ကိုယ်လျှောက်သော ခရောင်းလမ်း

crying-child

 

ကျနော့်ရဲ ့ခရောင်းလမ်း ပို ့စ်ထဲမှာ မီးနင်းပြီး လှုတဲ့ အကြောင်းလေး ကြုံလို ့ထည့်ရေးပြရင်း

မီးနင်းတဲ့ အကြောင်းကို ရေးပါ့မယ်လို ့ ပြောပြထားပါတယ်

ဒါပေမယ့် တစ်ကယ် ပြန်တွေးတော့ ဒါက စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ ့ ဆက်နွယ်နေတော့ ဒေါင့်ပေါင်းစုံကိုစဉ်းစားရပါတယ်

ကျနော့်ရဲ ့မြှုပ်ကွက်တွေ ပါလာမယ်..မြှုပ်ကွက်ဆိုတာ လိမ်တာကို ပြောတာ မဟုတ်ဘူးနော်..လျှိ ့ဝှက်သင့်ရင် လျှို ့ဝှက်ရမယ့် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေပါ.. ရေးရမှာတော့ မကြောက်ပါဘူး..

အင်္ဂလန်က ဘွဲ ့လွန်ယူပြီးနောက် သူငယ်တန်းက ဆရာကို မေ့သွားနိုင်သူ ရှိပေမယ့်

ကျနော့်အတွက်ကတော့ ဘာသာရေး သူငယ်တန်းအဆင့်မှာ သင်ကြားပေးခဲ့သော လမ်းမမှားအောင် ထိမ်းပေးခဲ့သော မိဘဆရာတွေကို ခုချိန်အထိ မမေ့နိုင်ပါဘူး

ကျနော် ငယ်တုန်းက ဆရာမြို ့တော် မောင်ယဉ်အောင်ရဲ ့ “ ပန်းလှေ ” ဇာတ်ကားထဲမှာ မချစ်ချစ်ဇော်

ကို ပေးပြောထားတဲ့ စကားလေးတစ်ခွန်းကို သိပ်သဘောကျခဲ့တယ်..

နွားချေး မြေဩဇာနဲ ့စိုက်ပျိုးခဲ့တဲ့ နှင်းဆီပင်က ပွင့်တဲ့ နှင်းဆီပန်းဟာ နွားချေးနံ ့မနံပါဘူး

နှင်းဆီရနံ ့ဘဲ ရှိပါတယ်..” ဆိုတဲ့ စကားလေးပါ..

ကျနော် မီးနင်းတာလေးကို ကွက်ပြီးရေးရင် ကျနော်က သူငယ်တန်းကို ကျော်ပြီး ၄တန်း အကြောင်းပြောသလို ဖြစ်နေမှာမို့..သူငယ်တန်းက စပါ့မယ်..

ဒီမှာဘဲ ဝဋ္ဋ်ကြွေး၊ ပါရမီ ၊ ပဌာန်းဆက် ၊ သီလ၊ ကျင့်ကြံမှု ၊ သမထ ဘာဝနာ၊ နာမ်လောက ၊ ပရလောက၊ အကြား အမြင်ဓါတ်..စိတ်စွမ်းအား ပါဝါ၊ စိတ်ချင်း ဆက်သွယ်မှု ..အားလုံးနီးပါးဟာ

ဆဲလ်တွေ ဆက်နွယ်နေသလို တသီတတန်းကြီး ဆက်နွယ်နေတာကို အံ့ဩစွာတွေ ့ရတော့တာပါဘဲ။

ကျနော်က အထင်ကရ လူမဟုတ်ပါဘူး ..သာမညလူတစ်ဦးပါ..ဒါပေမယ့် ဟောဒီသံသရာထဲမှာတော့

ကျနော့်အတွက် ကြုံခဲ့ရတဲ့ ကိစ္စတွေက သာမည မဟုတ်ပြန်ပါဘူး..

ဒီလို အကြောင်းတရားတွေ ဖြစ်လာဘို ့အတွက် နောက်ခံ အကြောင်းလိုပါတယ်..

အဲဒီ ဖြစ်စဉ်တွေရဲ ့အစက ကလေးငယ်လေး တစ်ယောက်က အစပေါ့

……..

……..

