တနင်္လာ

 

ပြည်ကြီးငါး အစပ်ချက်+ ကန်စွန်းရွက်ကြော် + ဝက်ရိုး ဟင်းချို

 

– ပြည်ကြီးငါးကို အရွယ်တော် တုံး (၅၀သား)

– သများတော့ ပျင်းလို့ မမွှန်းဘူးးး မပျင်းရင် မွှန်းလိုက်ပါဦးးး

– ကြက်သွန်ဖြူ/နီ ပါးပါးလှီးးး (နီ ၂ ဥ၊ ဖြူ ၃ မွှာ)

– ငရုပ်သီးစိမ်း အနီရောင် (ဒီမှာတော့ အဲဒီ ငရုတ်သီးပဲ ရှိတယ်) ကို ပါးပါးလှီး (၅ တောင့်)

– ဆီအိုးတည် (ဆီ ဟင်းဇွန်း ၃ ဇွန်း)၊ ဆီပူရင် ခုန က ပါးပါးလှီးထားတဲ့ သွန်နီ/ဖြူ နဲ့ ငရုတ်သီးထည့် ဆီသတ်

– နွမ်းလာရင် ပြည်ကြီးငါးထည့်

– ငံပြာရည် (ဟင်းဇွန်း ၁) + ရှာလကာရည် (ဟင်းဇွန်း ၁) + သကြား (ဟင်းဇွန်း ၁) + ကော်ရည် (မှုန့် လက်ဖက်ရည်ဇွန်း ၁ + ရေ ဟင်းဇွန်း ၁) သမအောင်မွှေထားတာကို အကြော်အိုးထဲ လောင်းထည့်

– အနှစ် ပျစ်လာရင် အပေါ့အငံ မြည်းပြီး စားပါ။

 

– ကန်စွန်းရွက်တော့ ကြော်တတ်ပါတယ်နော့။

– ဝက်ရိုးဟင်းချိုထဲ မုန်ညင်းဖြူလေးခပ်ထားတဲ့ ဟင်း နဲ့ တွဲစားပါလေ။

~~~~~~~~~~~~~~~~

အင်္ဂါ

 

ပြည်ကြီး ခရုဆီဟင်း + သခွါးသီး သုပ်

 

– ခါချက်ဥရယ် (၃ တောင့်)၊ ဂေါ်ဖီပွင့်ရယ် (အသေး ၁)၊ ဘေဘီ ပြောင်းဖူး (၅ ခုလောက်) ရယ် လှအောင်လှီးးး (အလှပြင်ပြီး လှီးခိုင်းတာ ဟုတ်ဘူးနော်)

– ကြက်သွန်ဖြူ (၁ ဥ) နဲ့ ဂျင်းလက်တစ်ဆစ် ဒါးပြားရိုက်

– ဆီအိုးတည် (ဟင်းဇွန်း ၃)၊ ဒါးပြားရိုက်ထားတဲ့ဟာတွေထည့် ဆီသတ်

– ဆီကျက်ရင် ပြည်ကြီးငါးထည့် (၅၀ သားလောက် ကို တုံးထားဦးနော်)

– ခရုဆီ (ဟင်းဇွန်း ၁)နဲ့ ဆားထည့်

– ရေနည်းနည်း ထည့်

– ရေပွက်လာရင် ခုနက အသီးအနှံတွေထည့်ပြီး ကြာညို့  နည်းနည်းထည့် အုပ်ထားပါ။

– ဆူလာရင် ကြက်သွန်မိတ်လေး အုပ်ပြီး တည်ခင်းနိုင်ပါပြီ ခင်ညာ။

 

– သခွါးသီးကို ခြစ်၊ ငရုတ်သီးစိမ်းလှီး၊ ကြက်သွန်နီ ပါးပါးလှီးကို သံပုရာသီး တလုံးစာ အရည်နဲ့ ဆားထည့် စိမ်ပြီး တွဲစားပါ ခင်ညာ။

~~~~~~~~~~~~~~`

 

ဗုဒ္ဓဟူး

 

