မိုက်ကယ်ဂျော်နီအောင်ပု နှင့် အမျိုးဂုဏ်စောင့်သူရဲကောင်းများ

ဒီကောင်မကို သေအောင်သတ်ရမယ်
ဟုတ်တယ် သတ်
သေအောင်သာသတ်
အရှင်မထားနဲ့
ဂေါ်ဇီလာစာကြွေးပြစ်
ဒိုင်နိုဆောစာကြွေးဗျစ်စ်
အဖြစ်အပျက်တစ်ခုသည် လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ရလေတော့သည်။
အကယ်၍ အသင်စာရှု့ဖတ်နေသူတို့သည် နှလုံအားနည်းခြင်း ကြောက်လန့်တတ်ခြင်းများ ရှိခဲ့ပါမူ
ဤသော အဖြစ်အပျက်တစ်ခုတွင်ရှိနေကြသည့် လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးကို   မျက်ဝါးထင်ထင်မြင်တွေ့ကြရပါလေလျှင်
သည်းချေပျက်သွားနိုင်ပါသည်။
အကြောင်းမှာ လူစုလူဝေးတစ်ဖြစ်လည်း လူအုပ်ကြီးသည် အမျိုးသမီးငယ်တစ်ဦးကို
သစ်ပင်နှစ်ပင်၏ကြားတွင် မြေကြီးကိုမထိစေဘဲ ကြိုးဖြင့် ကားယားကြီးချဉ်နှောင်ထားလေပြီးလျှင်
အောက်မှ မီးခိုးကြပ်တိုက်နေကြခြင်းဖြစ်သောကြောင့်သာတည်း။
မြင်သာအောင်ပြောရသော် အမျိုးသမီးငယ်တစ်ဦးသည် သစ်ပင်နှစ်ပင်ကြားတွင်
အရှင်လတ်လတ်ကားစင်တင်ခံထားရခြင်းပင်။
ဒရန်တန်တန်
…………………..
ဒို့များဘိုးဘေးဘီဘင် ဟိုးးးးးးး ရှေးပဝေသဏီ လောင်းလောင်းအဂိုးထဲကလိုက်နာလာတဲ့    ယဉ်ကျေးမှု့ကိုဖျက်စီးတဲ့ကောင်မ
ဆံပင်ရှည်ရှည်မှုတ်ဆိတ်မွှေးထူလဗျစ်ဖြင့် အသက်ကြီးကြီးအဖိုးအိုကြီးတစ်ဦးမှ ပြောလိုက်ခြင်းဖြစ်လေ၏။
သတ်ကိုသတ်ရမယ် ဒီကောင်မကို
ဒီလောက်ဖြစ်နေတဲ့ဟာမ ဒင်းဟာကို ပျားရည်သုတ်ပြီး တောကြောင်ကိုက်ခိုင်း
ကိုယ့်ရဲ့ မျိုးရိုးစဉ်ဆက်ယဉ်ကျေးမှု့ကိုမထိမ်းသိမ်း မျိုးရိုးကိုမှအားမနာ
လူတိုင်းလူတိုင်း အဲဗရီးဝမ်း အဲဗရီးဘော်ဒိစ် သည် ဒေါသချောင်ချောင်းထွက်နေကြလေကုန်ပြီးလျှင်
၎င်းတို့၏ အမျိုးသားယဉ်ကျေးမှု့ကို ဆော်ကားသူ အမျိုးသမီးငယ်တစ်ဦးကို  အလွန်ပင်မုန်းတီးဆက်ဆုတ်နေကြကာ
မည်သို့မျှ ခွင့်မလွှတ်နိုင်ဖြစ်နေကြသောကြောင့်ဖြစ်ပါတော့သည်။
ကျုပ်ကိုယ်တိုင်ဒီကောင်မကိုသတ်မယ် ကျုပ်ကိုယ်တိုင်သတ်မယ်
ဟါ!!! စိတ်လိုက်မန်ပါမလုပ်နဲ့ ခင်ဗျားသမီးဆိုပေမယ့် အမျိုးသားရေတာဝန်ဖြစ်လို့ အားလုံးနဲ့ဆိုင်ပါတယ်
ဥပဒေကိုလိုက်နာပါ ဥပဒေကိုလေးစားပါ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရ
အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် အမျိုးဂုဏ်ကိုဖျက်စီးသော ၎င်း၏ သမီးကို  ကိုယ်တိုင်သတ်ရန်
အားထုတ်နေခြင်းဖြစ်ကာ ဘေးမှ ဥပဒေလေးစားဟန်ရှိသော လူတစ်ဦးမှ  အချိန်မှီဟန့်တားသတိပေးလိုက်ခြင်းဖြစ်လေသည်။
ဟုတ်တယ်!! ကိုယ့်သမီးဘဲ ကိုယ်ကိုယ်တိုင်ဆုံးမခြင်ရင် မဖြစ်ခင်က ထိမ်းသိမ်းမှပေါ့ကွ
ခုလို လူတွေအားလုံးလက်မခံနိုင်တာကိုလုပ်ပြီးမှ ဒေါသလာထွက်မနေနှင့် ဥပဒေအတိုင်းလုပ်ရမှာဘဲ
ဆံပင်ရှည်ရှည်မှုတ်ဆိတ်မွှေးထူလဗျစ်ဖြင့် အသက်ကြီးကြီးအဖိုးအိုကြီး မှပြောလိုက်ခြင်းဖြစ်သည်။
အကယ်စင်စစ် ထို ဆံပင်ရှည်ရှည်မှုတ်ဆိတ်မွှေးထူလဗျစ်ဖြင့် အသက်ကြီးကြီးအဖိုးအိုကြီး  မှာ ဒေသဆိုင်ရာပိုင်ရာ
ခေါင်းဆောင်လူကြီးဖြစ်လေပြီးလျှင် ထိုဒေသ၏ ဥပဒေ အထူးထုတ်ခွင့်ရှိသူတစ်ဦးလည်းဖြစ်လေ၏။
လူဆိုတာ ကိုယ့်ယဉ်ကျေးမှု့ကိ်ု ကိုယ်ထိမ်းသိမ်းရမယ်
ကိုယ့်ကြောင့် ကိုယ့်ယဉ်ကျေးမှု့မပျက်စီးစေရဘူး
ကိုယ့်ယဉ်ကျေးမှု့ကို အသက်နဲ့လဲပြီးကာကွယ်စောင့်ရှောင့်ရမယ်
ကိုယ့်ယဉ်ကျေးမှု့ကို ဖျက်စီးရင် အားလုံးညီညီညွတ်ညွတ် အသက်နဲ့လဲပြီးတွန်းလှန်ရမယ် နားလည်ကြသလား
နားလည်ဘါဒယ်
ဟေးးးးး
ဟေးးးးး
ဟေးးးးးး
ခေါင်းဆောင်လူကြီး၏ စကားဆုံးသည်နှင့် လူစုကြီးသည် အားပေးထောက်ခံကြလေကုန်ပြီးလျှင်
၎င်းတို့၏ ဥပဒေအတိုင်း ၎င်းတို့၏ယဉ်ကျေးမှု့ကိုဖျက်စီးစော်ကားသည့် အမျိုးသမီးငယ်အား
သစ်ပင်နှစ်ပင်ကြားတွင် ခြေလက်တို့ကို မြေမထိစေဘဲ ကြိုးချည် ကားစင်တင်ပြီးထားလျှက်အတိုင်း
အောက်မှ မီးပြင်းပြင်းဖြင့်ရှို့ကာ လှံ မှိန်း စသည့် ချွန်ထက်သည့်လက်နက်များဖြင့်  ထိုးခုတ်သတ်ဖြစ်အဆုံးစီရင်ကြလေကုန်၏။
( ဤတွင် လှံ မှိန်း အစရှိသည် ချွန်တက်သော လက်နက်များဖြင့် ထိုးကြရာဝယ် ဂျက်ကောင်းကို  ထိုးဆွကြလေကုန်၏ ဟူမူတွင်
