ဘလက်ချော ၏ ဘလက်ချော…။

black chawApril 1, 20142min42862

ရေးချင်တာလေးတွေ လျှောက်ရေးထားတာပါ…။
ဖတ်ချင်တာလေးတွေ ရွေးဖတ်ကြပေါ့…။
ဝင်ဖတ်သွားတာနဲ့ကို ကျေးဇူးက အထူးအထူး တင်ပြီးသားပါ ခင်ဗျာ…။
ကွန်းမန့်လေး ရေးပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…။
ထုံးစံအတိုင်း ဒီပို့စ် ရဲ့ မာတိကာကိုအရင်ဖတ်ကြပါ…။
စိတ်ဝင်စားမယ်ထင်ရတာလေးတွေ ရွေးဖတ်ကြပေါ့ဗျာ…။

– ကိုစောဝေကို အားနာတယ်
– စောဘွဲ့မှူးလို သူရဲကောင်းတွေ
– ကိုင်ဇာ+ခိုင်ထူး Two Men Show
– နော်လီဇာ ပြန်လာပြီ
– Sexy ဖြစ်သော ဘလက်ချောတင်ပါးကြီးများ
– နာမည်သုံးလုံးနဲ့ သောက်သောက်စားစား မင်းသားလေး
– မိုးမိုး ခြံထဲမှာ နှင်းဆီပန်းတွေ မပွင့်တော့ဘူး…ကိုကို…။

ကိုစောဝေကို အားနာတယ်

ပြောရင် ယုံကြမယ်မဟုတ်ဘူး…။
ပြီးခဲ့တဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲမှာ ဆုယူရမယ့် ဆရာမတစ်ယောက်က
ဆရာမ နန်းတော်ရာသူ ပါ…။
ဆုပေးပွဲမတိုင်မီ ၂ ပတ်လောက်အလိုမှာ ဆရာမနန်းတော်ရာသူက FB ပေါ်ကနေ
ကျွန်တော့်ကို သတင်းလှမ်းပေးပါတယ်…။

ရွာသူ နန်းတော်ရာသူပါ
ဆုပေးပွဲမှာ သော့်သော့်ကိုယ်စား
ဦးလေးဖြစ်တဲ့ ကဗျာဆရာစောဝေ ကို ကိုယ်စားယူခိုင်းမှာမို့
ဦးဘလက်နဲ့တွေ့ဖူးတဲ့ ပို့စ်အရ
လာရင်သူများတွေမသိမှာစိုးလို့ ဦးဘလက်ထံကြို အသိပေးထားပါရစေ။

တဲ့…။
အော်…ဆရာမ နန်းတော်ရာသူ ဆိုတာ ကိုစောဝေရဲ့ တူမကိုး…။
တိုက်ပဲ တိုက်ဆိုင်လွန်းလေစွ…။
ဒါ အင်မတန်လှပတဲ့ တိုက်ဆိုင်မှု တစ်ခုပါ…။
မန်းဂဇက် ချစ်သူများ စာပေဆုဆိုတာလည်း ကိုစောဝေတို့ရဲ့
ဖြူးမိတ်ဆွေများစာပေဆု ကနေ မြစ်ဖျားခံလာခဲ့တာပါ…။
မန်းဂဇက်ချစ်သူများစာပေဆု စပေးမယ်ဆိုပြီး ပို့စ်တင်ခဲ့တုန်းက
ကျွန်တော် က ကွန်းမန့်ကနေ အခုလို ရေးခဲ့ဘူးပါတယ်…။

ဒီဆုပေးတဲ့အစီအစဉ်လေးက
ဘလက်ချော ခပ်ငယ်ငယ်က မဂ္ဂဇင်းတွေမှာဖတ်ခဲ့ဘူးတဲ့
ဖြူးမိတ်ဆွေများ စာပေဆု ရဲ့ လွှမ်းမိုးမှု ပါတယ်ဆိုတာ ဝန်ခံထားပါရစေ။
ဒီလိုပါ…။
ဖြူးမြို့မှာ မိတ်ဆွေများစာကြည့်အသင်း ဆိုတာရှိခဲ့ပါတယ်။
အခုထိရှိနေသေးလားဆိုတာတော့ သိတ်မသေချာတော့ပါဘူး။
အခု အားကစားဂျာနယ်တွေမှာ နာမည်ကြီးကလောင်ရှင်တစ်ယောက်ဖြစ်နေတဲ့
ဆရာ Nကြယ်မင်း ဟာ အဲဒီဖြူးမြို့က မိတ်ဆွေများစာကြည့်အသင်းက
ဆရာ မိုးအောင်သန်းဌေးပါ ပဲ ခင်ဗျာ…။
သူတို့က တစ်လအတွင်း ထွက်သမျှ မဂ္ဂဇင်းတွေထဲက
သူတို့အကြိုက်ဆုံး ဝတ္ထုတို၊ အက်ဆေး၊ ကဗျာ စသည်ဖြင့်ပေါ့
ရွေးခြယ်ပြီးဆုပေးလေ့ရှိပါတယ်။

မူရင်းလင့်က ဒီမှာပါဗျာ…။

မန်းဂဇက် ချစ်သူများ စာပေဆု


ဒါ ကျွန်တော် နဲ့ ကိုပါလေရာ ကြီးတို့ လုပ်ခဲ့ကြတဲ့
မန်းဂဇက် ချစ်သူများ စာပေဆု နဲ့
ကိုစောဝေ၊ ကိုမိုးအောင်သန်းဌေးတို့လုပ်ခဲ့ဘူးတဲ့
ဖြူးမိတ်ဆွေများ စာပေဆုတို့ရဲ့ ပတ်သက်ဆက်စပ်မှုတစ်ခုပါ…။
ဆိုတော့…အခု…ဖြူးမိတ်ဆွေများစာပေဆုရဲ့
ပဲ့ကိုင်ရှင် ကိုစောဝေ ရဲ့တူမ နန်းတော်ရာသူဟာ
မန်းဂဇက်ချစ်သူများစာပေဆုကို ဆွတ်ခူးရရှိခဲ့ပါသတဲ့…။
အဲဒီဆုကို ဆရာမနန်းတော်ရာသူကိုယ်စား ဦးလေးဖြစ်တဲ့
ကဗျာဆရာကိုစောဝေက တက်ရောက်ရယူပေးမယ်တဲ့…။
ဘယ်လောက် ပီတိဖြစ်စရာကောင်းလိုက်ပါသလဲ…။
အဲဒီဆုပေးပွဲကို မတက်ဖြစ်ဘူးလို့ အားလျှော့ထားတဲ့ ကျွန်တော်ဟာ
ဆုပေးပွဲကို နည်းနည်း နောက်ကျပေမယ့် ရောက်အောင်သွားခဲ့ပါတယ်…။
ကျွန်တော်ရောက်တော့ ကိုစောဝေဟာ ဆုလက်ခံပြီး…
ကဗျာတစ်ပုဒ်ကိုလည်း စိတ်ပါလက်ပါ ရွတ်ဆိုပြီး…
ပွဲက ပြန်ထွက်လာပါပြီ…။
ကိုစောဝေကို ကျွန်တော် နှုတ်ဆက်ပါတယ်…။
ကိုစောဝေကို မန္တလေးဂဇက် ရွာကြီးရဲ့ ကိုယ်စား ဧည့်မခံလိုက်ရတာကို
အားနာစိတ်ဖြစ်မိပါတယ်…။
ဒီ မန်းဂဇက်ချစ်သူများစာပေဆုဆိုတာ
ဆရာတို့ ကိုNကြယ်မင်း@ ကိုမိုးအောင်သန်းဌေးတို့
တစ်ခါက လုပ်ခဲ့ကြဘူးတဲ့
မိတ်ဆွေများစာပေဆု ကို အားကျခဲ့ဘူးတဲ့
နယ်မြို့လေးတစ်မြို့ က ဘလက်ချောဆိုတဲ့
ဟိုမရောက်ဒီမရောက် လူတစ်ယောက်ရဲ့ အိပ်မက်လေးတစ်ခုဆိုတာကို
မပြောလိုက်ရတာကို နှမြောနေမိပါတယ်…။
တကယ်လို့များ နန်းတော်ရာသူ သာ ဒီပို့စ်ကို ဖတ်မိရင်…
ဦးလေးဖြစ်သူကို ပြောပြပေးပါလို့…။
အားနာစိတ်နဲ့
ဘလက်ချော…။

စောဘွဲ့မှူးလို သူရဲကောင်းတွေ

တေးရေးဆရာ စောဘွဲ့မှူး အကြောင်း…နည်းနည်း စကားစပ်ကြတာပေါ့…။

ငါတို့ ဗမာပြည်…
မိဘတိုင်းကကွယ်…
ကိုဘွဲ့မှူးလို သူရဲကောင်းတွေ မွေးကြရမယ်…။

တစ်မျိုးတော့မထင်ပါနဲ့ မိတ်ဆွေ…။ သီချင်း ဖျက်ဆိုတာပါ တဲ့…။
စောဘွဲ့မှူးဆိုတဲ့ လူကြီးက အဲဒီလို လည်း သီချင်းတွေကို ဖျက်…ဖျက်ဆိုတတ်သတဲ့…။
ဟုတ်တော့လည်း ဟုတ်နေတာပဲဗျာ…။
ကိုဘွဲ့မှူးလို ဂစ်တာသူရဲကောင်းတွေ မြန်မာပြည် ဂီတလောကအတွက်
အမှန်တကယ် လိုအပ်နေတာပါပဲ…။
အဲဒီသူရဲကောင်း စောဘွဲ့မှူး အကြောင်းပြောမယ်ဆိုရင် ၂ ပိုင်းခွဲပြောရပါလိမ့်မယ်…။
တစ်ပိုင်းက အင်မတန်ထူးချွန်ထက်မြက်သော Lead ဂစ်တာသမား…။
ဒီနေ့ IC ရဲ့ ဂစ်တာသူရဲကောင်း ချစ်စမ်းမောင်…၊ အဲဒါ…စောဘွဲ့မှူး တပည့်ဗျ…။
နောက်တစ်ပိုင်းက အင်မတန် လှပချိုမြိန်သော သီချင်းလေးတွေရေးခဲ့သူ…တေးရေးသမား…။
ဒီဘက်အပိုင်းမှာလည်း စောဘွဲ့မှူးကြီးက တေးရေးသူရဲကောင်းလို့ ကို တင်စားရလောက်အောင်…
သီချင်းကောင်း မြောက်များစွာ…ကို ရေးဖွဲ့ခဲ့သူကြီးပါ…။
စောဘွဲ့မှူးကြီးကို ကျွန်တော် အရူးအမူး နှစ်ခြိုက်မိစေတာကတော့ အဲဒီ တေးရေးတဲ့ အပိုင်းမှာပါဗျာ…။
ဘယ်လောက်ကောင်းတဲ့ သီချင်းတွေမို့ မင်းက အရူးအမူး ကြိုက်ရတာလဲကွ
လို့ ကွက်ရှင် ရှု ထည့်လိုက်စမ်းပါ ကျောင်းဒကာ…။
ကျွန်တော်တင်ပြမယ့်
စောဘွဲ့မှူး ရေးသော သီချင်းတွေကို ကြည့်ပြီး
ဒီလူကြီးဟာ ကျွန်တော်ပြောသလောက် ဟုတ်ရဲ့လားဆိုတာ
စမ်းစစ်ကြည့်ပေတော့ဗျာ…။
ကိုင်ဇာ ရဲ့ အိမ်အပြန် (ကစ္စပနဒီလှိုင်းသံ စီးရီးမှ)

(ငယ်ငယ်တုန်းက သူငယ်ချင်း အရမ်းချစ်ဖို့ကောင်းတယ်
အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းလေးဆို…။
မူလတန်းက သူငယ်ချင်း သန့်သန့် ရှင်းရှင်းပဲကွယ်
အိမ်အပြန်ကျောင်းအဆင်းမှာသီချင်းလေးဆို…။
အလယ်တန်း…၊ အထက်တန်း ကျော်တက်လှမ်း…
အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းလေးဆို…။
အိုး…ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဒီအတိုင်းပဲလေ…၊
အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းလေးဆို…။
ငယ်ငယ်တုန်းက သူငယ်ချင်း တဖြေးဖြေးလှသထက်လှလာ
အိမ်အပြန်ရုံးအဆင်းမှာ သီချင်းလေးဆို…။
ခင်မင်တဲ့ သူအများနဲ့ ရဲရဲတင်းတင်း တွဲလာ…
အိမ်အပြန် ရုံးအဆင်းမှာ သီချင်းလေးဆို…။
အသွင်ဆန်း စတိုင်ဆန်း သူမလွတ်တမ်း…
အိမ်အပြန် ရုံးအဆင်းမှာ သီချင်းလေးဆို…။
အိုး…ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဒီအတိုင်းပဲလေ…၊
ငယ်ငယ်တုန်းက သူငယ်ချင်း အပြောင်းကြီး ပြောင်းလဲသွားပြီ
အိမ်အပြန် ညဉ့်နက်နက်မှာ သီချင်းလေးဆို…။
အရပ်ထဲကလူတွေနဲ့ ရောရောနှောနှောရှိလာ…၊
အိမ်အပြန် ညဉ့်နက်နက်မှာ သီချင်းလေးဆို…။
ငွေတွေနဲ့ အချိန်တွေနဲ့ သူရေတွက်…
အိမ်အပြန် ညဉ့်နက်နက်မှာ သီချင်းလေးဆို…။

လူတစ်ယောက်ရဲ့ ဘဝကို အပိုင်းသုံးပိုင်းပိုင်းပြီး ဒသနဆန်ဆန်ရေးခဲ့တဲ့ သီချင်းပါ…။
သံစဉ်ကတော့ ကော်ပီခင်ဗျ…။
သူ့ခေတ်နဲ့ သူ့အခါ ဟိုလူတွေ ကော်ပီဆို ဒီလူတွေ ကော်ပီဆို လုပ်နေကြတဲ့အချိန်မို့…
ကိုဘွဲ့မှူးလည်း ကော်ပီသီချင်းရေး ခဲ့တယ် ထင်ပါရဲ့…။
ငယ်ငယ်တုန်းက အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းဆိုတဲ့ သူငယ်ချင်း…။
ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့ အိမ်အပြန် ရုံးအဆင်းမှာ သီချင်းတွေ ဆိုတဲ့ သူငယ်ချင်း…။
အရွယ်လေး အတော်အတန်ရလာတော့ အိမ်အပြန် ညဉ့်နက်နက်မှာ သီချင်းဆိုတဲ့ သူငယ်ချင်း…။
လက်ရာမြောက်တဲ့ ဝတ္ထုတို တစ်ပုဒ်လို ခံစားလို့ရတဲ့ သီချင်းလို့ ကျွန်တော်က တင်စားချင်ပါတယ်ဗျာ…။
ကိုင်ဇာရဲ့ ရွှေရတု အချစ် (သီချင်းရှင်ကို ကြင်နာပါ စီးရီးမှ)
(အဘွားကြီးမင်းက
အဘိုးကြီးငါ့ကို
မောင်တွေဘာတွေ ခေါ်ပါဦး…)
နားထောင်ရသူတိုင်းကို ပြုံးစေခဲ့သော မေတ္တာဘွဲ့ သီချင်းတစ်ပုဒ်ပါ…။
ကိုင်ဇာ့ သီချင်းတွေထဲမှာ ထင်ရှားတဲ့ သီချင်းလည်း ဖြစ်ပါတယ်…။
ကိုင်ဇာ ရဲ့ ရှေးရှေးတုန်းက ပုံပြင်လေး (တူနှစ်ကိုယ်တိုင်းပြည် စီးရီးမှ )
(မြင်မြင်ခြင်း တို့နှစ်ယောက်ဟာ
အိန္ဒြေမရ ချစ်ကြတာ L…O…V…E လပ်ဖ်)
LOVE, KISS, GO WENT GONE
စတဲ့ အင်္ဂလိပ် စကားလုံးလေးတွေနဲ့ သီချင်းဖွဲ့ပြသွားတာပါ…။
ကိုင်ဇာ ရဲ့ ရိုးမရဲ့ ညနေ (တူနှစ်ကိုယ်တိုင်းပြည် စီးရီးစ်…။)
ရိုးမပေါ်က သစ်ခုတ်လုပ်သားတွေရဲ့ ဘဝကို စာနာစွာရေးဖွဲ့ခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ…။
ရိုးမရဲ့ ညနေခင်းလေးကိုတောင် အလှကြည့်ဖို့ မအားပါခင်ဗျာ…ဆိုတဲ့ သီချင်းဗျာ…။
ချစ်ကောင်းရဲ့ ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ် (အလှည့် စီးရီး…။ နောက် ကဗျာဘွဲ့မှူး ပြန်ဆို…။)