ပြည်ကြီးရုတ်ပွ + ကိုက်လန်ကြော် + တို့ဟူးဟင်းရည်

 

– ပြည်ကြီးငါးကို ထုံးစံအတိုင်းးးးးးးးးးးးးးးးးးး

– ဂျင်း တစ်ဆစ် + နီ ၁ ဥ + ဖြူ ၁ ဥ ကို ညက်အောင်ထောင်း

– ငရုတ်ပွကို ရောင်စုံဝယ် (စိမ်း+ဝါ+နီ) တစ်လုံးစီ၊ ပြီးရင် လှီးထားးးး (သများတော့ တစ်မျိုး တစ်ပုံလှီးတယ်၊အပျင်းပြေ)

– ပြီးရင်ဆီအိုးတည်ထားတဲ့ထဲ အကုန်ရောထည့် (မပျင်းရင်တော့ တစ်ဆင့်ဆီသတ်ပေါ့လေ)

– အပွတွေ နွန်းလာရင် အပေါ့ အငံမြီးပြီး စားလို့ရပါပြီ။ ကြိုက်တတ်ရင် နံနံပင်ထည့်ပါ။

 

– ကိုက်လန် ကတော့ ကြော်တတ်သလိုကြော်ပါလေ။ ခွိခွိ။ (ရေးရမှာ ပျင်းလို့ပါ)

– ဥဖြူ၊ဂျင်း နည်းနည်းနဲ့တည်ထားတဲ့ ဟင်းရည်ထဲကို ဂေါ်ဖီပါးပါးနဲ့ဂျာပွန် တို့ဟူးလေး တုံးထည့်ထားတဲ့ ဟင်းချိုဆို ရပါပြီ။

 

~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေး

 

ပြည်ကြီးငါးသုပ် + ကြက်ရိုးစွန်တန် + ပြောင်းဖူးကြော်

 

လွယ်လွယ်လေးလေ။

– နီ ဥ၊ ဖြူဥ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး ကို သေးသေးလေးတွေ လှီးထားးးး;

– ပြည်ကြီးငါးကို ကြိုက်သလို အရွယ်တုံးထားတာကို ရေနွေးဖျော။ တစ်ချို့က ဂျင်းနဲ့ပြုတ်တယ်။

– ဇလုံထဲ အကုန်ထည့်၊ သံပုရာရည်ညှစ်၊

– သများကတော့ အချစ်တော် ငပိစိမ်းစားလေး မီးဖုတ်ပြီးထည့်လိုက်သေးးး

– အစပ်ကြိုက်ချက်ကတော့ ငရုတ်သီးကြော်မှုန့်ကိုပါထည့်နယ်လိုက်ရင် အသုပ် ချဉ်ငံစပ် ရကရော။

 

– စွန်တန်ခြောက်ကိုသိတယ်ဟုတ်။ ဒီမှာ အဲဒါ အထုတ်လိုက်ဝယ်ထားတယ်။ကြက်ရိုးကို ဖြူ/ဂျင်းနဲ့တည်ပြီး အဲဒါခတ်လိုက်ရင် ၁၅ မိနစ်က ကြာသေးတယ်။။