စာရှု့သူတို့၏ နှလုံးအားနည်းမှု့ကို ငှဲညှာ၍ အကျယ်မရေးဘဲ အကျဉ်းသာရေးသားလိုက်ရပေတော့သည် )
……………………………………………………………………………………. ဆာယေးစယာ
………….
အထက်ပါအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း အတော့်အတော်ကြာကြာတုန်းကဖြစ်ခဲ့ခြင်းဖြစ်ပါ၏။
အစ်ဒစ်ထရူး အစ်ဒစ်နော့စတိုရီ အစ်ဒစ် အမှန်အကန်အတိအကျဖြစ်၏။
လက်ပတ်နာရီ ပြက္ခဒိန် မက်ဆိုဒ် ဘိုင်စကုတ် မပေါ်သေးသောခေတ်ကဖြစ်၏။
ထိုခေတ်က လူတို့သည် ခန္ဓာကိုယ်တစ်ခုလုံကို ဘာမျှမဖုံးမအုပ်ဘဲနေထိုင်ခြင်းကို
၎င်းတို့ခေတ်၏ မှန်ကန်သောယဉ်ကျေးမှု့ဟု လက္ခံကြလေပြီးလျှင်
ထိုယဉ်ကျေးမှု့ကိုထိမ်းသိမ်းကြလေ၏ အသက်နှင့်လဲ၍ ကာကွယ်ကြလေ၏
တစ်နေ့တွင် အထက်ပါ ပြစ်ဒစ်ပေးခံခဲ့ရသူ အမျိုးသမီးငယ်သည် တစ်ခုသော ခြုံံပုတ်ဘေးတွင်
ခရုခွံနှစ်ခုကို ကြိုးဖြင့်သီ၍ ဗရာစီယာကဲ့သို့လဂေါင်း ငှက်ပျောရွက်ကိုကြိုးဖြင့်သီ၍ ဆပ်စပိုင်တာကဲ့သို့လဂေါင်း
တီထွင်ဆန်းသစ်ပြီး ဝတ်ကြည့်နေသည်ကို မှုတ်ဆိတ်မွှေးထူးလဗျစ် တန်းလန်းကြီးနှင့်  ရွာသဂျီးမှလက်ပူးလက်ကြမိသဖြင့်
၎င်းတို့၏ ဘလိုင်းထီးဆိုင်တန်းလန်းကြီးယဉ်ကျေးမှု့ကိုစော်ကားသူဟု သတ်မှတ်ကာ ဥပဒေတိုင်း
အပြစ်ပေးခံခဲ့ရခြင်းဖြစ်လေသတည်း။
….
စာကြွင်း
အထက်ပါအကြောင်းအရာတို့ကိုရေးသားသော ကျွန်ုပ်သည် ထိုလူမျိုးတို့၏
မိမိတို့ယဉ်ကျေးမှု့ကိုမိမိတို့ ထိမ်းသိမ်းရန်နားလည်သည့်
မျိုးစောင့်ယဉ်ကျေးမှု့စိတ်ဓာတ်ကို လေးစားသည့်အနေဖြင့် ရေးသားခြင်းဖြစ်ရလေကာ
ထိုလူမျိုးတို့ကိုလေးစားသမှု့ပြုဘိကာ ဤစာတို့ကိုရေသားနေစဉ်တွင် ထိုလူမျိုးတို့၏ ဓလေ့အတိုင်းပင်နေထိုင်ကာ
ထိုလူမျိုးတို့အကြောင်းကို ရေးသားလိုက်ရပေတော့သည်ဖြစ်သောကြောင့်
အသင်စာရှု့သူတို့သည်လည်း ဤစာကိုဖတ်ရှု့နေစဉ်တွင် အဆိုပါလူမျိုးတို့၏ ယဉ်ကျေးမှု့ကို လေးစားသဖြင့်
လူယဉ်ကျေးပီသစွာဖြင့် ၎င်းတို့အတိုင်း ( ကိန်ကိန် )
..
မိုက်ကယ်ဂျော်နီအောင်ပု

