ့သူတွေကို နေရာဖယ်ခိုင်းရမယ်…

    2- ဥပဒေအရ နိုင်ငံသားဖြစ်ရမယ့်သူဟာ ဖြစ်ကို ဖြစ်ရမယ်
    အဲဒီနိုင်ငံသားက နိုင်ငံကို သစ္စာခံ/သစ္စာရှိ ဖို့က နောက်တစ်ပိုင်းဖြစ်တယ်
    နိုင်ငံသားဖြစ်ပါလျှက် နိုင်ငံကို သစ္စာမရှိ သူတွေကို ဖေါ်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးယူပြဖို့လိုမယ်..။
    အဲဒါ ဘင်္ဂါလီတွေတင်မက အခြား တရုတ်၊ ထိုင်း၊ နဲ့ အခြားလူမျိုးတွေအားလုံးအတွက် တစ်ပြေးညီဖြစ်ဖို့လဲလိုမယ်။

    3- ဘင်္ဂါလီတွေက လူဦးရေတိုးတာများလို့ မယားများများယူလို့ မြန်မာမိန်းကလေးတွေကို
    မယားငယ်လုပ်လို့ လူမျိုတယ်လို့ ဆိုချင်ရင်-
    အဲဒီအတွက်ရော တိုင်းပြည်နောင်ရေးအတွက်ရော-
    တစ်လင်တစ်မယားဥပဒေ
    မွေးဖွားနှုံးကန့်သတ်တဲ့ဥပဒေ
    အမွေဆက်ခံမှု့ဆိုင်ရာဥပဒေ တွေကို
    အစအဆုံး ခေတ်နဲ့အညီသုံးသပ်ပြီး ရေးဆွဲပြဌာန်းသင့်တယ်…။
    အဲဒီတော့မှ မလိုက်နာနိုင်တဲ့ တရုတ်ကုလား လူမျိုးခြားများ အထုပ်ထမ်းပြီး နေရပ်ပြန်တော်မူကြပါစေ..။

    4- ခိုးဝင်ထားပြီးသား ဘင်္ဂါလီတွေကိုတော့-
    ခပ်မြန်မြန်စိစစ်ဖေါ်ထုတ် + နိုင်ငံသားမဟုတ်သေးတဲ့ အဆင့်တခုပေးပြီး
    နိုင်ငံအပေါ် သစ္စာရှိ/မရှိ စောင့်ကြည့်ဖို့ လိုတယ်။
    ခိုးဝင်ထားတဲ့ တရုတ် တရုတ်အနွယ်တွေနဲ့ ထိုင်းတွေရော အားလုံးပေါ့။
    အဲသည်လိုစောင့်ကြည့်ထားတဲ့ အဆင့်တစ်ခုမှာ လူ ကို လူလို ဆက်ဆံဖို့တော့လိုပါတယ်။
    အခြေခံလူ့အခွင့်အရေးတွေ ပေးဖို့တော့လိုပါတယ်။
    ပညာသင်ခွင့် ဆေးကုသခွင့် အကန့်အသတ်နဲ့ခရီးသွားခွင့် – စတာတွေပေါ့..
    သူတို့ကို နိုင်ငံသားမဖြစ်မီမှာ နိုင်ငံကို မုန်းတဲ့ နာကျည်းတဲ့ စိတ်တွေ မသွတ်သွင်းပေးဖို့လိုပါတယ်…
    ကျုပ်တို့ဆီက အမေရိကားကိုသွားတဲ့ကောင်တွေတော်တော်များများ
    ဂရင်းကတ်မရခင်မှာကို အမေရိကားကို တော်တော်ချစ်နေကြပြီ
    အခြေအနေချင်းမတူတာမှန်ပေမယ့် သဘောချင်းတော့တူပါတယ်….
    ကျုပ်လဲ အခြေအနေသာပေးရင် အခြားနိုင်ငံမှာသွားနေပြီး
    အဲသည်နိုင်ငံသားခံယူဖို့ စိတ်မျိုးဖြစ်မိပါတယ်။
    အဲဒါ ကိုယ့်မူရင်းနိုင်ငံကို မချစ်လို့မဟုတ်ပဲ
    ကိုယ့်ကိုယ်ကို (ကိုယ့်အကျိုးစိးပွားကို) ပိုချစ်လို့ဖြစ်ပါတယ်…….
    စိတ်ချပါ….
    ကုလားတွေလဲ ဘင်္ဂါလားထက် ကိုယ့်ကိုယ်ကို(သူတို့ကိုယ်သူတို့) ပိုချစ်ပါတယ်…
    တရုတ်တွေလဲ ပြည်မကြီးထက် ကိုယ့်ကိုယ်ကို(သူတို့ကိုယ်သူတို့) ပိုချစ်ပါတယ်…

