ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ် ခါးကိုမတ်မတ်ထားပြီးထိုင် ဝင်လေထွက်လေကို သတိနဲ့မှတ်သားခြင်းဟာ
တဏှာကိုပယ်နိုင်ဘို့ အကြောင်းဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သင်ကြားတော်မူခဲ့တယ်
ဒဗျိဂျီး မိုက်ကယ်ဂျော်နီအောင်ပုရဲ့
အဆုံးမလမ်းညွှတ်တော်ကို အမှန်တရားလို့ လက္ခံပြီး မှတ်သားထားပါတယ် ဆရာကြီးကြောင်ကြီး
အေး မှတ်သားယုံနဲ့မပြီးဘူးကွ လိုက်နာကျင့်သုံးကြိုးစားအားထုတ်မှ ခံစားရမယ်ကွ
ဟုတ်ကဲ့ပါဆရာကြောင်ကြီး
နေရာကား ရွာအနောက်ဖက်ရှိ မြစိမ်းတောင်တွင် တည်ဆောက်ထားသော
လူကြီးလက်တစ်ဖေါင်ကျော်ကျော် အမြင့် ရှိသော ရှေးဟောင်း ရှည်တံရှည် ဘုန်းကြီးကျောင်း မြင့်ကြီးပေါ်တွင်ဖြစ်လေသည်။
ကျောင်းနေသံဃာတော်အရှင်သူမြတ်များမှာ အလှူတစ်ခုတွင် သံဃာကုန်ပင့်ဖိတ်ခြင်းခံရသဖြင့်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဆရာကြောင်ကြီး တို့နှစ်ဦးသည် ကျောင်းစောင့်အဖြစ်ကျန်ရှိနေကြစဉ်အချိန်တွင်
ဆရာကြောင်ကြီးမှ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု အား ဆုံးမသြဝါဒလက်ချာပေးနေခြင်းဖြစ်ဖြစ်လေ၏။
( ဆရာကြောင်ကြီးဆိုသူမှာ ခေသူမဟုတ်ခြေ
စာရေးမျဉ်းဇောင်းစာဖတ် ဝါသနာရှင်များအဖွဲ့တွင် တစ်ခါမျှ ဖေါ်ပျခြင်းမခံရသော်လည်း
ဂေဇက်မှ ပွိုင့်တစ်သိန်းဘတ်ထားဘူးသူဖြစ်လေ၏ )
ဒရန်တန်တန်
………………………………..
တစ်ဦးတည်းဆိတ်ငြိမ်စွာနေတာဟာကောင်းတယ်ဒဗျိဂျီး မိုက်ကယ်ဂျော်နီအောင်ပုရဲ့ ဘာ့ကြောင့်လည်းသိသလား
သိဘါဒယ် ဆရာကြောင်ကြီး
ဘါ့ကြောင့်ဒုံးကွ
တစ်ဦးတည်းနေရင် ဖဲဝိုင်းထောင်လို့မရနိုင်ပါဘူးဆရာကြောင်ကြီး
လခွီး!!! တစ်ဦးတည်းနေရင် အခြားကိလေသာတွေကိုယ့်ဆီမကူးဆက်နိုင်ဘူးကွ
အစုအဖွဲ့ဆိုတာ စည်းဝေးတိုင်ပင်နှီးနောသင်ကြားပို့ချခြင်းတွက် ရှိသင့်ပေမယ့်
စည်းဝေးတိုင်ပင်နှီးနောသင်ကြားပို့ချခြင်းတွက် မဟုတ်ရင်တော့ အစုအဖွဲ့မရှိအပ်ဘူး
ဝုတ်စ်
အေး!!! ဥပမာကွာ မင်းတို့ဂေဇက်က သါထိန်းတွေ အလုပ်မရှိအကိုင်မရှိ လူစုပြီးထမင်းချက်စားတာကိုကျိ
