နှစ်သစ်ကို …ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်

alinsettMarch 31, 20143min33522

01

 

 

 

“ နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်. . . ´´

___________

 

#မေမေရေ. . .

မေမေတို့ခေတ်ရဲ့ သင်္ကြန်ပွဲ. . .

တသသကျန်လောက်အောင်ယဉ်စစ

လှခဲ့တယ်ဆို. . .

အခု ဒီခေတ်ရဲ့သင်္ကြန်ပွဲ. . .

အရိုင်းဆန်လွန်းလို့. . .ရိုးရာအလံတောင် လဲလုပြီ. . .

# မေမေရေ. .

ခပ်ကဲကဲ . . . နွှဲဖို့သာသိတဲ့

ဒီခေတ်ရဲ့ပွဲသင်္ကြန်. . .

စူးစူးရှရှ တူးခါးတဲ့သံစဉ်အကတွေနဲ့ပေါ့ . . .

နှစ်သစ်ကူးကြီး. . . မူးနေပြီမေမေ. .

# မေမေရေ. . .

သပြေခက်နဲ့ပန်းပိတောက်ရနံ ့တို့ ပျောက်ဆုံး. . .

အရက်နဲ့မိတ်ကပ်နံ့တွေ တထောင်းထောင်း ထ လို့ပေါ့. . .

ဟောဒီကိုယ်လုံးတီးသင်္ကြန်. . .

သိကြားမင်းလည်း

မဆင်းချင်တာသေချာတယ် ။

# မေမေရေ. . .

နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ်ကူးဝံ့ကြသူတို့ရဲ့. . .

အဖော်အချွတ်သင်္ကြန်ပွဲမို့. . .

ပြန် လှန် မကြည့်သင့်တဲ့သမိုင်း. . .

ရာဇဝင်တောင် ရိုင်းလုပြီ ။

# မေမေရေ. . .

သိမ်မွေ ့ယဉ်ကျေးသော အတိတ်သင်္ကြန်ကို လွမ်းရင်း. . .

မအေးတော့တဲ့ သင်္ကြန်ရေ. . .

မမွှေးတော့တဲ့ သင်္ကြန်လေကြားမှာ..

သိကြားမင်းကြီး လက်မှိုင်ချနေလောက်ရဲ ့. . .

သူ ့ခွေးသားရေ စာမျက်နှာလည်း

မှတ်ရတာ မဆံ့လောက်ဘူးလေ. . .

# မေမေရေ. . .

တစ်နှစ်စာလုံး မျိုသိပ်ထားကြတဲ့

အရှက်နဲ့ အပျော်လွန်လိုစိတ်တွေကိုမှ. .

သိက္ခာရေချတဲ့ပွဲမို့. .

တလွဲပျော်တဲ့ ဒီသင်္ကြန်ကြီး. . .

အရောင် မွဲလွန်းတယ်မေမေ. .

# မေမေရေ. . .

မသိုးမသန့် မဏ္ဍပ်တွေရှေ ့. . .

ရှိုးတိုးရှန့်တန့် ဖြတ်လျှောက်မိတိုင်းပေါ့

ထိစိုမိတဲ့ ရေ …

တစ်စက်နဲ့တောင် ပူတယ်မေမေ. . .

ဒီလောက် ဖြစ်နေမှတော့. . .

ဒီလိုသင်္ကြန်ဆို . . .

အတည်ကို မကြံချင်တော့ဘူး. . .

အိမ်ထဲမှာပဲ . . .

နေပါတော့မယ် မေမေရယ်. . .

 

**************************

အလင်းးဆက် (Gazette)

19 / 3 / 2014 / 14 : 30 /

( မရမ်းကုန်း )

 

 

 

02APTOPIX Myanmar Water Festival04

 

 

 

 

22 comments

  • snow smile

    March 31, 2014 at 7:23 am

    ဒီ လို သ င်္ကြန် ဆို အ တည် ကို မ ကြံ ချင် တော့ ဘူး
    အိမ် ထဲ မှာ ဘဲ နေ ပါ တော့ မယ် မေ မေ ရယ်
    ( သား လေး ကား လက် မှတ် မ ရ ရှာ ဘူး နဲ့ တူ တယ်)

    • alinsett (gazette)

