” ရင်ဘတ်စည်တီး ငိုလိုက်တော့မယ် “

ခင္ခMarch 26, 20143min14914

” ရင်ဘတ်စည်တီး ငိုလိုက်တော့မယ် “

 

သက်တမ်းတွက်စစ် သုံးနှစ်ကာလ

လွန်မြောက်လှလည်း

စမ်းစစ်ပြည်မြန်မာ ပြောင်းလဲလာတာ

အထွေအထူး မရှိလှဘူး

မော်တော်ကားဈေး ကျခဲ့ပေးတော့

လမ်းပေါ်ကားကြပ် ဒုက္ခများလော့

ဖုန်းကဒ်ဖိုးများ ထောင့်ငါးရာဖြစ်

လိုသလောက်မပေး ထိန်းချုပ်သေးလို့

ပြင်ပပေးဝယ် သိန်းသောင်းချီတယ်

အင်တာနက်လိုင်း ဖွင့်ကာပေးလည်း

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

အဝိုင်းလေးရယ် ကလည်ကလည်

လိုင်းရမရ သူမသိတယ်

ကျငွေကတော့ ဖြတ်မယ့်အမ်ပီတီရယ်

ဒေါ်စုသမ္မတ ရွှေးချယ်ရဖို့

ပြင်ရအုံးမယ့် အခြေခံမူရယ်

ပြင်မယ်ပြင်မယ် အော်ကာနေတယ်

စလုံးရေးက မစသေးကွယ်

နိုင်ငံရပ်ခြား ကုမ္မဏီများက

မြုပ်နှံအရင်းအနှီး လာကြမှာမို့

အလုပ်အကိုင်အခွင့်အလမ်း ပေါလှမယ်လို့

ပြောကာမိန့်ခွန်း ချွေခဲ့သော်လည်း

သတမတ်မကျ မူဝါဒကို

ယုံရန်ခက်တော့ အခုထိရောက်မလာ

ဆင်းရဲလွတ်မြောက် တိုက်ဖျက်ရေးလည်းပျောက်

ခေတ်ကြပ်စနစ်ကပ် ဒို့တိုင်းပြည်ရယ်

တွေးမိလေတော့ ရင်မောလှဖွယ်

ဘာမှမကြာလှ ဒီငါးနှစ်ဝယ်

ဘာမှလည်းဘဲ မဖြစ်လာရင်ကွယ်

ရင်ဘတ်စည်တီး ငိုလိုက်တော့မယ်။

 

 

ခင်ခ။

 

 

14 comments

  • ရဲရဲတောက် ကေဇီ

    March 26, 2014 at 10:25 am

    ( ဥက္ကဌကြီး..ဥက္ကဌ ကြီး ခင်ညား…
    မလေးရှားနိုင်ငံက..လေယာဉ်ကြီးတစ်စင်း..
    လူနှစ်ရာကျော်နဲ့ ပျောက်သွားလို့ဗျ…
    အဲဒါ…ဘယ်…ဘယ်..လို… )

    “ဟာ…ငါ..မအားသေးဘူး…”

    (ဟို…ဟို…သူများတွေက…မေးနေတယ်ခင်ည..)

    ” ဒီမှာ…ငါအလုပ်များနေတယ်လို့ပြောလိုက်…”

    (ဟုတ်….ဟုတ်ကဲ့…ကျွန်တော်သူတို့ကို ဘာပြောပေးထားရမလဲ..)

    ” ကြည့်ပြောလိုက်ကွာ…ကြည့်ပြောလိုက်..၊
    နာဂစ်တုန်းက ကိုယ့်လူသိန်းချီသေတာကိုတောင်
    ကိုယ်က သောက်ဂရု မစိုက်ခဲ့တာ…သူတို့လူ ၂၀ဝ လောက်ကို
    သွားဂရုစိုက်စရာလား….”

    ( ဟာ….ဒါပေမဲ့လေ…ဥက္ကဌ ကြီးက…ဟို…ဟို.
    အာ…..အာ…..)

