စုဆောင်းမိဖို့ ဆုတောင်းကြည့်သည်

ဇီဇီApril 1, 20141min45649

စုဆောင်းခဲ့ဖူးတယ်။

မူလတန်း အရွယ်လောက်က ကိုယ် ခဲဖျက်လှလှလေးတွေ သိပ်ကြိုက်တာ။
ဖျက်လို့ ကောင်းတာ မကောင်းတာ နောက်ထားးး၊ လှတာလေးတစ်ခုတည်းနဲ့ လိုချင်လို့ ဝယ်ပေးဖို့ ပူစာခဲ့ဖူးတယ်။

အလယ်တန်းလောက်အရွယ်ရောက်တော့ မှတ်စုစာအုပ် လှလှလေးတွေဆီ စိတ်ရောက်သွားပြန်ရော။
အရွယ်စုံ၊ ရောင်စုံ၊ အထူအပါးမျိုးစုံ၊ မရေးပဲနဲ့ အလှကြည့်ဖို့ မုန့်ဖိုးထဲကနေ ရသလောက် ဝယ်စုတာ။

အထက်တန်းလောက် အရွယ်မှာတော့ ကီးချိန်း မျိုးစုံ…. ဆန်းပြားပေ့ဆိုတာတွေ ဝယ်တယ်။ လက်ဆောင်တောင်းတယ်။
ရှိစုမဲ့စု စက်ဘီးလေးကတော့ မပြောင်းးး၊ သော့လေးကလည်း အထီးကျန်၊ ရှိသမျှ ကီးချိန်းတွေကို အလှကြည့်ထားတာကိုးးးးးးးး

တက္ကသိုလ်တက်တော့ သူငယ်ပြန်တယ်လေ။ မွှေးပွ အရုပ်လေးတွေ စုချင်တာ။
အရူးတပိုင်းပဲ။ ဘယ်သူဘယ်နိုင်ငံသွားသွား အရုပ်ပဲ မှာတယ်။ ပြီးရင် ပလတ်စတစ် အကြည်ထဲကို ထည့်၊ ဖောင်းသွားအောင် လေမှုတ်ပြီး ဖဲပြားကြီးနဲ့ ချည်ထားတာ။
ပြီးတော့ အလှကြည့်နေရုံပါပဲ။

အဲဒီ အချိန်ကလည်း အဲဒါလေးတွေက ကိုယ့် အတွက် ရှားပါးပစ္စည်းးးး၊ ရဖို့ခဲယဉ်းခဲ့လို့ စွဲလန်းခဲ့တာများလား ထင်မိရဲ့။

 

 

 

ဘွဲ့ လွန် ဆက်တက်မိတဲ့ အချိန်မှာတော့ စာကြည့်တိုက် ရောဂါထလာတယ်။

ကိုယ်ပိုင်စာကြည့်တိုက်လေး ပိုင်ချင်တာ။
ဒီအိမ်မက်က မဖြစ်နိုင်တဲ့ အချိန်မှာ ကိုယ်ပိုင်စာကြည့်ခန်း ဆိုတာ တဆင့်လျှော့ပြီး တောင့်တခဲ့တယ်။
ဒါပေမဲ့ ကိုယ်တွေပိုင်တဲ့ တိုက်ခန်းလေးထဲမှာ ဘယ်လာ ကိုယ့် အတွက် စာကြည့်ခန်း ထားနိုင်မှာတဲ့လဲ။
ဖေဖေ ဝယ်ပေးတဲ့ စာအုပ်ဘီရိုကြီးနဲ့ ကျေနပ်လိုက်ရတယ်။

အဲဒီ ဘီရိုကြီး အပြည့် အရူးအမူး စာအုပ်တွေ ဝယ်ဖြည့်ခဲ့တယ်။
လက်ဆောင်ပေးချင်တဲ့သူတွေကို စာအုပ်ပဲ တောင်းခဲ့တယ်။
အဲဒီ ဘီရိုက သားအဖ ၂ ယောက် ဒီဇိုင်းဆွဲပြီး အပ်ထားတာ။
ရသ စာပေ အကန့်…
သုတ စာပေ အကန့်…
ပညာရပ် စာပေ အကန့် …စတဲ့ ကိုယ့် ဟာကိုယ် အကန့်လေးတွေ ခွဲပြီး ပျော်ရွှင်ခဲ့ရတာပေါ့။

