ကေဇီ ရဲ့ ဖြောင့်ချက်

ဇီဇီApril 4, 20141min38331

ဟူးးးးး

မယ်ပု ဖြောင့်ချက် ရေးတုန်း က သိပ်နားမလည်ခဲ့ဘူးးး
ဘာလို့များ ရေးဖို့ လိုပါလိမ့်လို့ မှတ်နေတာ။ မှတ်ဟ!

ခု ကိုယ်တိုင်ရေးဖို့ လိုလိမ့်မယ် ထင်လို့ ရေးလိုက်တယ်။

ကျနော် ဒီရွာကို နာမည် အရင်းနဲ့ ပဲ ဝင်ပါတယ်။
ဘယ် အသိုင်း အဝိုင်းမှာ ကျင်လည်တယ်ဆိုတာလည်း ဘွင်းဘွင်းပြောပါတယ်။

ကျနော် ဟာ Not Available   ပါ ဆိုတာလည်း ပို့(စ) တင်ပြီး ပြောဖူးပါရဲ့။
ဒီထက်တော့ အသေးစိတ်ပြောပြလို့ မရတဲ့ ဘဝမို့
ဒီလောက် အမှန်ပေးထားတဲ့ အင်ဖိုမေးရှင်းနဲ့တင် ဒီရွာက လူတွေလည်း မထိခိုက်လောက်ဘူးထင်လို့ ကျနော် ပြောနိုင်သလောက် ပြောထားတာပါ။

ဖဘမှာလည်း ဓာတ်ပုံအမှန်၊ အသက်အမှန် အသိုင်းအဝိုင်း အမှန်ကိုပြထားပါတယ်။
စုံစမ်းလို့မှ သိနိုင်ရင် သိကြ ဆိုတဲ့ သဘောပဲ ပြထားတာပါပဲ။

ဒါပေမဲ့ ကျနော် ဒီရွာမှာ ပျော်လို့…..
ပို့(စ) ရေးတာတို့ ကော်မန့်တို့ မှာ လွတ်လပ်ချင်လို့ ကေဇီ ဘဝနဲ့ပဲ နေနေတာပါ။

လူကို ခင်ရင် ခင်သလို ချစ်ရင် ချစ်သလို ပြောဆိုတတ်ပါတယ်။
ကျနော် ချစ်တာ ကျား/မ မရွေး အရွယ် မရွေး၊ အခြေအနေမရွေးပါဘူးးး
ဒီကြားထဲက မှ စိတ်တူ ကိုယ်တူ ရှိလောက်တယ်လို့ ယူဆတဲ့ သူတွေ ကို ပိုချစ် ပိုရင်းနှီးခဲ့တာလဲ ရှင်းရှင်းပဲ ပြောခဲ့တာပါ။

ခက်တာက မိန်းမတစ်ယောက် အွန်လိုင်းရောက်လာရင်
– ဇာတ်လမ်းရှာဖို့ ထင်သလားးးး
– လွယ်လွယ် ကြံလို့ ရတယ်ထင်သလားး ဘာတွေလားတော့ မသိ။

ရွာထဲ စဝင်ကတည်းက ဟိုလူနဲ့ ထင်၊ ဒီလူနဲ့ စွပ်စွဲ ပြန်ပြန် ကြားရတယ်။
တမင် လာရိ တာတွေရှိတယ်။
ကိုယ်နဲ့သက်ဆိုင်တယ်လို့ ထင်တဲ့သူကို သွားမေးတယ်။

အစုံပါပဲ။
သည်းခံပါတယ်။ ကိုယ့်ကိုလာမေးတာမှ မဟုတ်ပဲ။

ကိုယ့် လာမေးတဲ့သူတွေကိုလည်း ကောင်းကောင်းဖြေခဲ့တာပါပဲ။
ခက်တာက လာလည်းမမေးပဲ ထင်ချင်ရာတွေ ထင်နေတာက ဒုက္ခဗျ။

