စကားလေးတစ်ခွန်း

zaw winApril 1, 20141min1284

စကားလေးတစ်ခွန်းဟာ ခွန်အားပါ
စကားလေးတစ်ခွန်းအား တွန်းအားပါ
စကားလေးတစ်ခွန်းဟာ ချစ်ချင်စရာ
စကားလေးတစ်ခွန်းဟာ နာကျည်းခံပြင်းစရာ
စကားလေးတစ်ခွန်းဟာ စိတ်ဓာတ်ကျစရာ သေမိန့်ပါ
စကားလေးတစ်ခွန်းကြောင့် ဂလဲ့စားချေမှာ
ထိန်းထိန်းသိမ်းသိမ်း သတိထားစွာပြောကြပါ။

မင်းသုတ
23:50 PM
30.3.2014

4 comments

  • ရဲရဲတောက် ကေဇီ

    April 1, 2014 at 10:55 am

    စကား တစ်ခွန်းနဲ့ သေဆုံးဖူးသလို
    စကားတစ်ခွန်းကြောင့်လည်း ရှင်သန်ဖူးတယ်။

  • alinsett (gazette)

    April 1, 2014 at 4:05 pm

    စကားတစ်ခွန်းကြောင့်
    အလွမ်းဆိုတဲ့ သစ်ပင်တစ်ပင်
    ကျနော့်ရင်ထဲမှာ ပေါက်လာတယ်

    🙂

  • ko six

    April 1, 2014 at 6:44 pm

    စကားတစ်​ခွန်​း​ကြောင်​့
    ထမင်​းအဝစားခဲ့ရဘူးတယ်​
    အဲ
    စကားတစ်​ခွန်​း​ကြောင်​့
    မိန်​းမရသွားခဲ့ရတယ်​

  • Kyi Lwin

    April 3, 2014 at 1:57 pm

    မစဉ်းစား မဆင်ခြင်ရင် စကားတစ်ခွန်းကြောင့် ကမ္ဘာပျက်စေတယ်။
    စကားတစ်ခွန်းကြောင့် လူတကာ ရတက်ပွေတယ်။
    စကားတစ်ခွန်းကြောင့် အသူရာ နက် စေတယ်။

Leave a Reply