– ပြောင်းဖူးလည်း ကြော်တတ်တယ်လို့ မှတ်လိုက်ပြီ။

~~~~~~~~~~~~~~~~~~~~~`

သောကြာ

 

ပြည် ဒိုးနပ် + အစိမ်းကြော်

 

သများကတော့ အကွင်းမှန်သမျှ ဒိုးနပ်လို့ပဲ ခေါ်ပလိုက်တာပဲ။

ပြည်ကြီးငါး အကွင်းကို ကြော်မယ်ဆိုတော့ ပြည် ဒိုးနပ်။

 

– သများ က အကြော်မှုန့် မစပ်တတ်ဖူးလေ။

– အဲဒီတော့ ရွှေလိပ်ပြာ အကြော်မှုန့်ရဲ့ ပင်တိုင်ဖောက်သည်ကြီးပေါ့

– ပြည်ကြီးငါးကို ကိုင်ပြီး အကွင်းကွင်းဖြစ်အောင် လှီးထား၊ ဆားလေးနဲ့နယ်ထားးး၊ ရေခြောက်နေအောင် စစ်ထားပါဗျို့။

– မုန့်နှစ် ပြစ်ပြစ်ဖျော်ထားတဲ့ ထဲကို အဲ အကွင်းတစ်ခါနှစ်၊

– ဆီအိုးကျက်တဲ့ထဲ တစ်ခါ နှစ်ကြော်၊ ၂ ခါ နှစ်ရသပေါ့။ ဆီမြုပ်ကြော်ရင် ပိုကောင်းးးးးး

– တွဲစားမဲ့ အချဉ်က ဖြူဥတွေကို တောက်တောက်စင်း၊ နံနံပင်၊ငရုတ်သီးတွေကို တောက်တောက်စင်း၊ ဆား/ငံပြာရည် သင့်ရုံထည့်ပြီး သံပုရာရည်ညှစ်လိုက်၊ သကြားနည်းနည်းထည့်၊အဲဒီ အချဉ်ရည်နဲ့စားပေရော့ပဲ။

– ကြိုက်တဲ့ အသီးအနှံနဲ့ ကော်ရည်နဲ့ ကြော်တဲ့ အစိမ်းကြော်ကတော့ ရေးတော့ပါဘူးနော့။ စားကြည့်လိုက်ပါတော့

~~~~~~~~~~~~~~~~~~~~~~~~

စနေနေ့

 

ပြောရမှာတော့ ရှက်ပါတယ်။ :oops:

မအောင်မြင်တဲ့ဟင်းလို့ပဲခေါ်ရမယ်။

ကေဇီ ဟင်းတစ်မျိုးမျိုးစားမိလိုက်ရင် အဲဒီဟင်းထဲ ဘာထည့်တယ်လို့အနီးစပ်ဆုံး ခန့်မှန်းပြီး ပြန်ကြိုးစားလေ့ရှိပါတယ်။

ကိုယ့်ကြိုက်သွားတဲ့ ဟင်းမျိုးတွေကိုပေါ့။ နည်းမရနိုင်တဲ့ ဟင်းတွေမှာလေ။

နည်းပေးတဲ့သူက ခပ်ရှားရှားရယ်။

ကိုယ်မေးလိုက်ရင် “အင်းးး၊ ဒီလိုပါပဲ” “အထွေအထူးမဟုတ်ပါဘူး” ဘာညာက လာသေးတာ။ အဲဒါဆိုသိပြီ၊ မမေးချင်ရင်ဘယ်တော့မှဇွတ်မမေးဘူးးး

ကွကိုယ် ကြိုးစားတယ်။ ဟိ။  :mrgreenn:

အာ့ကြောင့် ကျနော့ စားဖိုမှူးတွေကို ချစ်တာ။ ဘယ်သူမှ အိုင်တင်မခံဘူးးး ပညာမရှိုထားဘူးးးး။

စားဖိုမှူးတွေကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ။

:chit:

 

အဲလေ။ ပွါးနေတာ ဘယ်ရောက်သွားပါလိမ့်။

ပြည်ကြီးငါးကင် အကြောင်းပြောမလို့။

မှတ်မှတ်ရရ ကျနော် ၁၀ တန်းအောင်တဲ့ နှစ်လောက်က (သိပ်မကြာသေးဘူးးး အဟွတ်) ရန်ကုန် ရွှေဘဲမှာ ပြည်ကြီးငါးကင်တဲ့။

ပြည်ကြီးငါးကို စ စားဖူးတာ ပထမဆုံးပဲ။

အဖြူပြားပြားကြီးကို အကျက်ညီညီ ကင်ထားတာ။

အဲ။ နောက်မှတ်မှတ်ရရ ရန်ကုန် ရွှေဘဲကို လုံးဝမရောက်ဖြစ်တော့။

မန်းလေးမှာက မှာတိုင်း မရနဲ့ အဲဒီ အရသာကို ပထမဆုံးနဲ့နောက်ဆုံးစားဖူးတယ်ပြောရမယ်။

 