ဝုတ်စ်
လူစုပြီးတရားစခန်းဘယ်သူမှမသွားဘူး ကိလေသာတွက်လူစုပြီး ချက်ပြုပ်စားသောက်ဂျဒယ်
ဝုတ်စ်
မှတ်ထားဒဗျိဂျီး မိုက်ကယ်ဂျော်နီအောင်ပု ကိလေသာဆိုတာ မီးဘဲကွ မီးဆိုတာ အပူဘဲကွ
အပူဟာမရှိမှာကြောက်စရာမလိုဘူး အပူဟာ အမြဲရှိတယ်လို့ပြောနိုင်တယ် ( တည်မြဲဝါဒဖက်ကမတွေးနဲ့ )
အပူဟာ ခံနိုင်ရည်မရှိသူကို ကူးဆက်မှု့လွယ်ကူစေတယ်ကွ ကိုယ့်မှာခံနိုင်ရည်ရှိရင်တောင်
အပူဆိုတဲ့ကိလေသာသမားတွေကိုတွေ့ရင် ရှောင်ရဒယ် နားလည်သလား ဒဗျိကြီး မိုက်ကယ်ဂျော်နီအောင်ပု ရဲ့
နားလည်ဘါဘီဆရာကြီးကြောင်ကြီး
ထိုအခိုက် အသံဗလံများကြား၍ ကျောင်းတံခါးပေါက်မှ လှမ်း၍ကြည့်လိုက်စဉ်တွင်
ဂေဇက်ရွာမှ ချင်ပြုပ်ဖုတ်ကြော်လှော်စီမံစားသောက်ရေးအဖွဲ့သူအဖွဲ့သားများဖြစ်နေကြလေတော့၏။
( ကျွန်ုပ်မှ ဆရာကြောင်ကြီးအား တစ်မြန်နေ့ကတည်းက ချက်ပြုပ်ဖုတ်ကြော်လှော်စီမံစားသောက်ရေး အဖွဲ့ချုပ်ကြီး၏
ဖိတ်ကြားစာကို လက္ခံရရှိထားပြီးဖြစ်လေသည်ကို အစီရင်ခံထားပြီးဖြစ်ပါ၏ )
ကိလေသာအဖွဲ့တော့လာပြီဟေ့
( ဆရာကြောင်ကြီးမှ ရုတ်ခြည်မတ်တပ်ရပ်လိုက်လေပြီးလေလျှင် )
ကိလေသာဆိုတာ ကိုယ်ကတောင့်ခံနိုင်ပေမယ့် ကိုယ့်ဆီလာတာကိုတွေ့ရင် မဆုံခင်ကရှောင်တတ်ရတယ်ကွ
ဒီနေရာမှာ မင်းတို့ သဂျီးမင်းရဲ့ ပေါ်ရစီအတိုင်း ကိုယ့်အခွင့်ရေးနဲ့ကိုယ်ဘဲကွ
မင်းကြိုက်တာမင်းလုပ်နိုင်တယ် မင်းအခွင့်ရေးဘဲ ငါကြိုက်တာငါလုပ်နိုင်တယ် ငါ့အခွင့်ရေးဘဲကွ
ဂွင်ခြင်းတည့်ပြီး ကွိုင်မတက်ဘို့ဘဲလိုတယ်ကွ
င်ါကတော့ ဒီလူတွေငါ့ဆီလာတာ ကိလေသာဘဲလို့သဘောထားဒယ်ကွ
လူဆော်နံဒယ် ကိလေသာဆော်နံဒယ် ငါတော့လစ်ဘီ
လျှပ်တစ်ပြက်အတောအတွင်းပင်ဖြစ်ပါတော့သည်။
ကျွန်ုပ်၏ဆရာကြီး ဆရာကြောင်ကြီးသည် ကိလေသာတို့ကိုရှောင်လွှားရန်အလို့ငှာ ကျောင်း၏ နောက်ဖေးပြုတင်းပေါက်မှ
အောက်သို့ လွှားကနဲ့ခုန်ချလိုက်လေလျှင်
ကျောင်းဘေးတွင်ပေါက်နေသော သင်္ဘောပင်နှစ်ပင်ကြားတွင် ညှပ်နေလေသတည်း။

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend