ဟူးးးးး

မယ်ပု ဖြောင့်ချက် ရေးတုန်း က သိပ်နားမလည်ခဲ့ဘူးးး
ဘာလို့များ ရေးဖို့ လိုပါလိမ့်လို့ မှတ်နေတာ။ မှတ်ဟ!

ခု ကိုယ်တိုင်ရေးဖို့ လိုလိမ့်မယ် ထင်လို့ ရေးလိုက်တယ်။

ကျနော် ဒီရွာကို နာမည် အရင်းနဲ့ ပဲ ဝင်ပါတယ်။
ဘယ် အသိုင်း အဝိုင်းမှာ ကျင်လည်တယ်ဆိုတာလည်း ဘွင်းဘွင်းပြောပါတယ်။

ကျနော် ဟာ Not Available   ပါ ဆိုတာလည်း ပို့(စ) တင်ပြီး ပြောဖူးပါရဲ့။
ဒီထက်တော့ အသေးစိတ်ပြောပြလို့ မရတဲ့ ဘဝမို့
ဒီလောက် အမှန်ပေးထားတဲ့ အင်ဖိုမေးရှင်းနဲ့တင် ဒီရွာက လူတွေလည်း မထိခိုက်လောက်ဘူးထင်လို့ ကျနော် ပြောနိုင်သလောက် ပြောထားတာပါ။

ဖဘမှာလည်း ဓာတ်ပုံအမှန်၊ အသက်အမှန် အသိုင်းအဝိုင်း အမှန်ကိုပြထားပါတယ်။
စုံစမ်းလို့မှ သိနိုင်ရင် သိကြ ဆိုတဲ့ သဘောပဲ ပြထားတာပါပဲ။

ဒါပေမဲ့ ကျနော် ဒီရွာမှာ ပျော်လို့…..
ပို့(စ) ရေးတာတို့ ကော်မန့်တို့ မှာ လွတ်လပ်ချင်လို့ ကေဇီ ဘဝနဲ့ပဲ နေနေတာပါ။

လူကို ခင်ရင် ခင်သလို ချစ်ရင် ချစ်သလို ပြောဆိုတတ်ပါတယ်။
ကျနော် ချစ်တာ ကျား/မ မရွေး အရွယ် မရွေး၊ အခြေအနေမရွေးပါဘူးးး
ဒီကြားထဲက မှ စိတ်တူ ကိုယ်တူ ရှိလောက်တယ်လို့ ယူဆတဲ့ သူတွေ ကို ပိုချစ် ပိုရင်းနှီးခဲ့တာလဲ ရှင်းရှင်းပဲ ပြောခဲ့တာပါ။

ခက်တာက မိန်းမတစ်ယောက် အွန်လိုင်းရောက်လာရင်
– ဇာတ်လမ်းရှာဖို့ ထင်သလားးးး
– လွယ်လွယ် ကြံလို့ ရတယ်ထင်သလားး ဘာတွေလားတော့ မသိ။

ရွာထဲ စဝင်ကတည်းက ဟိုလူနဲ့ ထင်၊ ဒီလူနဲ့ စွပ်စွဲ ပြန်ပြန် ကြားရတယ်။
တမင် လာရိ တာတွေရှိတယ်။
ကိုယ်နဲ့သက်ဆိုင်တယ်လို့ ထင်တဲ့သူကို သွားမေးတယ်။

အစုံပါပဲ။
သည်းခံပါတယ်။ ကိုယ့်ကိုလာမေးတာမှ မဟုတ်ပဲ။

ကိုယ့် လာမေးတဲ့သူတွေကိုလည်း ကောင်းကောင်းဖြေခဲ့တာပါပဲ။
ခက်တာက လာလည်းမမေးပဲ ထင်ချင်ရာတွေ ထင်နေတာက ဒုက္ခဗျ။

ကျနော် ပေါက်ကရ မန့်တဲ့ မန့်ချက်တွေ ကြည့်ပြီး ကျနော့ ကို အကဲဖြတ်ရင်တော့လည်း မပြောတတ်ဘူးဗျ။
ကျနော် အွန်လိုင်းမှာနေတယ် ဆိုတာ ပျော်ချင်လို့နေတာပါ။
သူများကိုလည်း အတတ်နိုင်ဆုံး ပျော်အောင်ထားပါတယ်။

ကျနော့ ပွင့်ပွင့်လင်းလင်း ရေးတဲ့ ပို့(စ) တို့ ကော်မန့်တို့နောက်က အဓိပ္ပာယ်တွေ ထိ လိုက်ခန့်မှန်းနေရင်တော့ မသိတော့ဘူးပေါ့ဗျာ။

ကျနော် ဒီရွာမှာ ပျော်ပျော်ကြီးဆက်နေချင်ပါသေးတယ်နော့။

ဒါကြောင့် ကြာကြာနေရမဲ့ နည်းကို ရွေးထားတာပါ။

ကျနော့ ဖုံးကွယ်ထားတယ် ထင်ခံရတဲ့ ဘဝပိုင်းဟာလည်း ဒီရွာကလူတွေ ဒုက္ခရောက်စေမဲ့ အပိုင်းလည်း မဟုတ်ပါဘူးနော်။

ကျနော့ သက်ဆိုင်သူဟာ ဒီရွာထဲက လုံးဝ လုံးဝ မဟုတ်ရုံ အပြင် ဒီရွာကိုတောင် ရောက်ဖူးတဲ့သူမဟုတ်ကြောင်းးးးးးးးးးးး
သူ ရောက်လာရင်လည်း ကျနော် ဆက်နေလို့ ရမှာ မဟုတ်လို့ ဒီ ထက် ပြောလို့ မရပါကြောင်းးးး

 

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120