အကျိုးမဲ့

zaw winMarch 25, 20141min1526

မာနကို ခဝါချလို့
ဘယ်သူ့ကိုမှ မနိုင်ချင်၊
မရဏကို မနိုင်သ၍
မင်းဟာ အရှုံးသမားပင်၊
မင်းရှိတဲ့ စည်းစိမ်-အာဏာ
ထားခဲ့ရမှာ အမှန်ပင်၊
ကျန်နေခဲ့တဲ့ အချိန်များမှာ
သံသရာ အကျိုးမဲ့ မဖြစ်စေချင်။
(အသက် ၆ဝ နှစ်ပြည့် မွေးနေ့အမှတ်တရ)

မင်းသုတ
10း26 P.M
23.3.2014

6 comments

  • snow smile

    March 25, 2014 at 3:44 pm

    ကျွန် မ လဲ အဲ့ သ လို တွေး နေ မိ တာ

  • Ma Ma

    March 25, 2014 at 5:11 pm

    ကိုယ့်ကိုယ်ကိုတော့ မာန ဒေါသ လောဘ မောဟ တွေ လျှော့ချထားတယ်။
    လျော့ကျနေတယ်လို့ ထင်တာပဲ။
    အဲ- အစမ်းသပ်မခံနိုင်တာလေးပဲ ရှိတယ်။ 🙁

  • padonmar

    March 25, 2014 at 11:24 pm

    ဦးဇော်ဝင်းရေ
    သတိပေးစာလေးနဲ့ မွေးနေ့ အမှတ်တရ ပို့စ်လေးရေးပေးတာ သိပ်ကောင်းပါတယ်။

  • surmi

    March 26, 2014 at 9:40 am

    ဦးဇော်ဝင်းရေ
    ဒါမျိုးလေးတွေများများရေးပါဗျာ
    ဒီလိုကြိမ်တို့စာလေးများ အားရပါ၏

  • kyeemite

    March 26, 2014 at 11:42 am

    တိုတိုနဲ့ထိမိတဲ့ကဗျာလေးမို့ ကြိုက်ပါတယ် ကိုဇော်ဝင်းရေ

Leave a Reply