(မင်းရဲ့ မျက်နက်ဝန်းထဲ ငုံ့ကြည့်လိုက်စဉ်ဝယ်…
ရင်မှာမြည်တဲ့ ခေါင်းလောင်းသံလေးရယ်…
အချက်ပေးနေတာလားကွယ်…မတော်တဆပဲလားကွယ်…
ရင်ထဲက နားနဲ့ ကြားတဲ့ အဓိပ္ပာယ်ရှာဆဲပဲ…
မင်းရဲ့ နှလုံးသားလေးထဲ…အမြဲစီးဆင်းနေတယ်…
ရေတံခွန်ပေါ်မှာ အချစ်ပွင့်တွေရှိတယ်…
ဒီပန်းပွင့်လေးတွေ ခုန်ဆင်း…ရေတံခွန်လေးလည်းချို့ယွင်း…
အလှဖုရားမလေးလည်း…သနားစရာ့အလှနဲ့ အားငယ်နေဆဲပဲ…
အချစ်ကလေး ကိုယ့်ကို နားလည်ပေးပါ ကလေးရယ်…
အချစ်ကလေး ကိုယ့်ကို နားလည်ပေးပါ ကလေးရယ်…
လူတွေ လူတွေ မေးငေါ့ မျက်စောင်းထိုး ကလေးဘဝဆိုးမှာစိုး…
ကိုယ့်ကြောင့် ဖြူစင်သေးတဲ့ ကလေးကို လူအထင်သေးမစိုးတယ်…
ကြိုတင်ကာ လက်တွဲ ဖြုတ်ခဲ့ပြီကွယ်…။)

ဒါက ချစ်ကောင်းရဲ့ ပေါက်စီးရီးတစ်ခုဖြစ်တဲ့ အလှည့်ထဲက
ပေါက်သီချင်းတစ်ပုဒ်ပါ…။
စောဘွဲ့မှူးကြီးရဲ့ တေးရေးရာဇဝင်ကို ခန့်ညားစေသော သီချင်းလို့ ကျွန်တော်က တင်စားချင်တာပါ…။
လွှမ်းမိုး ရဲ့ ကိုပေါ (စီးရီး မမှတ်မိ…။ နောက် ကဗျာဘွဲ့မှူး ပြန်ဆို…။)

(တစ်ခါတုန်းက ဒို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတယ်
ကိုပေါလို့ အများခေါ်တဲ့ ပေါချာချာ လူတစ်ယောက်ရယ်…
သူအလုပ်လုပ်တဲ့အိမ်က မြို့ကျောင်းတက်သူဌေးသမီးကို…
ရင်မှာသိုသိပ် တိတ်တိတ်သာ ချစ်ရှာနေတော့တယ်…။
သူဌေးသမီးကျောင်းကိုအပြန် နွားလှည်းနဲ့ လိုက်အပို့မှာ…
ရင်ထဲက အချစ်တွေဟာ အိုးမလုံ အုံပွင့်လာ…
သူဌေးသမီးက ဆိုသတဲ့…အချစ်စစ်တော့ဖြစ်ခဲ့ရင်…
ငွေအသပြာတစ်သောင်းတိတိသာ အဖေ့ဆီ တင်တောင်းပါ…။
ဒီအချိန်မှာ ရသမျှအလုပ်ကို နေရာမရှောင်လုပ်ကာ…
အဟာရ သိဒ္ဓိပြီးသလို မစားရက်မသောက်ရက်နဲ့…
ပူပျင်းတဲ့ ကြောပြင်ဟာ အချစ်စိတ်ကြောင့်အေးမြကာ…
စိုစွတ်တဲ့ မိုးရေတွေ သူ့ကိုလေ မဟန့်တားသာ…
သူဆုထားတဲ့ ငွေလေး တစ်သောင်းမပြည့်တပြည့်မှာ…
သူရည်ရွယ်တဲ့ အမျိုးသမီးဟာ တခြားအိမ်ထောင်ပြုရှာ…
အရူးအပေါဖြစ်ပေမယ့်…အသက်စွန့်ပြီး ချစ်သွားတယ်…
ကိုပေါရဲ့ အုတ်ဂူလေး ဒို့ရွာအပြင်မှာ ရှိတယ်…
ဒီသီချင်းလေး နားထောင်ရင်း အားလုံးလည်း မှတ်ထားပါ…
လူတစ်ဖက်သားဘဝပျက်အောင် မကြည်စားချင်ပါနဲ့ကွာ…။)

အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကို နားထောင်လိုက်ရသလို ပါပဲ…။
လူတစ်ယောက် ဘဝပျက်လောက်အောင်တော့ မကြည်စားသင့်ပါဘူးဆိုတဲ့…
Massage လေးကလည်း ကျွန်တော်တို့ရင်ထဲကို အလိုလိုရောက်ရှိခဲ့…။
ကရုဏာရသ အပြည့်ရမယ့် သီချင်းလေးပေါ့…။
လေးဖြူ ပြန်ဆိုတဲ့ ဖန်ဆီဒိုင်း (နောက် ဖြူဖြူကျော်သိန်းလည်း ပြန်ဆို)
လေးဖြူပဲ ပြန်ဆိုတဲ့ ငါ့အသည်းကို မြန်မြန်ခွဲပါ (မျိုးမျိုး-GHOST RIDER လည်း ဆိုခဲ့)
အရင်က စောဘွဲ့မှူးကိုယ်တိုင်ဆိုခဲ့ပြီး နောက် စိုးလွင်လွင် ပြန်ဆို
နောက်တော့ အငဲ ပြန်ဆိုခဲ့တဲ့ ရောဂါ…။
လွှမ်းမိုးရဲ့ အရှေ့ရန်ကုန် အနောက်ရန်ကုန် (သျှီ သို့ သစ်ခုတ်သမားရဲ့ လွမ်းခြင်း စီးရီး)
လွှမ်းမိုးရဲ့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် (မိုးစက်တင်လေ စီးရီး)
မျိုးကျော့မြိုင် ရဲ့ မှားတဲ့ဘက်မှာ
ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင်
ရွှေလင်ဗန်းနဲ့ ထမင်းဆီစမ်းရယ်…
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့ လင်ဗန်းကြီးပဲ မက်မောကာ…
ငါဟာလောဘတက်လာတယ်…ဆိုတဲ့ သီချင်း…။
စိုးပိုင် ရဲ့ သီတာသီတာသီတာ(အနီးဆုံးလူ စီးရီးစ်)
သီတာနေပါဦး…သီတာနေပါဦး…သီတာနေပါဦး…ဆိုတဲ့ သီချင်း…။
ထွန်းအိန္ဒြာဗို ရဲ့ မချစ်ရင် မနေနိုင်တာကလွဲလို့…။
ပိုးဒါလီသိန်းတန် ဆိုခဲ့တဲ့ အလွမ်းဧည့်သည်…။
အာင်ရင် ပထမဆုံးစီးရီးစ် ရဲ့ တိုင်တယ်သီချင်း မိုးသိပါေစ…။ (နောက်ကိုင်ဇာပြန်ဆို…။)
သေတောင်နောင်ကျဉ်သွားမယ်…အဖြစ်ဆိုးတွေတိုးခဲ့လည်း…
ရင်ထဲ မှတ်ဉာဏ်အညှိုးတွေ မထားပါ…
မိုးကို ချစ်လိုက်တာလေ…မိမိုးကို ချစ်လိုက်တာလေ…ဆိုတဲ့သီချင်း…။

ကဲ…ဒီပို့စ်ကို ဖတ်ရှုနေသော မိတ်ဆွေ…။
အထက်မှာ ကျွန်တော်တင်ပြခဲ့တာ စောဘွဲ့မှူးကြီးရေးခဲ့တဲ့ သီချင်းတချို့တစ်ဝက်ပါ…။
ဒီလောက်နဲ့ပဲ…စောဘွဲ့မှူးဟာ သီချင်းရေးဆရာ စစ်စစ်ကြီးတစ်ယောက်ဖြစ်ကြောင်း
ပြောလို့ရနိုင်လောက်ပြီထင်ပါရဲ့…။
စောဘွဲ့မှူး သီချင်းတွေက သံစဉ် ချိုပါတယ်…။
စာသားတွေကလည်း ဒသန ယူမလား…။
အချစ် ယူမလား…။ ဟာသ ယူမလား…။
ပေါက်ကရယူမလား…။…ဇာတ်လမ်းလေးတွေယူမလား…။
ပုံပြင်လေးတွေ ယူမလား…။
စုံပါတယ်…။
အဲဒီလူကြီးက ဝ တာလည်း မပြောနဲ့…။
ဝက်ခေါင်းတစ်လုံး လုံး ကုန်အောင် တုတ်ထိုး လုပ်စားသတဲ့…။
တစ်ခါလည်း ဆိတ်ဦးနှောက် ၅ လုံးလောက် ကုန်အောင်စားပြစ်လိုက်လို့
သွေးတွေစောင့်တက်ပါသတဲ့…။
တစ်ခါတော့ ၁၉ လမ်းက ဆိုင်တစ်ဆိုင်မှာ ဝက်လက် ဝက်ခြေထောက် သွားစားတာ
ဆိုင်က မရောင်းတော့ဘူး ဆိုပြီး မောင်းထုတ်ရတဲ့ အထိ တဲ့…။
ဆရာသိမ်းတင်သားက ဆောင်းပါးတစ်ပုဒ်ထဲမှာ အဲဒီအကြောင်းတွေ ပြန်ရေးပြီး
စောဘွဲ့မှူးကြီးကို လွမ်း ပါတယ်…။
ကျွန်တော်လည်း ဖတ် ပြီး ဝင်လွမ်းမိပြန်ပေါ့…။
အော် အလွမ်းဆိုတာ ကူးစက်တတ်လေသလား…။
ဒီလောက် သံစဉ်ချိုချိုလေးတွေနဲ့ စာသားအဖွဲ့အနွဲ့ကောင်းကောင်းလေးတွေ ပေါင်းစပ်ပြီး
ရေးတတ်တဲ့ စောဘွဲ့မှူးကြီးဟာ
တစ်ခါက စီးရီးတစ်ခုထဲမှာ ဘယ်သူမှ မလုပ်ဖူးမရေးဖူးတဲ့ သီချင်းတစ်ပုဒ်ကို ရေးပါသတဲ့…။

( ဆရာဝန် ညွှန်ကြားချက်ကြောင့်မင်းလေးထံ မောင်ပြန်လာခဲ့ပြီ )

အဲဒါ သီချင်းတစ်ပုဒ်လုံးမှာ ပါတဲ့ စာသားတဲ့ ခင်ဗျ…။
စောဖြူ ဆိုခဲ့တယ် ဆိုလား…။
မယ်လိုဒီ အတက်အဆင်းတော့ ပါပါတယ် တဲ့…။
ဗရုတ်ကြီးဗျ…။
လုပ်ချင်ရင် ဘယ်သူ့မှ ဂရုမစိုက်ပဲ လုပ်မယ့်လူကြီး…။
ခင်ဗျားပြောမှ ဆက်စပ်မိတယ် ကိုကြွက်နီရေ…။
GHOST RIDER မျိုးမျိုး တစ်ယောက်လည်း ကိုဘွဲ့မှူး ပရိသတ်ပဲ ထင်ပါရဲ့…။
သူ့ စီးရီးတစ်ခုဖြစ်တဲ့ တစ္ဆေရိုင်းစီးရီး မှာ ကိုဘွဲ့မှူးရေးတဲ့ သီချင်းတစ်ပုဒ် ကို
အပီအပြင်ဆိုခဲ့ဘူးပါတယ်…။

ငါ့အသည်းကို မြန်မြန်ခွဲပါ
ခွဲခန်းကို မြန်မြန်ပို့ပါ
မေ့ဆေးမပေးနဲ့…မေ့ဆေးမပေးနဲ့ ငါ့အသည်းကို မြန်မြန် ခွဲပါ…။

အောင်မယ်…အဲဒီသီချင်း ကိုဆိုသွားတဲ့ မျိုးမျိုးရဲ့ မု(ဒ်)ကလည်း အမိုက်စားခင်ဗျ…။
မှန်တာ ဝန်ခံရရင် လေးဖြူဆိုတော့ အရမ်းမိုက်သွားတာမှန်ပေမယ့်…
ကျွန်တော်က မျိုးမျိုး ဆိုခဲ့ကတည်းက အဲဒီသီချင်းကို ညွတ်ခဲ့တာဗျ…။
မှတ်မိသေးတယ်…။
အရေးအခင်း ဖြစ်လို့ ကျောင်းပိတ်ထားချိန်မှာပေါ့…။
ရွာက အမေ့အိမ်ရှေ့ ဂစ်တာတစ်လက်နဲ့…
ကျွန်တော်က ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်မိပါတယ်…။
ငါ့အသည်းကို မြန်မြန်ခွဲပါ…
ခွဲခန်းကို မြန်မြန်ပို့ပါ…
မေ့ဆေးမပေးနဲ့…မေ့ဆေးမပေးနဲ့ ငါ့အသည်းကို မြန်မြန်ခွဲပါ…။

သီချင်းတောင်မဆုံးသေးဘူး…အိမ်ရှေ့အိမ်က ဘကြီးဦးအုန်းရွှေ ရောက်လာပြီး…
ဟေ့ကောင်လေး စကားနောက်တရားပါတဲ့ခေတ်ကြီးကွ…
ဘယ့်နှယ့်ပေါက်ကရတွေ လျှောက်အော်နေရတာလဲ
ဆိုပြီး
ဆူပြော…ပြောတဲ့အခါ သီချင်းဆုံးအောင် မဆိုရလို့ ဖီးလ်ကွေးသွားတဲ့ ကျွန်တော့်အတွက်…
အမေက…
သီချင်းဆိုတာပဲရှင် သီချင်းထဲပါတာ အော်တာပေါ့…
တကတည်း မကြားချင်နားပိတ်ထားပေါ့…