အဲဒါနဲ့ကြိုးစားတာ။

အကင်ပြားပေါ် ကင်တယ်၊ တွန့်ပြီး ရှုံ့သွားတယ်။

ဇကာပေါ်တင်တယ်၊ အကျက်မညီဘူးး

နောက်ဆုံးက တော့ ခဲပတ်နဲ့ ကင်တယ်။ ပုံမပျက်ဘူးး ဒါပေမဲ့ လိုချင်တဲ့ အရသာ မရဘူးးး

အာဘင် နဲ့ ကင်ဖို့ကျန်သေးတယ်။ အာဘင်မဝယ်ရသေးလို့ မကင်နိုင်ဘူးးး

 

ပြည်ကြီးငါး ကြီးကြီးဝယ်ပြီး ကိုင်လိုက်။

အတွင်းက ပလတ်စတစ်ကိုထုတ်

ခေါင်းခေါ်မလား၊ လက်ခေါ်မလား အဲဒါကို လှီးထုတ်။

အမည်းရောင် အိပ်ကို ဖယ်၊ အပေါ်က အရေခွံကို ဖယ်။

ဖြူဖြူပြားကြီးရရော၊

ရေဆေးပြီး စစ်ထားလိုက်သေးတယ်။

ရေခြောက်မှ ဆားရယ် သကြားနည်းနည်းရယ် နယ်ထားတယ်။

နှပ်ထားပြီးမှ ခဲပတ်ထဲ ထောပတ်သုတ်ပြီး ကင်လိုက်တာပဲ။

 

စားဖြစ်တာပဲလေနော့။ ရွှေဘဲ အရသာရအောင် သိတဲ့သူရှိရင် ပြောပြပါဦးးးးး

~~~~~~~~~~~~~~~~~~~~~~~~~

တနင်္ဂနွေ

 

ဒီလင့်က ယူထားတယ်။ http://www.myittaryik.com/2011/10/blog-post_3222.html

 

 ကင်းမွန်(ပြည်ကြီးငါး)ဆလတ်စပ်စပ် (၀ိုက်ဖီ)

ပါဝင်သောပစ္စည်းများ

ပြည်ကြီးငါး = လတ်လတ်ဆတ်ဆတ် = ၆၀ကျပ်သား

ကြက်သွန်မြိတ်ဥ = ပါးပါးလှီး = ၁၀ဥ

ဂျင်း(ချင်း)နုနု = အခွံခွာ၊ ပါးပါးလှီး = အနည်းငယ်

ကြက်သွန်မြိတ် = လက်မ၀က်ထက်သေးသေးဖြတ် = အနည်းငယ်

စပါးလင် = ပါးပါးလှီး = အနည်းငယ်

ပင်စိမ်းရွက် = အနည်းငယ်

ပူဒီနာရွက် = အနည်းငယ်

ငရုတ်သီးစပ်စပ်အနီတောင့် = ပါးပါးလှီး = ၁တောင့်

အစပ်ရည်ဆမ်းစရာ = အနည်းငယ်

ငရုတ်သီးအစပ်တောင့် = ၃တောင့်

ကြက်သွန်ဖြူ = အခွံနွှာ၊ ပါးပါးလှီး = ၃တောင့်

သံပရာရည် = စားပွဲတင်ဇွန်း = ၄ဇွန်း

ငါးငံပြာရည် = စားပွဲတင်ဇွန်း = ၃ဇွန်း

 

ပြင်ဆင်ပြုလုပ်ပုံ

အစပ်ရည်ဆမ်းစရာကို အရင်ပြုလုပ်ပါမယ်။ ကြိတ်စက်မှာ ပါးပါးလှီးထားတဲ့ ငရုတ်သီးအစပ်တောင့်၊ ဂျင်း(ချင်း)နဲ့ သံပရာရည်၊ ငါးငံပြာရည်တို့ထည့်ပြီး အားလုံးသမအောင် မော်တာဖွင့်ပြီးကြိတ်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခဏထားပါ။

 

ပြည်ကြီးငါးကို အရိအချွဲနဲ့ အဆီတွေကင်းစင်သွားအောင် သေသေချာချာပွတ်တိုက်ဆေးရပါမယ်။ ကျောရိုးကို အတွင်းထိနိုက်ပြီး ဖယ်ထုတ်ရပါမယ်။ သန့်စင်ပြီးရင် ပြည်ကြီးငါးကို ဓားနဲ့ အရှည်လိုက်ခွဲပြီး အတွင်းပိုင်းကိုလည်း သေသေချာချာဆေးပါ။ ပြီးမှ ပြည်ကြီးငါးအတွင်းသားကို ဓားနဲ့ထောင့်ဖြတ် အပြန်ပြန်အလှန်လှန်လှီးပါ။ ပြည်ကြီးငါးသန့်စင်ပြင်ဆင်ပြီးရင် ရေနွေးအိုးတည်ပြီး အရွယ်တော်လေးတွေ လှီးဖြတ်ပြီး နူးကျက်အောင်ပြုတ်ပေးပါ။

 

ပြုတ်ပြီးသွားတဲ့ ပြည်ကြီးငါးကို ဇလုံတစ်လုံးမှာ ပြောင်းထည့်ကာ လှီးထားတဲ့ ကြက်သွန်မြိတ်ဥ၊ စပါးလင်၊ ဂျင်း(ချင်း)၊ ကြက်သွန်မြိတ်၊ ပင်စိတ်းရွက်၊ ပူဒီနာစတာတွေနဲ့ရောပြီး အသာအယာရောနယ်ပါ။

 

နောက်ဆုံးမှာ တည်ခင်းမယ့်ပန်ကန်ကို ဂေါ်ဖီရွက်ခင်းပြီး ပြည်ကြီးငါးဆလတ်သုတ်ထည့် အပေါ်က အစပ်ရည်လောင်း၊ ငရုတ်သီးလှီးထားတာဖြူးပြီး သုံးဆောင်ရမှာပါ။

 

မှတ်ချက်။ ။ ဒီဆလတ်သုတ်မှာ ထိုင်းစတိုင်ဖြစ်ပြီး သကြားမထည့်ပါ။