ဒီရောက်တော့ အဲဒီ စုဆောင်းမှုတွေ ကို ထားခဲ့ရတယ်။။
ကိုယ့်စိတ်ထဲလည်း စာအုပ် တွေကလွဲရင် တခြား စွဲလန်းမှု စုဆောင်းထားမှုတွေက ကြက်ပျောက် ငှက်ပျောက်။

ကိုယ့်တိုက်ခန်းလေးမှာ လက်ရာမပျက်ကျန်တာ ဒီ စာအုပ်လေးတွေပဲ ရှိတော့တာ။

 

ဒီမှာ နေခဲ့တဲ့ ရ နှစ် ကိုယ့်ရဲ့  တစ်စုံတစ်ခုကို စုဆောင်းထားချင်စိတ်တွေ ပျောက်နေခဲ့တယ်။

မနေ့တနေ့က မှ အဲဒီ ရောဂါပြန်ဖြစ်လာတယ်။

 
စုဆောင်း သိမ်းဆည်းထားချင်တယ်………..

ဟုတ်တယ်!!!!
စုဆောင်းချင်နေတယ်……

ခံစားချက်တူတဲ့ နှလုံးသားတွေကို…..
ခံယူချက်ခြင်းတူတဲ့ စိတ်ထားလေးတွေကို…….. တော်တော်တောင့်တနေမိတယ်။
ရသလောက် စုဆောင်းထားချင်နေတယ်………

ဒါပေမဲ့…..

ဒါတွေဟာ ….

ခုချိန်မှာ ….

ကိုယ့်အတွက် ….
ရှားပါးပစ္စည်းးးးး
တိုက်ဆိုင်မှတွေ့ရတဲ့ အရာမျိုးးး
သိမ်းဆည်းထားလို့ မရတဲ့ ဒြပ်မဲ့ ဝတ္ထု
ဝယ်ယူလို့ မရတဲ့ တန်ဖိုးးးးး

ဒါပေမဲ့ စုဆောင်းမိဖို့ ဆုတောင်းကြည့်ချင်သေးရဲ့!!!

 

49 comments

  • alinsett (gazette)

    April 1, 2014 at 8:49 pm

    စာအုပ်တွေကို စွဲလန်းရတာဟာ
    မိန်းမတစ်ယောက်ကို စွဲလမ်းရတာထက် ပိုအရသာ ရှိတယ်လို့ ကျနော် ခံစားမိတယ်။

    မိန်းခလေးတစ်ယောက်အတွင်ဆိုရင်ရော
    စာအုပ်တွေကို စွဲလန်းရတာဟာ
    ယောကျာ်းတစ်ယောက်ကို စွဲလမ်းရတာထက်. . . . .
    . . . .

    🙂

    • ကေဇီ

      April 2, 2014 at 9:18 am

      …………..အန်ဒရယ် ကင်းတယ်။

      😀

    • ဖြူစိုင်း လူ

      April 4, 2014 at 9:48 am

      စုဆောင်းကြည့်မိတော့
      စာအုပ်တစ်အုပ်တန်ဖိုးနဲ့တင်ပဲ
      အောင်မငီးလို့ ကိုယ့်မဟာနဖူးကိုယ်ရိုက်ရင်း
      ယောကျာ်းယူဖို့ပဲ
      တိတ်တိတ်လေး ငွေကြိတ်စုတော့မယ်

      ဂျလောက်

      ငါဟဲ့

      နီးစပ်လေပြီ
      စိုင်းအောင်ဂျွန်ဖြိုးလေးနဲ့။

  • ko six

    April 2, 2014 at 9:11 am

    အင်​း…..
    စဉ်​းစားစရာပါပဲ….