ဆိုပြီး ရန်ပြန်တွေ့ပါတယ်…။
ပြီးမှ ကျွန်တော့်ကို
မင်းကလည်း မင်းပဲ…အဲဒီသီချင်း နောက်မဆိုနဲ့…ကျက်သရေမရှိဘူး
ဆိုပြီး ကြိတ်ဆူတာ ဗျ…။
ဟားဟား…ရယ်စရာလေး ပြန်ပြောပြတာပါဗျာ…။
ကိုဘွဲ့မှူး လုပ်ခဲ့တဲ့ စာသားတစ်ကြောင်းတည်းနဲ့ သီချင်းတစ်ပုဒ်လုံးပြီးသွားတာမျိုးလည်း
မျိုးမျိုး တစ်ယောက် လုပ်ခဲ့သေးတာပေါ့ဗျာ…။
ရေးသူက GHOST RIDER မျိုးမျိုး…။
ဆိုသူကလည်း မျိုးမျိုး ပဲ ခင်ဗျ…။
၁၉၉၃ လောက်က ထွက်ခဲ့တဲ့ ဆိုး စီးရီးမှာ အသေအချာပါခဲ့တာပေါ့…။
အဲဒီတုန်းကတော့ ကျွန်တော့်မှာ အထူးအဆန်းကြီးတွေ ဖြစ်လို့…။
သိတ်…သစ်လွန်းနေတာကိုးခင်ဗျ…။

စိတ်ညစ်တယ် အရက်သွားသောက်မယ်

ဆိုတဲ့ စာသားနဲ့ ဆူညံတဲ့ ဂစ်တာသံတွေပဲ ပါခဲ့တယ်ဗျာ…။
သီချင်းအမျိုးအစားက Thrush Metal ဆိုလား…။
ဟုတ်ကဲ့…။
ကွယ်လွန်သွားပြီဖြစ်တဲ့ စောဘွဲ့မှူးကြီးကို ကျွန်တော် လွမ်းပါတယ်…။
လူအကောင်လိုက်ကြီးကို ထက်…
သံစဉ်ချိုချိုလေးတွေနဲ့ စာသား မိုက်မိုက်လေးတွေ ဖန်တည်းတတ်တဲ့
စောဘွဲ့မှူး ရဲ့ နှလုံးသားကို လွမ်းမိတာပါ…။

ဒီလူကြီးသာ ရှိနေသေးရင်…ဆိုတဲ့အတွေးနဲ့…
ဒီစာလေးရေးလို့ ဂုဏ်ပြုလိုက်ပါတယ်ဗျာ…။
ဒီပို့စ်ကို အစမှနေ အဆုံးထိတိုင် စိတ်ရှည်လက်ရှည်ဝင်ဖတ်ခဲ့သော…
ချစ်စွာသော မိတ်ဆွေ…။
ခင်ဗျားလည်း စောဘွဲ့မှူးကြီးရဲ့ ပရိသတ်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတာမျိုး…
ဖြစ်နိုင်ပါတယ်…။
တစ်ခုတော့ တောင်းဆိုခဲ့ပါရစေ…။
စောဘွဲ့မှူးကြီးရေးတဲ့ သီချင်းတွေကို သတိတရနဲ့ လွမ်းဆွတ်သတိရနေတယ်ဆိုတဲ့အကြောင်း
ကွန်းမန့်လေး ရေးပြီး ပူးပေါင်းပါဝင်ခဲ့ပါဦးလို့…။
ဟုတ်ကဲ့…လွမ်းပြီ ဆိုမှတော့ ကျွန်တော်တို့က ပို…ကို…ပိုရမှာပေါ့ဗျာ…။

ကိုင်ဇာ + ခိုင်ထူး Two Men Show

ကျွန်တော် တို့ ငယ်ငယ်က ကိုင်ဇာ ခေတ်ကို တစ်မေ့တစ်မောကြီး ဖြတ်သန်းခဲ့ရဖူးပါတယ်…။
ဆယ်ကျော်သက် နှောင်းပိုင်းကာလတွေကျတော့ ခိုင်ထူး ဘက် နည်းနည်း ယိုင်မိပြန်ရော…။
ဒါပေမယ့် ဒီ ၂ ယောက်ကတော့ လူငယ်တွေရဲ့ အသည်းနှလုံး ခင်ဗျ…။
သူတို့ ၂ ယောက်က ဘယ်လို အဆိုတော်တွေတဲ့လဲ…။
သူတို့ ၂ ယောက် နာမည်ကြီးနေတဲ့ ကြားထဲက စိုးလွင်လွင် က
ချစ်လူမိုက် စီးရီး နဲ့ ပေါက်ထွက်လာခဲ့ပါတယ်…။
အဲဒီတုန်းက စာနယ်ဇင်းတွေ ရဲ့ အရေးအသားကို
ကျွန်တော် ကောင်းကောင်းမှတ်မိနေပါသေးတယ်…။
စိုးလွင်လွင် ဆိုတာ ကိုင်ဇာ အမာစား၊ ခိုင်ထူး အပျော့စားတဲ့…။
အဲဒီလောက်ဆိုရင် ကိုင်ဇာ နဲ့ ခိုင်ထူး ရဲ့ အပျော့ အမာကို ခင်ဗျားတို့ ခန့်မှန်းမိလောက်ရောပေါ့…။
မိန်းမယူတော့ ခိုင်ထူးက အရင်ယူပါတယ်…။
ပရိသတ်က ခိုင်ထူးမှ ခိုင်ထူး ဖြစ်နေတဲ့ အချိန်မှာ ဆရာဝန်မ တစ်ယောက်နဲ့ ယူခဲ့တာဖြစ်ပေမယ့်
ပကာသနဖက်တဲ့ မင်္ဂလာဆောင်ပွဲကြီး မကျင်းပခဲ့ပါဘူး…။
မင်္ဂလာဆောင်မယ့် ပိုက်ဆံတွေကို လှူခဲ့တန်းခဲ့ ပါတယ်…။
သာဓု…၊ သာဓု…၊ သာဓု…ပါ ခိုင်ထူးရေ…။
ဘာပဲ ဖြစ်ဖြစ် ဒါဟာ သာဓု ခေါ်ကို ခေါ်ပေးရမယ့် ကိစ္စကြီးကို ဗျ…။
နောက်နည်းနည်း ကြာမှ ကိုင်ဇာက အင်းလျားလိတ်မှာ အဆိုတော်မကြီးတစ်ယောက်နဲ့
အကြီးအကျယ် မင်္ဂလာပွဲကြီးကျင်းပခဲ့ပါတယ်။
မင်္ဂလာပွဲက ဘယ်လောက်တောင် ခမ်းနားခဲ့သလဲဆို…
အဲဒီတုန်းက မင်္ဂလာဆောင်ပြီးဖြစ်နေတဲ့ ခိုင်ထူးကတော် ကတောင်…
အားကျတယ်လို့ ထုတ်ပြောရတဲ့ အထိပါပဲ…။
အင်းလျားလိတ်မှာ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မင်္ဂလာမဆောင်လိုက်ရတာကိုပဲ
နောင်တရသလိုလို ဘာလိုလိုပေါ့ဗျာ…။
ကျွန်တော်တို့ ခေတ်ရဲ့ ဂီတ သူရဲကောင်း ခိုင်ထူးနဲ့ ကိုင်ဇာတို့ဟာ
အိမ်ထောင်ရေးကံမကောင်းကြတဲ့နေရာမှာတော့ တစ်ထပ်တည်းတူခဲ့ပါတယ်…။
သူတို့အိမ်ထောင်ဖက်တွေနဲ့ အသီးသီး ကွာရှင်းပြတ်စဲခဲ့ကြပါတယ်…။
အဲဒီခေတ်က အင်တာဗျူးတစ်ခုထဲမှာ ခိုင်ထူးက ကိုင်ဇာ့ကို အားကျကြောင်းပြောခဲ့တာလေး
အခုထိမှတ်မိနေပါတယ်…။
ကိုင်ဇာရဲ့ မေတ္တာဂေဟာလိုသီချင်းမျိုးတွေ သူမဖန်တည်း နိုင်တဲ့အကြောင်းနဲ့
အဲဒီလို ဇာတ်လမ်းပါတဲ့ သီချင်းလေးတွေကို ဖန်တည်းချင်တဲ့ အကြောင်းပြောခဲ့တာပါ…။
ခိုင်ထူးရဲ့ နောက်ပိုင်း စီးရီးစ်တွေထဲမှာ
အဲဒီလို ဇာတ်လမ်းဆန်ဆန် သီချင်းလေးတွေ တော်တော်များများကိုဆိုခဲ့ပါတယ်…။
အဲဒါနဲ့ ပတ်သက်လို့ ၁၉၉၅ ခုနှစ်ထုတ် အလင်္ကာဂီတ ဂျာနယ်တစ်စောင်ထဲမှာ
အင်တာဗျူးဆရာ ကိုဦး(သင်္ချာ) ရဲ့ အမေးနဲ့ ခိုင်ထူးရဲ့ အဖြေတို့ကို အခုလို ဖတ်ခဲ့ကြရပါတယ်…။

မေး။ ။ (ကို) ခိုင်ထူး သီချင်းတချို့ဟာ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ Story ဆန်လာတယ်…။
အကြောင်းအရာပိုင်း လေးတွေ ပါလာတတ်တယ်…။ အရင်ကလို နမိတ်ပုံသီချင်းလေးတွေ
ရှားလာသလိုပဲ…။
ခိုင်ထူး။ ။ အကြိုက်သဘောပေါ့ဗျာ…။ ဟုတ်ပါတယ်…။ ကျွန်တော့်ရဲ့ နောက်ပိုင်းသီချင်းတွေမှာ
အကြောင်းအရာပိုင်းတွေ များလာပါတယ်…။ ကဗျာဆန်တဲ့ သဘောတွေကတော့ ကိုနေဝင်းတို့ဆီ
လောက်ပဲ ရှိတာကိုး…။ အခုနောက်ပိုင်းကျတော့ ဘဝတွေပါလာပြီ။ ပြောချင်တာတွေ များလာပြီ။
ကျွန်တော်ပြောချင်တဲ့ သဘောက ဒီလိုပါ…။ ဇာတ်လမ်းတွေအများကြီးရှိတယ်…။ အကြောင်းအရာ
တွေ အများကြီးရှိတယ်…။ ဒီအထဲကမှ အားလုံးနဲ့ကိုက်ညီမယ့် လိုက်လျောညီထွေရှိမယ့်
အကြောင်းအရာပိုင်းတွေကို ရွေးရပါတယ်…။ အခြေအနေအရပ်ရပ် ကြောင့် မလုပ်ဖြစ်တာလည်း
အများကြီးပေါ့ဗျာ…။ ဖြစ်နိုင်ရင်တော့ ဇာတ်လမ်းသဘောလေးတွေပဲ ဆိုချင်တဲ့ ဆန္ဒရှိနေပါတယ်…။

၂ ယောက်လုံး အောင်မြင်နေတဲ့ အချိန်မှာ…ခိုင်ထူးက ကိုင်ဇာ ရဲ့ သီချင်းပုံစံလေးတွေကို
လှမ်းအားကျနေခဲ့ဖူးတယ်ဆိုတာကို အမှတ်တရပြောချင်တာပါဗျာ…။
သူတို့ ၂ ယောက်ရဲ့ တူညီတဲ့ အချက်တစ်ခုက ကျောင်းသီချင်းလေးတွေ ထည့်ထည့်ဆိုကြတာနဲ့
တက္ကသိုလ် ကျောင်းသားကျောင်းသူတွေက လက်ခံအားပေးကြတာပါ…။
ခိုင်ထူးမှာ စစ်ကိုင်းလမ်းလို ကျောင်းအငွေ့အသက်ပါတဲ့ သီချင်းလေးတွေ ရှိခဲ့သလို…
ကိုင်ဇာမှာလည်း နေဝင်မှာစိုးတယ်၊ RASU ကမမ၊ ကျောင်းဖွင့်ရင် စတဲ့ ကျောင်းသီချင်းလေးတွေ
ရှိခဲ့ပါတယ်…။
ခိုင်ထူးကတော့ အောင်မြင်နေတဲ့အချိန်မှာ စိုးပိုင်နဲ့ ၂ယောက်တွဲလို့…
Two Men Show ကျင်းပခဲ့ဖူးပါတယ်…။
ကိုင်ဇာ ကတော့ အောင်မြင်နေတဲ့ အချိန်မှာ One Man တွေ Two Men တွေ မရှိုးခဲ့ ဖူးပါဘူး…။
အခု သူတို့ ခေတ်မဟုတ်တော့တဲ့ အချိန်မျိုးကြီးမှာ…
ခိုင်ထူး + ကိုင်ဇာ Two Men Show ကျင်းပမလို့ စီစဉ်နေကြသတဲ့…။
တကယ့်ကို လိုက်ဖက်တဲ့ တွဲဖက်မှုပါပဲ…။
အဲဒီရှိုးမှာ နိုင်မြန်မာရေးပြီး ကိုင်ဇာ ဆိုခဲ့တဲ့ နေဆီပျံမယ့်ငှက်သီချင်းကို
ခိုင်ထူးက ဆိုဗျာ…။
အဲဒီ နေဆီပျံမယ့်ငှက်သီချင်းဟာ ခိုင်ထူးအာနဲ့ ပို မိုက်သွားမယ်ဆိုတာ ခင်ဗျားတို့ စောင့်သာကြည့်…။
ကိုနေဝင်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ စစ်ကိုင်းလမ်းသီချင်းကို ကိုင်ဇာက ဆိုဗျာ…။
စစ်ကိုင်းလမ်းဟာလည်း ခိုင်ထူး နဲ့ လိုက်ဖက်သလို ကိုင်ဇာ့ အာနဲ့လည်း လိုက်ဖက်လိမ့်မယ်ဆိုတာ
ခင်ဗျားတို့ စောင့်နားထောင်ကြည့်ပါ…။
အင်း…ဒီပွဲမျိုးမှာ ကိုင်ဇာအမာစား…ခိုင်ထူးအပျော့စား လို့ဆိုကြတဲ့…
စိုးလွင်လွင် သာ ရှိနေသေးရင်…
ဧည့်သည်အဆိုတော်အနေနဲ့ ဖိတ်ပြီး…
သူကိုယ်တိုင် ရေးခဲ့တဲ့ RASU က မမ သီချင်းကို ဆိုခိုင်းမယ်ဗျာ…။
လွမ်းတတ်ရင် လွမ်းပေဦးတော့ ကျောင်းဒကာတို့ရေ…။
သူတို့ ပရိသတ်တွေကလည်း အငယ်ဆုံးက ၄ဝ ကျော်တွေ ဖြစ်နေကြပါပြီ…။
အော် ဘလက်ကြီးတောင် ၄၄ ခင်ဗျ…။
ကဲဗျာ…သူတို့ ၂ ယောက်ရဲ့ ပရိသတ်စစ်စစ် ဖြစ်ခဲ့ဖူးတဲ့ ဘလက်ကြီးကတော့
ခိုင်ထူး + ကိုင်ဇာ Two Men Show ကို
အချိန်၊ ငွေ၊ လက်မှတ် စသည်ဖြင့် အဆင်ပြေရင် ကြည့်ဖြစ်အောင်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်…။
ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ပွဲလုပ်မယ်ဆိုတာကတော့ မသေချာသေးဘူးတဲ့ ခင်ဗျ…။
စီစဉ်နေကြတုန်း ဆိုတာပဲ သိရသေးတာပါ…။
ခိုင်ထူး + ကိုင်ဇာ တို့ကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ ရှိနေသေးကြောင်း…
ပွဲစီစဉ်သူတွေ အားရှိအောင်…အသိပေးတဲ့အနေနဲ့ ဒီပို့စ်ထဲ ထည့်ရေးပေးလိုက်ရပါတယ်ဗျာ…။
သေချာတော့လည်း ထပ် သတင်းပေးပါဦးမယ်ခင်ဗျာ…။

