” ရင်ဘတ်စည်တီး ငိုလိုက်တော့မယ် “

 

သက်တမ်းတွက်စစ် သုံးနှစ်ကာလ

လွန်မြောက်လှလည်း

စမ်းစစ်ပြည်မြန်မာ ပြောင်းလဲလာတာ

အထွေအထူး မရှိလှဘူး

မော်တော်ကားဈေး ကျခဲ့ပေးတော့

လမ်းပေါ်ကားကြပ် ဒုက္ခများလော့

ဖုန်းကဒ်ဖိုးများ ထောင့်ငါးရာဖြစ်

လိုသလောက်မပေး ထိန်းချုပ်သေးလို့

ပြင်ပပေးဝယ် သိန်းသောင်းချီတယ်

အင်တာနက်လိုင်း ဖွင့်ကာပေးလည်း

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀

အ၀ိုင်းလေးရယ် ကလည်ကလည်

လိုင်းရမရ သူမသိတယ်

ကျငွေကတော့ ဖြတ်မယ့်အမ်ပီတီရယ်

ဒေါ်စုသမ္မတ ရွှေးချယ်ရဖို့

ပြင်ရအုံးမယ့် အခြေခံမူရယ်

ပြင်မယ်ပြင်မယ် အော်ကာနေတယ်

စလုံးရေးက မစသေးကွယ်

နိုင်ငံရပ်ခြား ကုမ္မဏီများက

မြုပ်နှံအရင်းအနှီး လာကြမှာမို့

အလုပ်အကိုင်အခွင့်အလမ်း ပေါလှမယ်လို့

ပြောကာမိန့်ခွန်း ချွေခဲ့သော်လည်း

သတမတ်မကျ မူဝါဒကို

ယုံရန်ခက်တော့ အခုထိရောက်မလာ

ဆင်းရဲလွတ်မြောက် တိုက်ဖျက်ရေးလည်းပျောက်

ခေတ်ကြပ်စနစ်ကပ် ဒို့တိုင်းပြည်ရယ်

တွေးမိလေတော့ ရင်မောလှဖွယ်

ဘာမှမကြာလှ ဒီငါးနှစ်ဝယ်

ဘာမှလည်းဘဲ မဖြစ်လာရင်ကွယ်

ရင်ဘတ်စည်တီး ငိုလိုက်တော့မယ်။

 

 

ခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..