    • ကေဇီ

      April 2, 2014 at 9:15 am

      ရှာတွေ့ထားတာတောင်မှ
      ကိုယ်ပိုင် အဖြစ်တော့ သိမ်းထားလို့ မရတော့ဘူး ကိုစစ် ရေ။
      :hint:

  • kyeemite

    April 2, 2014 at 10:30 am

    “ခံစားချက်တူတဲ့ နှလုံးသားတွေကို…..
    ခံယူချက်ခြင်းတူတဲ့ စိတ်ထားလေးတွေကို…….. တော်တော်တောင့်တနေမိတယ်။
    ရသလောက် စုဆောင်းထားချင်နေတယ်………”
    လိုချင်တောင့်တတာတွေ စုဆောင်းနိုင်ပါစေ ကေဇီကဗျာလွတ်ရေ…
    ကျုပ်လည်းစာအုပ်စာပေစုဆောင်းတာတော့ဝါသနာပါလို့ တတ်နိုင်သလောက်စုမိပါရဲ့…
    အခု..အကြီးအကျယ်စုဆောင်းမိနေတာကတော့…မဒမ်မိုက်နဲ့ ကလေးနှစ်ယောက်လို့ပြောရမယ်ဗျ..ခိခိ :loll:

    • ကေဇီ

      April 2, 2014 at 1:16 pm

      မိုက်မိုက် စုဆောင်းမှုကတော့ အားကျစရာပါတကားးးး
      လူ စုဆောင်း ဆိုရင်တော့ မိတ်ဆွေ သူငယ်ချင်း စုရတာ ကြိုက်တယ်။

      ဒါပေမဲ့ မိတ်ဆွေဆိုတိုင်း နှလုံးသားချင်း အနီးစပ်ဆုံး မတူဘူးဗျ။
      🙂

  • Nyo Win

    April 2, 2014 at 10:39 am

    ခံစားချက်တူတဲ့ နှလုံးသားတွေကို…..
    ခံယူချက်ခြင်းတူတဲ့ စိတ်ထားလေးတွေကို……..အင်းရှားတော့ရှားတယ်..ကေဇီရေ..။

    • ကေဇီ

      April 2, 2014 at 1:12 pm

      ခက်ခက်ကိုမှ လိုချင်တယ်။
      ခက်တာလေးမှ သဘောကျတယ်။
      ရွာထဲက ခင်ခက်ခက်ခေါကို ကြောတာဟုတ်ဘူးနော်။

      😀

  • Shwe Ei

    April 2, 2014 at 11:51 am

    သများလဲ တလတလ ရသမျှလခလေးတေ စုဆောင်းပီး တိုက်ခန်း ငှားနေနိုင်ဖို့ ဆုတောင်းကျိတာ

    ပြည့်တော့ပြည့်ပါရဲ့ …. အကြွေးတင်နေတာခက်တယ် ဆွိရယ်…. :'(

    • ကေဇီ

      April 2, 2014 at 1:05 pm

      အဟင့်!
      ဟိုနေ့ က စဉ်းစားမိတယ်။
      သများ ကိုယ်ပိုင် ဘာမှ မရှိသေးဘူးးး
      မဝယ်နိုင်သေးဘူးးးး

      အာ့ကြောင့် ဝယ်စရာမလိုတာလေး တောင့်တကြည့်တာ။

      :hint:

  • kai

    April 2, 2014 at 1:30 pm

    ဆုကဘယ်သူ့သွားတောင်းမှာလည်းဗျ…။
    ဆိုတော့…
    ဆုတောင်းမနေနဲ့..တကယ်ကို”ထ”စုလိုက်…
    အခုစု.. အခုဖြစ်…။ :mrgreen:

    • ကေဇီ

      April 2, 2014 at 1:46 pm

      ထင်သားလားးး
      ဂလိုလာမေးမယ် ဆိုတာ။

      တဂျီးရယ်….!
      အရှင် ရုက္ခစိုးမင်းးးးးး လို့ လည်း မတောင်းဘူးးး
      ဘုရားမှာ လည်း ဆု မတောင်းဖူးပါဘူး ခင်ညာ။
      ခေါင်းစဉ် ကာရန်လိုက်အောင်ပေးလိုက်တာပါ ခင်ညာ။
      :mrgreenn:

      စ စု နေပါတယ်။
      ၂၀၁၅ တော့ မှီတန်ကောင်းရဲ့။

      😀

  • အနော်လည်း တိုက်ခန်းလေးတစ်ခန်းလောက် ဝယ်ချင်နေတဲ့အချိန်ဆိုတော့ ပိုက်ပိုက်စုဖို့ ပြောထားတဲ့ ပို့စ်လားလို့..ဟီး..