နော်လီဇာ ပြန်လာပြီ

ဘလက်တို့ ငယ်ငယ်က
ဒိုင်း…ဒိုင်း…ကောင်းဘွိုင်လိုပဲ…သေနတ်နဲ့ပစ်မယ် ချစ်သူရေ…
ဆိုတဲ့သီချင်း နာမည်ကြီးပါတယ်…။
မာလာဆောင် မောင်မလာဘူး…ဆိုတဲ့ သီချင်းရောပေါ့…။
နှလုံးသား မက္ကဆီကို ဆိုတဲ့ စီးရီးစ် ထဲ ပါခဲ့တဲ့ သီချင်းတွေပါ…။
သူ့ခေတ်တုန်းကတော့ ဟော့ တယ်ပေါ့…။
အခုခေတ်တော့ ဖြူဖြူကျော်သိန်းတို့ အိပ်နေသလောက် ပါဗျာ…။
အဲဒီ အန်တီကြီးနော်လီဇာက
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ရှိုးပွဲကျင်းပသွားခဲ့ပါတယ်…။
စကိုင်းနက်က တိုက်ရိုက်လွှင့်ပေးလို့ ဘလက်တို့ လည်း တစ်ချက်တစ်ချက် အလှည့်ပေးကြည့်မိတယ်ပေါ့ဗျာ…။
ကြည့်မိသမျှထဲမှာတော့ ဘရိတ်ကီ ရဲ့ ဒိုင်းနမိုက် အချစ် ကို အကြိုက်ဆုံးပါ…။
ဒိုင်းနမိုက်… ရည်ဇားလေးထားတဲ့အရသာ…ဒိုင်းနမိုက်
လူပေါင်းမြောက်များစွာ ပြန်ဆိုခဲ့ကြတဲ့ သံစဉ်ဟောင်းကြီးပေမယ့်…
ဘရိတ်ကီ ရဲ့ တက်ကြွရဲတင်းတဲ့ ပါဖောမန့်စ်…
ပေါက်ကွဲမြူးကြွတဲ့ သီဆိုဟန်တို့ကြောင့်…
ဘရိတ်ကီ အတွက် အမှတ်တိုးတဲ့ သီချင်းလို့ပဲ ပြောပါရစေတော့…။
Lazy Club ရဲ့ တီးခတ်ပုံဟာလည်း ဘရိတ်ကီ နဲ့ မှ ပိုပြီး လမိုင်းကပ်ခဲ့တယ်လို့
ထင်ရပါကြောင်း…။
ဟိုချယ်နယ်…ဒီချယ်နယ်…ပြောင်းရင်း ကြည့်နေမိတာဆိုတော့…
ရှိုးပွဲကြီး တစ်ခုလုံးကိုတော့ မကြည့်လိုက်မိဘူး ဆိုတာဝန်ခံပါတယ်ဗျာ…။
နီနီခင်ဇော်လေး အရမ်းအရမ်းကို လန်း လာတာကိုလည်း တွေ့ရပါတယ်ဗျာ…။
အရင်ကနဲ့ကို မတူတော့ပဲ ဆရာဝန်ဖြစ်သွားမှ ပို Sexy ဖြစ်လာတယ်ရယ်လို့
မှတ်ချက်ပေးချင်ပါတယ်ဗျာ…။
ဆရာဝန် မဖြစ်ခင်က တင်းနစ်မယ် ဆရီနာဝီလျံ လို
တောင့်တင်းတဲ့ ခန္ဓာကိုယ် ပိုင်ရှင်ခင်ဗျ…။
အဲ…ဆရာဝန်လည်းဖြစ်သွားရော…ရှရာပိုဗာလို ဘော်ဒီမျိုးလေးနဲ့
ဝိုး…လန်းမှလန်း…။
မူရင်းနီနီခင်ဇော်နဲ့ လုံးဝကို မတူတော့ဘူးလို့ ထင်ရလောက်အောင်ကို လန်းနေပါကြောင်း…။
(အဟမ်း…အဟမ်း…အော် ဒီချောင်း)
I Just Call to Say I Love You သီချင်းကို မြန်မာစာသားပြန်ထည့်ထားတဲ့…
အားလုံးကို မင်းအတွက်ပေးမယ် ဆိုတဲ့ သီချင်းကို နီနီခင်ဇော်က ပြန်ဆိုပါတယ်…။
ဘလက်ကြီးကတော့ သီချင်းထက် လူကို ပို သဘောကျမိခဲ့ပါကြောင်း…
(သီချင်းတော့ နားမထောင်ပဲ လူ ကိုချည်း အသားလွတ်ကြည့်နေတာဖြစ်မှာပေါ့…။)
လူက သီချင်းထက် ပို Sexy ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း…
(ဟင်…ဘာမှလည်းမဆိုင်ဘူး…။)
နောက်ဆို နီနီခင်ဇော် ရဲ့ သတင်းတွေ…ဓါတ်ပုံတွေကို မျက်ခြေမပြတ်စောင့်ကြည့်တော့မည် ဖြစ်ပါကြောင်း…
(ရောဂါ…။)
ရိုးရိုးသားသား ဝန်ခံလိုက်ပါရစေ…။
နောက် အမေရိကားက လာပြီး ဆိုပေးတယ် ဆိုတဲ့ ဇယံဓ…နဲ့ စုံတွဲဆိုသွားတာလေးလည်း
ကောင်းပါတယ် ဗျာ…။
နော်လီဇာ့ သမီးလေး လည်း အတော်လန်းတာကို သတိထားမိပါကြောင်း…။
ဖြူဖြူကျော်သိန်း ကြီးလည်း လာရောက်သီဆိုသွားကြောင်း ပြန်ကြားရပါတယ်…။
ကိုယ်တိုင် မကြည့်လိုက်မိတဲ့အတွက်လည်း
ဒေါက်တာဖြူဖြူကျော်သိန်း ကြီးကို အရမ်းအရမ်း အားနာမှုတွေ
ဖြစ်ရပါတယ် ဆိုတဲ့ အကြောင်း…ဟေးဟေး…ဒီလိုပဲ ရေးရတာပဲကွယ်…။
ဖြူဖြူကျော်သိန်းက ဘလက်ကြီး အရမ်းအရမ်းကြိုက်တဲ့ ရက်ရက်စက်စက် သီချင်းကို
နော်လီဇာနဲ့ အတွဲလိုက်ဆိုသွားပါတယ်…တဲ့…။
မိုက်ကယ်ဂျက်ဆင် ရဲ့ Beat It ကိုပြန်ဆိုထားတဲ့ ချစ်ကြည့် သီချင်းကို တော့
JADE DRAGON အက အဖွဲ့နဲ့ တွဲဖက်ပြီး ဆိုသွားပါတယ်တဲ့…။

ချစ်ဖူးမှ အချစ်အကြောင်းတွေကို ပြောကြပါလား…
ချစ်ပြီးမှ အချစ်ရဲ့ ကိုယ်တွေ့စကားတွေပြောပါလား…
ချစ်ကြည့်မှ သိနိုင်မယ်…
လာလက်တွေ့ချစ်ကြည့်…ကိုယ်တိုင်ချစ်ကြည့်…

ဖြူဖြူကျော်သိန်း ပါဖောမန့်စ် နဲ့ အကအဖွဲ့တွေရဲ့ ကကွက်တွေနဲ့…
တော်တော်မိုက်မယ်ဆိုတာ ဘလက်ကြီး ခန့်မှန်းမိပါတယ်…။
ဂျေမောင်မောင် ကြီးရဲ့ ဘာဂျာ နဲ့ တွဲဖက်ပြီး ညလူပျိုသီချင်းကို ဆိုသွားတာလည်း
တွေ့လိုက်ရ…။
ကောင်းတာလေးတွေ ပြောပြီးတော့ နည်းနည်း ရုပ်ဆိုးတဲ့ ကိစ္စလေး
ပြောလိုက်ပါရစေဦး…။
မေခလာ…။ ဟုတ်ပါတယ် မြန်မာပြည်ရဲ့ ဒစ္စကိုကွင်း ရယ်လို့…
ခမ်းနားကြီးကျယ်ခဲ့တဲ့ နော်လီဇာ ရဲ့ ရှိုးပွဲကို မေခလာကြီးလည်း တက်ရောက်
ဂုဏ်ပြုသီဆိုတယ်ပေါ့ဗျာ…။
အခုတလောမေခလာကို ကျွန်တော် သတိထားမိတာက
အသက်ကြီးလာတာနဲ့အမျှ တည်တည်တံ့တံ့ခန့်ခန့်ထည်ထည် ဖြစ်စေမယ့်
စကားမျိုးတွေ မပြောပဲ ဗရုတ်သိတ်ကျလွန်းလာတယ်လို့ ခံစားရပါတယ်…။
(ဒါ…ဘလက်ချောရဲ့ တစ်ဦးတည်း အမြင်ဖြစ်လို့ လွဲချင်လည်း လွဲနိုင်ပါတယ်ဗျာ…။)
နော်လီဇာ ဆိုတဲ့ နာမည်တစ်လုံးတည်းနဲ့ ကျင်းပတဲ့
ရှိုးပွဲကြီးမှာ နော်လီဇာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် စကားလုံးတွေ မသုံးမိဖို့
အရေးကြီးပါတယ်…။
ဟုတ်ကဲ့…။ မေခလာပြောသွားတာက
ဘော်လီမပါတဲ့ နော်လီဇာ
ပါတဲ့…။ သူတို့ငယ်ငယ်က အဲဒီ ဘော်လီမပါတဲ့ နော်လီဇာ ဆိုပြီး
နာမည်ကြီးခဲ့ပါတယ်တဲ့…။
တခြားလူတွေတော့ မသိပါဘူး…။
ဘလက်ကြီးကတော့ မေခလာ့ ပြောစကားအတွက် နော်လီဇာကြီးကို
အားတောင့် အားနာ ဖြစ်နေမိပါတယ်…။
ပြောစရာလားကွယ်…။
ဟုတ်တယ်…ဟုတ်ခဲ့တယ် ဆိုရင်တောင်မှ ဒီလိုစကားလုံးကြီးကို
ဒီလိုပွဲကြီးမျိုးမှာ ပြောသင့်ပါရဲ့လား…။
အဲဒီစကားကို ပြောလိုက်တဲ့အချိန်မှာ နော်လီဇာကိုယ်တိုင်
စိတ်မကောင်းဖြစ်သွားနိုင်တယ် လို့ ဘလက်ကြီးက ကိုယ်ချင်းစာလိုက်နိုင်ပါတယ်…။
မည်သို့ပင်ဆိုစေကာမူ…။
နော်လီဇာ တစ်ယောက် သီချင်းတွေကို နောက်နှစ်ပေါင်းများစွာ…
ဆက်လက်သီဆိုနိုင်ပါစေကြောင်း
…ဆုတောင်းပေးလိုက်ရပါသည် ခင်ဗျား…။

Sexy ဖြစ်သော ဘလက်ချော တင်ပါးကြီးများ

ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ အလယ်ခေါင် စာမျက်နှာတွေကိုမှ
စုဆောင်းတတ်သူကြီးတစ်ယောက်ဖြစ်တဲ့ ကိုကိုအင်ဇာဂီလေးဖတ်ဖို့
တင်ပါးဆိုင်ရာသတင်းလေးတစ်ပုဒ်ကလည်း
ဘလက်ကြီးတို့ရဲ့ နားစွန်နားဖျားရပ်ကွက်ထဲ ရောက်ချလာပါတယ်ခင်ဗျာ…။
၂၀၁၂ ခု မတ်လအတွင်းက တဲ့…။
အမေရိကားမှာတဲ့…။
ပလေးဘွိုင်း အင်တာပရိုက်စ်ကတဲ့…။
ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်တဲ့…။
ဖြစ်ချင်တော့ အဆန်းထွင်ချင်တဲ့ ပလေးဘွိုင်းလူကြီးမင်းတွေက…
ဗိုလ်လုပွဲမှာ ပလေးဘွိုင်းမော်ဒယ်မလေး အဲလိဇလက် ဒစ်ဆင် ကို
ဂေါက်ကွင်းရဲ့ မျက်နုနုလေးတွေပေါ်မှာ…
မှောက်ရက်ကြီးအိပ်စေခဲ့သတဲ့…။
ပြီးမှ သူမရဲ့ မို့မောက်တင်းရင်းတဲ့ တင်ပါး ၂ ခု ကြားမှာ ဂေါက်သီးကို တင် သတဲ့…။
ဟေးဟေး…။ တော်တော် ဗရုတ်ကျတဲ့ လူကြီးမင်းတွေ ခင်ဗျ…။
ဒါ လူမြင်ကွင်းက ကိစ္စတွေနော်…ကျောင်းဒကာ…။
လူမမြင်ကွယ်ရာက ကိစ္စတွေ ဆို ဘယ်လိုများနေမလဲလို့…
အလုပ်ရှုပ်ခံပြီးစဉ်းစားမနေပါနဲ့ဗျာ…။ ဖတ်စရာရှိတာ ဆက်ဖတ်ပါ…။
သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့…။
အဲဒီလို တင်ပါးပေါ် ဂေါက်သီးတင်ပြီးသကာလ…
ကယ်ဗင်ကလိန်း ဆိုသူကြီးက ဂေါက်ရိုက်တံကြီးနဲ့
တအားလွှဲလို့ ရိုက်ထည့်လိုက်ပါတယ်တဲ့…။
အင်း…အဖြစ်ရှိအောင်လည်း ရိုက်တတ်ပုံမပေါ်ပါဘူးဗျာ…။
မှောက်ရက်အိပ်ပေးနေတဲ့ မော်ဒယ်မလေးရဲ့ တင်ပါးတစ်ခြမ်းက
အသားစတချို့ဟာလည်း…ဂေါက်သီးနဲ့အတူ လေထဲပါသွားခဲ့ရပါသတဲ့…။
ဇာတ်ပေါင်းရရင် တင်ပါးကို ဂေါက်ရိုက်တံနဲ့ အရိုက်ခံရတဲ့ မော်ဒယ်မလေးက…
ဒေါ်လာ ၅ သိန်း ရလိုကြောင်း ရှေ့နေတွေကနေတစ်ဆင့်
တောင်းဆိုခဲ့ပါတယ်တဲ့…။
ဟေးဟေး…ပလေးဘွိုင်းမဂ္ဂဇင်းက ကိုကိုတို့ရေ…။
နောက်တစ်ခါများ ဂေါက်သီးရိုက်ပြိုင်ပွဲလုပ်ဖြစ်ခဲ့ရင်…
မော်ဒယ်မလေးတွေ တင်ပါးက ဒေါ်လာ ၅ သိန်းဆိုတော့ ဈေးသိတ်ကြီးလွန်းပါတယ် ဗျာ…။
ဘလက်ချောဆိုသူကြီးက သူ့တင်ပါး မည်းမည်းကြီးတွေပေါ်မှာ ဂေါက်သီးတင်ပြီး ရိုက်လှည့်စမ်းပါ တဲ့…။
မတော်တဆ အက်ဆီးဒင့် ဖြစ်ခဲ့ရင်လည်း ဒေါ်လာ ၅ ရာလောက်နဲ့ ကျေနပ်ပါ့မယ်…တဲ့…။
ဘလက်ကြီးတင်ပါးက ဆက်စီ မဖြစ်ပေမယ့်
ပေးရမယ့် ဈေးနှုန်းကတော့ ဆက်စီဖြစ်ပါတယ်ကွယ်…။
ဟေးဟေး…။

