ဂျပန် မူလီများ

moonpoemMarch 30, 20141min11612

ကျွန်ုပ်သည် ယနေ့မှစ၍ Tourသွားတိုင်း ပေကြိုးကို ယူဆောင်သွားတော့မည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အကြောင်းမှာ ဥပမာအားဖြင့် ကျွန်ုပ်အနေဖြင့် ဦးပိန်တံတားတွင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်ဟု ရှင်းပြရာ၌ ထိုတိုင်၁တိုင်၏ အမြင့်ပေသည် မည်မျှရှိသနည်းဟု
ဂျပန်ဧည့်သည်တော်များမှပြန်လည်မေးခွန်းထုုတ်ချိန်တွင် ဂိန်ခနဲ ဖြစ်ရခြင်း။

ထို့နောက် မန်းလေးတောင်တွင် လှေကားထစ်ပေါင်း ၁၇၂၉ထစ်ရှိသည်ဟု အားတက်သရောပွားနေခိုက် ထိုလှေကားထစ်တို့သညi် ပြေပြစ်ပါသလား မတ်စောက်ပါသလား ပျမ်းမျှအားဖြင့်လှေကားထစ် တစ်ထစ်သည် မည်မျှမြင့်ပါသနည်းဟု စူးစမ်းချိန်၌ တိန်ခနဲ ဖြစ်ရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။

သို့အတွက် စာအုပ်များတွင်လည်းကောင်း အင်တာနက်တွင်လည်းကောင်း မရှာဖွေနိုင်သည့် အချိန်တွင် ထိုကဲ့သို့ မေးလာသော ဧည့်သည်တော်ကို ခေတ္တခဏစောင့်ခိုင်းကာ အသင့်ယူလာသောပေကြိုးယူ၍ တိုင်းပြီး အတိအကျ ဖြေဆိုသွားမည် ဖြစ်ပါသည်။

အဲ သို့သော်လည်းဘုရားတွင်
ဆုတောင်းမိသည်မှာ
ဘုရားရှေ့မှ ခြင်္သေ့များ၏ ဟလျက်ရှိသောအပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်း အကွာအဝေးကို ဖြစ်စေ ဆင်ဖြူတော်၏ အမြီးအရှည်ပမာဏကို ဖြစ်စေသွားရောက်တိုင်းတာခြင်း မပြုရဲ သဖြင့် ထိုထိုမေးမြန်းခြင်းမှ ကင်းဝေးရပါစေလို၏ဘုရား ဟူ၍သာ။

12 comments

  • kotun winlatt

    March 30, 2014 at 3:29 pm

    ဟိ..ဟိ…ပေကြိုးခွေကို တိုးရစ်ဂိုက်ကြီး …
    မြင်ယောင်ကြည့်မိတယ်…..

  • alinsett (gazette)

    March 30, 2014 at 5:51 pm

    အဟိ

    ရီလိုက်မိပြီ။

    သူတို့ကို ဂျပန်က မူလီစက်ရုံတွေမှာ လုပ်မလားလို့ ပြန်မေးလိုက် အေးရော

    🙂

  • kai

    March 31, 2014 at 2:22 am

    အမှန်ကတော့.. တိုးစာအုပ်တွေထဲပါရမှာ…
    ပိုအသေးစိတ်အတွက်ကတော… စာအုပ်ထုတ်မှဖြစ်တော့မယ်ဗျ…
    သွားရင်လာရင်.. ပေကြိုးလေးတကိုင်ကိုင်နဲ့..တိုင်းရင်း.. ဓါတ်ပုံရိုက်ရင်… အချက်အလက်တွေစုထား… နောင် ၁-၂နှစ်ကြာရင်.. စာအုပ်ထုတ်…
    ရောင်းကောင်းမှာသေချာ…… :mrgreen:

  • ရဲရဲတောက် ကေဇီ

    March 31, 2014 at 8:13 am

    ဟုတ်တယ်နော်။
    အဲလို သမိုင်းဝင်နေရာမျိုးတွေနဲ့ ရှေးဟောင်းအမွေအနှစ်ရှိတဲ့ နေရာတွေ အတွက်
    ဓာတ်ပုံကောင်းကောင်းနဲ့ အဆင့်မြင့်မြင့် ဒေါက်ကူမန်ထရီ လို စာအုပ်မျိုးတွေ ရှိဖို့ကောင်းမယ်။
    🙂

