၇၈ လမ်​းက ဗဟန်​းမှာ မဟုတ်​ဘူး

ko sixMarch 31, 20141min1325

​ရှင်းပြလို့မရတဲ့အရာက
ရှင်းပြလို့ကိုမရဘူူး။​
​မေးခွန်း​တွေမီးခိုးလို ထူထပ်တဲ့မြို့ပြမှာ
ရလာဒ်​က
ကာဗွန်နံ့တစ်​လုံးတစ်ခဲပါပဲ။
စိတ်​မောကိုယ်​နဲ့​ဖောက်​ချလိုက်​တဲ့ပုလင်​းအဖုံးမှာ
ကံတရားက ​
​ကျေးဇူးတရားပဲ ကံထတယ်​။
ဘဝဆိုတာ
စွယ်​​တော်​ရွက်​လောက်​ကဗျာဆန်​မ​နေ​တော့လည်​း
ကျူး​ကျော်​ရပ်​ကွက်​မှာ
လူဖြစ်​လာရတာ အဆန်​းလား။
ငါလည်​း
ကိုယ်​ပိုင်​​လေယာဉ်​ ဝယ်​ပိုင်​ခွင်​့ရှိတဲ့​ခေတ်​မှာ
အများသူငှါသုံး ဘုံဆိုင် ကို ​ခြေချခွင်​့မရှိရဘူးလား။
အဲဒီမှာ
​၇၈ လမ်​းကိစ္စက
အရိုးခံစကားလုံး​တွေနဲ့ ငြင်းကြခုန်​ကြတယ်​။
၅၁ ကိစ္စ​တော့
​ပြောစရာမလို​အောင်​ရှင်​းပါတယ်​။
အားလုံးက
မူးမှပြန်​ကြတာမှန်​​ပေမယ်​့
​ကျေးဇူးတရားကို အရူးမခံကြဘူး။

5 comments

  • ko six

    March 31, 2014 at 10:51 pm

    ဝုတ်​ကဲ့

  • kyeemite

    April 1, 2014 at 9:20 am

    နဲနဲ လည်တယ်တယ်နဲ့ ဖတ်ရှုအားပေးသွားပါတယ်…

  • kai

    April 1, 2014 at 1:28 pm

    စကားအတင်းစပ်
    ဗဟန်းဆိုတာ
    ခပ်ရမ်းရမ်းပြောရရင်
    ၁၀၁နဲ့ ဟောလိဝုဒ်အသွား
    ယူနီဗာဆယ်စတီရီယို မထောက်ခင်
    ပြောင်ပြနေတဲ့ ဘုတ်တခုပဲ..။
    လမ်းအမည်ဆိုချင်ဆိုပေါ့.။

  • ko six

    April 1, 2014 at 1:52 pm

    အမ်​
    မှန်​တာသိသွားပီ

Leave a Reply