 

 

ကလေးတစ်ယောက်ရဲ ့အသိဉာဏ်ဘယ်အချိန်မှာစတင်သလဲဆိုတာ ဆရာဝန်တွေလောက် ကျနော်မသိပါ။
ကျနော် မှတ်မိတာက ကျနော်တို ့မောင်နှမတွေ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ နေပူဆာ လှုံရင်း မာမီ ဈေးက ပြန်လာတာစောင့်တာလေးကို ကျနော် သတိယတယ်..
တစ်ကယ်တော့ မိုးလင်းပြီိဆိုကတည်းက အိမ်မှာ ထမင်းကြော်နဲ ့လဘက်ရည်က အဆင်သင့်ပါ။
ဒါက အိမ်ကမနက်ခင်းအစာလို ့ဘဲ သတ်မှတ်ပြီး မာမီဈေးက ဝယ်လာပေးတဲ ့မုန် ့တွေကို မောင်နှမတွေ စောင့်နေတာပါဘဲ
ခြံတခါးဝမှာ ဈေးဆွဲခြင်းလေးဆွဲပြီး ဝင်လာတဲ ့ပြုံးနေတဲ ့မာမီ့ကို တွေရင်မောင်နှမတွေသံပြိုင်အော်ဟစ်ပြီး မာမီ့ကို ဝိုင်းဖက်ထားတတ်ကြတာ ပျော်စရာကောင်းတယ်..
ကျနော်တို ့မှာ အားလုံးမောင်နှမ ရ ယောက်ရှိတာလေ..ဒါပေမယ့် အဲဒိတုန်းကညီအငယ်ဆုံးလေးမမွေးသေးဘူးဆိုတော့

ကျနော့်အောက်က ညီမငယ် တစ်ယောက်ဘဲ ရှိသေးတာ..။ 
ကျနော်က အငယ်ဆုံးလိုဖြစ်နေတာပါဘဲ..
ကျနော်တို ့ခြံကြီးထဲမှာ အိမ်နှစ်လုံးရှိတယ် ..။ အဘိုးနဲ ့ အဘွား နဲ ့သားနဲ ့သမီးက တစ်အိမ် ကျနော်တို ့ မိသားစုက တစ်အိမ်ပေါ့.
မာမီဆိုတာက တဦးတည်းသောသမီး.. မာမီ ့မှာ မိခင်မရှိတော့ဘူး။ မာမီရဲ ့မိခင်က တောင်ငူရှမ်းစစ်စစ်ပါ။ 
အဘိုးကပါကစ္စတန်နိုင်ငံသား၊ အစ္စလာမ် ဘာသာဝင်၊ ကြူလီယာအနွယ်။
အဘိုးက တောင်ငူမှာစီးပွားရေးလုပ်ငန်းတွေအများကြီးပိုင်ပါတယ်..မာမီ့ဆီမှာ ခဏလာနေတာပါ.ခုနကပြောတဲ ့အဘွားဆိုတာ အဘိုးရဲ ့ဒုတိယအိမ်ထောင်..ကရင်အမျိုးသမီးကြီးပါ…ဒေါ်လယ်တဲ ့။

အရမ်းရိုးသားတာဘဲ ၊ကွမ်းအမြဲစားတယ်.။ ကျနော်က သူ ့ကို ချစ်တယ်..သူ့မှာက အဘိုးနဲ 
့ရထားတဲ ့ရင်သွေးနှစ်ယောက်ရှိတယ်..မာမီနဲ ့ဆို အဖေတူ အမေကွဲပေါ့..။ 
သူတို ့ကိုကျနော်ချစ်တယ်..သနားတယ်လို ့ဘဲ ပြောပြပါစေ
ကျနော်ငယ်ကလေးတည်းက နည်းနည်းခွဲခြားနေတယ်လို ့ခံစားရတယ်။ သူတို ့ခွဲခြားခံနေရတယ်ဆိုတာ ကျနော်သိနေသလို ဖြစ်ပေမယ့်

ဘာကြောင့်လဲဆိုတာ ကျနော် သေချာမသိခဲ့ပါဘူး
သူတို့ နာမည်တွေက မြန်မာလို ကိုထွန်းထွန်းအစ္စလာမ်နာမည်က ဆမ်မ်ဆူသင်းတဲ ့။

သူ ့ညီမလေးကမယ်ဒယာန် လို ့ဘဲ ကျနော် သိတာ။

အခုထိ အဒေါ်( အဒေါ်သာပြောတာ ကျနော့်စိတ်မှာက မောင်နှမလိုဘဲ 
အခုထိစွဲနေတုန်း) ရဲ ့မြန်မာနာမည်ကိုကျနော် မသိပါဘူး း)။ 
ကိုဆမ်မ်ဆူသင်းက ကျနော့်ကိုအရမ်းအလိုလိုက်တာ

အမြဲတမ်းလိုကျောပိုးထားတတ်တယ်..
ညီညီ ဆိုတာ ပါးစပ်ကမချအောင်ကို ချစ်တာ..
စကားတွေ ဟိုရောက်ဒီယောက်နဲ ့နော်..
ပြောချင်တာက မာမီဈေးက ပြန်လာတိုင်း သူတို ့အတွက် ဘယ်တော့မှ မုန့် မပါလာပါဘူး..။ အဲဒီအခါမျိုးဆိုသူတို ့မောင်နှမက လှမ်းကြည့်နေတာလေ..

