နဝေတိမ်တောင် အချစ်

အာဂApril 2, 20141min2599

မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။
မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။
ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။
နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။
နင်မရှိရင်ရော……ငါ……။

တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။
ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။
နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။
ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။
အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။
မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။

သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။
မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။
တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။
ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို
အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။
နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့
နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။

မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။
မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။
လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။
မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။
ပြောထားတယ်နော်…မနက်ဖြန်အထိဆက်ဆက် ရှင်သန်ပါ အချစ်။

အာဂ။

ဘာရယ်တော့မသိဘူးဗျာ။စိတ်ကူးပေါက်ပေါက်နဲ့ မော်ဒန်ကဗျာလေးရေးချင်မိလို့ ရေးလိုက်မိတာပါ။

9 comments

  • alinsett (gazette)

    April 2, 2014 at 6:05 pm

    ဒီလို ကဗျာတွေကို တအားသဘောကျတယ်ဗျို ့

    လွတ်လပ်ကျယ်ပြောသော လွင်ပြင်ကြီး
    သို့မဟုတ် ကောင်းကင်ကြီးထဲ
    အားရပါးရ ပျံသန်းရသလိုမျိုး
    ခံစားသူအတွက် ခံစားမှုတွေ တနင့်တပိုး ပေးထားလို့. . .

  • ko six

    April 2, 2014 at 6:42 pm

    မှုံဝါးဝါးအချစ်​
    အင်​း

  • ကေဇီ

    April 3, 2014 at 2:24 pm

    မြန်မာလို ချစ်တယ်။ 🙄
    မြန်မာလို့ သစ္စာမဲ့တယ် ဆိုပါ့လားးး 🙄
    အာ့ ဘာတုန်း??

    😀

  • အာဂ

    April 3, 2014 at 4:29 pm

    အဲဒါက မြန်မာတွေလောက်ချစ်တတ်တာ မြန်မာပဲ။ မြန်မာလောက် သစ္စာမဲ့တာလည်း မြန်မာပဲလို့ ကျောတာပါ မမကေဇီ

    • Shwe Ei

      April 4, 2014 at 10:24 am

      ကိုဂပြောတာ အပြည့်အဝ ထောက်ခံပါတယ် ခီညော် 😀

    • TNA

      April 4, 2014 at 6:54 pm

      ဒီအဆိုကိုထောက်ခံပါတယ်။ ချစ်ရင်လဲတအား။ တခြားဖက်ပါရင်လဲဗြောင်ကျကျပဲ။

  • black chaw

    April 4, 2014 at 10:26 am

    ဟေးဟေး…။
    မြန်မာလို ပဲ ဖတ်သွားပါတယ် ညီလေးရေ…။
    😀

  • အာဂ

    April 4, 2014 at 5:10 pm

    မန်မာ ကိစ္စကိုပြောရရင်…။ Edit ဝင်လုပ်တော့ စာလုံးပေါင်းအမှန်ပေါ်တယ်။ ဖုန်းနဲ့သုံးရင် လည်း စာလုံးပေါင်းအမှန်ပေါ်တယ်။ ရုံးက အင်တာနတ်နဲ့ကြည့်တော ့ အမှန်မပေါ်မဘူး။ ဘယ်လိုဖြစ်တာပါလိမ့်.။

    ကျေးဇူးပဲကို ဘလက်ရေ..။ ကိုဘလက်ထပ်ပြောမှသိရတယ်။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 7:32 pm

    မဟားဒရားကိုမိုက်တယ်ဗျာ
    မော်ဒတ်မှ ဒန်ဒန် ဒန်ဒန် နဲ့ကိုမည်နေတာပဲ
    အများကြီးဖတ်ချင်ပါတယ် ဆက်ရေးပါဦးဗျာ

Leave a Reply