~~~~~~~~~~~~~~~~~~~~~`

ပြီးပါပြီခင်ညာ။

 

ပရိတ်သတ်ကိုလည်း မိပြီ။   :mrgreenn:

စာလာဖတ်တဲ့သူတွေ ကို ဒီ ထိခေါ်လာရတာ မောတာ။   :mrgreenn:

 

ခေါင်းစဉ်ကိုကြည့်လိုက် အမှန်က ပွါးချင်လို့ ဒီထိခေါ်လာတာ။

 

Octopus ရယ်…

Squid ရယ်…..

Cuttlefish ရယ် …. တူတူပါပဲကွယ်…..

 

အရသာက တူတူနီးပါးပါပဲလို့။ သများ အတွက်ပြောတာ။

ချက်နည်းကလည်း လေ့လာမိသလောက် အကုန်နီးပါးပဲ။ ဒီထက် ဆန်းပြားတဲ့နည်းသိရင်တော့ ခေါင်းခေါက်ပြီးကိုပြောပြသွားနိုင်ပါတယ်။

  :p:

 Octopus ကတော့ ရေဘဝဲလို့ခေါ်တဲ့ အကောင်လေ။ သိတယ်ဟုတ်။ ကတုံးနဲ့ လက်မှာ စုပ်ခွက်တွေနဲ့။ သူကရှင်းတယ်။

သများက ဘယ်မှာလည်နေတုန်းဆို Squid ရယ်၊  Cuttlefish ရယ်မှာ လည်နေတာ၊

နားလည်တာမဟုတ်ဘူးးးး မျက်စိလည်နေတာ။

ဗမာလို ကင်းမွန်ရယ်၊ ပြည်ကြီးငါးရယ် ဘယ်ဟာဘာကိုခေါ်မှန်းမသိတာ။

ခု သိသလောက်ကတော့ အဲဒီ ဗမာ အခေါ်အဝေါ် ၂ မျိုးလုံး  Squid ကို ခေါ်တာ။ တရုပ်တွေကတော့   Sotong လို့ခေါ်တယ်။