သူတို ့ကြည့်တာ ကျနော်က ဘာလို ့သိလဲမေးရင် 
ဘာစားစရာလေးရရ ကျနော်က သူတို ့ဘက်ကို လှမ်းကြည့်တာကိုး..
ကျနော့်မှာ စားစရာတခုရတိုင်း သူတို ့နဲ ့အတူစားပါတယ်..
ကျနော်တို ့ခြံက အကျယ်ကြီးဆိုတော့ နေ ့လည်ဘက်ဆို ဲခြံအနီးအနားက သူငယ်ချင်းတွေ လာကစားကြတာ ဆူညံနေတာဘဲ..။ရွယ်တူရော ရွယ်မတူတာတွေရော..
ကစားတဲ ့အချိန်မှာတော့ ကိုဆမ်မ်ဆူသင်းတို ့တွေလဲ ကစားကြတာပါဘဲ။
ကျနော် အသက်ဘယ်လောက်ရှိပြီဆိုတာ ကျနော် မမှတ်မိပေမယ့် ဗိုလ်အုန်းသီးစက်ဘီးလေးကိုကိုယ်တိုင်စီးတတ်နေပြီ။

တနေ ့အိမ်မှာ အားလုံးကစားနေကြရင်း အရုပ်လေးတွေ ညှပ်ပြီး နေရာင်ထိုးလို ့ ရုပ်ရှင်ပြတမ်းကစားကြတယ်..
ဟိုတုန်းကလေ..။ တုတ်ချွန်လေးနှစ်ခုကို ၁ပေလောက်ခွာပြီးမြေမှာစိုက်ထား။ တုတ်ချောင်းလေးထိပ်မျာပနယ်စလင် ပုလင်းသေးသေးလေးတွေ စွပ်..

ပြီးတော့ သားရေကွင်း ၂ကွင်းကို ဟိုဘက်ပုလင်း ဒီဘက်ပုလင်း 
လှမ်းစွပ်ပြီး..သားရေကွင်း ကြားမာ ညှပ်ထားတဲ့ အရုပ်လေးတွေ ြှပ့်ထား ပုလင်းကို လက်နဲ ့လှည့် ..အရုပ်လေးတွေသွားတာ..
ရှေ ့မှာ ကျောင်းသုံးဗလာစာရွက်ထောင်းထားပြီးနေရောင်ထိုးပြီး ရပ်ရှင်ပြတာပေါ့လေ။
ကြည့်မယ့်သူက ဟိုဘက် အရိပ်ထင်တဲ ့ဘက်က ကြည့်ပေါ့..။ ဒီဘက်တော့ လာမကြည့်နဲ ့ စက်ခန်း)
အဲလို ရုပ်ရှင်ပြဘို ့လုပ်နေကြရင်း အရုပ်လေးတွေ ညှပ်ဘို ့ ကပ်ကြေး လိုလာရော။ အဲဒိတော့ ကျနော့်ကိုဗိုလ်လကျင်္ာကကပ်ကြေးသွားယူခိုင်းတယ်..
ဗိုလ်ကျင်္ာဆိုတာ သူများခေါ်ကြတာ မွေးကတည်းက ညာဘက်လက်က သိမ်သိမ်လေး မသန်ဘူး..ကျနော်က အထွန်းလို ့ဘဲခေါ်တာ၊

ကျနော့်ထက်တော့ ၁ဝနှစ်လောက်ကြီးမယ်ထင်တယ်..။ ကျနော်က ဟိုဖက်အုပ်စုဆီက 
ကပ်ကြေးကို သွားယူတော့ ဟိုဘက်အုပ်စုထဲက ကျနော့်အထက်ကအကိုက လိုက်ပြီိးလုတယ်..

အထွန်းကမြန်မြန်ပြေးလာဆိုတော့ ကပ်ကြေးကိုကိုင်ရင်းပြေးလာတာပေါ့..။ ကပ်ကြေးဆိုတာ ဆေးရုံသုံ့းကပ်ကြေးနော်..
၈လက်မလောက်ရှည်ပြီး ထိပ်က ချွန်နေတာဘဲ..
နောက်က အတင်းလိုက်တော့ အတင်းပြေးရင်း ရေပိုက်ခွေကြီးကို တိုက်ပြီိး ကျနော် မှောက်ရက် လဲကျတာ..။ 
ကျနော် ပြန်ကုန်းထချိန်မှာ အထွန်းက ထအော်တော့တာဘဲ..
ကျနော့်လက်ထဲမှာ ကပ်ကြေးမရှိတော့ပါဘူး..
ကြမ်းပြင်ကို ကြည့်လိုက်တော့ သွေးစက်တွေ ကျနေတာကပ်ကြေးက ကျနော့် ပါးမှာ စိုက်ဝင်နေတာ 
ညာဘက်ပါး အလယ်လောက်ကနေ စဝင်သွားတာ အဖျားက နားအထက်ဘက်က နားထင်ထဲမှာ။ကျနော် ငိုရမှန်းမသိဘူး ။..ကြောင်ငေးနေတာပါ..အော်သံတွေကြားမှ မာမီရောက်လာပြီး ကျနော့်ကို ရိုက်တော့တာဘဲ..