    မမဂျီး..ပိုက်ပိုက်သာစု.. တိရား..

    ပုံ
    ဘူဇွာလုံ

    • ကေဇီ

      April 2, 2014 at 1:51 pm

      ဒီမှာ အလုပ်လုပ်ရတာက ပိုက်ပိုက် မစုမိဘူး လုံလုံ။
      မျှတရုံရှိတာ။
      အဲဒီတော့ မမဂျီး မစုမိတဲ့ ထဲမှာ ပိုက်ပိုက်က ထိပ်ဆုံးက။

      :mrgreen:

  • snow smile

    April 2, 2014 at 1:54 pm

    တ ကယ် တော့ နီး သ လို လို နဲ့ ဝေး တတ် ပါ တယ်

    • ကေဇီ

      April 2, 2014 at 2:25 pm

      အာ့ ဆို ဝေးသလိုလိုနဲ့
      နီးလာမဲ့ အကြောင်းကိုလည်း မျှော်လင့်လို့ ရတာပေါ့နော်။

      :s:

  • ဦးဦးပါလေရာ

    April 2, 2014 at 2:05 pm

    ဦးပါ လဲ စာအုပ်တွေ စုရတာ ဝါသနာပါတယ်…
    ငှား ပျောက် ပြန်မပေး ရန်သူမျိုးသုံးပါးနှိပ်စက်တဲ့ကြားကကို စာအုပ်တွေ တပုံကြီးစုမိလိုက်တယ် …
    ခက်တာက စာအုပ်ထားစရာ နေရာကျတော့ မစုမိပြန်ဘူး …
    :hint:

    အခုတော့ စာအုပ်ဆိုင်တို့ စာအုပ်ပြပွဲ တို့ ဝင်မယ်လုပ်ရင်
    သစ္စာအဓိဌာန်တစ်ချက် အရင်ဆိုပြီးမှ ဝင်တယ်…
    -သေမယ့်ကိစ္စမှ အပ စာအုပ် လုံးဝ မဝယ် ……

    • ကေဇီ

      April 2, 2014 at 2:09 pm

      အဲတော့ အဲဒီ သစ္စာအဓိဌာန် အောင်သလားးးဟင်?
      :mrgreenn:

      အနော် စာကြည့်တိုက်လေး ဖွင့်ဖြစ်ရင်တော့ ဦးပါ ကို အရင် ဆက်သွယ်မယ်။။
      ဒါမဲ့ ၂၀၁၅ နောက်ပိုင်းမှနော်။

      :hint:

    • ကေဇီ

      April 2, 2014 at 5:41 pm

      စမ်းကျိတာပါ

      :p:

      • TNA

        April 3, 2014 at 4:46 pm

        ဟယ် အသစ်ကလေးတွေထွက်ပလား။ တိတောင်တိဝူးတော့

  • ဦးကျောက်ခဲ

    April 2, 2014 at 3:05 pm

    စလုံးမှာ ခံစားချက်တူတဲ့ နှလုံးသားတွေကို စုမယ်ဆိုရင်… ရှားမယ် မယ်ချွိ…
    များသောအားဖြင့်က လောဘ ဒေါသ မောဟတွေနဲ့…
    အမှန်ပြောရရင် ဂွဇက်ရောက်မှ နှလုံးသားချင်းနီးစပ်သူတွေကို တွေ့ရတာ…
    အ ဟဲ… ငြင်းတာလည်းငြင်းတာပေါ့ ၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မေတ္တာတော့မပျက်ဖူးဘူး
    😀