 

 Cuttlefish ကိုတော့ ဗမာလို ဘယ်လိုခေါ်တယ်မသိ။ သူ့ အသားကို မကြိုက်ဆုံးပဲ။ ထုံတုံတုံမို့။

 

သများက ဇော်လော်ဂျီ ကျွမ်းကျင်သူမဟုတ်တော့ ဘာမျိုးစိတ်တုန်း ဘာခေါ်တုန်း မမှတ်တော့ဘူးးး

အစား ဝါသနာရှင်မို့  အရသာနဲ့မှတ်ထားလိုက်တယ်။

:sar:

 

ရေဘဝဲကတော့ အကြီးထက် ဘေဘီရေဘဝဲက စားကောင်းတယ်။

ဂျာပွန်ဆိုင်တွေမှာတော့ အစိမ်းနီးပါးစားရတယ်။

တရုတ်ချက်တာကတော့ အရသာစုံ ပိုကြိုက်တယ်။

ယိုးဒယားကတော့ ကြာဇံသုပ်တို့ သင်္ဘောသီးထောင်းတို့ထဲ ထည့်စားတာပဲ။

 

အောက်မှာ ဓာတ်ပုံတွေပြထားတယ်။

သများ မှတ်ထင်နေတာတွေ မှားနေရင်လည်း ပြောကြဦးနော်။

:s:

Octopus

Octopus

 

 

Octopus

Octopus

 

 

 

 

 

 

 

 

Squid

Squid

Squid

Squid

 

 

 

 

 

 

 

 

 

Cuttlefish

Cuttlefish

Cuttlefish

Cuttlefish

 

 

 

 

 

 

 

 

 

ဓာတ်ပုံများကိုတော့ အင်တာနက် မှ ရယူပါသည်…..

:twisted:

 

ချစ်သဲ ရဲ့ ပြည်ကြီးငါး နည်းပါ။

ပြည်ကြီးငါးအိပ်ကလေးတွေကို သန့်စင်ပါ။ အလည်ကကျောရိုးထုပ်ပါ။ ကျွန်မကတော့ အိပ်လိုက်ထားပြီး လက်ပါတဲ့ခေါင်းကိုဖြုတ်ထားပါတယ်။ သန့်သွားပြီဆိုရင် ကောင်ညှင်းပေါင်းအဖြူကို အိပ်တ၀က်လောက် ထည့်ပါ။ ချက်တဲ့အချိန် ( သို့ ) ပေါင်းတဲ့အချိန်ကျတော့ကျူံ့သွား ရင် ကောက်ညှင်းတွေ ကွဲထွက်ကုန်ပြီးမလှ လို့။ ထိပ်ကနေ သွားကြားထိုးတံလေးနဲ့ပိတ်ပါ။ ကျွန်မကတော့ အရသာမထည့်ပါဘူး။ ပေါင်းမယ်ဆိုရင် ဒီအဆင့်မှာပဲ ဆီလေးသုတ်ပြီးရေခံပေါင်းလို့ရပါပြီ။

အဲဆီပြန်ချက်မယ်ဆိုရင်တော့ ကြက်သွန်ဖြူထောင်းပြီး သားကိုဆီသတ်ပါ။ ကြက်သွန်နီနှုတ်နှုတ်စင်းကိုထည့်ပါ။ နွမ်းသွားပြီဆိုရင်တော့ အစောကအစာသွပ်ထား တဲ့ပြည်ကြီးငါးတွေစီထည့်၊ ရေနဲနဲလေးထည့်၊ မီးအေးအေးနဲ့ အဖုံးအုပ်တည်ပါ။ အရသာထည့်ပါ။ လိုအပ်ရင်ခပ်ဖွဖွမွှေခြင်း ( သို့ ) အိုးလှုပ်ခြင်းပြုလုပ်ပါ။ ခရမ်းချဉ်သီးမထည့်ရပါဘူး။ ဆီနည်းနည်းပို ထည့်ရပါမယ်။ ဒါမှရေခန်းသွားရင် ခြောက်ခြောက်ကလေးနဲ့ဆီပြန်နေမှာပါ။ ကျက်ပြီဆိုရင်တော့ ဖောင်းဖောင်းလေးနဲ့တင်းနေတဲ့ ပြည်ကြီးငါးကောက်ညှင်းပေါင်းသွပ်ရပါပြီ။