ကျနော် ပေါက်ကရ မန့်တဲ့ မန့်ချက်တွေ ကြည့်ပြီး ကျနော့ ကို အကဲဖြတ်ရင်တော့လည်း မပြောတတ်ဘူးဗျ။
ကျနော် အွန်လိုင်းမှာနေတယ် ဆိုတာ ပျော်ချင်လို့နေတာပါ။
သူများကိုလည်း အတတ်နိုင်ဆုံး ပျော်အောင်ထားပါတယ်။

ကျနော့ ပွင့်ပွင့်လင်းလင်း ရေးတဲ့ ပို့(စ) တို့ ကော်မန့်တို့နောက်က အဓိပ္ပာယ်တွေ ထိ လိုက်ခန့်မှန်းနေရင်တော့ မသိတော့ဘူးပေါ့ဗျာ။

ကျနော် ဒီရွာမှာ ပျော်ပျော်ကြီးဆက်နေချင်ပါသေးတယ်နော့။

ဒါကြောင့် ကြာကြာနေရမဲ့ နည်းကို ရွေးထားတာပါ။

ကျနော့ ဖုံးကွယ်ထားတယ် ထင်ခံရတဲ့ ဘဝပိုင်းဟာလည်း ဒီရွာကလူတွေ ဒုက္ခရောက်စေမဲ့ အပိုင်းလည်း မဟုတ်ပါဘူးနော်။

ကျနော့ သက်ဆိုင်သူဟာ ဒီရွာထဲက လုံးဝ လုံးဝ မဟုတ်ရုံ အပြင် ဒီရွာကိုတောင် ရောက်ဖူးတဲ့သူမဟုတ်ကြောင်းးးးးးးးးးးး
သူ ရောက်လာရင်လည်း ကျနော် ဆက်နေလို့ ရမှာ မဟုတ်လို့ ဒီ ထက် ပြောလို့ မရပါကြောင်းးးး

 

 

31 comments

  • Mr. MarGa

    April 4, 2014 at 12:03 pm

    မည်သို့ မှတ်ချက်ပြုရမည် ပြောရမည် မသိ

  • Myo Thant

    April 4, 2014 at 12:04 pm

    ပျော်သလို နေပါကွယ်

  • Foreign Resident

    April 4, 2014 at 12:21 pm

    သူက ဦးကျောက် ကို အကြောင်းပြန်တာမှာ မှားပြီး ၊
    ကေဇီ လေးအောက် ရောက်သွားတာ ဖြစ်ပုံရပါတယ် ။
    သိပ်ပြီး ခံစားမနေပါနှင့် ကေဇီ ရယ် ။

  • nozomi

    April 4, 2014 at 12:38 pm

    This too, shall pass away တဲ့
    ဘယ်သူတွေ ဘာပြောပြော အချိန်တန်တော့လဲ အားလုံးကပြီးသွားတာပါပဲ
    စိတ်ထဲ ဘာမှ ထားမနေနဲ့
    အရင်လို ကိုယ်တိုင်ပြောအောင်နေ
    ကိုယ်ကြောင့် သူ တစ်ပါးပျော်အောင်နေ

    သူ ရောက်လာရင်လည်း ကျနော် ဆက်နေလို့ ရမှာ မဟုတ်လို့ ဆိုတာမို့
    အဲလူကြီး ဆိုတာတော့ ရွာထဲ ခေါ်မလာနဲ့ ဝေ

    • nozomi

      April 4, 2014 at 12:39 pm

      ဆောတီးပါ စာလုံးပေါင်းမှားသွားလို့
      အရင်လို ကိုယ်တိုင်ပျော်အောင်နေ

  • alinsett (gazette)

    April 4, 2014 at 1:07 pm

    အင်းးးးးး
    ကျနော့်မလည်း
    ဖြောင့်ချက်ပေးစရာလေးတွေ ရှိသေးပါကြောင်းးးးး

    🙂

  • kyeemite

    April 4, 2014 at 1:34 pm

    ကျုပ်က ဘုမသိ ဘမသိမို့ ဘာမှမပြောတော့ပါဘူး…
    ကျုပ်လည်းခပ်ဖြောင့်ဖြောင့်သာနေပါသည်။
    ပျော်ပျော်လည်းနေပါသည်။
    သူများကိုလည်း ပျော်စေချင်ပါသည်။
    ထို့ကြောင့်…ကေဇီကဗျာလွတ်အားလည်း…ဆက်လက်ပျော်စေချင်ပါသည်။

  • MAUNG

    April 4, 2014 at 2:03 pm

    သိပ် ဂရုစိုက် မနေပါနဲ့ K
    ပျော်ရွှင်ပါစေ 🙂

  • တိမ်မည်း

    April 4, 2014 at 2:10 pm

    ဘာပြောရမှန်းကို သိတော့ဝူး………….