    • ကေဇီ

      April 2, 2014 at 5:45 pm

      နှလုုံးသား မရှိတဲ့ အရပ်မှာတော့ ဘယ်ရှာမတုုန်းးးး
      :mrgreenn:

      ဒီ သဘောထားလေးကတော့ ကျောက်နဲ့ တူတူပဲ
      ရွာထဲက စိတ်လေးတွေကိုု ချစ်တယ်။
      :chit:

      • ဖြူစိုင်း လူ

        April 4, 2014 at 10:03 am

        ကျုပ်ပေါက်လိုက်တာတော့တစ်မျိုး

        အမှန်ပြောရရင် ဂွဇက်ရောက်မှ နှလုံးသားချင်းနီးစပ်သူတွေကို တွေ့ရတာ…
        အ ဟဲ… ငြင်းတာလည်းငြင်းတာပေါ့ ၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မေတ္တာတော့မပျက်ဖူးဘူး

        အငြင်းခံလိုက်ရတာတောင် မေတ္တာမပျက်ဖူးလို့ပဲ မြင်တယ်
        ဘယ်သူက ဘယ်သူ့ကို ဘာ့အတွက်ကြောင့် ငြင်းလိုက်လဲတော့မသိဘူး

        မေတ္တာမပျက်တာပဲသိတယ်

        ဪ..
        အနိစ္စ
        (အနိပ်ကလေးတွေ လိုက်စဦးမှပါလေ)

        သာဓု (ကောင်းလေစွ, ကောင်းလှောင့်တည်း)

        • ကေဇီ

          April 4, 2014 at 10:13 am

          ကျုပ် က ဝေးတယ် ကိုရင်။
          တည့်တည့် ပြောတာ။
          ရှင်းရှင်းပြောပါ။ :mrgreenn:

          ကျုပ် တို့ ရွာထဲ လူမြင်သူမြင် ရေးတဲ့ ကော်မန့်တွေကြည့်ပြီး ဘာတွေ ထင်နေသတုန်းမသိ။
          🙄

        • ဦးကျောက်ခဲ

          April 4, 2014 at 10:24 am

          အခုလိုမျိုးပေါ့ ကိုရင်ရယ်…
          ကိုရင်နဲ့ လောကကိုရှုမြင်ပုံချင်းမတူလို့ ငြင်းချင်ရင်ငြင်းရဦးမယ်… ဒါပေသည့် ကိုရင့်ကိုတော့ မေတ္တာမပျက်တဲ့အကြောင်း… အဲဒါလေး ပြောတာပါ… ဟီ ဟိ
          😀

        • Foreign Resident

          April 4, 2014 at 12:16 pm

          ဖြူစိုင်း လူ says:

          ” ကျုပ်ပေါက်လိုက်တာတော့တစ်မျိုး
          အငြင်းခံလိုက်ရတာတောင် မေတ္တာမပျက်ဖူးလို့ပဲ မြင်တယ်
          ဘယ်သူက ဘယ်သူ့ကို ဘာ့အတွက်ကြောင့် ငြင်းလိုက်လဲတော့မသိဘူး
          မေတ္တာမပျက်တာပဲသိတယ် ”

          ကို ဖြူစိုင်းလူ က ဦးကျောက် ကို အကြောင်းပြန်တာမှာ မှားပြီး ၊
          ကေဇီ လေးအောက် ရောက်သွားတာ ဖြစ်ပုံရပါတယ် ။

  • Mr. MarGa

    April 2, 2014 at 3:34 pm

    တစ်ချက်….
    တစ်ကိုယ်ကောင်း ဆန်နေလားး လို့
    စုဆောင်းတယ် ဆိုကတည်းက
    ကိုယ့်အတွက် သီးသန့် သိမ်းဆည်းထားချင်တဲ့ သဘော ဖြစ်သွားပြီလေ….
    မစုဆောင်းပဲ….
    မှတ်တမ်းမှတ်ရာ တစ်ခုအနေနဲ့ပဲ ထားမယ် ဆိုရင်ရော…..
    အဲ့ဒီ စိတ်ထားလေးတွေကို
    ဒီအတိုင်းလေး ထားပြီးတော့ အလှကြည့်နေလိုက်

