မာနကို ခ၀ါချလို့
ဘယ်သူ့ကိုမှ မနိုင်ချင်၊
မရဏကို မနိုင်သ၍
မင်းဟာ အရှုံးသမားပင်၊
မင်းရှိတဲ့ စည်းစိမ်-အာဏာ
ထားခဲ့ရမှာ အမှန်ပင်၊
ကျန်နေခဲ့တဲ့ အချိန်များမှာ
သံသရာ အကျိုးမဲ့ မဖြစ်စေချင်။
(အသက် ၆၀ နှစ်ပြည့် မွေးနေ့အမှတ်တရ)

မင်းသုတ
10း26 P.M
23.3.2014

About zaw win

zaw win has written 78 post in this Website..