    “ဟေ့ကောင် တိတ်စမ်း…
    ဘာမှလာမပြောနဲ့တော့…လူ ၂၀ဝ ထက်ကို
    ငါ့ရဲ့ အမျိုးစောင့်ကအရေးကြီးတယ်..
    ငါ့ကို ဖဖုရား က Time Limit ပေးထားတာ ကျော်လို့မရဘူး..
    ကျော်ရင် ငါ့ကို…သမ လိမ့်မယ်ဟ…”

    (ကျွန်..တော်…ဆိုလိုတာက……..ဒစ်ပလို.ေ.မ.စီ…စီ…)

    “ဟာ…မင်းကပြောလေကဲလေပါလားကွ
    ဟော…
    ငါ့အလုပ်နောက်တစ်ခုပေါ်လာပြန်ပြီ..
    လေယာဉ်ပျက်ကျတာကအရေးမကြီးဘူး..
    ဒီအလုပ်ကလဲ…မလုပ်လို့မရဘူး…
    ငါ့ကို ဖဖုရားက ပုံမှန်လုပ်ဖို့ ခိုင်းထားတာကွ…
    ဟိုမှာ..လာခေါ်နေပြီ…သွားလုပ်လိုက်ဦးမယ်..
    မင်းဘေးဖယ်နေကွာ…ငါရှေ့က..”

    ———

    အာဆီယံဥက္ကဌကြီးမှာ…
    အမြန်ပင် ထွက်ခွာသွားပြီး..သကာလ…




    ” မိဘပြည်သူများ…ခံဗျား….. ”
    (Credit to Thunder Pa Yit)

    😀

  • ခင် ခ

    March 26, 2014 at 11:30 am

    သရော်စာများကို စိတ်ဝင်းစားမိတဲ့ ကျွန်တော်
    သရော်စာများကို ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ရေးခဲ့တဲ့ ကျွန်တော်
    သရော်စာတွေကို ကလူအိသို့ မြူအိသို့ ကလူတူတူ မြူတူတူ ရေးထားရင် ကြိုက်ခဲ့တဲ့ ကျွန်တော်
    ရဲရဲတောက် ကေဇီ၏ ကနဦးကွန်မန့်ကို အရမ်းအရမ်းကို သဘောကျလွန်းမိတယ်ဗျာ။

  • ရဲရဲတောက် ကေဇီ

    March 26, 2014 at 11:31 am

    “ဦးသိန်းစိန်က အရည်အချင်းမရှိပါဘူးဗျာ”

    “အောင်မာ … မင်းကရော ဘယ်လောက်အရည်အချင်းရှိလို့လဲ?”

    “ငင် … ကျော့မှာလဲ ရှိဝူးလေ”

    “အဲဒါဆိုအပိုတွေလျှောက်မပြောနဲ့ အေးဆေးနေ … ကြားလား?”

    “ဦးလေးကလည်း ကျော်ပြောတာက သူ့ထက်တော်တဲ့သူ သမ္မတဖြစ်သင့်တယ်လို့ပြောတာဗျ”

    “အေးကွ … မင်းဆိုလိုတာက ဦးရွှေမန်းလား?”

    “No”

    “ဒါဆိုရင် လက်ရှိကာချုပ် မင်းအောင်လှိုင်ဆိုရင်ကော?”

    “No”

    “ဧကန္တ ဦးစိုးသိန်းကို သဘောကျနေတယ် ထင်တယ် ဟုတ်တယ်မှတ်လား?”

    “No”

    “သမ္မတရုံးကလူကရော ဘယ်လိုလဲ? သူလည်းမဆိုးဘူးလေ”

    “No!!!! oh ho ”

    “သဘောရိုးနဲ့ပြောတတ်ပြီး စစ်တပ်ကို အရမ်းကောင်းတဲ့ ဗိုလ်ချုပ်အုန်းမြင့်လား?”