နာလိုက်တာလို ့ကျနော် မပြောပါဘူး..။ ဒါပေမယ့် ကျနော် အသံထွက်ပြီး ငိုခဲ ့ပါတယ်..။ 
ကျနော် မျက်ရည်တွေ ကြားက ဝိုးတဝါးမြင်လိုက်တာက ကျနော့်ကို ကြည့်ရင်း မူးမေ့လဲသွားတဲ ့အဘွားဒေါ်လယ်
..
ငိုနေတဲ ့မယ်ဒယာန်..ပြုံးနေတဲ ့ကျနော့်အကို ။
ကျနော့်ကို ပွေ့ချီလိုက်တဲ ့အကိုဆမ်မ်ဆူသင်းနောက်ဝိုင်းကြည့်နေကြတဲ့သူငယ်ချင်းတွေ……..
အဖေရောက်လာပြိး အကျိုးအကြောင်းမေးပြီးစိတ်ဆိုးနေတဲ ့ကျနော့်အဖ..
နင့်ဘာသာဖြစ်တာ….ဆေးရုံကိုနင့်ဘာသာသွား” လို ့ပြောတဲ ့မာမီ့စကားကြောင့်.
ဗိုလ်အုန်းသီး စက်ဘိးလေးကို ကိုယ်တိုင်နင်းပြီး ဆေးရုံကို ထွက်လာခဲ ့တာပေါ့..။ ညာလက်က ပါးကဒါဏ်ရာက
ိုအုပ်ကိုင်ထားရင်းဘယ်လက်က လက်ကိုင်ကိုကိုင်ပြီးစက်ဘီးနင်းတယ်..
ဆေးရုံက မြို ့အနောက်ဘက်အစွန်မှာဆိုတော့ မိုင်ဝက်လောက်နီးပါးရှိမလားမသိဘူး။
လမ်းမှာ လှည်းမောင်းလာတဲ ့လှည်းသမားတွေက သွေးတွေနဲ ့စက်ဘီးနင်းလာတဲ ့ကလေးဆိုတော့ မေးတာပေါ့..
ဘာဖြစ်တာလဲ..မိဘတွေမပါဘူးလားပေါ့..
မေးသမျှဖြေနေရတာပါဘဲ..။ သူတို ့ရဲ ့ကြင်နာမှုလေးကို ကျနော် မမေ့ပါဘူး..။ လယ်သမားတွေဆိုပေမယ့် မေးနေတဲ ့သူတို ့အသံတွေထဲမှာ ကြင်နာမှုတွေပါတယ်..
နောက်မှ ဆေးရုံရောက်ပြီးမှ အပါနဲ ့မာမီ ရောက်လာတယ်
အညာနွေကပူတာနဲ ့ ထွက်လိုက်တဲ ့သွေးတွေ..
ဆရာဝန်ကြီးက ဂရုစိုက်ပါတယ်..နာမည်က ဦးအောင်ထွဋ်ပါ..။ ကျနော့်ကို ကူညီပေးတဲ ့ဆေးရုံအကူ အဒေါ်ကြီးက ဒေါ်ညိုတဲ ့.
ဆေးရုံမှာက ထုံဆေးရော မေ့ဆေးရော လုံးဝမရှိချိန်ဖြစ်နေပါတယ်..
နောက်ဆုံးဆရာဝန်က ကျနော့်ကို မေးပါတယ်။။
သားဘာဆေးမှမသုံးဘဲ အစိမ်းချူပ်တာ ခံနိုင်မလားတဲ ့..ရွှေဘို ဆေးရုံက ဝေးတယ်..ဟိုမှာတော့ ဆေးစုံပါတယ်တဲ ့..
ဒါပေမယ့် သွေးထွက်များနေတယ်..၁ဝမိုင်ကျော်ခရီးကို သားသွားမယ်ဆို မကောင်းဘူးတဲ့”
တစ်ကယ်လို ့သာ အရှန်နည်းနည်းပြင်းမယ်ဆိုရင် နားထင်က တစ်ဆင့် ဦးခေါင်းခွံကို ထိုးဖောက်လို ့ကပ်ကြေးဖျားသာ ဦးနှောက်ထဲ ဝင်ခဲ ့မယ်ဆိုရင်သားအခုဆိုု အသက်တောင် မရှင်နိုင်တော့ဘူးတဲ ့”
ကျနော်မှတ်မိသလောက် ပြန်တွေးပြီးရေးတာပါ..
နောက်ဆရာမတွေနဲ ့သူ အင်္ဂလိပ်လို အကြာကြီးပြောနေပြီး အစိမ်းချုပ် ချုပ်ဘို ့စတင်တော့တာပါဘဲ။
(
)ချက်ချုပ်ရတယ်..နာတယ်..။ ဒေါ်ညိုက မျက်လုံ့းကို မမြင်ရအောင် လက်ဝါးနဲ ့ကာပေးထားတယ်..
ကျနော်က မသိမသာလေး ချောင်းကြည့်ရင် အပ်ကောက်ကြီးက မျက်လုံးနားဝဲဝဲလာမှ မျက်စေ့ကိုမှိတ်ထားလိုက်တာ။
ဆရာဝန်ကြီးက ချုပ်နေရင်းနဲ ့နောက်မျ ရောက်လာတဲ ့ဆရာမကို ဘီရိုထဲက အာတာပူစီမုန် ့ယူလာခိုင်းပြီး ကျနော့်ကို ကျွေးတယ်..။ ပန်းရောင်လေး.. စားလဲစား ချုပ်လည်းအချုပ်ခံပေါ့..
အခုထိ ကျနော့်ပါးမှာ ကပ်ကြေးထိုးမိတဲ ့ဒါဏ်ရာကမပျောက်ပါဘူး..။ရေးရေးလေးရှိသေးတယ်..
ဒါပေမယ့် ကျနော့်နှလုံးသားထဲမှာတော့ ပါးက အမာရွတ်ထက် ပိုပြီးအရာထင်ခဲ ့တဲ ့အမာရွတ် ကျန်နေဆဲပါဘဲ..
ကျနော်ကလေးပါကလေးတိုင်းဆော့တတ်ပါတယ်..
မိဘတိုင်းကလဲ သားသမီးတွေအတွက် စိတ်ပူမယ်ဆိုတာ နားလည်ပါတယ်..
ဒါပေမယ့်……
ငယ်ကတည်းက ရင်ထဲမှာ နာခဲ ့ရပါတယ်..
သေခြင်းတရားက အဲဒီအချိန်ကတည်းက ကျနော့်ကို နားရွက်လေးတောက်သွားတယ်..