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 2:47 pm

    ဖြောင့်ချက် ဟုတ်လား
    ကျုပ်တော့ဖြင့် ပရိုဖိုင်လည်းမမှန်
    နာမည်လည်း မမှန်ဘူးဗျာ
    အဲဒီလိုသာ ဖြောင့်ချက်ပေးရမယ်ဆိုရင်
    ခက်ပဲ ခက်ရချည့်သေး

    နေပါဦး ဒီအွန်လိုင်းပေါ်မှာ
    အထူးသဖြင့်ရွာထဲမှာ အမှန်တွေတင်ရမယ်လို့
    အက်ဒမင်သူကြီးကများပြောထားလို့လား
    ခင်ဗျား ဒီလောက်မှန်တာတွေ ထည့်ရေးနေတာတောင်များနေပါပြီဗျာ
    ကျုပ်ကတော့ ဘာမှန်းညာမှန်းမသိဘူးဗျို့
    တစ်ရေးနိုးလို့ရွာထဲဝင်လိုက်တာ ပြဿနာနဲ့တိုးတော့တာဘဲ
    အင်းလေ မန်းဂေဇက်ပဲ ဒီလောက်တော့ရှိမပေါ့
    ဒါနဲ့ နေပါဦးဗျ
    စွတ်စွတ်စွဲစွဲတွေ တစ်စုံတစ်ယောက်က
    ဖွလိုက်ပုံရတယ်
    မှတ်ထားဗျ စွတ်စွဲပြီဆိုကတဲက ဘာမှမသိဘဲရမ်းပြောတာ
    ရမ်းပြောပြီဆိုတာကလည်း စေတနာဆိုးနဲ့ပြောတာများတယ်ဗျ
    ဘာလို့ဆိုရင်
    သူမသိတဲ့ကိစ္စ ကို မသေချာပဲပြောပုံထောက်တော့
    စေတနာတော့ဟုတ်မယ်မထင်ဘူး
    ကနဦးကတော့ နောက်တယ် စတယ် ပေါ့ဗျာ
    ဒီလိုနဲ့ပဲ ဟီးဟီးဆိုပီးရီပြလိုက်
    ဖြောင်း ကနဲ ပါးကိုရိုက်လိုက်
    ဆောဒီးဆောဒီး လုပ်လိုက်
    လူ့ သဘောများပြောပါတယ်
    ဒါကြောင့် ရှေးလူကြီးတွေကပြောတာ
    မိတ်ဆွေအတုအယောင်သည် အဆိပ်ရှိသော
    သတ်တဝါထက်ပိုကြောက်စရာကောင်း၏ တဲ့

    ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်
    ကျုပ်ပြောတဲ့ လူမျိုးတွေက သူများနှမသေတော့
    အနိစ္စ တဲ့ သူ့နှမသေတော့ ဒုက္ခဒုတ်ခ ဆိုတဲ့သူတွေ လဗျာ
    ကိုယ့်ဘက်ဆိုသိပ်သိတတ်ကြပုုံများ ရှေးကတောင်
    ပုံပြင်တစ်ပုဒ် ကြားဖူးပါသေးတယ်
    တစ်ခါတုန်းကအညာဒေသမှာပေါ့ဗျာ ……
    ဘုန်းတော်ကြီးတပါးက သူများတကာတွေ အသုဘတိုင်းမှာ အနိစ္စ ဘာညာ သင်ခါရ ဘာညာ
    ဟောသတဲ့ ။ တစ်နေ့ ရွာက သူ့နှမဝမ်းကွဲလဲ ရှောဘရားသားပတ်စ်အဝေးဖြစ်ရော
    သင်ကန်းခြုံပီးငိုလိုက်တာများ အခန်းထဲက ကိုမထွက်ဘူးတဲ့
    ဒါနဲ့ ဘေးနားက ဒကာ ဒကာမတွေက ဘုန်းဘုန်းဖရား သတိထားတော်မူပါ
    သင်ခါရတရားတွေဟာ မမြဲဘူးလို့ ဘုန်းဘုန်းပဲ ဟောနေတာပဲ လို့ ပြောတဲ့အခါ
    ငိုရင်းမတ်တပ် ဝမ်းခေါင်းသံကြီးနဲ့အော်သတဲ့
    ” ဟဲ့ ငါဟောပြောနေတုန်းက တခြားလူသေတာ ဟဲ့ အခု သေတာက ငါ့နှမ ” တဲ့
    ဒါပါပဲ အတ်တ တွေကြီးတဲ့သူတွေများ ကိုယ်ချင်းမစာတတ်ကြပုံများ ပြောပါတယ်

