ပြေး​နေတယ်​ ……
ပြေး​နေတယ်​ ……
ခြေချလိုက်​တဲ့ ​မြေပြင်​တိုင်းဟာ မီးထ​တောက်
ဒီကမ္ဘာ​မြေ သစ္စာ​ဖောက်​ပီလား …….

နားခိုမိတဲ့ သစ်​ပင်​တိုင်းဟာ လဲပြို
ငှက်​တစ်​​သောင်းနားခိုနိုင်​​ပေမဲ့
သူတစ်​​ယောက်​​တော့ နားခိုဖို့ သစ်​ပင်​ကမ​ကောင်းခဲ့တာအမှန်
ဘယ်​၀ဋ်​​ကြွေး​လေလဲ
ဘာများ ကျုးလွန်​ခဲ့လို့လဲ
စဉ်းစားမိတိုင်း
အ​ဖြေကိုရှာမရ​တော့ မျက်​ရည်​၀ိုင်း
မငိုနဲ့ ဒါ ငိုစရာမဟုတ်
ပြေးစရာရှိတာဆက်​သာ​ပြေး
ကြည်​ကြည်​သာသာ လက်​ခံမဲ့​မြေ
ဒီ ကမ္ဘာ​ပေါ်မှာ ကျန်​​ကောင်းပါရဲ့
အဲ့ဒိ​နေရာ​ရောက်​မှ စဉ်းစား
ပြေးလိုက်​စမ်း ​ခြေတစ်​လှမ်းတိုင်းမှာ
မီး​တောက်
နောက်​မှာလည်း ယန္တယား ယာဉ်​​တွေထပ်​ချပ်
တစ်​စိုက်​မတ်​မတ်​ လိုက်​​နေ
ကဲ….. ​ပြေးသာ​ပြေး
အသက်​ရှုရပ်​မှ အ​ပြေးရပ်​မယ်
ကွယ်​ …… ကမ္ဘာကြီးက​ ကျဉ်းလှပါလား
ငါ့တွက်​​တော့ ​ပြေးစရာ​မြေ…….. ။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010