    P.S ချစ်လို့ပြောတာမှတ်ပါ :mrgreenn:

    • ကေဇီ

      April 2, 2014 at 5:50 pm

      မပြောလည်း သိပါတယ်။
      ကိုုယ်ပိုုင် သိမ်းထားလိုု့ မရမှန်းးးး
      :mrgreenn:

      • Mr. MarGa

        April 2, 2014 at 6:19 pm

        ငါဟာ သိရက်နဲ့ မိုက်ခဲ့သူဘာာာာ :mrgreen:

  • Ma Ma

    April 3, 2014 at 7:44 am

    ဆုတောင်းတိုင်းပြည့်စေလို့….. ဆုမပေးနိုင်တော့ 😀
    ကြိုးစားပါ လို့သာ။

    ခုလောလောဆယ်တော့ ……
    လက်ဆောင်ရတဲ့ note book လေးနဲ့
    အရင်တုန်းက မရေးဖူးတဲ့ လုပ်ငန်းဆောင်တာမှတ်တမ်းတွေရေးဖြစ်သွားလို့ အကျိုးများနေတယ်။ 🙂

    • ကေဇီ

      April 3, 2014 at 8:25 am

      ဘာရောင်လေး ယူတုန်းးး
      ဝါဝါလေးလားးး

      :chit:

      • Ma Ma

        April 3, 2014 at 9:42 am

        နတ်မျက်စေ့ ရနေတယ်ထင်ပါ့။ 🙂

  • Foreign Resident

    April 3, 2014 at 8:25 am

    ကေဇီ လေး ရေ ။
    အဘ ဟိုဘက် Post ” စဉ်းစားကြစေလိုပါတယ် ( ၇၃ ) ( စုငွေ နှင့် အခွန် ) ” မှာ ၊
    နဲနဲ ထည့်ရေးထားတယ်နော် ။ အားပေးပါအုန်း ။

    • ကေဇီ

      April 3, 2014 at 8:27 am

      လာခဲ့မယ် ဘဖော။
      ဟိ။
      ဒီနေ့အားနေတုန်းးး ရွာလည် မဝင်း လုပ်မလို့

      😀

  • black chaw

    April 3, 2014 at 8:36 am

    ကေဇီ တစ်ယောက်…
    ခံစားချက်တူတဲ့ နှလုံးသားတွေ…
    ခံယူချက်ခြင်းတူတဲ့ စိတ်ထားလေးတွေ…
    လိုသလောက် စုဆောင်းနိုင်ပါစေလို့…
    ဆုတောင်းပေးသွားပါတယ်…ဗျာ…။
    😀

    • ကေဇီ

      April 3, 2014 at 9:34 am

      ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ ကိုကြီး ဘလက်။

      😀

  • weiwei

    April 3, 2014 at 9:06 am

    စာအုပ်စုတာ ဝါသနာပါခဲ့ဖူးတယ် … စာအုပ်တွေကြည့်ပြီး ပီတိတွေဖြာလို့ပေါ့ .. ဒါပေမယ့် များလာတော့ အဆင်မပြေတော့ဘူး .. ဘီဒိုထဲထည့်ထားတဲ့စာအုပ်တွေရော၊ ဒီအတိုင်း စင်နဲ့တင်ထားတဲ့စာအုပ်တွေရော ကြာလာတဲ့အခါ မှိုနံ့လိုမျိုးရှိလာတယ် .. စာအုပ်အဟောင်းတွေမှာ စွဲနေတဲ့ မှိုနဲ့နဲ့မတည့်တဲ့ အလက်ဂျစ်က ဒုက္ခပေးလာရော ..
    အခုတော့ စဉ်းစားနေရပြီ .. အကုန်လုံးစွန့်လိုက်ရင်ကောင်းမလား .. ဒါမှမဟုတ် အခန်းတစ်ခန်း သီးသန့်စီစဉ်ပြီး သေချာထိန်းသိမ်းရင်ကောင်းမလား ..