နာမည်သုံးလုံး နဲ့ သောက်သောက်စားစား မင်းသားလေး

နာမည်သုံးလုံး မင်းသားနဲ့ ချစ်သူဖြစ်နေတယ် ဆိုတာ မဟုတ်ပါကြောင်း…
ဝါဆိုမိုးဦး ဘက်မှ ငြင်း ဆိုပဲ…။
အင်း…ဘလက်ချောလည်း နာမည် သုံးလုံးနဲ့ပဲလေ…။
မင်းသားမှ သောက်သောက်စားစား လူ့မင်းသားလေးပါ ခင်ဗျား….ခင်ဗျ…။
ဟေးဟေး…ဇာတ်မင်းသား လေသံကြီးနဲ့ဗျ…။
ဟိုတလောက ဘလက်ချောရေးလိုက်တဲ့ တောင်တန်းနှင့်တူသော ဝါဆိုမိုးဦးတင်ပါးကြီးများ
ဆိုတာကို ဖတ်ပြီး ပရိသတ်က
ဘလက်ချောနဲ့ ဝါဆိုမိုးဦးနဲ့
ဝါဆိုမိုးဦး နဲ့ ဘလက်ချောနဲ့
ချစ်သူဖြစ်နေကြတယ်လို့ ထင်ကြတာ နေမှာပါ…။
မနေ့တစ်နေ့ကတောင် သမီးလေး ခရစ္စ က အပြင်မှာ ဝါဆိုမိုးဦးကိုတွေ့တော့
ဦးဘလက်ကို လှမ်းသတိရတယ်ရယ်လို့ FB မှာ ရေးခဲ့သေးသဗျ…။
ဟေးဟေး…။
အဲဒီလိုကြီးကို အောင်မြင်နေတာ ခင်ဗျာ…ခင်ဗျ…။
အတွေးနဲ့ စိတ်ကူးယဉ်ကောင်းနေတုန်းမှာ…
နိုဇိုးမိ ဆိုတဲ့လူကြီးပေါ့…။

ဟေ့လူ ကိုချော…။
ခင်ဗျားကတော့လေ…။
မတန်မရာတွေ ဗျာ…။ ဟိုက ဆယ်ကျော်သက်မ နုနု လှလှ လေး…။
ခင်ဗျားကြီးက ၄ဝ ကျော် ၅ဝ နီးနေပြီ…။
ဆံပင်တွေလည်းဖြူနေပြီ…။
ပြီးတော့ အသားမည်းမည်း ရုပ်ဆိုးဆိုးကြီး…။
ဘယ်သူကမှလည်း ခင်ဗျားနဲ့ မထင်ဘူး…။ စိတ်ကူးယဉ်မနေနဲ့…။
ဆိုပြီး အသားလွတ်ကြီး ဝင်ဟောက်သွားပါရောလားဗျာ…။

အေးလေ…အောင်မြင်တော့လည်း ဒင်းက မနာလိုဖြစ်တာ နေမှာပေါ့…။
ဟေးဟေး…အဲဒီနိုဇိုးမိကြီးဟောက်သွားလို့ စိတ်ကောက်ပြီး…
ဝါဆိုမိုးဦးအကြောင်း ဆက် မရေးတော့ဘူး…ဒါဗျဲ…။

မိုးမိုး ခြံထဲမှာ နှင်းဆီတွေ မပွင့်တော့ဘူး…ကိုကို…။

မှတ်မိနေတယ်…။ ကောင်းကောင်းကြီး မှတ်မိနေပါတယ်…။
မျက်စိထဲက ထွက်ကို မထွက်ဘူး ဆိုတဲ့ ဂျေညီညီ့ သီချင်း ပြန်အော်ရလောက်အောင်ကို
ကျွန်တော် မှတ်မိနေပါတယ်…။
နှင်းဆီ ရင်ခွင် အငြိမ့်ထဲမှာ လူရွှင်တော် လုပ်သွားတဲ့ အဆိုတော် မိုးမိုး ကို ပြောတာပါ…။
မိခင်နှင့် ကလေး စောင့်ရှောက်ရေးဝတ်စုံကို ဝတ်လို့…။
ပီဘိ မိန်းမကြီးတစ်ယောက်လို သရုပ်ဆောင်ပြသွားတာများ မျက်စိထဲက ထွက်ကို မထွက်ဘူး…။
အဲဒီ ပျက်လုံးခွင်မှာ ထွန်းထွန်း နဲ့ ရဲလေးက လင်မယား…၊ နေတိုးက အိမ်ဖေါ်…၊
မိုးမိုး က မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက မိန်းမကြီးပေါ့…။
လက်ရှိလူရွှင်တော်တွေရဲ့ ပျက်လုံးတွေနဲ့ မတူခြားနားလေသောအခါ…
ပရိသတ် အကြိုက်တွေ့ကြပြီပေါ့ခင်ဗျာ…။
နှင်းဆီ ကို ပင်တိုင်ထားလို့ အမည်အမျိုးမျိုးနဲ့ ကခဲ့ရတဲ့ အငြိမ့်ခွင်တွေ နည်းမှတ်လို့…။
နိုင်ငံခြားတွေလည်း အကြိမ်ကြိမ်သွား ခဲ့ က ခဲ့ကြရတဲ့ နှင်းဆီ အဖွဲ့ပေါ့…။
အခုလတ်တလောတောင် အမေရိကားမှာ ရောက်နေဆိုလား…။
နေတိုး၊ ထွန်းထွန်း၊ ရဲလေး၊ မိုးမိုး၊ ကျော်ကျော်ဗို တို့ အများအားဖြင့် ပါဝင်ခဲ့ကြ…။
အဲဒီကနေ ရဲလေးက အိမ်ထောင်ကျသွားတော့ မကတော့ဘူးဆိုပြီး နှုတ်ထွက်သွား…။
ပြသနာ တစ်စုံတစ်ရာရှိခဲ့ဟန်မတူ…။
သို့သော် ပြီးခဲ့တဲ့ မန္တလေးမှာကခဲ့တဲ့ ရတနာပုံနှင်းဆီ အငြိမ့်မှာကျတော့
မိုးမိုး ပါမလာခဲ့ပါဘူး…။
မိုးမိုး ကို မှတ်မှတ်ရရ နှစ်နှစ်ခြိုက်ခြိုက် ရှိသူတွေက မိုးမိုးပါမလာလို့
ဟိုမေး သည်မေးပေါ့…။
အဖြေက တိတိကျကျ မရ…။
အဲဒါနဲ့ မိုးမိုး ကို မေးတဲ့အခါ သူ့ဘက်ကတော့ ဘာမှ မရှိပါဘူး…။
ဒါရိုက်တာ မောင်မျိုးမင်းကိုပဲ မေးပါ ရယ်လို့
ဖြေခဲ့ပါသတဲ့ ကျောင်းဒကာတို့ရေ…။
အဲဒါနဲ့ မောင်မျိုးမင်း ကို အင်တာဗျူးကြည့်လိုက်တဲ့အခါ…။

သူ့ကို ခေါ်ဖို့ ဖီလင်မလာလို့ပါ…။
အငြိမ့်တစ်ခု ကတယ်ဆိုတာ တစ်ယောက်တည်းကလို့လည်း မရပါဘူး…။
အားလုံးညီညွတ်မှရတာပါ…။
ကျွန်တော်တို့ လက်ရှိကနေတဲ့လူတွေအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ အလုပ်လုပ်ရပါတယ်…။
ကျွန်တော် မကြိုက်လို့ဆိုပြီး ဖြုတ်လို့မရပါဘူး…။
အားလုံး စိတ်တူ သဘောတူ၊
ဟုတ်တယ် မပါသင့်ဘူး လို့ ဆုံးဖြတ်ကြတာကြောင့်ပါ…။

(သတင်း-နံနက်ခင်းဂျာနယ်)
မောင်မျိုးမင်းရဲ့ တင်းမာပြတ်သားတဲ့ အဖြေကြောင့်…
ဘလက်ကြီး စိတ်မကောင်းဖြစ်ရပါတယ်…။
မောင်မျိုးမင်းက မိုးမိုးကို ခေါ်ဖို့ ဖီလင် မလာဘူးတဲ့လား…။
နှင်းဆီ အဖွဲ့မှာ မိုးမိုး မပါလို့ ဆိုတာထက်…
ဘာလို့ မပါတာလဲ ဆိုတဲ့အကြောင်း မောင်မျိုးမင်းက ရှင်းပြသွားတာကို…
ဖတ်ရတာက ပို ကြေကွဲစရာကောင်းနေပါရောလား မိတ်ဆွေတို့ရေ…။
ဒီလောက် စိတ်တူ ကိုယ်တူ ပျော်ပျော်ရွှင်ရွှင်လက်တွဲလာခဲ့ကြပြီးကာမှ ဆိုတဲ့အတွေးနဲ့
မဆီမဆိုင် ကြားက ဝင်ပြီး မချင့်မရဲ ဖြစ်ရပါတယ်ဗျာ…။
အောင်မြင်ပြီဆိုတာနဲ့ ကွဲကြပြဲကြ ဖြစ်ကြတာ ဖေါ်မြူလာတစ်ခုပေပဲလားဗျာ…။
နှင်းဆီအဖွဲ့နဲ့ မိုးမိုး၊ မိုးမိုး နဲ့ မောင်မျိုးမင်း…။
အဆင်ပြေချောမွေ့ကြပါစေ
လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ…။

သတင်းအတိုအထွာလေးများ…။

မကြီးစိုး (စိုးမြတ်သူဇာ) တစ်ယောက်
အမေရိကားကို တစ်ပတ်ကြာသွားရောက် ပါမယ်တဲ့…။
ဧပြီ ၅ ရက်နေ့သွားပြီး ဧပြီ ၁၁ ရက်နေ့ ပြန်ရောက်ပါမယ်တဲ့…။
သင်္ကြန်မှာတော့ ပြင်ဦးလွင်မှာ နားပါမယ် တဲ့…။

ကိုညီထွဋ် (ဇော်ဝင်းထွဋ်) တစ်ယောက်
ဒီနှစ် သင်္ကြန်ကို ရှစ်မိုင်လမ်းဆုံက မြိုင်ဟေဝန်းပန်းခြံထဲမှာ…
သင်္ကြန်ဂီတပွဲတော်ကျင်းပမလို့တဲ့…။
ဇော်ဝင်းထွဋ် ရဲ့ အပြောက ဒီလိုပါဗျာ…။
ပန်းခြံထဲမှာ စင်ထိုးမယ်၊ ဆိုမယ်၊ တီးမယ်၊ မိသားစုတွေလာပြီး ရေကစားလို့ရမယ်၊
ပန်းခြံထဲမှာ ဖြစ်တဲ့အတွက် လုံခြုံရေးကောင်းတယ်၊ ရန်ဖြစ်တာမျိုးမဖြစ်ဘူး၊
ဖျာလေးခင်းပြီး နားနားနေနေ သီချင်းနားထောင်လို့လည်းရပါတယ်။
စားသောက်ဆိုင်တွေလည်း ရှိမယ်။
ဒံပေါက်ဆိုင်၊ အအေးဆိုင်၊ အကင်ဆိုင် စသည်ဖြင့်ပေါ့။
အိမ်သာ၊ ရေချိုးခန်းပါရှိတဲ့အတွက် ရေမိုးချိုး၊ အဝတ်အစားလဲ၊
အပြင်ထွက်စရာမလိုတော့ဘူးပေါ့၊
ရေနားချိန်မှာ အိမ်ပြန်စရာ မလိုတော့ဘူးပေါ့။

ကဲ…မြိုင်ဟေဝန်ပန်းခြံထဲမှာ ဇော်ဝင်းထွဋ် နဲ့ အင်ပါယာ ရှိနေပါမယ်တဲ့…။

နံနက်ခင်းဂျာနယ်က ဒါရိုက်တာဝိုင်းနဲ့ အင်တာဗျူးလုပ်ထားတာလေး
နည်းနည်း တင်ပြချင်ပါတယ်…။

မေး။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ဘယ်သူဖြစ်မယ်လို့ ယုံကြည်ပါသလဲ။
ဖြေ။ ။ ကိုဝိုင်းမှ မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးက မျှောမှန်းတာက ဒေါ်အောင်ဆန်းစုကြည်ပဲ။
မေး။ ။ အကယ်၍ ကိုယ်မျှော်မှန်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့ဘူးဆိုရင်
နိုင်ငံရေးနောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်မဖြစ်ခဲ့ဘူးဆိုရင်လည်း သူဦးဆောင်တဲ့ လုပ်ငန်းစဉ်အောက်မှာပဲ
ကိုယ်တို့ အမြဲတမ်းရှိနေမယ်။ ကိုယ်တို့ရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပဲ။

ဒါရိုက်တာ ဝိုင်းကတော့ သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ်
ကိုယ်တို့ရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပဲရယ်လို့
ပွင့်လင်းမြင်သာ ပြောထည့်လိုက်ပါပြီခင်ဗျာ…။
နောက် ဘယ်သူတွေ ပွင့်လင်းမြင်သာ ကြဦးမလဲ စောင့်ကြည့်ကြသေးတာပေါ့…။

ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။

62 comments

  • ရဲရဲတောက် ကေဇီ

    April 1, 2014 at 12:07 pm

    I will be back..!
    So many things to say.