22 comments

  • surmi

    March 28, 2014 at 12:07 pm

    နောက်မှပြန်လာမယ်
    လောလောဆယ်ဆယ် ဘေးးလိုင်းပေါ်ပို့လိုက်ဦးမယ်

    ကပုရေ
    သဂျီးဆိုဒ်က စည်းကမ်းအတိုင်း ကော်ပီပေ့စ်တွေ နောက်ကိုပို့နေပြီ ။
    အရင်လိုရှေ့မှာ မပေါ်တော့ဘူးဗျ

  • captainamerica

    March 28, 2014 at 12:16 pm

    ဟဲ ဟဲ ကိုပု ဒီလိုလက်ိရာဂေါင်းလေးဒွေ မမြင်ိရတာ အတော်ကြာပေါ့ ဘရာဗိုပါ

  • ရဲရဲတောက် ကေဇီ

    March 28, 2014 at 1:49 pm

    ဒီ စာ ကို ရေချိုးရင်း ဖတ်သွားပါတယ်။

    😀

  • Wow

    March 28, 2014 at 1:52 pm

    ညိုးစောင့်အုပဒေ မပေါ်သေးဝူးဆိုတော့ ခုလောလောဆယ် မစောင့်သေးလို့ အဝတ်အစား အပြည့်အစုံနှင့် ဖတ်သွားဂျောင်း :mrgreen:

  • kai

    March 28, 2014 at 3:23 pm

    ကောင်းလိုက်တဲ့..သရော်စာ..။
    =

    ယဉ်ကျေးမှုဆိုတာ.. စီဆင်းပြောင်းလဲနေတာပါ…
    အဲဒါကို… ကွန်ဆာဗေးတစ်တွေက.. တားမယ်..။ လစ်ဘရယ်တွေက..ရှေ့တိုးပြင်မယ်…
    ရှေ့တိုးနောက်ဆုတ်.. ဒီလိုညှိယူသွားရင်းနဲ့.. တိုးတက်လာကြတယ်ဆိုပါစို့…။
    အစွန်းမရောက်ရင်.. “အား”သုံးမလုပ်ကြရင်.. အိုကေပါတယ်…။

    ဆိုတော့…
    အဲဒီမျိုးစောင့်ဥပဒေက… ကွန်ဆာဗေးတစ်အစွန်းရောက်တွေဆီကစတာမို့.. တယ်ဟန်တယ်မထင်ပါဘူး..
    တခြားဘာမှမလုပ်ချင်သေးပါဘူး..။
    ဦးသန့်မြေး..ဦးသန့်မြင့်ဦးစစ်တဲ့.. ဒီအန်အေ..မျိုးရိုးဗီဇစစ်တဲ့စက်နဲ့.. အဲဒီမျိုးစောင့်ဥပဒေဦးဆောင်လုပ်နေတဲ့.. ဘုန်းကြီးတွေကိုစစ်ချင်တာ…
    တယောက်..တခါစစ်မှ.. ဒေါ်လာ၂၀ဝ တဲ့..။
    ဘာသွေးတွေရောပါနေသလည်း.. ပေါ်လာမယ်ထင်… :mrgreen:

    • ကျော်စွာခေါင်

      March 28, 2014 at 10:48 pm

      သူကြီးရယ်
      ဒေါ်လာ ၂၀ဝ က များပါတယ်..အလွယ်ဆုံးနည်း ရှိပါတယ်..
      ဒီလောက် အမျိုးချစ် သွေးစစ်ချင်တဲ့ ဘုန်းကြီး သီလရှင် လူအထီး လူအမ ကွင်းတခုထဲ စုပြီး အကုန်လုံးခေါ်ပြီး
      “ ကုလား အစားအစာတွေ ဖြစ်တဲ ့ ဒန်ပေါက် စမူဆာ ဘယာကြော် ဂျလေဘီ စာလေးခွေ စမုံမျိုး ၅ပါး မဆလာ ကွမ်းယာသုံး
      အာမွှှေးဖာလာ ဘုန်းပေးဘူးသူ မျိုဆို ့ဘူးသူများ ….သွေးမစစ်သောကြောင့် ဒီ မျိုးချစ် သာသနာချစ် အဖွဲ့ ့မှ အလိုက်တသိ
      နုတ်ထွက်ပေးပါရန် ကြေငြာပါသည် ခင်ဗျား ” လို ့ဘဲ…အော်ကြည့်လိုက်ပါ…
      ကွင်းထဲမှာ သွေးစစ်တာ ဘယ်နှစ်ယောက်ကျန်လဲ ကြည့်ချင်တယ်.. မညာကြေးပေါ့..။