 

ဆက်ပါဦးမယ်

ကျော်စွာခေါင်

 

25 comments

  • Foreign Resident

    April 5, 2014 at 1:55 am

    ” ဆက်ပါဦးမယ် ၊ ကျော်စွာခေါင် ”

    အမြန် ဆက်နော် ။

    ဟဲ ဟဲ ၊ ဖြစ်တောင့်ဖြစ်ခဲ ၊ ပထမဦးဆုံး Comment ။

    • ကျော်စွာခေါင်

      April 5, 2014 at 2:29 am

      ဘဖော..
      အစောကြီးပထမဆုံးဘဲ ဆိုတော့ အားပေးတာ ကျေးဇူးပါ..
      မြန်မြန်လဲ ဆက်ပါ့မယ်ဗျာ

  • ကေဇီ

    April 5, 2014 at 3:56 am

    ဖတ်ရတာ ရင်ထဲနာလိုုက်တာ……
    😥

    • ကျော်စွာခေါင်

      April 5, 2014 at 6:34 pm

      ဒီလိုဘဲ​ပေါ့ ​ကေဇီ
      ဘဝနာ ရင်​နာ​တော့လဲ အသိတရား မနာ​အောင်​လုပ်​ရ​တော့တာ​ပေါ့

  • alinsett (gazette)

    April 5, 2014 at 7:04 am

    ဖတ်ရင်းနဲ့ ကျနော့်ပါးထဲ ကက်ကြေးစိုက်ဝင်သွားသလို ခံစားလိုက်ရတယ်။
    ပြီးတော့ အဲဒီအချိန် မှာ အဲဒီကောင်လေး ခံစားရတဲ့ နာကျင်မှုတွေ
    ကိုယ့်ဆီ ကူးစက်လာသလိုမျိုး ခံစားလိုက်ရတယ်။

    ဟူးးးးး

    ဖတ်ရတာမောတယ်

    ဒါပေမယ့် ဆက် ဖတ်ချင်နေပြီ

    မြန်မြန်လေး အခန်းဆက်ပေးပါ ဦးခေါင်ရည်

    • ကျော်စွာခေါင်

      April 5, 2014 at 7:14 pm

      အလင်းဆက်ရေ
      ဦးခေါင်ရဲ ့စာကို ဖတ်ရလို ့ စိတ်မော လူမော ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ် နော..
      ဆိုလို ချင်တာကလေ..ကလေးတစ်ယောက်ဟာ ဘာသာ အယူအဆပြင်းထန်မှုကြားက အဆင့်ဆင့် စိတ်လေးတွေ ပြောင်းလာတာ..
      ပူလောင်တဲ့ အရာတွေကို သိလာတာလေး ရေးချင်လို ့ပါ..။
      ကွန်မန် ့လေးတွေ ပြန်ရေးပြီးရင်ဆက်မှာပါ..။
      တခါတခါ ဦးခေါင်က အလုပ်များတော့ ကွန်မန် ့ကို မကြည့်ဖြစ် ပြန်မရေးဖြစ်တာတွေများတော့ ရွာက မိတ်ဆွေတွေကို အားနာလို ့..။
      ဒါမယ့်..စာနဲ ့ ကျေးဇူးပြန်ဆပ်ပါ့မယ်..