    😀

    • black chaw

      April 1, 2014 at 12:18 pm

      @ ရဲရဲတောက် ကေဇီ ;
      ပြန်လာခဲ့ပါ သူငယ်ချင်း…။
      😀

      • ရဲရဲတောက် ကေဇီ

        April 1, 2014 at 12:44 pm

        ပြန်လာပြီ။
        လာသာလာရ ခပ်လန့်လန့်ရယ်။
        ကျုပ် က ရင်းရင်းနှီးနှီး ပြောလိုက်မိရင် ဟိုထင်ဒီထင် ထင်ကြလွန်းလို့။
        တတ်နိုင်ဘူးးး
        ပျိုပျို အိုအို ကျားကျား မမ ချစ်ခင်ရင် ခင်သလို ဒီလိုပဲ ပြောတတ်တယ်။
        :s:

        – ကိုစောဝေကို အားနာတယ်

        ပြောစရာမရှိ၊ ကဗျာက နည်းနည်းဝေးလို့။
        ~~~~~~~~~~~~~~~~~~~
        – စောဘွဲ့မှူးလို သူရဲကောင်းတွေ

        တေးရေး တေးဆို ဘယ်သူဘယ်ဝါတွေရယ်လို့ မကြည့်တတ်ခင်က ကြိုက်ခဲ့တဲ့ သီချင်းတွေထဲ စောဘွဲ့ သီချင်းတွေ အများကြီးပဲ။
        သူ့ သီချင်းစာသားတွေက နားလည်လွယ်၊ နားဝင်လွယ်တာကိုးးးး
        မိန်းမတန်မဲ့ ကိုပေါ သီချင်းကို ခုထိ ကာရာအိုကေသွားရင် ဆိုတုန်းပဲ။ နောက်ပြီး မှားတဲ့ဘက်မှာ ရယ်၊ မိမိုး ရယ် ရောပဲ။
        အမှတ်မမှားရင် မီးငယ် သီချင်းကလည်း သူရေးတာပဲလားမသိဘူးးး
        “အရင်က ချစ်သူ တကယ်လို့ မုန်းသွားရင် ကိုယ့်ကိုချစ်စေချင်ပါတယ်” ဆိုတဲ့ သီချင်းဟာလေ။
        ခု ခေတ် သီချင်းတွေ နားထဲမတိုးတော့တဲ့ ကျုပ် အတွက် အလွမ်းပြေ ပြန်နားထောင်ဖို့ သတိရသွားပါပြီ ဆိုတဲ့ အကြောင်းးးးး
        ~~~~~~~~~~~~~~~~“

        – ကိုင်ဇာ+ခိုင်ထူး Two Men Show

        အဒေါ်တွေ ဦးလေးတွေရဲ့ အသဲစွဲတွေမို့ မကြိုက်သော်လည်း နားစွန်နားဖျား (စီဒီတူ ကိုဘလက်) ကြားရတဲ့ ဆိုခဲ့ရတဲ့ သူ ၂ ယောက်ပါ။
        ~~~~~~~~~~~~~“
        – နော်လီဇာ ပြန်လာပြီ

        ဒါကတော့ ကျုပ် ဖေနဲ့မေတို့ရဲ့ အသည်းစွဲ ဒိုင်းနမိုက်လေဒီကြီး နော်လီဇာပေါ့။ သူ့ ရှိုးခွေ ကိုဒီ ည ကြည့်လိုက်ပါ့မယ်။
        မမော် နောက်ပိုင်းမှာ အကြိုက်တွေ့တဲ့ထဲ အဖြူက တစ်မျိုး အနီက တစ်မျိုး ၂ ယောက်လုံးကို ကြိုက်ပါတယ်။
        ~~~~~~~~~~~~~~~~~~~~

        – Sexy ဖြစ်သော ဘလက်ချောတင်ပါးကြီးများ

        ဒါကတော့ ဝင် မဆွေးနွေးတော့ဘူးးးး ခွိ။
        ~~~~~~~~~~~~~~~~~~~~~~~~~~

        – နာမည်သုံးလုံးနဲ့ သောက်သောက်စားစား မင်းသားလေး

        ဒါ ဘယ်သူတုန်းတော့၊ မသိဘူးးးးးးးး၊
        ဒါမဲ့ ဝါဆိုမိုးဥ က ဘယ်နားလှလို့ ဘာကို ကြိုက်မှန်းတော့ နားမလည်ဘူးတော့။
        အိချောပို ရဲ့ ကိုယ်လုံးလေးတော့ ခံစားလို့ရသားးးး :mrgreenn:
        ကျုပ် ဘာသာ နဲ့ ပြောရရင် ဝါဆိုမိုးဥ က ဘာစော်မှ မနံပါဘူးဗျာ။ :mrgreenn:
        ~~~~~~~~~~~~~~~~~~~~~`
        – မိုးမိုး ခြံထဲမှာ နှင်းဆီပန်းတွေ မပွင့်တော့ဘူး…ကိုကို…။

        ဪ။ မောင်လေးရယ်။ :mrgreenn:
        မပြောတော့ဘူးးး သူ့ အကြောင်းပြောရင် နိုင်ငံရေးတွေ ပါလာတော့မယ်။ :mrgreenn:

        • ROssI

          April 1, 2014 at 1:05 pm

          အင်းလေ ခီညား က ဝါဆိုမိုးအူး ဘယ်ခံစားတတ်မတုံး
          အသက်က ထက်ထက်မိုးအူးတို့ ဂျန်နရေးရှင်းလောက်ကိုး။

          တကယ်တော့ ဝါဆိုမိုးအူးဆိုတာ တားတားတို့အရွယ်ဝတ်။

  • black chaw

    April 1, 2014 at 12:55 pm

    @ ရဲရဲတောက် ကေဇီ ;
    ဒီလောက် အချိန်အတွင်းမှာ ဒီလိုကွန်းမန့်မျိုးရေးနိုင်တာဟာ
    အာရုံစူးစိုက်မှု အပြည့်ရှိနေလို့ ပါ ခင်ဗျာ…။
    ကျေးဇူးအထူး…အထူးပါ ဒေါ်ခိုင်ဇာ ခင်ဗျား…။
    😀

  • ROssI

    April 1, 2014 at 12:56 pm

    သေတောင် နောင်ကျဉ်သွားမယ့် အဖြစ်ဆိုးတွေတိုးခဲ့လည်း
    ရင်ထဲ မှတ်ရန်ညှိုုးတွေ မထားပါ

    ဟီးး။မထားပါဘူးဗျာ
    ပြန်လာပါအုံးမယ်

  • black chaw

    April 1, 2014 at 1:05 pm

    @ ROssI ;
    မျှော်…နေမယ်…ဗျာ…။
    😀

  • kai

    April 1, 2014 at 1:54 pm

    ပုံလေးပဲပြတော့မယ်..

    • black chaw

      April 1, 2014 at 1:59 pm

      ကွက်ကွက် ကွင်းကွင်း ဖြစ်သွားတာပေါ့ သူကြီးရယ်…။
      😀

      • kai

        April 1, 2014 at 3:33 pm

        တကယ်ကို ကွက်ကွက်ကွင်းကွင်း.. အညိုကွက်ကြီးထသွားသဗျ… ကျောင်းတကာ…
        အသံသွင်းထားတဲ့မှတ်တမ်းလည်းထွက်လာတာမို့.. မိုဒယ်မမလေးကိုယ်တိုင်ကိုက.. လိုလိုလားလား… အတင်းကို.. အရိုက်ခံတဲ့သဘောရှိပါတယ်..။
        ရိုက်တဲ့သူက.. စိတ်လှုပ်ရှားပြီး..အလုံးကြီးနဲ့.. အလုံးသေး..မှားရိုက်မိပုံရပါသတဲ့.. (ပုံရှု ့) :mrgreen:

        ဆိုတော့… မူရင်းလမ်းကြောင်း(ပို့စ်)ကနေ..မလွဲအောင်ရေးရရင်..
        ခိုင်ထူးကိုတော့.. သူ.. ယူအက်စ်ရောက်တုံး… သူကစင်ပေါ်မှာဆို.. ကျုပ်ကစင်အောက်ကနေ.. သံယောင်သီချင်းလိုက်ဆိုတာ.. အသံဝင်ပြီး အိ်မ်ပြန်ရတယ်ကျောင်းတကာ..
        သူ့သီချင်းတွေနဲ့ကြီးခဲ့ရသူပါလေ…။

        နှင်းဆီအငြိမ့်က.. ယူအက်စ်ရောက်နေပါတယ်..။ ဧပြီလပထမပါတ်လောက် မြန်မာပြည်ပြန်ပါမယ်တဲ့..။

        သူတို့ပထမဆုံးဝင်လာဖျော်ဖြေတဲ့ ဆန်ဖရန်ပွဲလည်း သွားကြည့်ခဲ့ပါတယ်ကျောင်းတကာ..
        ဖြစ်ပုံက…
        နှင်းဆီကို..အရင်၂ခေါက်ခေါ်ကြတာမှာ ဆြာမောင်မျိုးမင်းမပါပဲ… ခေါင်းဆောင်မင်းသားအဖြစ်.. တင်မောင်ဆန်းမင်းဝင်းပါခဲ့တာပေါ့ကျောင်းတကာ..
        သူတို့ဒုတိယအခေါက်မှာတော့.. မောင်မျိုးမင်းကိုယ်စား.. မိုးမိုးက.. ပြက်ကွက်တွေတချို့..ရေးတယ်ဖန်တီးတယ်..လုပ်ပုံရပါတယ်…။
        အဲဒါနဲ့…
        အဲဒါနဲ့..
        ဒီတခေါက်… မိုးမိုးမပါလာပါဘူးရယ်လို့.. ပြောလိုက်ရပါတယ်… ကျောင်းတကာ…

        ပြောရရင်..ဒီတခေါက် နှင်းဆီ လူရွှင်တော်ပြက်ကွက်တွေက.. အောက်ပိုင်းအရမ်းပါသမို့.. အမေရိကားကမြန်မာများ.. အံ့ဩသွားကြတယ်ဆိုတဲ့အကြောင်း…. ဖောက်သည်ချလိုက်ရပါတယ်ကျောင်းတကာ…။

        မေလမှာ.. ဖြူဖြူကျော်သိန်းတို့.. ယူအက်စ်လာမယ်ကျောင်းတကာ…
        ဂျေမောင်မောင်နဲ့ ထွန်းအိဒြာဗိုလ်လည်း ပါတဲ့အကြောင်း.. :mrgreen:

        • black chaw

          April 1, 2014 at 3:48 pm

          @ kai ;
          အမှန်တော့ အဲဒီ တင်ပါးပေါ်ဂေါက်သီးတင်ရိုက်တဲ့ အပိုဒ်ကို
          ဖြုတ်ချဦးမလို့ဗျ…။
          မဒမ်ဘလက်ကလည်း ရှင့်ပို့စ်တွေက တင်ပါးတွေ ရင်သားတွေ
          သိတ်များနေပြီ ဆိုပြီး ကွန်ပလိန့်တက်တယ်လေ။
          သို့သော်လည်း ကိုယ့်ရိုးသားမှုကိုယ်ယုံတယ်ဆိုပြီး
          ထည့်လိုက်တာပါ…။
          အပျော်ပါ သူကြီးရေ…။
          အဲဒီနှင်းဆီအငြိမ့်ထဲမှာတော့…
          မိုးမိုး…က လူရွှင်တော် နဲ့ အတူဆုံးခင်ဗျ…။
          ကွန်းမန့်အရှည်ကြီးရေးပေးသွားတာ ကျေးဇူးပါဗျို့…။
          😀

  • ဦးကျောက်ခဲ

    April 1, 2014 at 2:55 pm

    မမန့်ဝံ့ဝံ့… မန့်ဝံ့ဝံ့ ပါကျောင်းဒကာ…

    ကိုစောဝေကို သူ့ဆိုင်မှာစားနေကျမို့ အဲသည့်နေ့က ကျောက်စ် ဧည့်ခံလိုက်ပါတယ်…
    ဒါပေသည့် နန်းတော်ရာသူရဲ့ ဦးလေးဆိုတော့ အံ့ဩသွားတယ်…
    ပြီးမှ… ဒါကြောင့်ကိုးလို့… ။ ဗရာဗိုပါ နန်းတော်ရာသူရေ…

    သီချင်းတောင် ကီးဖြောင့်အောင်မဆိုတတ်သူမို့ ဦးဘွဲ့မှူးကို ဝေဖန်ဖို့ မရဲပါဘူး…
    ဒါပေမယ့် သူ့အတ္တုပတ္တိကိုတော့ အတော်ကို စိတ်ဝင်စားတယ်…
    လေယာဉ်စီးဖို့ ဘယ်လိုမှစည်းရုံးလို့မရဘူးလို့သိထားတဲ့ ဦးဘွဲ့မှူးဟာ!!!!!!!!!

    ကိုင်ဇာ+ခိုင်ထူး ကတော့ သူတို့သီချင်းနဲ့ လူဖြစ်လာခဲ့တာမို့ အချိန်တိုင်း ခရေဇီပါ…
    မှန်ရာပြောရရင် အကြိုက်ဆုံးသီချင်းလို့ ရွေးမရလောက်အောင်ပါပဲ…
    အဲ အဲ… ရွေးကောက်ပွဲမတိုင်ခင် “မင်း… ၁၈နှစ်ပြည့်ပြီလား” ကြီးမပါ…

    ကျန်တာကတော့ သိပ်လည်းမသိလို့ ခွင့်လွှတ်ပါ ကျောင်းဒကာ…
    😀

    • black chaw

      April 1, 2014 at 3:35 pm

      @ ဦးကျောက်ခဲ ;
      ဘယ့်နှယ့် မမန့်ဝံ့ဝံ့ ဖြစ်ရသလဲ ကျောင်းဒကာကြီးရယ်…။
      ကိုစောဝေကို ဧည့်ခံပေးလိုက်တယ်ဆိုလို့ ကျေးဇူးပါဗျာ…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတဲ့အတွက်လည်း ကျေးဇူးပါဗျာ…။
      😀

  • surmi

    April 1, 2014 at 3:01 pm

    ခဏလေးဗျာ
    အေးအေးဆေးဆေးပြန်လာမယ်နော
    အကြိုက်တူတွေဖြစ်နေလို့ လမ်းကြုံလိုက်ပြီး လွမ်းမလို့ 🙂

    • black chaw

      April 1, 2014 at 3:42 pm

      @ surmi ;
      ကိုဆာမိအတွက် တံခါး အမြဲဖွင့်ထားပါတယ် ခင်ဗျာ…။
      ကြိုက်တဲ့အချိန်သာ ပြန်ခဲ့ပါ…။
      အကြိုက်တူတွေ ဖြစ်မှာပေါ့…။
      ကိုဆာမိအသက်က ၄ဝ နဲ့ ၅ဝ ကြားမှာ ရောက်နေပြီကိုး…။
      အတူလွမ်းကြတာပေါ့ဗျာ…။
      😀

  • kyeemite

    April 1, 2014 at 3:20 pm

    ဒေါ်လာ.. ဒေါ်လာ ၅ သိန်းတန်ဖင်ကို သဂျီးကထုတ်ပြတော့လည်း ကျိရတာပေါ့ ရဲဘော်ဘလက်ရယ်…
    သီချင်းတွေတော့ ကိုယ့်ခေတ်ပြိုင်တွေဆိုတော့ စိုးလွင်လွင်၊ ကိုင်ဇာ၊ ခိုင်ထူး ၊လွှမ်းမိုး၊ စိုးပိုင်၊ ထီးဆိုင်..
    ကြိုက်မှကြိုက်….လွမ်းသွားအောင်ရေးနိုင်ပါပေတယ် ရဲဘော်ဘလက်ရေ…ဘရာဗိုးးးးးးးးးးးးးးးးးးးး

    • black chaw

      April 1, 2014 at 3:40 pm

      @ kyeemite ;
      အဲဒါပြောတာ…။
      ဒေါ်လာ ၅ သိ်န်းတန် ဖင် ကို ကြည့်ချင်ရင်…
      ဘလက်ချောပို့စ်ကို ဝင်ဖတ်ပါလို့
      ကြော်ငြာထိုးရမလို ဖြစ်နေပြီ ကိုမိုက်ရေ…။
      😀

  • alinsett (gazette)

    April 1, 2014 at 4:01 pm

    ဖြူးစာပေဆု ဆိုလို့
    ဆရာတာရာမင်းဝေကြီးတစ်ယောက်လည်း အဲဒီဆုလေး ရခဲ့ဖူးတယ်ဆိုတာ သတိရသွားးတယ်။
    အာလူးကောက်သူများ ဆိုတဲ့ ဝတ္ထုလေး ပြန် ဖတ်ဦးမှ. . .