      March 31, 2014 at 7:37 am

      ကားလက်မှတ်က တကယ်မရသေးဘူးခည
      🙂

      ဒါပေမယ့် ကြားကားတွေတော့ ရလောက်ပါရဲ့။

      ရန်ကုန်သင်္ကြန်ကို ရှောင်ချင်တယ်။

      ကျနော်အခုသွားမယ့် ကရင်ပြည်နယ်ကတော့ ရန်ကုန်သင်္ကြန်လောက်
      ဆူပူ စိတ်ရှုပ်စရာ မရှိလောက်ဘူးထက်ပါရဲ့။

      အမှန်က သင်္ကြန်တွင်းမှာ အေးအေးဆေးဆေးနေချင်လို့
      ကရင်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ သွားနေမလို့ပါ

      🙂

      အခုထိ ကားလက်မှတ်မရသေး
      😥

  • ရဲရဲတောက် ကေဇီ

    March 31, 2014 at 8:08 am

    လူမြင်ကွင်းမှာ ဖော်ချင် ချွတ်ချင်သူတွေ
    တရားဝင်လိုင်စင် ရတဲ့ပွဲ…..

    :hint:

    • ဦးကျောက်ခဲ

      March 31, 2014 at 8:19 am

      အဲဒါ အလှုပေးတယ်လို့ ခေါ်ဒယ် ဒဂါးမဂျီး…
      ရှုတတ်ရင် ဘာဝနာမို့ ကုသိုလ်ရပါတယ်အေ…
      အပုပ်ကောင် အရုပ်ဆောင်တဲ့ ခန္ဓာဂျီးတွေပါ ကွယ်တို့ရယ်… ဟိ
      😀

    • alinsett (gazette)

      March 31, 2014 at 9:04 am

      အခုမှ သတိပြုမိတယ်

      ရဲရဲကို တောက်တဲ့ မမဂျီး

      ကြယ်သုံးပွင့်နဲ့ပါလား။

      good
      🙂

      ————

      သိက္ခာ ရေချတဲ့ပွဲ လေ

      🙂

      • ရဲရဲတောက် ကေဇီ

        March 31, 2014 at 9:09 am

        ဟယ်။
        ဟုတ်သဟဲ့။
        အလက်ဆင်းပြောမှ သတိထားမိတယ်။

        ရဲရဲတောက်ဆိုတာက မမဂျီး ပို့(စ) တွေရော ကော်မန့်တွေမှာပါ၊
        မမဂျီးကို ရဲရဲတောက်ထားကြလို့ မမဝါး ပေးထားတဲ့ နာမည်ပါ။

        ချစ်လွန်းလို့ ကြိတ်ကြွေပြီး အာဘွားပေးတယ်ပဲမှတ်ပါတယ်။
        ခိခိ။ :mrgreenn:
        နှုတ်ခမ်းနီလေးတွေ တန်းစီလို့။

        :chit:

        • sorrow

          April 1, 2014 at 4:27 pm

          ဘဲပြာဖင်ကောက်လေးကျတော့ နှစ်ပွင့်ထဲရယ်…တမျိုးပဲနော်..အဟိဟိ

        • ရဲရဲတောက် ကေဇီ

          April 1, 2014 at 4:31 pm

          ဘဲ မှန်းမသိ ဒေါင်းမှန်းမသိ။
          ကဆောရိုးးးး!!!!
          သိပ်မပြောနဲ့။ နာ့ တော်ကြာ တံဆိပ်တတ်ခံ နေရမှဖြင့်!!

          😀

          နောက်ခါသေချာ သေချာကြည့်ပါ။
          ဒူးရင်းသီးနဲ့ ကျွဲကောသီးမှားရင် အန်ဒရယ် ရှိတယ် ယောက်ဖရယ်။
          :kwi:

  • Mr. MarGa

    March 31, 2014 at 8:27 am

    လက်မှတ်မရရင်လဲ သင်္ကြန်နှစ်ကူးကို အိမ်ထဲမှာပဲ အေးအေးဆေးဆေး ဖြတ်သန်း ပေါ့
    အင်တာနက်လဲ မသုံးနဲ့ ကျန်တဲ့ အင်တာတိန်းမန့် ဘာမှ မဖွင့်နဲ့
    အေးအေးဆေးဆေးလေး…
    ဒါမှမဟုတ်လဲ…
    မြို့ပြရဲ့ ဆူညံသံတွေထဲကနေ ပြေးးးး ထွက်ပြီး
    ရိပ်သာပဲ ဝင်လိုက်ပါတော့ ကွယ်…

    သိကြားမင်းရဲ့ တိုက်တွန်းချက် :mrgreen:

    • alinsett (gazette)

