နွေလွယ်အိတ်

အာဂApril 5, 20141min1765

နွေ……ရောက်ပြီလေ
စာတန်းထိုးပြလိုက်တော့….။

လွယ်အိတ်အနွမ်းကလေး နံရံမှာချိတ်
ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့
ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့
ဟိုရှေ့က ပိတောက်ပင်အိုလို
သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။

“မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ”

သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို
မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့
၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့
ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို
အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ
သူကလေးသွေးနဲ့ ဖာထေးရင်း…

လွယ်အိတ်အနွမ်းကလေး ၊ ပုခုံးမှာချိတ်
အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့
သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။
သူကလေး ရင်ထဲမှာတော့
နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို
ခြောက်ကပ်နေလေရဲ့…။
(ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ
အရည်ပျော်ကြစေနိုင်တာပဲလို့
ဒီကလေးလေးတစ်ယောက် တွေးမိနေမလား…ပဲ)

မှတ်ချက်။ ။ (မိသားစု ဝမ်းရေးအတွက်ဖြည့်ဆည်းပေးနေရတဲ့ ကလေးငယ်လေးတစ်ရောက်အတွက်)

ကဗျာအဟောင်းလေးပါပဲ..ပြန်တင်ထားတာ နွေနဲ့များလိုက်ဖက်မလားလို့

5 comments

  • ကေဇီ

    April 6, 2014 at 6:33 am

    နွေမှာ လွယ်တဲ့ လွယ်အိပ်ထဲမှာ က အပူတွေ အပြည့်!!

    :hint:

  • alinsett (gazette)

    April 6, 2014 at 7:17 am

    တချို့အတွက်နွေဆိုတာ. . .ပူလောင်မှုတွေ ထည့် လွယ်ပိုးထားရတဲ့ အိတ်တစ်လုံးပေါ့

    တချို့အတွက်တော့နွေဆိုတာ
    နွေရောက်လို့ရောက်မှန်းတောင် မသိလိုက်တဲ့အထိ
    အေးချမ်းသာယာခြင်းအတုတွေနဲ့ ဖုံးကွယ်ထားနိုင်တဲ့
    ခြောက်သွေ ့၍ နေထိုင်ကောင်းသော ရာသီတစ်ခု

  • အာဂ

    April 7, 2014 at 1:47 am

    အလင်း ကေစီ ကျေးကျေး ၂ယောက်စလုံး ရဲ့ စာသားက ကဗျာပါ

  • Mr. MarGa

    April 8, 2014 at 11:36 am

    ပူနေတာတွေ အေးစေဖို့
    ရင်အပူကို အသာဝှက်
    သူတစ်ပါးအတွက်တော့ ကယ်တင်ရှင်လို့ ဆိုရလေမလား

  • ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့
    ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို
    အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ
    သူကလေးသွေးနဲ့ ဖာထေးရင်း…

    မျက်လုံးထဲမယ် မြင်ယောင်ပြီး ရင်ထဲမကောင်းဘူး.. 😥

Leave a Reply