    🙂

    • black chaw

      April 1, 2014 at 4:20 pm

      @ alinsett ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူး အထူးပါ ညီလေးရေ…။
      😀

  • sorrow

    April 1, 2014 at 4:11 pm

    မဒမ်ဘလက်ကလည်း ရှင့်ပို့စ်တွေက တင်ပါးတွေ ရင်သားတွေ
    သိတ်များနေပြီ ဆိုပြီး ကွန်ပလိန့်တက်တယ်လေ။
    သို့သော်လည်း ကိုယ့်ရိုးသားမှုကိုယ်ယုံတယ်ဆိုပြီး
    ထည့်လိုက်တာပါ တဲ့လား..ကျောင်းဒကာရယ်…
    မှတ်တောင်ထားရအုံးမယ်….အာဟိ

    • black chaw

      April 1, 2014 at 4:18 pm

      @ sorrow ;
      အခုလို အချိန်မျိုးမှာ…
      လူကြီးတွေ ရဲ့ ဖိန့်လေးတွေကို မြင်အောင်ကြည့်ထား
      မောင်ဆောရိုးလေးရေ…။
      ဟေးဟေး…။
      ဒီလိုပဲ လည်သလို လှည့်ပြောရတာပဲကွယ်…။
      😀

  • Foreign Resident

    April 1, 2014 at 4:40 pm

    အင်း ၊ အဘ က အနုပညာဖက် အားမသန်တော့ ၊
    သန်ရာ သန်ရာ ဘဲ ဝင်ပြောတော့မယ် ။

    ” မာလာဆောင် မောင်မလာဘူး…ဆိုတဲ့ သီချင်းရောပေါ့ ”

    အဲဒီ မာလာဆောင် မောင်မလာဘူး…ဆိုတဲ့ သီချင်း VCD ကို ကြည့်တော့ ၊
    သရုပ်ဆောင် သက်မွန်မြင့် ၊ တင့်တင့်ထွန်း နှင့် ဆုမြတ်ရွှေဇင် တို့ ၃ ယောက် ၊
    အဆောင် ကုတင်လေး တစ်ခုထဲပေါ်မှာ အတူ လူးလှိမ့်တဲ့ အခန်းပါတယ်လေ ။

    အ ဟီး ဟီး ဟီး ။ အဲဒီလို ၃ ယောက်တွဲကြီး နှင့်သာဆိုရင် ၊ အ ဟီး ဟီး ဟီး ။
    အဲဒီ့ သီချင်း VCD ကိုမှတ်မိနေပါတယ်ကွယ် ။

    • black chaw

      April 2, 2014 at 8:16 pm

      @ Foreign Resident ;
      အော်…အဘရယ်။
      ဝင်လည်းဖတ်တယ်…၊ ကွန်းမန့်လည်း ရေးပေးသွားတာနဲ့တင်ကို…
      အဲဒီ သက်မွန်မြင့်၊ တင့်တင့်ထွန်း နဲ့ ဆုမြတ်ရွှေဇင် လေးတို့ ၃ ယောက်တွဲကြီးနဲ့
      အဘနဲ့ ထိုက်တန်နေပါပြီခင်ဗျာ…။
      တစ်ခုတော့ရှိတယ်အဘရေ…။
      သက်မွန်မြင့်နဲ့ ဆုမြတ်ရွှေဇင် က အိမ်ထောင်ကျသွားပြီခင်ဗျ…။
      တင့်တင့်ထွန်းကြီးကတော့ သာသနာ့ဘောင်ထဲမှာတဲ့…။
      စိတ်လျှော့ပါ အဘရေ…။
      😀

  • ရွှေတိုက်စိုး

    April 1, 2014 at 4:44 pm

    အမလေး ကျုပ်ဖြင့် ဖတ်ဖတ်ကိုမောလို.ဂျာ.. ကိုရင့်ပို.စ်ကြီးက ဖတ်လိုက်ရတာ.. မောနေတာပဲ… ဒါနဲ. မောမောနဲ.အောက်ဆင်းလာလိုက်တာ သဂျီးကော့မန်. ပုံ မြင်လိုက်မှ အမောကိုပြေသွားတာပဲ.. ဒါနဲ. ဦးဘလက် တင်ပါးကြီး ပြေးမြင်မိလိုက်တာ… မောရာကနေ အမောကို ဆို.သွားတာပဲဗျို… ကိုရင်တင်ပါးကြီးတော့ ဂေါက်သီးတင်မရိုက်နိုင်ပေါင်ဗျာ…. ခွိ..
    ကျုပ်လဲ တစ်နေ.နေ. အဲလို ဂေါက်သီးသမားဖြစ်အောင် ကြိုးစားအုံးမယ်.. ခစ်ခစ်..

    သဂျီးပုံကြည့်ပြီး ဟိုချော်ရိုက်တဲ့သူကြီးကို ကိုယ်ချင်းစားမိလိုက်တယ်ဗျာ… ချော်ရိုက်လဲ ရိုက်ချင်စရာကိုးဗျ… အဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး..

    • black chaw

      April 2, 2014 at 8:19 pm

      @ ရွှေတိုက်စိုး ;
      ခွန်းချိုသဒ္ဒါဆိုတဲ့ ကလေးမလေး တော်တော် လန်းလာတဲ့သတင်းလေးလည်း
      ကျွန်တော်တို့ ရဲ့ နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာပါတယ်ခင်ဗျာ…။
      ရွှေတိုက်ရေ…တုတ်ထမ်းပြီးသာ…သမီးကို စောင့်ရှောက်ပေဦးတော့ဟေ့…။
      😀

      • ရွှေတိုက်စိုး

        April 3, 2014 at 4:02 pm

        အမလေး တုတ်ထမ်းစရာမလိုပေါင်ဗျာ.. ပုလင်းထမ်းစောင့်နေမှာ ကျုုပ်သမီး ကြိုက်တဲ့ကောင် အဖေနဲ.သူအပေါင်းအသင်းတွေကို ရှကီယှဉ်ဂွတ်နိုင်ရင် ရမယ်..

        ဟဲဟဲဟဲ… အပေါင်းအသင်းများ ရယ်ဒီ..
        ဦးဘလက်၊ဦးမိုက်၊ကိုမတ်၊ကိုရဲစည်၊ကိုဂ၊အံစာဒုံး(အဲကောင်လေးက ပညာသင်အဆင့်လေး) ဟိဟိဟိ

  • Mr. MarGa

    April 1, 2014 at 4:57 pm

    ဘလက်ချော ရဲ့ ဘလက်ချောကတော့
    ဘလက်ချောပဲမို့
    အင်း….
    သိတော့ဝူးဗျာ ဖတ်သွားတယ် ဒါပဲ :mrgreenn:

    • black chaw

      April 2, 2014 at 8:21 pm

      @ Mr. MarGa ;
      အဲဒါ…။
      အဓိကက အဓိကပဲ ပေါ့ သကြားရယ်…။
      ဖတ်သွားတယ်…ဒါပဲ…ဆိုရင်
      ညီလေးအဖြေမှန်ပါတယ်ကွယ်…။
      😀

  • Fall Guy

    April 1, 2014 at 5:15 pm

    ကိုဘလက်​ကြီး ပိုစ်​့ ဖတ်​ရတာ အားရ​ကျေနပ်​မိပါ​ကြောင်​း​ပြောပါရ​စေ
    အ​တော်​များများအကြိုက်​တူပါ​ကြောင်​း
    အထူးသဖြင်​့​ပြောလိုသည်​မှာကျ​နော်​သည်​လည်​းကိုယ်​့ရိုးသားမှု့ ကိုယ်​့လိပ်​ပြာ
    ကိုယ်​လုံသူဖြစ်​၍ ဖတ်​ရတာပို အရသာရှိတယ်​ထင်​မိ​ကြောင်​း ​
    နောက်​လဲထပ်​မံ၍ ရိုးသားနိုင်​ပါ​စေဟု ဆု​တောင်​း​ပေးလိုက်​ပါတယ်​ 🙂

    • black chaw

      April 2, 2014 at 8:23 pm

      @ Fall Guy ;
      ဖတ်ရတာ အားရကျေနပ်တယ်ဆိုလို့ ဝမ်းသာရပါတယ်ဗျာ…။
      နောက်လည်း လာဖတ်ပေးပါဦးနော့်…။
      ဖတ်ပြီး အခုလိုပဲ ကွန်းမန့်လေး ချီးမြှင့်ပေးခဲ့ပါဦး နော့်…။
      ကျေးဇူးအထူးပါဗျာ…။
      😀

  • အရမ်းကြိုက်မိတဲ့ သီချင်းတွေ အတော်များများဟာ ဦးစောဘွဲ့မှူးရဲ့ သီချင်းတွေပါလားလို့ သိလိုက်ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အူးလေး…

    ကိုင်ဇာ တို့ ခိုင်ထူး တို့ နော်လီဇာ တို့ကတော့ ခေတ်သိပ်ကွာနေလို့ သိပ်မသိဘူး အူးလေး..

    ဝါခေါင်နွေဦးကတော့ ဘယ်လိုပဲ ကြည့်ကြည့် တစ်နေရာမှ လှတယ်လို့ မထင်မိတာတော့ အမှန်ရယ်ပါ..

    မိုးမိုးကိုတော့ ကြိုက်တယ်..

    • black chaw

      April 2, 2014 at 8:25 pm

      @ လုံမလေးမွန်မွန် ;
      အော် သမီးရယ် ဒီ ဝါဆိုမိုးဦးလေးကိုပဲ ခလုတ်တိုက်တိုက်နေတော့တာပဲ…။
      သမီးတို့က လှတယ်ဘယ်ထင်ပါ့မလဲကွယ်…။
      ဦးလေးတို့က ဆန့်ကျင်ဘက် လိင် ကွဲ့…။
      အကြိုက်ချင်းတော့ ဘယ်တူပါ့မလဲ…နော့်…။
      မိုးမိုး ကို ကြိုက်သတဲ့လား…။
      အံစာကြီး ကို အားနာစရာကွယ်…။
      ဟေးဟေး…။
      😀

  • TNA

    April 1, 2014 at 7:07 pm

    ဦးဘလက်ရေးတော့မှပဲ မေ့နေတဲ့ ငယ်ငယ်ကသီချင်းလေးတွေပြန်သတိယပြီး လွမ်းလိုက်တာ။ အဲသီချင်းလေးတွေပြန်နားထောင်ချင်လိုက်တာ

    • black chaw

      April 2, 2014 at 8:29 pm

      @ TNA ;
      ဖတ်လည်းဖတ်…၊ ကွန်းမန့်လေးလည်း ဝင်ရေးသွားတာ
      ကျေးဇူးပါ မသည်းနုအေးရေ…။
      သီချင်းလေးတွေနားထောင်ချင်ရင် mp3 ရှိတယ်ခင်ဗျ…။
      တစ်နေ့နေ့ ပေါ့ဗျာ…။
      😀

      • TNA

        April 4, 2014 at 6:36 pm

        ရရင်တော့လိုချင်သားဦးဘလက်ရေ။ ဦးဘလက်ရေးတဲ့ သီချင်းတွေအားလုံးကြိုက်ခဲ့ဖူးတယ်။ ခုထိလဲစိတ်ထဲစွဲနေတုန်းပဲ

  • ခင် ခ

    April 2, 2014 at 12:29 am

    NLD ပါတီကိုတော့ ဘာလုပ်လုပ် မဖက်စိမှိတ်ကြိုက်ပလိုက်မှာဘဲထဲမှာ ကျွန်တော်မပါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ယုံကြည်နေစဲပါဗျာ။
    မင်းဘာကိုယုံကြည်တာလဲလို့မေးခဲ့ရင် ဖြေလိုက်ချင်တာက သူဟာ တိုင်းပြည်ရောင်းမစားနိုင်သလို ချောက်ထဲလည်း ကန်ချလိမ့်မယ် မဟုတ်ဘူးဆိုတာပါဘဲ။
    Two Man Show ပွဲဖြစ်ခဲ့ အခွေထွက်ရင် ဝယ်ဖြစ်မှာပေါ့ဗျာ။ အကယ်လို့ မန်း မှာလည်းလာလုပ်ရင်တော့ ဝမ်းပန်းတသာပေါ့လေ။
    မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေး သီချင်းတွေဆို …….လို့ ရေးခဲ့သူ စောဘွဲမှုး သီချင်းတွေကတော့ နားထောင်ကောင်းနေစဲပေါ့ဗျာ။
    နော်လီဇာ ဘော်လီမပါလို့ တခေတ်တခါက ငေးခဲ့ကြသေးတာကိုပြန်တွေးမိကာ ရယ်မိပါရဲ့ဗျာ။

    • black chaw

      April 2, 2014 at 8:32 pm

      @ ခင်ခ ;
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာကျေးဇူးပါ ကိုခင်ခရေ…။
      ခိုင်ထူး-ကိုင်ဇာ ခေတ်မှာ လူဖြစ်ခဲ့ကြတာချင်းအတူတူမို့
      Two Men Show ကို ကြည့်ဖြစ်အောင် ကြည့်မယ်လို့
      အားခဲထားပါတယ်ဗျာ…။
      😀

  • ဦးဦးပါလေရာ

    April 2, 2014 at 1:38 pm

    ကိုချောရေ-
    ကိုစောဝေ နဲ့ မန်းဂဇက် ဒီလိုရေစက်ရှိခဲ့တာ အခုမှ သိတယ်ဗျို့ ….
    သေသေချာချာ မိတ်ဆက်ဧည့်မခံလိုက်ရတာကို
    ကျနော်လဲ ကိုချောနဲ့အတူ ပူးတွဲ အားနာမိပါတယ် …. လို့သာ …

    အခုဆို
    နွေလည်ခေါင်ရာသီမျိုးမို့
    ကြွေတဲ့အရွက်တွေကြွေ
    ဝေတဲ့ အရွက်တွေဝေ
    အဟောင်းနဲ့ အသစ်တွေကြား
    စိတ်အစဉ်တန်းလေးတွေ ဗျာများနေတုန်း
    စောဘွဲ့မှူးကြီးကို ဆွဲထုတ်လာပြန်တော့
    ဘယ်လိုပြောရမလဲ ….
    အင်း ….
    လွမ်းတာထက်ကို ပိုလွမ်းရပါတယ် ကိုချောရေ ….

    – – – — – – — –

    ဂေါက်သီး ကိစ္စကတော့ …
    အဲ …
    ဂေါက်သီးရိုက်တာမို့တော်ပေသေးသပေါ့ …
    ဘိလိယက်ထိုးတာ မဟုတ်တာကံကောင်း …..