    “No!!!! oh ho ”

    “ငါသိပြီ … နိုင်ငံရေးမလုပ်ဘူးလို့ သုံးခါအော်တဲ့ ဦးခင်ညွန့်ကို သမ္မတဖြစ်စေချင်တာမဟုတ်လား?”

    “ဟာ ဦးလေးကလည်း ကျော် ဒီလောက်မပိန်းသေးပါဘူး အဲ့လူကြီးသမ္မတဖြစ်ရင် အကုုန်ပိုဆိုးကုန်မှာပေါ့ဗျာ … မနောက်စမ်းပါနဲ့ … No!! ပဲ ”

    “ဟကောင် … မင်းက သီချင်းဆိုတဲ့ နိုးအဖွဲ့ကိုများ ပူးတွဲသမ္မတလုပ်စေချင်နေတာလားဟ? နိုးအဖွဲ့က ဟိုဒင်းတွေပြုပြီး ဟိုဟာတွေပြုကုန်ကြပြီ မဖြစ်နိုင်တော့ဘူး။ ပြောစမ်းကွာ မြင်းသိသလောက် သမ္မတဖြစ်ဖို့ ဦးသိန်းစိန်ထက်ပိုပြီး သင့်တော်တာဘယ်သူလဲ?”

    “ဒေါ်အောင်ဆန်းစုကြည် … လေ … ဦးလေးရဲ့”

    “တယ် …. ဒီကောင်တော့ နာတော့မယ် … ငါ့လစာလေး တစ်သိန်းအောက်နဲ့ မင်းတို့မိသားစုကို အိမ်တွေခြံတွေနဲ့ထားပြီး ထမင်းဝအောင်ရှာကျွေးနေတာ အောက်ဆိုက်ရလို့ကွ … အောက်ဆိုက်ရလို့ … ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်ရင် ဟိုလူကြီးတွေ လက်ထက်တုန်းကလို ခိုးချင်တိုင်းလည်း ခိုးလို့ရတော့မှာမဟုတ်ဘူး … အောက်ဆိုက်တွေလည်း ရတော့မှာမဟုတ်ဘူး … ငါ့ဂွင်တွေပိတ်ရင် မင်းတို့တွေလည်း ငတ်မှာ ခွေးဖြစ်မှာ … နားလည်လား?”

    “မင်း ခွေးဖြစ်ချင်သလား?”

    “ဖြစ်ချင်ပါတယ် … အဲ ….. မဖြစ်ချင်ပါဘူးဦးလေး”

    “အေး .. ခွေးမဖြစ်ချင်ရင် ငါအရင်လိုပဲ အလွယ်တကူ ဂွင်ဖန်လို့ရအောင် ဟို ငပိန်းတွေကို သမ္မတဖြစ်ဖို့ ကူညီရမယ် … ကြားလား?”

    “ဟင် …. ကျော်တို့ နိုင်ငံ အတွက်ရော”

    “ဟဲ့ကောင် သူတောင်းစား … နိုင်ငံကိုကောင်းစေချင်ရင် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအဝိုင်း ကို ကောင်းအောင်အရင်လုပ်ရတယ်ကွ … ဒီကမှတဆင့် ကိုယ်နဲ့အဆင်ပြေသူတွေကို ကြွယ်ဝအောင်ဖန်တီးပေး …. တဖြည်းဖြည်းနဲ့ အားလုံးကောင်းလာမှပေါ့ကွ … တို့နဲ့တည့်တဲ့သူတွေ ကောင်းစားစေရမယ်လို့သာ စိတ်ထဲမှာလုံးလုံး ဆုံးဖြတ်ထားလိုက် …. ဒါဆိုရင် တနိုင်ငံလုံးကောင်းစားပြီ …. အပေအတေ သူတောင်းစားတွေရဲ့ စကားသံတွေကို နားယောင်မနေနဲ့ … ခွေးဖြစ်သွားမယ် … ကြားလား ?”