    ရုပ်ဝတ္ထုမဟုတ်တဲ့၊ ပိုက်ဆံနဲ့ပေးဝယ်လို့မရတဲ့ အရာတွေကတော့ စုဆောင်းရခက်မှာ ..
    သူများဆီကို မှန်းပြီး မမျှော်လင့်ပဲနဲ့ ကိုယ့်တစ်ကိုယ်ထဲမှာ အကောင်းဆုံးတွေ အပြည့်ဖြစ်အောင် စုဆောင်းထားတာ ပိုသေချာမယ်လို့ ထင်တယ် ..

    • ကေဇီ

      April 3, 2014 at 9:32 am

      ဟုတ်တယ်။
      စာအုပ် တွေကြည့်ပြီး ပီတိပဲ။
      ခု ထားစရာမရှိတော့ ဒုက္ခရောက်ချက်ကတော့။
      ကိုယ့် နိုင်ငံမှာဆို စာကြည့်တိုက်လေး ပြေးလှူလို့ ရသေးတယ်။

      ဝယ်လို့ မရတာတွေတော့ ပြောသာပြောရ စုဖို့ မစဉ်းစားတော့ပါဘူးးး ဝေ ရယ်။
      😀

  • TNA

    April 3, 2014 at 4:53 pm

    ရင်ဘတ်ကြီးနဲ့ဖတ်သွားပါတယ်။ စာအုပ်စုတာဝါသနာမို့ ခုထိတော့စုနေတုန်း။ မေ့လောက်ရှိပြန်ပြန်ဖတ်ရတဲ့ အရသာဘာနဲ့မှမတူလို့။

    • ကေဇီ

      April 4, 2014 at 9:06 am

      အာ့ကြောင့် ယောက်ခမွကိုချစ်ရတာ။
      နှလုံးသား ချင်း တူလို့။

      :s:

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 3:10 pm

    ကျုပ်လဲ စုချင်ပါတယ်ဗျာ
    လစာထုတ်ပြီးရင် အကြွေးရှင်တွေကိုပတ်ပြေးနေရတယ်

  • padonmar

    April 4, 2014 at 7:46 pm

    စာအုပ်ကတော့ စုချင်စိတ်ကို တားမရသေးဘူး။
    ဝယ်ပြီး ကူဖတ်ပေးမယ့်သူရှာနေရတယ်။ တယောက်မှ မဖတ်ရပဲ သေသွားရင် မတန်မှာစိုးလို့…
    ……..
    တည့်တည့်ပြောရင် တည့်တည့်ပဲ မြင်တာကောင်းပါကြောင်း

    • ကေဇီ

      April 4, 2014 at 7:55 pm

      ကေဇီ နဲ့ မာမီ ကတော့ မတူအောင် ဝယ်ပြီး လဲဖတ်တယ်
      ပြီးရင် ဆွေးနွေးကြတယ်လေ။
      ……..
      😀

  • Wow

    April 7, 2014 at 9:17 am

    ခုချိန်မှာတော့ ပိုက်ဆံဆိုလဲ သိပ်မက်မက်မောမောစုဆောင်းတာမျိုးမရှိ… ပစ္စည်းဆိုလဲ အိုက်လိုပဲ မရှိလဲ ဖြစ်နေတတ်တာမျိုးပဲလေ…. ဒါပေသိ… တစ်ခုခုကို တော့ အပိုင်သိမ်းချင်စိတ်ရှိနေသား :mrgreen:

    • ကေဇီ

      April 7, 2014 at 9:25 am

      ရတဲ့ နည်းနဲ့သာ သိမ်းပစ်လိုက်စမ်းဘာ။

      ကိုကိုဦး မ
      စိုင်းအောင်တင့် မ
      အောင်ခိုင် မ ဘဝ ရောက်အောင် ရတဲ့နည်းသာ သုံးပစ်။

      😀

      • Wow

        April 7, 2014 at 9:44 am

        ပူနဲ့ ပလန် အေ တူ ဇက် ဆွဲထားပီးသား… :mrgreen:

Leave a Reply