ဖတ်ရင်းနဲ့ ပြုံးမိတာ ဒီကဗျာ။

Kyi LwinMarch 28, 20141min1336

မင်္ဂလာပါ မန်းဂေဇက်ရွာ။

တို့များတော့ ဖတ်ပြီး အင်မတန် သဘောကျ နှစ်ခြိုက်မိတဲ့ ဆရာမင်းသုဝဏ်လေးတပုဒ် လက်ဆောင်ပေးခွင့်ပြုပါ။

ဖတ်မိသူတိုင်းလည်း သဘောကျ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။

မန်းဂေဇက်ရွာသူ ရွာသားများ ရွှင်လန်းပါစေသောဝ်။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

၂၈.၃.၂၀၁၄

 

ကြိတ်ပိုးဘွဲ့ လေးဆစ်

တိတ်တခိုး၊

ကြိတ်ပိုးပါလို့  အချိန်ကုန် ။      ။

 

ဟိုင်းဇာတာ ပါလာရော့ထင့်

ရေးခွင့်မကြုံ ။        ။

စာလွှာများမှာတော့၊

မပါးဖြစ်လို့ အပုံအပုံ၊
ကြုံရပါ သည်ကံမျို း ။      ။

ခုတိုင်အောင် ၊

ရီးစားဆို ချိ ုထောင်ထောင်နှင့်၊

ဟိုအကောင် ဘဲဥလားရယ်လို့၊

မှားထင်ရဲ့ဗျိ ု း။           ။

ဆရာမင်းသုဝဏ်

( ၂၆.၉. ၁၉၂ရ )

 

6 comments

  • alinsett (gazette)

    March 29, 2014 at 5:32 pm

    ကဗျာပြခန်းထဲတောင် ထည့်ပြဖူးပါရဲ့ ဒီကဗျာ။
    ပြန်ဖတ်ရတော့လည်း ရှေးကဗျာဆရာကြီးတွေရဲ့ ကဗျာဉာဏ်စွမ်းကို တဖန်ပြန် အားကျငေးမောမိတာပါပဲ ။

    ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။
    ——–

    သဂျီးရေ. . .

    ဒီ ရွာထဲမှာ ကိုယ်တိုင်ရေးမဟုတ်တဲ့ ကဗျာတွေ စာတွေအတွက် သင့်တော်ရာ category လေးတွေရှိရင်ကောင်းမလား။

    share လာတဲ့ ကဗျာ
    share လာတဲ့စာ ဆိုပြီး ပေါ့။
    —–
    အခု တချို့က ကိုယ်တိုင်ရေးမဟုတ်ဘူးဆိုတော့လည်း
    copy / paste အနေနဲ့ပဲထားလိုက်ရော
    ဒီတော့ ပထမစာမျက်နှာမှာ မပေါ်တော့
    တင်တဲ့သူက commentတွေ မျှော်ပေမယ့်
    မမြင်မိကြလို့ commentလည်း မပေးမိကြဘူးပေါ့။

    စပ်စပ်စုစု နဲ့ copy/pasteထဲ ဝင်ကြည့်နေသူလောက်ပဲ (အမှန်တော့ စပ်စုတာမဟုတ် ဂဇက်ကို သေသေချာချာ ထဲထဲဝင်ဝင် ဖတ်ရှုလေ့လာနေသူတွေ) မြင်မိကြမှာ.
    ——–
    ဆိုတော့. . . သီးသန့် category မလုပ်ပဲ
    copy/paste စာမျက်နှာထဲ လူတိုင်း ဝင်မဖတ်လေတော့. . .
    share လာတဲ့ စာတွေ ကဗျာတွေအတွက် တစ်ခုခု စဉ်းစားသင့်ပါကြောင်း . . .
    ——-
    အခုလောလောဆယ် ဒီကဗျာကို ကျနော် poetryထဲ
    ထည့်ထားလိုက်ပါကြောင်း. . .

  • snow smile

    March 29, 2014 at 5:55 pm

    တ ကယ့် ကို ပြုံး မိ သွား ပါ တယ် မ Kyi Lwin ရေ
    ဒီ က ဗျာ ခု မှ တွေ့ ဘူး တာ

    • TNA

      March 30, 2014 at 6:29 pm

      တင်ပေကးပါလေးပေါက်ရေ။ ကဗျာလေးဖတ်ရင်းလဲပြုံးသွားပါတယ်။

  • Kyi Lwin

    March 31, 2014 at 10:38 am

    ဝင်ရောက်ဖတ်ရှုအားပေးသူများကို ကျေးဇူးတင်ပါတယ်။
    ကဗျာ ဆိုတာ သံစဉ် ချ ို မှ နားဝင်ချော မှ အတွေးပို မှ ကဗျာ့အရသာရှိတယ်လို့ ခံစားမိပါတယ်။
    အတွေး အသံ ကာရံ ရှိတဲ့ ကဗျာမျိုးလေးတွေ ဖတ်ရတာ အရသာတမျ ိုးပါပဲ။
    အရသာရှိတဲ့ စားစရာစားရရင် မိတ်ဆွေတွေကို သတိရသလို ကိုယ်တိုင် မရေးတတ်ပေမယ့်ကိုယ်ဖတ်မိတဲ့ ကြိုက်နှစ်သက်တဲ့ကဗျာများကို ဝေငှ ချင်တဲ့ စေတနာကြောင့် မျှဝေခံစားဖို့ ကူးရေးပေးလိုက်ရပါကြောင်းရှင့်။
    အဖိုးတန် အမျ ိုး မှန်တဲ့ ကဗျာများ များများ ဖတ်ချင်ပါတယ်။
    ရှိတဲ့သူများလည်း မျှဝေကြပါကုန်။
    ကျန်းမာရွှင်လန်းကြပါစေ။

Leave a Reply