​ပြေး​နေတယ်​

naywoon niMarch 28, 20141min998

​ပြေး​နေတယ်​ ……
​ပြေး​နေတယ်​ ……
​ခြေချလိုက်​တဲ့ ​မြေပြင်​တိုင်​းဟာ မီးထ​တောက်​
ဒီကမ္ဘာ​မြေ သစ္စာ​ဖောက်​ပီလား …….
္စ
နားခိုမိတဲ့ သစ်​ပင်​တိုင်​းဟာ လဲပြို
ငှက်​တစ်​​သောင်​းနားခိုနိုင်​​ပေမဲ့
သူတစ်​​ယောက်​​တော့ နားခိုဖို့ သစ်​ပင်​ကမ​ကောင်​းခဲ့တာအမှန်​
ဘယ်​ဝဋ်​​ကြွေး​လေလဲ
ဘာများ ကျုးလွန်​ခဲ့လို့လဲ
စဉ်​းစားမိတိုင်​း
အ​ဖြေကိုရှာမရ​တော့ မျက်​ရည်​ဝိုင်​း
မငိုနဲ့ ဒါ ငိုစရာမဟုတ်​
​ပြေးစရာရှိတာဆက်​သာ​ပြေး
ကြည်​ကြည်​သာသာ လက်​ခံမဲ့​မြေ
ဒီ ကမ္ဘာ​ပေါ်မှာ ကျန်​​ကောင်​းပါရဲ့
အဲ့ဒိ​နေရာ​ရောက်​မှ စဉ်​းစား
​ပြေးလိုက်​စမ်​း ​ခြေတစ်​လှမ်​းတိုင်​းမှာ
မီး​တောက်​
​နောက်​မှာလည်​း ယန္တယား ယာဉ်​​တွေထပ်​ချပ်​
တစ်​စိုက်​မတ်​မတ်​ လိုက်​​နေ
ကဲ….. ​ပြေးသာ​ပြေး
အသက်​ရှုရပ်​မှ အ​ပြေးရပ်​မယ်​
ကွယ်​ …… ကမ္ဘာကြီးက​ ကျဉ်​းလှပါလား
ငါ့တွက်​​တော့ ​ပြေးစရာ​မြေ…….. ။

​နေဝန်​းနီ

8 comments

  • snow smile

    March 29, 2014 at 12:00 pm

    ဖတ် ရင်း နဲ့ မော သွား လိုက် တာ
    တော် တော် ကောင်း တဲ့ က ဗျာ လေး

  • ကျဉ်း သော မြေ

    အတွင်း

    လွတ် ရာ လမ်း

    ရှာ

    လှည့် ပါတ် ပြေး

    နေရင်း

    ဒီ ဝပ် ကျင်း

    ထဲ ပြန် ရောက်

    အ ခေါက် ပေါင်း

    မ နည်း

    နှစ် ပေါင်း

    များ စွာ

    ကြာ ခဲ့ ပြီ

  • kotun winlatt

    March 30, 2014 at 3:51 pm

    လိုက်လေ ပြေးလေ
    ဝေးနေတယ်……

  • naywoon ni

    April 1, 2014 at 11:41 pm

    ​ရွှေပြည်​​တော်​ ​မျှော်​တိုင်​း​ဝေး ဆိုတာ ဒါကို​ပြောတာပါ့ ကိုထွန်​းဝင်​းလတ်​ရယ်​ ဒါထက်​ စကားအတင်​းစပ်​​ပြောချင်​​သေး မာတီပလိုင်​းက အဖွဲ့​တွေလည်​း တစ်​ကွဲစီဖြစ်​လို့ ခင်​ဗျားနဲ့ကျွန်​​တော်​ပဲ ဒီမှာရှိတယ်​နဲ့တူရဲ့ ဆရာ​ကျောင်​းတို့က​တော fb ထဲမှာပဲ ​ပျော်​​နေပုံ ရတယ်​

  • Mr. MarGa

    April 2, 2014 at 4:45 pm

    ပြေးနေတယ်
    ပြေးနေတယ်
    ရှေ့ကိုမရောက်ဘူး
    ဘယ်ရောက်မလဲ… အပြေးလေ့ကျင့်တဲ့စက်မှာ ပြေးနေတာကိုး

    • ကေဇီ

      April 2, 2014 at 5:53 pm

      ပြေးနေတယ်
      ပြေးနေတယ်
      ရှေ့ကိုမရောက်ဘူး
      ဘယ်ရောက်မလဲ…နောက်ပြန်ပြေးနေတာကိုုးးးးးးး
      :s:

  • naywoon ni

    April 2, 2014 at 11:37 pm

    အူးမာဂ နဲ့ KZi ခင်​ဗျား ​ပြေး​နေတာ ​ရှေ့မ​ရောက်​တာက စက်​​ပေါ်မှာ ​ပြေး​နေလို့လဲ မ​ဟုတ်​ပါဘူး ​နောက်​ပြန်​​ပြေး​နေတာလည်​း မ​ဟုတ်​ဘူး ခင်​ဗျ ကွင်​းကို ပတ်​​ပြေး ​နေလို့ ဒီ​နေရာ ဒီ​နေရာ ပြန်​​ရောက်​​နေတာပါ ဥပမာ မြို့ပတ်​ရထားလို​ပေါ့ ခင်​ဗျာ ဒါကို အ​ခြေခံ ယုတ္တိ ​ဗေဒ မှာ သင်​ခဲ့ရဖူးတာက​တော ” ကရွတ်​ကင်​း​လျှောက်​အမှား ” လို့ မှတ်​သားခဲ့ဖူးပါတယ်​

Leave a Reply