    ကျုပ်အမြင်အရတော့ လိုက်ရှင်းပြနေဖို့လိုမယ်မထင်ပါဘုးဗျာ
    နားမလည်တတ်သူကို ရှင်းပြရင် အချိန်ကုန်လူပန်းတာဖြစ်မှာပေါ့
    သူ့ အင်နားရှားနဲ့သူ ဂိုးပစေ
    အချိန်တန်ရင် နွားပိန်ကန်လိမ့်မယ်
    စကားပုံတောင်ရှိပါသေးတယ်ဗျာ
    ကျွဲပါး စောင်းတီး နွားပလာတာကျွေး တဲ့
    ပိုးသာကုန် မောင်ပုံ စောင်းမတတ် တဲ့

    မော လိုက်တာဗျာ
    ကျုပ်က လက်ဝှေ့ပွဲတွေသိပ်ကြိုက်တာ ဟီးဟီး

  • Crystalline

    April 4, 2014 at 3:46 pm

    ဘာ‌တွေဖြစ်‌…လွတ်‌သွားတဲ့ပို့စ်‌‌လေး‌တွေပြန်‌ဖတ်‌ဦးမှပါ‌လေ…… 🙁

  • TNA

    April 4, 2014 at 6:28 pm

    ချွိချွိလေးဘာဖြစ်တာလဲ။ စိတ်ထဲမထားနဲ့။ ကိုယ်ကပြောနိုင်သလောက်ပြောထားတာပဲ။ ထင်ချင်ရထင်ပစေ။ အဟိမြှောက်ပေးပြီးပြေးဘီ ငိငိငိငိ

  • padonmar

    April 4, 2014 at 7:36 pm

    မယ်ဆွိလေး ဘာတွေဖြစ်၊
    အိုဘာပဲဖြစ်ဖြစ် ရွာထဲမှာတော့ ရှိနေပေးပါကွယ်။
    အိမ့်ဆည်းလည်းထက်ပိုတဲ့ ရွာ့ခေါင်းလောင်းလေးမို့ပါ။

    • TNA

      April 5, 2014 at 3:33 pm

      ရွာ့မင်းကွန်းခေါင်းလောင်းကြီးမို့ပါ။ ငိငိငိငိ :mrgreen:

  • ကျော်စွာခေါင်

    April 5, 2014 at 12:59 am

    မကေ
    ဘာတွေ ဖြစ်နေလဲ..
    ကျနော်က ရွာကို စဝင်တုန်းကလဲ ဘုမသိ ဘမသိ
    ခုလို ရှင်းချက်တွေ ဖတ်ရတာလဲ ဘုမသိ ဘမသိ..
    ဒီလို ပြောလိုက်တာလဲ ရှင်းတာဘဲ..
    ဒါလဲ ကောင်းတာဘဲ…အဲ ထင်ချင်သူတော့ ဆက်ထင်ချင်ရင် ထင်ပေါ့..
    ရွာမှာတော့ ..မကေက လူသစ်ဆို စိမ်းစိမ်း ကျက်ကျက် ရင်းနှီးစွာ အားပေးတတ်တာ ကျနော် ့ကိုယ်တွေ ့ပါ
    ရွာကိုတော့ မပစ်ထားပါနဲ ့ဗျာ…
    ဟိူလူကြီးကို ပစ်လိုက်………………………………………….လို ့လဲ ပြောရက်ပါဘူး။
    ရွာမျက်ကို ကေဇီမစား…ပါ.။ ဒန်တန်းတန်….။