  • Ma Ma

    April 5, 2014 at 8:17 am

    ဘဝတွေ ဘဝတွေ….
    ကံတွေ ကံတွေရဲ့ ဆန်းကြယ်ပုံကို အံ့ဩမိတယ်။ 🙁
    ကိုယ့်ကိုကိုယ် လမ်းမှန်ရောက်အောင် ကြိုးစားနိုင်တာကိုတော့ ချီးကျူ းမိတယ်။ 🙂

    • ကျော်စွာခေါင်

      April 5, 2014 at 7:16 pm

      မမရေ..
      လမ်းမှန်ရောက်ဆို ပါရမီဖြည့်ပြီး သင်ပေးမောင်းပေးတဲ့ သင်္ခန်းစာတွေက ကြမ်းတယ် မမရဲ ့…
      ဒါပေမယ့်..အားလုံးက ကျေးဇူးတင်စရာတွေပါ..။

  • Nyo Win

    April 5, 2014 at 9:55 am

    ဟူး….ငယ်ငယ်ရွယ်ရွယ်နဲ ့ရင်ထဲမှာနာတဲ့နာကျင်မှုက အစိမ်းချုပ်ခံရတဲ့နာကျင်မှုကို
    ဖုံးလွမ်းသွားတယ်လို ့ထင်ပါတယ်..ဆရာခေါင်ရေ….
    ကျနော်ဆို..ဒီအရွယ်ထိဆေးထိုးအပ်ကြောက်တုံး….။

    • ကျော်စွာခေါင်

      April 5, 2014 at 7:19 pm

      ကိုညိုရေ…
      ရင်ထဲမှာတော့ တော်တော် နာတာပါ…
      ဆေးထိုးအပ်တော့ ကျနော်လဲ ကြောက်တယ်..
      သူများကိုလဲ အပ်နဲ ့သွေးမဖောက်ပေးရဲဘူး…
      အဲ…အခြေအနေအရ ကျားနဲ ့နပန်းလုံးရမယ်ဆိုရင်တော့ မကြောက်ဘူး ရဲတယ်။
      သူများကို နာကျင်အောင်ဘဲ မလုပ်ရက်တာ

  • Crystalline

    April 5, 2014 at 11:47 am

    စိတ်မကောင်းလိုက်တာ… 😥 ဦးခေါင်အဖေက မယကထင်တယ်နော်.. အခုအချိန်မှာရော.. သူတို့ရဲ့ (အမေနဲ့အကို) ရဲ့သဘောထားတွေပြောင်းလာပြီလား..
    ကိုယ့်ဝမ်းနဲ့လွယ်ပြီး သူတို့ပယောဂကြောင့်ဖြစ်လာတဲ့ အပြစ်မဲ့ကလေးတွေကို ပစ်စလက်ခတ်ဆက်ဆံသူတွေကိုသိပ်မုန်းနေတဲ့အချိန်ဖြစ်နေတယ်… အသိတစ်ယောက်ရဲ့သားလေး ကလေးလေးက လိမ်မာပါတယ်.. သူ့မှာသွေးအားနည်းရောဂါဖြစ်ပြီး သွေးသွင်းကုသနေရတယ်.. မကြာခဏ ရန်ကုန်လာ.. အကုန်ကျတွေလည်းများလာတော့ အဖေလုပ်သူက အဲဒီကောင်ဂြိုကောင်တဲ့ မိဘကို ကောင်းကျိုးမပေး စီးပွားပျက်အောင်လုပ်နေတဲ့ကောင်တဲ့.. စိတ်တိုလိုက်တာ.. :evill:

    • ကျော်စွာခေါင်

      April 5, 2014 at 7:22 pm

      မနော်
      အဖေက မယက မဟုတ်ပါဘူး..တစ်မျိုးတစ်ဆွေလုံးက သူ ့ကို ကြောက်ရတာ..
      သဘောထားကတော့ မွေးကတည်းက တိုက်လာတဲ့ ဘာသာရေးစစ်က မပြီးသေးတော့ သူတို ့ဘက်က အလိမ္မာနဲ ့ပေါ့..
      လူလဲမော..စစ်လဲမောနေတာလေ…။

  • ဘာလို့ အမေက ဒီလောက်တောင် စိတ်ဓာတ်မာကျောရတာလဲဟင်င်.. သားသမီးအနေနဲ့ မပြောနဲ့.. ကလေးတစ်ယောက်၊ လူသားတစ်ယောက် အနေနဲ့ ကြည့်လိုက်ရင်တောင် သနားကရုဏာဆိုတာ ဖြစ်လာရမှာ.. အံ့ဩစရာကြီးနော်..