    နို့မို့ လကဗျာလေး ပေကြိုးတန်းလန်းလေးဖြစ်နေတော့မယ်။ :mrgreenn:

  • Wow

    March 31, 2014 at 12:28 pm

    နောက်ဆို ပေကြိုးနဲ့ ဂိုက် ဆိုပီး ကဘာကျော်တွားမာ… :mrgreen:

  • kyeemite

    April 2, 2014 at 2:55 pm

    မွန်းပိုအမ် ရဲ့ ဟာသဉာဏ်လေးကို သဘောကျမိပါတယ်…အဲလိုဟာသဉာဏ်ရှိတော့ စိတ်အပမ်းပြေတာပေါ့

  • naywoon ni

    April 3, 2014 at 12:45 pm

    ​ပေကြိုးဆိုလို့ အတိုင်​းအတာ​တွေရဲ့ ယူနစ်​ သတိရပြန်​​ရော ​ပေ/လက်​မ သုံးတဲ့နိုင်​ငံမို့ ​ပေလက်​မနဲ့​ပြေလို့ရ​ပေမဲ့ မက်​ထရစ်​စနစ်​ သုံးတဲ့နိုင်​ငံကလာရင်​ ဆင်​တီမီတာ နဲ့ မှအဆင်​​ပြေမယ်​ မြန်​မာသုံးစနစ်​က​တော့ လက်​တစ်​လုံး တစ်​မိုက်​ တစ်​ထွာ တစ်​​တောင်​ စသည်​ဖြင်​့ မန္တ​လေး ကျုံးနဲ့ ပါတ်​သက်​တဲ့ အတိုင်​းအတာက​တော့ ဆရာဆူးငှက်​က စာတစ်​အုပ်​​ရေးခဲ့ဖူး အဲ့မှာ မြန်​မာအတိုင်​းအတာ ကိုမျက်​​စေ့လည်​ရပြန်​​ရော ​ကျော်​တို့ သိတာက တစ်​​တောင်​ ၁၈ လက်​မ ဆရာဆူးငှက်​တွက်​ပြထားတာက ၁၉ လက်​မ ဟုတ်​မှာ​ပေါ့ ကုန်​း​ဘောင်​​ခေတ်​နဲ့ အခုလက်​ရှိအချိန်​ လက်​ဖျံ ၁ လက်​မတိုသွားပီ တစ်​မိုက်​ က ၆လက်​မက​နေ ​လေးလက်​မခွဲဖြစ်​သွားပီ လက်​နဲ့တိုင်​းတဲ့ အတ်​ိုင်​းအတာနဲ့ ယူနစ်​တစ်​ခုဖန်​တီးထားတာနဲ့ သမိုင်​းမှာ အတိုင်​းအတာ အားနဲချက်​​တောဖြစ်​လာတာပဲ မှတ်​တမ်​းတင်​မယ်​ဆိုရင်​ ​ပေ/ လက်​မနဲ့သာမက စင်​တီမီတာနဲ့ ပါ မှတ်​တမ်​းတင်​သင်​့ပါ​ကြောင်​း

  • TNA

    April 3, 2014 at 6:37 pm

    ပေကြိုးတင်မက ခါးချည်ကြိုးကဲ့သို့သော Safety Belt များပါယူဆောင်သွားသင့်ပါကြောင်း။ အဘယ့်ကြောင့်ဆို သော ဇောက်ထိုး၊ တန်းလန်းတိုင်းရမဲ့ ဖြစ်ရပ်များဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်ပါသည်။ :p:

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 7:38 pm

    ဒါ့ကြောင့် ငရစ် တွေဆိုရင်
    ဂျပန် မူလီလို့ ခေါ်တာကိုး

  • moonpoem

    April 7, 2014 at 5:51 pm

    Thanks for all of comment. Now, I am thinking all of your advice.

Leave a Reply