  • Ma Ma

    April 5, 2014 at 8:01 am

    ဖြောင့်ပြီးသားမို့ ဖြောင့်ချက်ပေးဖို့ မလိုပါဘူး မယ်ချွိရယ်။
    အကောက်တွေးတဲ့သူလိုလည်း လိုက်တွေးမနေနဲ့။
    ကိုယ့်အဖြောင့်နဲ့ ကိုယ်သာ ရှိပါစေ။
    လူတိုင်းတောင် မယ်ချွိလို ဖြောင့်ကြတာမဟုတ်။
    ဥပမာ- Ma Ma 😀

  • weiwei

    April 5, 2014 at 1:31 pm

    ဘာပြောရမှန်းမသိတော့ဘူး .. (ဘာတွေဖြစ်မှန်းလဲ မသိဘူးလေ) ..
    ဘာပဲဖြစ်ဖြစ် ကေဇီက ဖြောင့်ပြီးသားပဲဆိုတာ ရွာသူားတွေအားလုံး သိပါတယ် ..

  • ကေဇီ

    April 5, 2014 at 2:06 pm

    heeeeeheeeeeee
    အားးပေးးတဲ့ သူ အားးးးလုုံးးကိုု ကျေးဇူးတင်ပါတယ်။
    မနေ့ က စိတ်လိုုက်မာန်ပါတင်ပြီးမှ ရှက်တာ။။။ 😳
    ဒီ အကြောင်းကိုု လာလာ ခလုုတ်တိုုက်မိလိုု့ ရှင်းလိုုက်တာ ကောင်းးးမယ် ဆိုုပြီးးး
    :hint:
    ရွာထဲကတော့ မထွက်ပေါင်။
    ထွက်ရင်တောင် ဘယ်သူ့ ကြောင့် မှ မဟုုတ်။
    ဒလောက် ချစ်စာကောင်းတဲ့ သူတွေ ရှိ တဲ့ ရွာ ကနေ တ ဂျီးး က ကုုတ်နဲ့ ကော်တောင် မခွာဘူး မှတ်။
    :boss:

    😀

    • weiwei

      April 5, 2014 at 3:25 pm

      တော်သေးတာပေါ့ ..

      ဒီရွာက ချစ်စရာကောင်းတယ် …
      မနက်ဖြန်ကျရင် အားလုံးပျော်ပျော်ပါးပါး ဆုံကြရအုန်းမှာ …
      ဒါလဲ ကေဇီတင်ခဲ့ဖူးတဲ့ ဆုတောင်းလိုပဲ စိတ်တူတာတွေ စုမိကြတဲ့သက်သေပဲ ..

  • kai

    April 5, 2014 at 4:58 pm

    ရွာသူား.. အဲ..အဲ.. မြို့သူားအချင်းချင်း.. ထိခိုက်နစ်နာအောင်.. ပုဂ္ဂလိကဆိုင်ရာကို.. စွက်ဖက် ပြောဆိုတာရှိရင်.. တိုင်ပါနော..။
    အရေးယူပေးပါ့မယ်..။

    ဆိုတော့… ကေဇီ့ထမင်းဆိုင်ထဲဝင်လာလည်း.. ရိုက်လွှတ်ပေါ့..။ :mrgreen:

  • အာဂ

    April 5, 2014 at 5:42 pm

    ကျနော့်စိတ်ထင် ..ဆြာမကေစီ..က ရွာထဲကို အနုပညာတွေသယ်ပြီး ဟင်းချက်စားဖို့အတွက် တာဝန်ယူဖို့ရောက်လာသလိုပဲ..ခိခိ စတာနော်…။ (အခုပိုစ့်တွေဖတ်တယ်နော်..ဟင်းချက်တာကလွဲလို့ပေါ့..)