      March 31, 2014 at 9:02 am

      ဘားအံမသွားဖြစ်ရင် တရားစခန်းဝင်ဖြစ်မယ်
      ဂတုံးတော့ ဒီနှစ်မတုံးဘူးကွယ်. . .
      🙂

  • kotun winlatt

    March 31, 2014 at 3:04 pm

    အော်…..သင်္ကြန်..သင်္ကြန်…..ရောက်ပြန်တော့မှာပါလားးး လမ်းထိပ်မှာ ဒုန်ဒုန်ဂွမ်ဂွမ်…ဖီးဖီးဖေါင်းဖေါင်းတွေ မြင်ရကြားရဦးမှာပါလားးဟရို…
    ဒုန်ဒုန်ဂွမ်ဂွမ်( တီးဝိုင်းမှ အသံများးးးးး
    ဖီးဖီးဖေါင်းဖေါင်း ( စင်ရှေ့မှာ မူးပြီးကကြရင်း ရန်ဖြစ်ကြ ရိုက်ကြ နှက်ကြတဲ့ အသံများးးးးး

    • alinsett (gazette)

      March 31, 2014 at 5:34 pm

      ဘုတ်ဘတ်ဘုတ်ဘတ် ဆိုတဲ့အသံတွေလည်း ကြားရဦးမှာ
      (ဘုတ်ဘတ်ဘုတ်ဘတ်= ရန်ပွဲကြောင့် ပြေးကြလွှားကြသောအသံ)

      :kwi:

  • kai

    March 31, 2014 at 4:52 pm

    ဧပြီ၁ရက်နေ့ရောက်ပြီ..
    နှစ်မကူးသေး..
    ရူးကြည့်ကြ.. :buu:

    • alinsett (gazette)

      March 31, 2014 at 5:36 pm

      အဟိ။

      ငြင်း(အဲ အဲ ) ဆွေးနွေးကြပါကုန်. . . . .

      :kwi:

  • Paing Lay

    March 31, 2014 at 7:52 pm

    အနော်ယဲ ဒီနှစ် အူးပေါက်လို လက်ဆော့ရမှာတောင် ခပ်လန့်လန့်ဖြစ်နေသဂျို့ ဘာကြောင့်လဲဆိုတော့ အနော်တို့ ဒေသမှာလည်း ရာမဆိုတဲ့ စိတ်ကြွဆေးတွေ နေရတိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ ရနေပြီဆိုတော့ ရန်ဖြစ်ရင်း လူသတ်မိမှာ မလွဲဧကန်ပဲဂျို့ :harr:

    • alinsett (gazette)

      April 1, 2014 at 7:20 am

      အက်ဒါပြောတာ ။

      သင်္ကြန်ဆိုတဲ့ ဟာကြီးကို ခပ်လန့်လန့်နဲ့ ရှောင်ရှားးစရာကြီးတစ်ခုလို
      ခံစားးနေရတဲ့ အဖြစ်က သိပ်တော့မကောင်းဘူး။

      အင်းးးးး
      သင်္ကြန်အကြောင်း အက်ဆေးတစ်ပုဒ်တော့ ရေးထားပါတယ်လေ
      လာမယ်

  • kyeemite

    April 2, 2014 at 11:20 am

    နှစ်သစ်ကို…အချစ်ဖြင့်ကြို….အလက်ဆင်းရေ
    အချစ်ပါရင် သင်္ကြန်ကအလိုလိုလှသွားတတ်တာပါ :kwi:

    • alinsett (gazette)

      April 2, 2014 at 12:09 pm

      အချစ် =
      အလင်းဆက် ဘဝမှာ ( လက်ရှိ ) အရှားပါးဆုံးးအရာ
      🙂

  • Shwe Ei

    April 2, 2014 at 1:08 pm

    သများတော့ သဂျန်တွင်း ဆတ်ဆလူးရမ်းမိမှာစိုးလို့ ဖုန်းပိတ် နားပိတ် မျက်စိပိတ်ပီး နေရင်ကောင်းမလားတွေးတယ်…ခုခိခုခိ 😀

  • TNA

    April 3, 2014 at 6:34 pm

    လှလို်က်တဲ့ပိတောက်ပန်းတွေအေ။ ဒီတခါလဲရန်ကုန်သင်္ကြန်ကိုရှောင်ချင်တဲ့အကြောင်းကောရှိသေးလား။

    • alinsett (gazette)

      April 4, 2014 at 7:34 am

      အဟဲ

      သင်္ကြန်ကို ရှောင်ချင်တာက. . . . .

      ရေးထားတယ်
      လာမယ်

      🙂

Leave a Reply