    “ဟင်!!! ဦးလေးပြောတော့ တနိုင်ငံလုံးအတွက် အနစ်နာခံပေးဆပ်တာဆိုု … ခုကျတော့ နည်းနည်းလွဲနေသလားလို့”

    “ဟာ … ဒီကောင် … ငါ ပါးပိတ်ရိုက်လိုက်ရ … ထွက်သွားစမ်းကွာ ငါ့ရှေ့ကနေ ..
    တောက် !!!! …. @!#%&*%#$ ”

    ဤတွင် … သစ်တစ်ပင်ကောင်း၍ ငှက်တစ်သောင်းနားနိုင်သည်ဟု သတင်းကြီးသည့် အရပ်က အားကျသူ လူကြီးတို့ တူဝရီး အပြန်အလှန်စကားပြောခန်းပြီး၏။

    Credit to အောင်ကြီး

    ~~~~~~~~~~~~~~~~~~~~~~~~~~

    ခွိခွိခွိ။ ရီရလို့ ကူးလာတာ။ :mrgreenn:

    ၃ နှစ်အတွင်း ဘာမှ မထူးခြားဘူးလို့ မပြောပါနဲ့လေ။

    ထူးခြားပါတယ်။
    ဆင်းရဲသားပပျောက်ရေးအောင်မြင်တယ်လေ။ (ဆင်းရဲသား ရွာလေးတွေ ဘူဒိုဇာနဲ့ကို ထိုးဖျက်ပစ်တာ)
    နိုင်ငံခြားကိုလည်း အစုလိုက်အပြုံလိုက်ရောက်ကုန်ပြီ။ (အိမ်ဖော်အဖြစ်နဲ့)
    တန်ဖိုးတွေမြင့်တက်လာပြီလေ (လက်ဖက်ရည်ဖိုး ၃ သိန်းတွေဘာတွေဖြစ်ကုန်ပြီ။)
    သိပ်စည်ကားနေတာပဲ။ (ဘာသာရေး အထိကရုန်းတွေ)
    တိုးမြှင့်လိုက်ပြီ။ (မီတာခတွေ)
    ပြည်သူ့ အသံတွေလည်း နားထောင်နေပါတယ် (ခရိုနီတွေ ဆီကတဲ့)
    ပြည်သူတွေကို ရီမောစေပါတယ် (ဝန်ကြီးတွေ စကားပြောလိုက်တိုင်းးး)

    ပြောင်းလဲပါတယ်။
    အရင်က ရပိုင်ခွင့်ရှိတဲ့ တစ်ကျပ်ကို မပေးတဲ့လက်ထက်ကနေ
    ခု သူ့လက်ထက်မှာ ၅ ပြားလောက်ရဖို့ လမ်းမထွက်တောင်းမှ ရအောင်လုပ်ပေးနေတော့ ပြောင်းလဲတယ် ထူးခြားတယ်ပဲ ပြောရမှာပေါ့နော်။

    :hint:

    • TNA

      March 30, 2014 at 6:13 pm

      ဒီနေ့ပဲ ကြော်ငြာကပ်ထားတာဖတ်ခဲ့ရတယ်။ အိမ်ဖော်ဖြစ်နည်းသင်တန်း။ နေ့ သုံးနာရီ၊ တပါတ်ငါးရက်၊ ခြောက်ပါတ်တက်ရမယ်။ သင်မှာတွေက အခြေခံ အင်္ဂလိပ်စာရေးပြော၊ မီးပူတိုက်နည်း၊ ကလေးထိန်းနည်း၊ သက်ကြီးရွယ်အိုုပြုစုနည်း၊ ကလေးရေချိုးနည်း၊ အဝတ်လျှော်စက်လှည့်နည်း၊ အိမ်ဖော် တယောက်ဆောင်ရန် နဲ့ ရှောင်ရန်တွေသင်မယ်ဆိုပဲ။ တိုးတက်ပါတယ်။ 😥 :byee:

  • snow smile

    March 26, 2014 at 12:11 pm

    အော် ကေ ဇီ ကေ ဇီ
    အ လုပ် တွေ ရှုပ် နေ တာ ဒါ့ ကြောင့် ကိုး
    :))))))))))))
    ဖတ် ချင် သေး တယ် P

    • ရဲရဲတောက် ကေဇီ

      March 26, 2014 at 12:14 pm

      ဟိ။
      သများ အရှုပ်လုပ် (အဲလေ) အလုပ်ရှုပ်နေတာတွေ သိကုန်ကြပြီ။

      😀

      • snow smile

        March 26, 2014 at 1:18 pm

        ထင် တယ်
        ရဲ ရဲ တောက် ကေ ဇီ ဖြစ် တော့ မယ် လို ့

  • ဦးဦးပါလေရာ

    March 26, 2014 at 2:31 pm

    -အားမနာလျှာမကျိုး အလကားရတိုင်း ဝင်ပြောကြည့်ဦးမယ်ဗျာ…

    -ပထမ အချက်က ဘာလုပ်ရမှန်းရယ် ဘာမလုပ်ရမှန်းရယ် ဘယ်ကစရမှန်းရယ် မသိပဲ ယောင်ကန်းကန်း ဖြစ်နေကြတာ…
    -သူတို့ကိုယ်သူတို့ အကုန်လုပ်တတ်တယ် ထင်နေတော့ ဘယ်သူ့ကို အတုခိုး ဘယ်သူ့အကြံယူ ရမယ်ဆိုတာကို ခေါင်းထဲမရောက်နိုင်ကြဘူး..

    -ဒုတိယအချက်က သူတို့ သိတာတွေ သိတယ်ထင်တာတွေက မှားနေတာ…

    -တတိယအချက်က မှားမှာကြောက်လို့ ဘာကိုမှ အလွယ်တကူ မပြင်ရဲတာ…

    -အင်း…
    -အဲဒီသုံးခုကို စကားတစ်လုံးထဲအဖြစ်ပေါင်းပြောရမှာတော့ အားတော့နာတယ်
    – သူများတွေပဲ ပြောပါစေတော့…

    :mrgreen:

    • ခင် ခ

      March 26, 2014 at 2:42 pm

      တကယ့်အနှစ်သာရ စကားလုံးကျမှ မပြောဘဲထားရလား ဦးပါရယ်
      ပြောသာပြောချလိုက်ပါ အားနာစရာလားလို့။

  • Wow

    March 26, 2014 at 2:34 pm

    :mrgreen: အိုက်လိုတောင် မရီနိုင်ပါဝူး ညော်.. :mrgreen:

  • Paing Lay

    March 27, 2014 at 3:31 pm

    ဆရာမှားသွားရင် Sorry ပါဆိုပြီး လက်ညိုးထောင်ခေါင်းညိတ်ပြီး နေရသေးသရွှေ့ တပည့်မှားတော့ ခေါင်းတစ်ခုလုံး စုတ်ချာအောင် တီးခံရတော့ ဗြောတီးတဲ့ တော်တော် တရားပါတဲ့ စကားစုပဲနော် 😀

  • kotun winlatt

    March 27, 2014 at 7:34 pm

    ဒါက ဒီလိုရှိဘာဒယ်ခမျ…..
    ဘာမှဖြစ်မလာဘူးးတော့ မပြောကြပါနဲ့…
    ဖြစ်လိုက်သမျှ ဘာတွေမှန်းကို မသိနိုင်အောင်ပါပဲ….
    ဟဲ..ဟဲ…..ဟဲ….
    နောက်မှ ဆက်ပြောမယ်….လိုင်းးမကောင်းးလို့ လစ်ပီ……

  • black chaw

    April 1, 2014 at 1:20 pm

    ကိုပါကြီးလိုပဲ…
    အားနာလို့…
    ဘာမှ မပြောသွားတော့ပါဘူးဗျာ…။
    😀

Leave a Reply