အိုမဲသုတ်​သည်​့ ရာသီ

ko sixMarch 29, 20141min1334

ပန်းချီစကား​ပြောရရင်​ မူလအ​ရောင်​မတူကွဲပြားခြားနားသည်​့ အ​ရောင်​နှစ်​မျိုးကို ​ပေါင်​းစပ်​​ရေးဖွဲ့လိုက်​ရင်​ မူလအစအ​ရောင်​များနှင်​့ကွဲပြားခြားနားသည်​့ အ​ရောင်​သစ်တစ်​မျိုး​ဖြစ်​​ပေါ်လာရသလိုမျိုး မတူညီ​သောဘဝနှစ်​ခု​ပေါင်​းစပ်​ရေးဖွဲ့လိုက်​ရင်​ လုံးဝကွဲပြားခြားနားသည်​့ ဘဝအသစ်​တစ်ခုဖြစ်​လာရ​တော့၏။
ထို့​နေ့က ​ဆောင်​းအကုန်​​နွေအကူး ကံ့​ကော်​​တွေလည်​းဖူး​နေကြသည်​။လက်​ပံပွင်​့တို့သည်​လည်​း အပြာ​ရောင်​မိုး​ကောင်​ကင်​းကြီးကို​နောက်​ခံထားလျက်​​နေမင်​းကိုအံတု
​နေသည်​့အလား ရဲရဲနီနီ ပင်​လုံးကျွတ်​ပွင်​့​ဝေ​နေကြသည်​။
ထို​နေ့က Kenbo 110 ဆိုင်​ကယ်​​လေးတစ်​စီးသည်​ ဘဝနှစ်​ခုကို တင်​​ဆောင်​ကာ စစ်​​တောင်​းမြစ်​​ဘေးက ရွာက​လေးဆီ မငြီးမညူ ထမ်​းပိုးသယ်​​ဆောင်​သွား၏။
ထို​နေ့က ​ကျေးငှက်​သရကာတို့အနက်​ ဥဩငှက်​က​လေးတစ်​​ကောင်​သာ ​တေးဆို၍ အား​ပေး၏။
ထို​နေ့က မိသားစုထမင်​းဝိုင်​တွင်​ တစ်​​ယောက်​​ရော့​နေ​သော​ကြောင်​့ အ​ဖေကအစ အ​မေအဆုံး လက်​​ဆေးဇလုံကို ငြင်းပယ်​ကာ ငူငိုင်​​နေကြသည်​ဆို၏။
ထို​နေ့က ခါတိုင်​းလိုပင်​ ကမ္ဘာတစ်​ဘက်​၌ ​နေသာ​နေ၍ ကျန်​တစ်​ဖက်​၌ ​မှောင်​မိုက်​​နေ၏။
ထို​နေ့က ​လောကရုပ်​ရှင်​ရုံတွင်​ ဓာတ်​မတည့်မှုှုဇာတ်​ကားသစ်​ရုံတင်​​နေ၏။
ထို​နေ့က လက်​တစ်​စုံတို့သည်​ မြဲမြံ​အောင်တွဲချိတ်၍​
အ​မှောင်​ထဲသို့ တိုး​ဝေ့​နေ၏။
ထို​နေ့က အနုပညာရသ​မြောက်​​သော မျက်​ရည်​တို့ကျဆင်​း၍​နေ​သည်​့ မျက်​ဝန်​းတို့သည်​ အိမ်​က​လေးတစ်​လုံးတွင်​
​ခေါင်​းချင်​းဆိုင်​​ကြေကွဲ​နေကြ၏။
ထို​နေ့က ဘာမှမသိ​သော လက်​တစ်​စုံက ​လောကကိုခုတ်​ထွင်​ဖို့ ကွန်​ဒိုလီဇာရိုက်​လို မိသားစုစကားဝိုင်​း၌ သတင်​းအ​မှောင်​ချထားခဲ့၏။
ထို​နေ့က …….

4 comments

  • alinsett (gazette)

    March 29, 2014 at 5:20 pm

    လောက ရုပ်ရှင်ရုံ
    ဓါတ်မတည့်မှုဇာတ်ကား. . .
    အင်းးးးးး

    ——-

    စာသားအဖွဲ့အနွဲ့လေးတွေ ကောင်းတယ်ဗျို့

  • kai

    March 30, 2014 at 5:38 am

    Condoleezza Rice ကိုဘာလို့ထည့်ရေးသလည်း… သိပ်တွေးလို့မရ…။
    အဲဒီပါမောက္ခ… ကွန်ဆာဗေးတစ်တွေကြား..တော်တော်လစ်ဗရယ်ဖြစ်တာ..။

  • kotun winlatt

    March 30, 2014 at 3:32 pm

    အော်…တဂျီးးးဂလဲ..ကဗျာနာမည်ကိုက အိုးမဲသုတ်သည့်ရာသီပါဆို…
    ကဗျာထဲမှာ စက်ဆီတွေလူးနေတဲ့ ကွန်ဒိုလီဇာရိုက်ထည့်ရေးတည ဆန်းးလို့လားးးး
    ဟီးးးးးးးးးးးးးးးးးးးးးးးး ကဗျာဆရာ အလကားစတာနော့….

  • ko six

    March 31, 2014 at 2:15 pm

    မိသားစုလွှတ်​​တော်​မှာ
    ဘာမှမ​ပြောဘဲ
    လုပ်​ချင်​ရာလုပ်​ခဲ့တဲ့ကိစ္စပါ
    ကွန်​ဒိုလီဇာရိုက်​ကလည်​း
    အမှန်​တရား​တွေကိုဖုံးကွယ်​​လေ့ရှိတဲ့​နေရာမှာ
    နာမည်​ကြီးပဲ​လေ

Leave a Reply