  • ကေဇီ

    April 5, 2014 at 6:09 pm

    တဂျီးး ဆိုဒ် ကို အစားအသောက် ဆိုဒ် ဖြစ် အောင် ကြိုးစားးး ပြီးး မှ
    :boss:

  • naywoon ni

    April 6, 2014 at 12:00 am

    အဲ့ အစားအ​သောက်​ဆိုင်​ဖြစ်​​အောင်​လုပ်​မယ်​ဆို​တော့ ဗျစ်​ရည်​ ​ကော​ရောင်​းမှာလားဟင်​

  • ဦးကြောင်ကြီး

    April 7, 2014 at 1:04 am

    ကေဇီဖျောင့်ချက်
    နေခြည်အောင့်သက်
    မြေနီထောင့်မတ်
    သွေဖီချောင့်ကပ်
    နေမည်စောင့်လျက်
    ခြေဆီမောင့်တွက်
    လေသည်ဖောင်းအပ်
    ဗွေသီရောင့်ထွက်..

  • Wow

    April 7, 2014 at 9:04 am

    ဒါနဲ့ ခုတစ်လော နပွဂျီး ဖစ်နေတာက နာဟုတ်ဝူးလားဟင်…
    နာမသိလိုက်ပဲ နိဘာဒွေဖစ်တွားဒါလဲ… :mrgreen:

    • ကေဇီ

      April 7, 2014 at 11:21 am

      ဒီလိုလေ။။
      နာ့ အကြောင်း သိတဲ့ သူတွေ က တစ်ခွန်းမှ မဟပဲ
      နည်းနည်းပါးပါးလောက် နဲ့ သိသလိုလို ထင်ပြီး နာ့ ကော်မန့်ကနေ နာ့ ကို အကဲခတ် ပိုင်းဖြတ်နေတာကို အညင်ကတ်လို့ တင်လိုက်တာ။
      ဟိဟိ။

      :mrgreen:

  • ဦးကျောက်ခဲ

    April 7, 2014 at 11:26 am

    အမ်… ကျောက်စ်နှမ မယ်ချွိ ဒေါဖောင်းနေတာကိုး…
    စိတ်ထင်တိုင်း ရမ်းပြောနေတာကို ရှင်းမနေပါနဲ့ကွယ်… စိတ်ပင်ပန်းပါတယ်…
    ကြုံလို့ပြောပါမယ်… မယ်ချွိက ကျောက်စ်နှမအရင်းနဲ့ သက်တူရွယ်တူ ၊ ပညာအရည်အချင်းတူ ၊ စိတ်ဓာတ်လည်းတူတဲ့… ဂဇက်ရွာက ကျောက်စ်နှမတစ်ယောက်ပါ ။ အင်း… တတ်လည်းတတ်နိုင်ကြပါပေ့…
    :s:

  • ဦးကျောက်ခဲ

    April 7, 2014 at 11:26 am

    အမ်… ကျောက်စ်နှမ မယ်ချွိ ဒေါဖောင်းနေတာကိုး…
    စိတ်ထင်တိုင်း ရမ်းပြောနေတာကို ရှင်းမနေပါနဲ့ကွယ်… စိတ်ပင်ပန်းပါတယ်…
    ကြုံလို့ပြောပါမယ်… မယ်ချွိက ကျောက်စ်နှမအရင်းနဲ့ သက်တူရွယ်တူ ၊ ပညာအရည်အချင်းတူ ၊ စိတ်ဓာတ်လည်းတူတဲ့… ဂဇက်ရွာက ကျောက်စ်နှမတစ်ယောက်ပါ ။ အင်း… တတ်လည်းတတ်နိုင်ကြပါပေ့… ကိုယ့်စိတ်နဲ့ နှိုင်းကြတာကိုး…
    :s:

    • ကေဇီ

      April 7, 2014 at 11:29 am

      အာ့ ဆို အမွေ ပေးပါ။

      :s:

      • Wow

        April 8, 2014 at 9:18 am

        အမွေပေးချင်လို့ နှစ်ခါတောင်လာမန့်ထားတာ….
        ထမင်းစားပန်းကန် အမဲပေးရင်တော့ ယူနဲ့ ချွိ :mrgreen:

Leave a Reply