​တောင်​​ပြော​မြောက်​​ပြောနဲ့
​တောင်​လိုုလို​မြောက်​လိုလိုပဲဖြစ်​လာတယ်​
သက်​ရှိထင်​ရှားဇာတ်​​ကောင်​မှာ
အဓိကက
​ကောင်​းမွန်​တည်​့မတ်​တဲ့ ဒီဂရီတစ်​ခုလား
အရိပ်​အ​ရောင်​ခမ်​းနားတဲ့ ဥစ္စာဓနလား
အဆီတစ်ထပ်​အသားတစ်​ထပ်​ကျန်​းမာ​ရေးလား
​ကျောသားရင်​သား​ပေါင်​းသင်​းဆက်​ဆံတဲ့လူမှုှုကွန်​ယက်​လား
လာဒ်​​ပေးလာဒ်​ယူဝန်​ထမ်​း​ကောင်​းလား
​သေချာပါတယ်​
ဒုက္ခဘုံဟာ
ဒုက္ခဘုံပီပီ ဒုက္ခရှာသူ​တွေကိုပဲ
နိုင်​ငံသားလက်​မှတ်​ထုတ်​​ပေးတယ်​
ငါတို့လည်​း
ဒုက္ခဘုံသား​တွေပီပီ
ဒုက္ခမရှိ ဒုက္ခရှာလို့
မ​နေ့ကရှာ​ဖွေထားတဲ့
တွန်​့​ကြေလိမ်​​ခွေ​နေ​သော ​စေသသိက်​တွေကို
​ခေါက်​ရိုးကျိုး​အောင်​မီး​ကြွေထိုးလို့
အများသူငါသုံးစနစ်​တံမှာ
တ​ပျော်​တပါးမီးနဲ့​တေ့ရင်း​
​ပေါက်​ကွဲမှု ဂလိုဘယ်၌
ခန္ဓာကိုယ်​ကိုရင်​းနှီးမြှုပ်​နှံထားကြတယ်​
အလွန်​ဆုံးရှိလှ
ရ ​ပေ ၃ ​ပေ ​နေရာတစ်​ခုစာ
နားမည်​ကြီးရင်​​တော့ တမျိုးတစ်​ဘာသာ​ပေ​ပေါ့
ငါတို့
လိုက်​က​နေရတဲ့ ​အော်​ပရာမှာ

About ko six

ko six has written 108 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014