    • ကျော်စွာခေါင်

      April 5, 2014 at 7:24 pm

      လုံလုံ…
      မှတ်မိသေးလား ပါရမီဖြည့်တဲ့အကြောင်းလေ…
      ဒီလိုလဲလေ..မာမီလဲ အချိန်အခါအရ ဖြည့်ရတာပေါ့..

  • kyeemite

    April 5, 2014 at 1:35 pm

    .အော်သံတွေကြားမှ မာမီရောက်လာပြီး ကျနော့်ကို ရိုက်တော့တာဘဲ..။
    “ နင့်ဘာသာဖြစ်တာ….ဆေးရုံကိုနင့်ဘာသာသွား” လို ့ပြောတဲ ့မာမီ့စကားကြောင့်.။
    ကိုခေါင် ရေးပြလို့သာပဲ…မယုံနိုင်စရာ…အော်လောကကြီးထဲက တကဲ့အဖြစ်တွေက
    စိတ်ကူးလို့တောင်မရနိုင်တာမျိုးတွေပဲဗျာ…
    စိတ်မကောင်းဖြစ်မိတယ်ဗျာ…

    • ကျော်စွာခေါင်

      April 5, 2014 at 7:35 pm

      ကိုမိုက်ရေ..
      မဟုတ်မမှန်လုပ်ကြံရေးရင် မိဘကို ပြစ်မှားတဲ ့ အကျိုးက တော်တော် ပူပါတယ်..ဒါပေမယ့် ဒါတွေက အမှန်တရားမို ့ ကျနော်ရေးရဲ တာပါ.. ဝဋ္ဋ်ကြွေးတခုကြောင့် ဘာသားခြားမိခင် ဝမ်းမှာ ဝင်စားရတဲ ့ ပူလောင်မှု….
      ၉ လလွယ်၁ဝလဖွား…မွေးခဲ့ရတဲ ့သားက ငယ်ကတည်းက ဘာသာရေး ပြောင်းလဲမှုတွေ ဖြစ်လာနေတာကို ကြည့်နေရတဲ ့ အမေ…
      ကျနော့်ကို သနားပြီး စိတ်မကောင်း ဖြစ်နိုင်ပေမယ့် အမတေစ်ယောက်ရဲ ့ အမုန်းခံပြီး ဖြည့်ပေးလိုက်ရတဲ ့ ပါရမီ…
      အံ့ာသထိတ်လန် ့စရာ တော်စပ်မှုတွေပါ..
      ဒါပေမယ့်လေ…
      နောင်တစ်ချိန်မှာ သားဖြစ်သူ ရဟန်းဝတ်နဲ ့သိမ်ဆင်းလာတဲ့ ဓါတ်ပုံကို တွေ ့တော့ မာမီငိုတာ ကျနော် စိတ်မကောင်းဘူး ကိုမိုက်..။

  • kai

    April 5, 2014 at 2:44 pm

    ရင်ထဲမကောင်းလိုက်တာ…
    အချွန်ကမျက်လုံးဖက်ဆို… ကန်းပြီပေါ့..။

    လောကမှာကိုးကွယ်ရာဘာသာတရားဆိုတာ.. လူတွေအတွေးအခေါ်..အဲဒီကနေ..အပြုအမှုအလေ့အကျင့်တွေကိုတိမ်ဖုံးစေတယ်…လို့..တွေးနေမိတယ်..။

    • ကျော်စွာခေါင်

      April 5, 2014 at 7:39 pm

      သူကြီးရေ..
      ကရုဏာစကားလေးတစ်ခွန်းအတွက် ကျေးဇူးပါ..
      ဘာသာတရားဆိုတာ အသိပညာ စဉ်းစားဉာဏ် မကြွယ်ဝခင်က လူအများအတွက် ကောင်းမွန်ရာလေးတွေ ညွှန်ပြ ပေးတဲ ့ ကောင်းမြတ်သော ဘာသာတရားပါ.. ဘာသာတရားကို လက်နက်လို သုံးတဲ ့အခါ…..
      …..
      ဆက်ပါဦးမယ် သူကြီး။