 

ဦးကျောက် ရဲ့ ပြည်လုံးချမ်းသာ

(ကျနော်ကတော့ ပုဇွန်တို့ ဝက်ကလီစာတို့ပါထည့်တယ် ၊ အသားငါးက လိုတိုးပိုလျှော့ ကြည့်ညှိလို့ရတယ်)

အသည်းအမြစ် ၂ စုံ  ငါးဖယ်လုံး ၁၅ လုံး  ငုံးဥ (ပြုတ်ပြီး) ကြိုက်သလောက်  ငါးကြင်းသား လက်မလောက် ၁၅တုံး (ဆားနယ်ပြီး ကြွပ်ကြွပ်လေး ကြော်ထား) ပြည်ကြီးငါး သံပုရာသီးနဲ့ ပွတ်တိုက် သန့်စင်ပြီး ရေဆေး ၊ ပြီးရင်ရေနွေးဖြော ၊ ဇကာကွက်မွှန်းပြီး လက်မလောက်တုံးထားပါ (မထည့်လဲရ)

မှို (ကောက်ရိုးမှို) သင့်တော်ရုံ (မထည့်လဲရ) မုန်လာဥနီ ၁၅၀ ဂရမ်လောက်  ဂေါ်ဖီပန်း ၃၀၀ ဂရမ်လောက်  ဗိုလ်စားပဲ ၁၅၀ ဂရမ်လောက်

အချိုမှုန့် (သို့) အသားမှုန့် ၁ လက်ဖက်ရည်ဇွန်း  ပဲငံပြာရည်အကြည် ၁ လက်ဖက်ရည်ဇွန်း  ပဲငံပြာရည်အနောက် ၁ လက်ဖက်ရည်ဇွန်း  ကော်မှုန့် ၁ စတီးဇွန်း  ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

အရိုးပြုတ်အချိုရည် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး  ဆီ ၂ စတီးဇွန်း

အသည်းအမြစ်ကို ရေဆေးသန့်စင် ၊ ရေခြောက်အောင်စစ်ထား ။ ပြီးရင် ရေဆူတွင် ကျက်ရုံပြုတ်ပြီး ဆယ်ထား ၊ အအေးခံ ။ အသည်းကို လွှာပြီး ပါးပါးလှီးပြီး အမြစ်ကို ပန်းပွင့်ဖော် လှီး၊ ဟင်းသီးဟင်းရွက်များ ကြိုက်နှစ်သက်သလိုလှီးထား၊ မှိုကို ရေဆေးပြီး လှီးထားပါ။

ဒယ်အိုးတည်၊ ဆီထည့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ် (နှမ်းဆီ ၂စက်လောက်ထည့်ရင်ပိုကောင်း) ။ အသည်းအမြစ်၊ ငါးကြော် ၊ ပြည်ကြီးငါးတို့ကိုထည့်ပြီး သမအောင်မွှေ၊ ပဲငံပြာရည်-အကြည်-အနောက်ထည့်၊ အသီးအရွက်များထည့်၊ သမအောင်မွှေပြီး ခေတ္တအုပ် ထားပါ။ ဆား၊ အချိုမှုန့်ထည့်ပြီး သမအောင်မွှေ ၊ အရိုးပြုတ်အချိုရည်လောင်းထည့်၊ ခေတ္တအုပ်ထားပါ။ ကော်မှုန့်ကို ရေဖျော်ပြီးထည့် ဆူလာလျှင် ငါးဖယ်လုံးနှင့်ငုံးဥထည့်၊ အရည်ဆူအောင်တည်ပြီးရင် ကြိတ်နိုင်ပါပြီ ။ ကြိုက်တတ်ရင် ငရုပ်ကောင်းမှုန့်အဖြူလေး ဖြူးပြီး စားသုံးနိုင်ပါသည်။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120