01

 

 

 

“ နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်. . . ´´

___________

 

#မေမေရေ. . .

မေမေတို့ခေတ်ရဲ့ သင်္ကြန်ပွဲ. . .

တသသကျန်လောက်အောင်ယဉ်စစ

လှခဲ့တယ်ဆို. . .

အခု ဒီခေတ်ရဲ့သင်္ကြန်ပွဲ. . .

အရိုင်းဆန်လွန်းလို့. . .ရိုးရာအလံတောင် လဲလုပြီ. . .

# မေမေရေ. .

ခပ်ကဲကဲ . . . နွှဲဖို့သာသိတဲ့

ဒီခေတ်ရဲ့ပွဲသင်္ကြန်. . .

စူးစူးရှရှ တူးခါးတဲ့သံစဉ်အကတွေနဲ့ပေါ့ . . .

နှစ်သစ်ကူးကြီး. . . မူးနေပြီမေမေ. .

# မေမေရေ. . .

သပြေခက်နဲ့ပန်းပိတောက်ရနံ ့တို့ ပျောက်ဆုံး. . .

အရက်နဲ့မိတ်ကပ်နံ့တွေ တထောင်းထောင်း ထ လို့ပေါ့. . .

ဟောဒီကိုယ်လုံးတီးသင်္ကြန်. . .

သိကြားမင်းလည်း

မဆင်းချင်တာသေချာတယ် ။

# မေမေရေ. . .

နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ်ကူးဝံ့ကြသူတို့ရဲ့. . .

အဖော်အချွတ်သင်္ကြန်ပွဲမို့. . .

ပြန် လှန် မကြည့်သင့်တဲ့သမိုင်း. . .

ရာဇဝင်တောင် ရိုင်းလုပြီ ။

# မေမေရေ. . .

သိမ်မွေ ့ယဉ်ကျေးသော အတိတ်သင်္ကြန်ကို လွမ်းရင်း. . .

မအေးတော့တဲ့ သင်္ကြန်ရေ. . .

မမွှေးတော့တဲ့ သင်္ကြန်လေကြားမှာ..

သိကြားမင်းကြီး လက်မှိုင်ချနေလောက်ရဲ ့. . .

သူ ့ခွေးသားရေ စာမျက်နှာလည်း

မှတ်ရတာ မဆံ့လောက်ဘူးလေ. . .

# မေမေရေ. . .

တစ်နှစ်စာလုံး မျိုသိပ်ထားကြတဲ့

အရှက်နဲ့ အပျော်လွန်လိုစိတ်တွေကိုမှ. .

သိက္ခာရေချတဲ့ပွဲမို့. .

တလွဲပျော်တဲ့ ဒီသင်္ကြန်ကြီး. . .

အရောင် မွဲလွန်းတယ်မေမေ. .

# မေမေရေ. . .

မသိုးမသန့် မဏ္ဍပ်တွေရှေ ့. . .

ရှိုးတိုးရှန့်တန့် ဖြတ်လျှောက်မိတိုင်းပေါ့

ထိစိုမိတဲ့ ရေ …

တစ်စက်နဲ့တောင် ပူတယ်မေမေ. . .

ဒီလောက် ဖြစ်နေမှတော့. . .

ဒီလိုသင်္ကြန်ဆို . . .

အတည်ကို မကြံချင်တော့ဘူး. . .

အိမ်ထဲမှာပဲ . . .

နေပါတော့မယ် မေမေရယ်. . .

 

**************************

အလင်းးဆက် (Gazette)

19 / 3 / 2014 / 14 : 30 /

( မရမ်းကုန်း )

 

 

 

02APTOPIX Myanmar Water Festival04

 

 

 

 

About alinsett

alinsett has written 615 post in this Website..

. . .