    5- ဘာမှမဆိုင်ဘဲ ထည့်ပြောခြင်း….(၁)
    ……………………..
    အခုဟာက ခွဲထွက်မှာတော့ သေမလောက်ကြောက်
    အတူတူကျတော့ နေမဖြစ်အောင်လုပ် …. နဲ့
    ချစ်ကြပါလိမ့်မယ် အားကြီး………………………..

    6- ဘာမှမဆိုင်ပဲထည့်ပြောခြင်း….(၂)
    ……………………………..
    အေး …
    ခြံစည်းရိုးနား ခွေးတိုးပေါက်ကို ပိတ်တာလဲ ပိတ်ကြပေါ့ …
    လောလောဆယ် ရန်ကုန်စီးပွားရေးရဲ့ တခြမ်းလောက်
    မန္တလေးစီးပွားရေးရဲ့ သုံးပုံနှစ်ပုံလောက်
    ဘယ်သူတွေမြိုထားပြီလဲ …ဆိုတာလေးလဲ.. ကြည့်ကြဦး..

    7- ဆဲလိုသူများ ဆဲနိုင်ပြီဖြစ်ကြောင်း

    :buu:

    • ရဲရဲတောက် ကေဇီ

      March 26, 2014 at 2:32 pm

      ဦးပါလို ပြောတတ်ချင်တယ်။
      အဲလို ချက်ကျလက်ကျပြောတာကိုကြိုက်တယ်။
      ကျနော် မပြောတတ်လို့။

      ခု ရွှေမျိုးချစ် ဘာသာသာသနာချစ် အမည်ခံတွေ မှိုင်းမိနေတာလည်းမပြောနဲ့။

      သူတို့ဘက်က ဒီလို တစ်ချက်ချင်း ပြောပြနိုင်တဲ့သူက မတွေ့ဖူးပေါင်။

      ပြောပြတဲ့သူကို ဆဲမယ်။ စွပ်စွဲမယ်၊ ပေးစားမယ် ဆိုတာချည်းပဲ။
      ကိုယ်ပိုင် ခံယူချက် အတွေးအခေါ်မရှိမှန်းကို သိသာနေတော့လည်း ဘာပြောရမှန်းတောင်မသိဘူးလေ။

      အင်းလေ…
      ခေတ်ကြီးကို က နိုင်ငံအတွက် ဘာ ကိုယ်ပိုင် အတွေးအခေါ်မှ မရှိတဲ့သူ သမဒဖြစ်တဲ့ ခေတ်ဆိုတော့။

      :hint:

    • Foreign Resident

      March 26, 2014 at 5:40 pm

      ” အခုဟာက ခွဲထွက်မှာတော့ သေမလောက်ကြောက်
      အတူတူကျတော့ နေမဖြစ်အောင်လုပ် …. နဲ့
      ချစ်ကြပါလိမ့်မယ် အားကြီး ”

      😛

  • Foreign Resident

    March 26, 2014 at 5:35 pm

    စစ်တိုက်မယ် လို့ ပါးစပ်လေးနှင့် ၊
    လွယ်လွယ်လေး ပြောနေတဲ့သူတွေ သိစေချင်လို့ပါ ။

    KIA နှင့် ၂ဝ၁၂-၂ဝ၁၃ အတွင်း တိုက်ပွဲများကြောင့်
    မြန်မာစစ်တပ်မှ တပ်သား အနည်းဆုံး ၅ထောင် ကျဆုံးခဲ့ဟု
    Jane’s Defence က ရေးသား ။

    ( Kamayut Media )

    တပ်မတော်လိုလားတဲ့ ဘလော့ဂ်တခုရဲ့ စာရင်းတွေအရ
    ၂၀၁၁ ဇွန်လကနေ ၂၀၁၂ ဒီဇင်ဘာလကုန်ထိ
    ကျဆုံးတပ်သားဦးရေ ၅၀ဝဝ ရှိတယ်လို့ သိရတယ်။