    :mrgreen:

    • black chaw

      April 2, 2014 at 8:37 pm

      @ ဦးဦးပါလေရာ ;
      လာမှ လာပါ့မလားလို့ မျှော်နေတာ ကိုပါကြီးရေ…။
      အဲဒီ လှပတဲ့ တိုက်ဆိုင်မှုကလေးကို
      အသုံးမချလိုက်ရလေခြင်း ဆိုပြီး
      နှမြောနေတာခင်ဗျ…။
      ဂေါက်သီးသမားကတော့ ဂေါက်သီးပေါ့ဗျာ…။
      ဘိလိယက်သမားကျတော့လည်း ဘိလိယက်ပေါ့…။
      သူ့သန်ရာ သန်ရာပေါ့…။
      ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ…။
      လွမ်းပြီ ဆိုမှတော့ ကျွန်တော်တို့က ပို…ကို…ပိုရမှာပေါ့…။
      :mrgreen:

  • black chaw

    April 2, 2014 at 9:17 pm

    လွှမ်းမိုး ရဲ့ ဆရာမ
    လွှမ်းမိုး ရဲ့ ပျော်တာပေါ့ အမေရယ်
    ဖိုးချို ရဲ့ အဆောင်သူရဲ
    သီချင်းတွေကလည်း စောဘွဲ့မှူးရဲ့ လက်ရာတွေပါပဲ…။

  • naywoon ni

    April 2, 2014 at 11:22 pm

    ကိုဘလက်​​ရေ ကျွန်​​တော်​က ကိုယ်​ပိုင်​သံစဉ်​ထက်​ ​ကော်​ပီကို ပိုသ​ဘောကျခဲ့သဗျ ဘာလို့လဲဆို​တော့ သူများသံစဉ်​ထဲမှာ ကိုယ်​ဘာသာစကားနဲ့ အဓိပ္ပာယ်​လည်​းရှိ အနှစ်​အရသာလည်​းရှိ​အောင်​သွတ်​သွင်​းနိုင်​တယ်​ဆိုပြီးသ​ဘောကျတာ ပြီး​တော့ စကားလုံး​တွေက ​မော်​ဒန်​ဖြစ်​တယ်​ဗျာ ဝင်​းမင်​း​ထွေး​ရေးပြီး ချစ်​​ကောင်​းဆိုခဲ့တဲ ့သီချင်​း​တွေထဲက ” ငါ့အတ္တ ထက်​မင်​းကိုချစ်​တယ်​ ” ” ဒါဏ်​ရာ​တွေဘယ်​​လောက်​များလဲ မင်​းထိုးရက်​တဲ့ ဓားကိုနမ်​းမယ်​ ” ​မောင်​သစ်​မင်​း​ရေးပြီး မင်​းသားကြီးဆိုခဲ့တဲ့ ” အမိန်​့ …… မလွန်​ဆန်​ဝန်​့ဘူး အာဏ ာ ပြင်​းလွန်​းတဲ့ အမိန်​့ မယုံနိုင်​​သော နူးညံ့မှု အမိန်​့ ” ​နောက်​ ” ကြင်​နာမှုရဲ့​ပြောင်​ပြန်​ နာကျင်​မှုဟာ ” ဆိုတာမျိုး ​နောက်​ဆွဲထုတ်​ပြရင်​ရှည်​သွားမှာစိုးလို့ အဲ့ဒိလို အသုံးအနှုန်​းမျိုးကို ကြိုက်​တာ သူ့​နေရာနဲ့သူ အံဝင်​ခွင်​ကျ သုံးတတ်​ချင်​တာ ဆို​တော့ ပြီး​တော့ ​ကော်​ပီမှာ မင်​း​လေးမင်​း ရှိတယ်​လို့ ဆိုတယ်​ ။ အဲ့​လေး​ယောက်​စလုံးက တစ်​ချိန်​က ​ချန်​လှပ်​ထားမရတဲ့ ကဗျာဆရာ​တွေဖြစ်​ခဲ့ဖူးတယ်​ လူကလည်​း ကဗျာသမား ​ပေါက်​စဖြစ်​​နေတဲ့ အချိန်​ဆို​တော့ အလွန်​ခ​ရေဇီဖြစ်​ခဲ့တာ​ပေါ့ အဲ့တုန်​းက ​ကော်​ပီဆိုရင်​ လမ်​းသူရဲလို့ ဆိုတဲ့​ခေတ်​​ဟောင်​းသမား​တွေကြားမှာ သူတို့ကိုလည်​း​တော်​လှန်​ရင်​း ​မော်​ဒန်​ ကဗျာ​တွေကိုမြည်​းစမ်​းရင်​း အချိန်​​တွေကုန်​ခဲ့တာ​ပေါ့ အဲ့​တော့ ” နင်​မရှိရင်​ ငါ့ဘဝ မရှိ တွယ်​ရာမဲ့ဘဝမှာ တစ်​ခုတည်​း​သော အဓိပ္ပာယ်​နဲ့​လေ ” လိုပဲ ​ပြောပါရ​စေ​တော့

    • black chaw

      April 3, 2014 at 8:28 am

      @ naywoon ni ;
      ဝင်ဖတ်ပေးတာ ကျေးဇူး အထူး…အထူးပါ ကိုနေကြီးရေ…။
      ကဗျာဆရာ ဆိုတော့ ကဗျာဖြစ်နေတဲ့ စာသားတွေကို
      ကြိုက်တာ သဘာဝကျပါတယ်ဗျာ…။
      ချစ်ကောင်းအတွက် ရေးတဲ့ ဝင်းမင်းထွေး စာသားတွေကို
      ကျွန်တော်လည်း ကြိုက်တယ် ဗျ…။
      ဘာပဲ ဖြစ်ဖြစ် ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုနေကြီးရေ…။

  • ကေဇီ

    April 3, 2014 at 7:07 am

    မင်းချစ်သူ
    ဝင်းမင်းထွေး
    မောင်သစ်မင်း
    နောက် တစ်မင်း က ဘယ်သူလဲ ဆြာနီ??

    • black chaw

      April 3, 2014 at 8:20 am

      @ ကေဇီ ;
      သုခမိန်လှိုင် ရဲ့ အမည်ရင်းက အောင်မင်းတဲ့ဗျ…။
      ဆိုတော့…
      အောင်မင်း
      မောင်သစ်မင်း
      ဝင်းမင်းထွေး
      မင်းချစ်သူ
      နာမည်မှာ မင်းပါတဲ့ ၄ ယောက်…
      မင်း ၄ မင်းပေါ့ဗျာ…။

      • ကေဇီ

        April 3, 2014 at 8:23 am

        ဪ။
        ဂလိုကိုးးး
        ကျေးကျေးပါ ကိုဘလက်။

        :s:

  • Ma Ma

    April 3, 2014 at 8:35 am

    ချိုပေ့ါကျတင်မကပဲ ….
    အမြည်းစုံနဲ့ ဝိုင်းလိုက်ရသလိုပဲ။
    ဆိုးကောလ် ဘလက်ချော (ခွက်ဒစ်တူ ကေဇီ) 🙂

  • black chaw

    April 3, 2014 at 8:40 am

    @ Ma Ma ;
    ဝင်ဖတ်ပေး…ကွန်းမန့်ဝင်ရေးပေးသွားလို့…
    ကျေးဇူးအထူးပါ မမရေ…။
    ဆိုးကောလ် မမ…။
    😀

  • Hnin Hnin

    April 3, 2014 at 11:52 am

    အစ်ကို ဘလက် နောက်ကျနေပေမယ့် မာတိကာ အကုန် ဖတ်သွားပါတယ်…မှတ်ချက် မပေးဘဲ ရယ်ပဲရယ်မယ်…
    ‘ မင်လာဆောင် မောင်မလာဘူး’လို့ ပြင်ဖတ်မိပြီး ခွိခွိ.. နီနီခင်ဇော်အကြောင်း ခွစ်ခွစ် :mrgreenn:

    • black chaw

      April 3, 2014 at 2:18 pm

      @ Hnin Hnin ;
      နောက်မကျသေးပါဘူး ဒေါ်နှင်းနှင်းရယ်…။
      ရယ်ပါ…ရယ်ပါ…။
      ကျောက်မောင်နှံ နှစ်ယောက်လုံး ကွန်းမန့်ပေးတော့
      မင်္ဂလာရှိသောပို့စ် ဖြစ်သွားတာပေါ့ဗျာ…။
      :mrgreenn:

  • Crystalline

    April 3, 2014 at 3:46 pm

    ဦးစောဘွဲ့မှူးသားတွေက တစ်ယောက်မှအဖေလိုမဖောက်ထွက်လာနိုင်တာတော့ နှမျောစရာပဲနော်.. အနုပညာထဲဝါသနာအပါဆုံးက ဂီတဆိုတော့ ဦးဘွဲ့မှူးကစ ..ခုဒီဘက်ခေတ်ထိ..သံစဉ်..စာသားတွေကြိုက်လို့ကတော့ အဆိုတော်မရွေးနားထောင်ဆဲပဲ.. :)) ဦးဘလက်ရဲ့ဝါဆိုမိုးဦးက အပြင်မှာတော့ တောင်တန်းကြီးဟုတ်ဘူးရယ်.. ဂမူလေးအဆင့်လောက်ပေါ့.. :mrgreenn:
    ငါးသိန်းလျော်လိုက်ရတဲ့လူကြီးကတော့တော်တော်ဆိုး .. စိတ်ထင်.. တီမတည်ဘဲရိုက်လို့များထိသွားတာလား လို့.. ခုတော့ တီတည်ထားရက်ရိုက်ပလိုက်တာပဲ.. :mrgreenn:

    • black chaw

      April 4, 2014 at 9:55 am

      @ Crystalline ;
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူး အထူးပါ သမီးရေ…။
      အဆိုတော်မရွေးနားထောင်တာ ကောင်းတာပေါ့ကွယ်…။
      ကိုယ်ကြိုက်တဲ့ သီချင်းလေး ကို ဘယ်သူရေးထားတာလဲဆိုတာလေးလည်း
      သိထားရင် ပိုကောင်းပါတယ် သမီးရေ…။
      အဲဒါ…သီချင်းစာအုပ် မှာ ရေးထားလေ့ရှိတယ်ဗျ…။
      :mrgreenn:

  • မဟာရာဇာ အံစာတုံး

    April 4, 2014 at 9:49 am

    သူမို့ မကြောက်မရွံ့ ..
    သူ့တင်ပါးမည်းမည်းကြီးပေါ် ဂေါက်သီးတင်ပြီး ရိုက်လှည့်စမ်းပါ … တဲ့
    မတော် … ဂေါက်ရိုက်တံက ချော်ချက်ပြီး ဟိုနေရာ သွားထိမှ … မျိုးပါ ကန်းနေဦးမယ် … ဟီဟိ ..
    :mrgreenn: :mrgreenn:

    ဦးဘလက်ကြီးရေ …

    ကျနော်ကတော့ဖြင့် …

    ၆ နာရီတောင် ထိုးပြီးပါပေါ့လေ .. လာကြလေ .. လဖက်ရည်ဆိုင်ကို သွားကြပါစို့လေ …
    ဆိုတဲ့ သီချင်းရယ် …

    သူ မလာ လာလာ .. လာလာလာ .. ကိုယ်က စောင့်ရမှာ ..

    ဆိုတဲ့ သီချင်းရယ် … ကြိုက်သဗျ …
    ငယ်ငယ်က အဲ့ဒါတွေ နားထောင်ဖူးတယ် ..

    • black chaw

      April 4, 2014 at 10:08 am

      @ မဟာရာဇာ အံစာတုံး ;
      ဟကောင်ရ…။ ဒေါ်လာ ၅၀ဝ ဆိုတာ နည်းလားကွ…။
      နင်ရိုက်ချင်ရင် ငါ့ကို ပြောနော်…။ အားမနာနဲ့ သိလား…။
      😀
      အေးပေါ့…အေးပေါ့…။
      သူမလာ လာလာ…လာလာလာ…ကိုယ်ကစောင့်ရမှာဆိုတာ
      ဒီလိုအချိန်မျိုးပေါ့…။
      စောင့်ပေဦးတော့ ညီလေးရေ…။
      စိတ်မပျက်နဲ့…။
      နောက်…သူ…ပြန်စောင့်ရမယ့် အလှည့်ရောက်လာပါလိမ့်ဦးမယ်…။
      ဟေးဟေး…။
      😀

        • black chaw

          April 5, 2014 at 6:46 am

          @ မွန်မွန် ;
          ငယ်ငယ်တုန်းက အံစာကြီး
          အ ပြောင်းကြီး ပြောင်းလဲသွားပြီ
          အိမ် အပြန် ညဥ့်နက်နက် မှာ သီချင်းလေးဆို
          ဟေးဟေး…
          အဲဒါကို ပြောတာ…။

  • Shwe Ei

    April 4, 2014 at 10:45 am

    သတင်းပလင်း အစုံဘာဘဲလား…ဘဘဘလက်ရေ

    ဒီနှစ်သဂျန်ရော ဘုန်းကြီးဝတ်အုံးဖို့လား…

    အရင်နှစ်ကလိုဘဲ အချိုရည် လာသောက်…အဲလေ..လာကပ်ပရဇီ…ခိခိ 🙂

  • black chaw

    April 4, 2014 at 11:26 am

    @Shwe Ei ;
    ဒီနှစ်သင်္ကြန် တော့ ဘုန်းကြီးဝတ်တော့ဘူးကွယ်…။
    အချိုရည် မကပ်နဲ ့တော့…။
    အရက် ပဲ ကပ်…။
    ဟေးဟေး။

  • nozomi

    April 4, 2014 at 12:45 pm

    အင်း
    ဘလက်ချော ကတော့ ဘလက်ချော ပါပဲ …

  • black chaw

    April 4, 2014 at 3:47 pm

    @ nozomi ;
    မလာတော့ဘူး မှတ်ထားတာဗျာ…။
    လာတော့လည်း ဝမ်းသာရပါတယ်…။
    Million Thanks ;

  • padonmar

    April 5, 2014 at 1:11 am

    ကြိုက်ခဲ့တဲ့ သီချင်းတွေက စောဘွဲ့မှူးတွေချည်းဖြစ်နေပါလား။
    ဟိုသီချင်းလေးလည်း သူရေးတာပဲမလား..
    ကိုကို ကိုကိုလို့ ခေါ်ချင်သလို
    မောင်မောင် မောင်မောင်လို့ ခေါ်လိုက်မယ် ဆိုတာလေ။
    ရည်းစား နှစ်ယောက်ရှိရင် ကောင်းမယ်ဆိုတော့ တကယ့် တော်လှန်ရေးပဲ။
    ခိုင်ထူးရဲ့ သီချင်းတွေတော့ အကုန်ကြိုက်ခဲ့တယ်။
    ကိုင်ဇာကတော့ အချို့ပေါ့။
    မိမိုးကို တီဗွီမှာ အောင်ရင်စဆိုကတည်းက ကြိုက်တယ်။

  • padonmar

    April 5, 2014 at 1:12 am

    တေးရေးဆရာ မောင်သစ်မင်းဆိုတော့ ဟို စိမ်းကားသူကြီးကို သတိမရဘူးလား ကိုဘလက်ရေ။

    • black chaw

      April 5, 2014 at 3:54 pm

      @ padonmar ;
      ကျွန်တော်တို့က လွမ်းတတ်သူတွေဆိုတော့…
      လွမ်းနေရတာပဲပေါ့ အစ်မရယ်…။
      ကိုသစ် ကို ကျွန်တော်လည်း လွမ်းနေပါတယ် ခင်ဗျာ…။
      ဒီပို့စ်ကို ဖတ်လည်းဖတ်…
      ကွန်းမန့်လည်း ဝင်ရေးပေးသွားတဲ့…
      အစ်မကို ကျေးဇူး အထူးပါခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

Leave a Reply