  • surmi

    April 5, 2014 at 3:57 pm

    အင်းးး တစ်ခါက ဦးကျောက်ရဲ့ ကွန်မန့်တစ်ခုမှာ
    ဆရာခေါင်ရဲ့ အကြောင်းအစုံသာဖတ်ရရင် မျက်ရည်တွေ
    ဘူးသီးလုံးလောက်ကျသွားလိမ့်မယ်လို့ ပြောခဲ့တာ
    အမှန်ပါလား အစ်ကိုရေ ……
    မိဘတွေရဲ့ ဒေါသအလျောက် အပြုအမူဟာ တစ်ခါတရံ လက်လွန်ခြေလွန်ဖြစ်ပြီး
    ကလေးတစ်ယောက်အတွက် လမ်းကြောင်းမှန်တွေကနေ သွေဖီသွားနိုင်ပေမယ့်
    အစ်ကို့လို အသိတရား နဲ့ယှဉ်ပြီး အောင်မြင်နိုင်ဖို့အတော်ခက်လှပါတယ် ။
    ဒီစာလေးဖတ်ပြီး မိဘနေရာရောက်နေပြီမို့ အထူးဆင်ခြင်စရာတွေ
    မှတ်သားမိပြန်သေးတယ် ။
    ပွဲခွင်တွေအကြောင်း ရေးပြီဆိုတော့အထူးစိတ်ဝင်စားမိပြီအစ်ကိုရေ
    ကျနော်လည်း ငယ်ငယ်က ပွဲခင်းထဲပျော်ခဲ့ဖူးသူပေါ့ ။
    ကံတရားက မျက်စိလည်ပြီး အစ်ကိုနဲ့တောင် ဆုံဖူးကောင်း ဆုံနိုင်ပါလိမ့်မယ်
    ဆက်ရန်မျှော်နေမယ်အစ်ကိုရေ

    • ကျော်စွာခေါင်

      April 5, 2014 at 7:42 pm

      ကိုဆာရေ
      တောင်းဆိုတာက မီးနင်တဲ့ အကြောင်း…
      စရေးလိုက်တာက ပူလောင်မှုတွေနဲ ့ဆိုတော့ အားနာပါတယ်..
      ဒါပေမယ့် ကျနော် ဆက်ရေးမှာပါ

  • TNA

    April 5, 2014 at 4:12 pm

    အောင်မယ်လေး ရက်စက်ပါ့။ တကယ့်ကောင်ခန်းကျမှဖြတ်လိုက်တယ်။ မြန်မြန်ဆက်ပါဆြာခေါင်ရေ။ ရေး ထားတာဖတ်ရတာရင်ထဲတမျိုးပဲ။ လေးကျန်ခဲ့တယ်။ နောက်တပိုင်းကိုမျှော်နေပါတယ်။ :p:

  • ကျော်စွာခေါင်

    April 5, 2014 at 7:44 pm

    မနုအေးရေ..
    မြန်မြန်ဆက်ပါ့မယ်..

  • padonmar

    April 5, 2014 at 9:43 pm

    ပါရမီဖြည့်တယ်ဆိုလို့ မျက်နှာစာအုပ်ထဲက ဖတ်ရတဲ့စာလေး သတိရမိတယ်။
    အရှင်ဒေဝဒတ်မြေမြိုခံရတဲ့ အကြောင်း အရှင် အာနန္ဒာက မြတ်စွာဘုရားကို သွားလျှောက်တယ်။
    တပည့်တော်တို့ရဲ့ ရန်သူကြီး မြေမြိုခံသွားရပါပြီဆိုတော့
    မြတ်စွာဘုရားက အာနန္ဒာ၊ဒေဝဒတ်ဟာ ငါ့ရဲ့ ကျေးဇူးရှင်ပဲ၊သူ့ကြောင့်သာ ငါဘုရား ပါရမီတော်တွေ ဖြည့်ခွင့်ရခဲ့တယ် လို့ မိန့်တော်မူခဲ့သတဲ့။
    ဒါကြောင့် အဆင်မပြေမှုတွေ ကိုယ့်ပေါ်အတိုက်အခိုက်တွေများ တွေ့ခဲ့ရင် ငါ့ရဲ့ ခန္တီပါရမီ ကို စမ်းသပ်နေတာပဲလို့ တွေးပြီး သည်းခံခြင်းဖြင့် ကျော်လွှားလိုက်ပါတဲ့။
    ခေါင့် မာမီလည်း ခေါင့်ကို ပါရမီဖြည့်ဖို့ ခက်ထန်တဲ့ စိတ်တွေ သားအပေါ်ထားခဲ့မိတာ ဖြစ်မှာပါ။

  • ဦးကြောင်ကြီး

    April 7, 2014 at 1:10 am

    ဘွသံသရာ
    ဖွရန်လာ
    ငါ့ထံမှာ
    ခဏစံပါ
    ငတသန်လျှာ
    မရဟန်ခါ
    ကကြံတာ
    မြနန္ဒာ…

  • Mr. MarGa

    April 7, 2014 at 12:51 pm

    မီးနင်းတဲ့ အကြောင်းကိုရေးမှာမို့
    ပူလောင်မှုတွေနဲ့များ စ. လိုက်သလား
    အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ကြည့်တာများတာမို့
    မှတ်ချက်တော့ မပေးတော့ပါဘူး
    နောက်တစ်ပိုင်းကိုပဲ အသာလေး ဆက်သွားနေပါကြောင်း….

    ဖားသဂျိုး

Leave a Reply