  • Mr. MarGa

    March 28, 2014 at 3:57 pm

    အဲ့လိုလုပ်ရင် ဂယ် လူယဉ်ကျေးလား ဟင် :mrgreen:

  • naywoon ni

    March 28, 2014 at 6:46 pm

    စနစ်​တကျ ပျက်​စီးယိုယွင်​း​နေတဲ့ လူ​နေမှုစရိုက်​ပျက်​ ပုံ​ဖော်​​ရေးထားတာ​တော့မိုက်​ဒလယ်​ အီကြာ​ချောင်​းလိုလို နံပြားဝိုင်​းလိုလို လိုလိုပါပဲ ဘုမရယ်​

  • kotun winlatt

    March 28, 2014 at 7:20 pm

    ဟမ်…..ဝင်ဖတ်မိတာ..မှားးဘီထင်ပါ့..စာဖတ်နေရင်းးးးးးး ဘာလုပ်ရမလိုလို…ငိငိ…..

  • Paing Lay

    March 28, 2014 at 9:16 pm

    နောက်ဆိုရင် “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ပုံစံနဲ့ “သင့်ကြောင့် အမျိုးဘာသာသာသနာ မပျောက်ကွယ်ပါစေနှင့်” ဆိုပြီး Vinyl ရုပ်ကြီးထိုးပြီး ပေါ်လာဦးမလားမသိ? :mrgreen:

  • ကိုရင်စည်သူ

    March 28, 2014 at 11:41 pm

    実際にいくつかのクソの人々は真実が何であるかを知らない。

    • ဦးကြောင်ကြီး

      March 29, 2014 at 12:17 pm

      People fucking some do not know what the truth actually.

      • Wow

        March 31, 2014 at 11:18 am

        မိုက်ဒလယ်ကွာ ဒက်ကြောင်က ဒါညိုးလဲ နားလယ်တာပဲ… :mrgreen:

  • အာဂ

    March 31, 2014 at 5:54 pm

    ဖွဘုတ်ပေါ် ကူးတင်ခွင့်ပြုပါရန်ပန်ကြားအပ်တယ်…မားပုရေ..။

  • kyeemite

    April 1, 2014 at 9:28 am

    😀
    ထိုလူမျိုးတို့၏ ဓလေ့အတိုင်း…ဘာမှမဝတ်မစားထားပဲ ဖတ်သွားပါသီ

  • Shwe Ei

    April 2, 2014 at 9:48 am

    It is shocking that Burma is considering enshrining blatant discrimination in the heart of Burmese family law. (Myanmar Times Issue 723, Mar 31 to Apr 6).

    In a letter to lawmakers, U Thein Sein said the proposed legislation was to give ” protection ” to Buddhists marrying people of other religions.

  • Mike

    May 26, 2015 at 3:13 pm

    .အင်း…ဒီအရေးအသားလေးတွေမတွေ့ရ မဖတ်ရတာကြာပေါ့
    .ဆာယေးစယာဂျီးမိုက်ကယ်ဂျော်နီအောင်ပု…စာတွေဖတ်ချင်ပါသေး

  • aye.kk

    May 26, 2015 at 3:42 pm

    တူတော်အောင်ပု
    တော်တော်အရေးကေါင်းတာကို
    အခုမှဘဲဖတ်မိတွေ့မိတော့တယ်။။

  • Mike

    May 27, 2015 at 11:28 am

    .တူတော်မောင်ကို စာပြန်ရေး၊ ရွာပြန်ရေးလေးပြောပေးပါအုံး အန်တီအေးရေ

  • aye.kk

    May 27, 2015 at 11:37 am

    ရွာပြန်လာဘို့အရေး
    အလှမ်းဝေးနေတဲ့တူတော်အောင်ပုကိုပြောပြလိုက်ပါ့မယ်။ အန်တီအေး။

Leave a Reply