    လိုင်ဇာစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော် ဘယ်အတိုင်းအတာထိပဲ ၊
    စွမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ဖော်ပြတာဖြစ်တယ်။

    ကေအိုင်အေထက် အင်အား ၂ ဆကျော် ပိုကြီးပြီး ၊
    လက်နက်အင်အားနဲ့ လေ့ကျင့်ရေး ပိုမို သာလွန်တဲ့ ၊
    UWSA ‘ဝ’ တပ်ဖွဲ့တွေနဲ့သာ ရင်ဆိုင်ရရင် ၊
    တပ်မတော်ရဲ့ လက်ရှိစွမ်းရည်နဲ့ မလွယ်ဘူး ။

    —http://burma.irrawaddy.org/article/2014/03/26/56766.html—

    တပ်ရင်း ( ၁၀၆ ) သံလွင် အရှေ့ခြမ်းကို အကူးမှာ ၊
    ရင်းလုံးပြုတ် နီးပါး အပြတ် ချေမှုန်းခံလိုက်ရတဲ့ အချိန်တုန်း က ၊
    တပ်ရင်း မိသားစုတွေရဲ့ အော်ဟစ်ငိုကြွေးသံတွေဟာ ၊
    တစ် ရပ်ကွက်လုံး နီပါး ကြားခဲ့ရတယ် ။

    မှန်တာပြောရရင် ၊ အခုအချိန်မှာ ၊ ” ဝ ” UWSA ကိုသွားချမိလို့ကတော့ ၊
    တပ်မတော် တစ်ခုလုံးတောင် ဖွဲ့စည်းပုံ ပျက်ထွက်သွားမယ် ။

    ဒါတောင် ၊ ကချင် KIA က စစ်သည်အင်အား တစ်သောင်းခွဲပဲ ရှိတဲ့အဖွဲ့ ။
    ” ဝ ” UWSA က အမြဲတမ်း စစ်သား သုံးသောင်းကျော် ရှိတဲ့အပြင် ၊
    စစ်မှုမထမ်းမနေရဆိုပြီး လေ့ကျင့်ထားတဲ့ အရံ နှင့်ပါဆိုရင် ၊
    စုစုပေါင်း ခုနှစ်သောင်း လောက်ရှိတယ် ။

    ပြီးတော့ ၊ ” ဝ ” UWSA က ကချင် KIA ထက် ၊
    တိုက်ရည် ခိုက်ရည် ရဲစွမ်း သတ္တိ လည်း ပိုကောင်းတယ် ။
    လက်နက်တွေလည်း အဆများစွာ ပိုကောင်း ပိုခေတ်မှီတယ် ။

    သိပ် သတ္တိ ရှိနေရင် ” ဝ ” ကို သွား ရန်စကြည့်ပါလား ။

    • ကထူးဆန်း

      March 27, 2014 at 1:13 am

      သေချာတာ တစ်ခု ကတော့ မြန်မာတပ်က သူတို့ ကို အကုန်ဖြုတ်နိုင်လဲ ဖြုတ်မှာ မဟုတ်ဘူး ..
      သူတို့ နဲ့ အလုံးစုံ ငြိမ်းချမ်းရေးယူ နိုင်လည်း ယူမှာ မဟုတ်ဘူး ..
      သူတို့ မှ မရှိတော့ ရင် မြန်မာ့ တပ်မတော် လုပ်စားလို့ မကောင်းတော့ဘူး ..
      ပြည်သူ အားကိုး အောင် ထားပြရဦးမယ် .. ပြည်သူ သနားအောင် လုပ်ပြရဦးမယ် ..

      ဘဖော တို့လို ဉာဏ်ကြီးရှင်များ သိရက်နဲ့ပြောတာလား မသိလို့ပြောတာလားတော့ မသိ ..

  • ရဲရဲတောက် ကေဇီ

    March 27, 2014 at 6:29 am

    This comment is given via phone and supposed to be unable to plus or minus to this comment.

    If we want to blame on anybody for this issue, we have to blame the person who give comment via phone.
    :mrgreen:

    And we can not pint point to Mod for every problems at this site.

    They are Mod. They are not God.
    :mrgreen:

    If I said so, please don’t think I m the follower of Ta Gyi nor Any Mod.

    😀

Leave a Reply