ကိုယ်လျှောက်သော ခရောင်းလမ်း ( အပိုင်း ၂ )

youngirls

 

    ပါးမှာဒါဏ်ရာရပြီးတဲ ့နောက်ပိုင်း ကျနော့်ကို အဘွားတို ့အိမ်ကခေါ်ထားလိုက်တော့တာပါဘဲ……………
အဘွားက အဖေ့ရဲ ့မိခင်ပါ..။နာမည်က ဒေါ်တင်တဲ ့။ ဗုဒ္ဓဘာသာ မြန်မာစစ်စစ်ပါ၊ အဘိုးက ပါကစ္စတန်က 
ကျူလီယာအနွယ်အစ္စလာမ် ဘာသာဝင်ပါ..။ အဘွားကလည်း အစ္စလာမ်ဘာသာဝင်တွေအတိုင်းနေပါတယ်..
အဘိုးကတော့ ဆုံးသွားပါပြီ၊ကျနော် မမှီပါဘူး..။အဘွားမှာ မောင်တစ်ယောက်ရှိတယ်..ဘိုးကြွယ်တဲ ့။
သူကခင်ဘို ့ကောင်းသလို ရယ်ရတယ်..ခဏခဏဘုန်းကြီးဝတ်တယ်..ဗုဒ္ဓဘာသာနော်..သူဘုန်းကြီးဝတ်တိုင်း
အိမ်ရောက်လာပြီး..“ အမတင်..ကျုပ်ဘုန်းကြီးဝတ်ချင်တယ်..ရဟန်းဒကာမလုပ်ပေးပါ” လို ့ပြောတယ်..
၁လနီးပါးလောက်ကြာရင် ဦးထုပ်လေးငိုက်စိုက်ဆောင်းပြီး ပုဆိုးလေးတမမ”နဲ ့ ရောက်လာပြီး….
အမတင် ကျုပ်ကို မိန်းမတောင်းပေးပါဦး.” တဲ့။ ဘယ်အချိန်က လူထွက်လိုက်မှန်းတောင်မသိရပါဘူး။
အဘွားက လိုက်တောင်းပေးတာဘဲ..။ 
ဟော ၂လ ၃လ ကြာရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်း နဲ ့ငိုကြီးချက်မနဲ ့…………….
အမတင် ကျုပ်..ကျုပ် ဘုန်းကြီးပြန်ဝတ်တော့မယ်ဗျာ” လုပ်ပြန်ရော။မိန်းမက ပစ်သွားတာလေ။
အမေကြီးကလဲ ထုံးစံအတိုင်း ရဟန်း ဒကာမပေါ့..
အဲလိုမျိုး လုပ်တာ ကျနော်မှတ်မိသလောက် ၅ခါလောက်ရှိတယ်
ခဏခဏဆိုတော့ သူတခါလာငိုနေတုန်း ကျနော်က အမေကြီးနားမှာ ထိုင်နေရင်း ပြောမိတယ်..
ဘို းလေးအဲလိုု ခဏခဏ လုပ်နေမယ့်အစား ၊ဘုန်းကြီးဝတ်နဲ ့မိန်းမယူထားပါလား” ဆိုတော့……
သူကစိတ်ဆိုးတယ်…“ မင်းကို ငါ ဘယ်တော့မှ မုန် ့ဘိုး မပေးတော့ဘူးကွာ” တဲ ့။
အဒေါ်တွေက ဝိုင်းရယ်ကြတယ်။ ကျနော်တွေးတာက ဒီလိုပါ..။အမေကြီးနေထိုင်နေရတာက မွတ်စလင်
အသိုင်းအဝိုင်းပါ..။ သူလုပ်နေရိုးရိုး လူတွေက အမေကြီးကို ပြောမှာပေါ့..။ ကျနော်က ငယ်ပေမယ့် နည်းနည်း
အတွေးနက်တယ်
အမေကြီးတို ့အိမ်မှာ နေရတာ ကျနော်အရမ်းပျော်တယ်..။အားလုံးကလည်း ကျနော့်ကို ချစ်တယ်..
အမေကြီိးရဲ ့သားသမီးတွေနဲ ့မောင်တွေ တူတွေ ကြုံတုန်းပြောပြမယ်..
အမေကြီးမှာ သားသမီး ()ယောက်ရှိတယ်။
၁။ ဒေါ်ရီ( ကျနော်က အမေမရီလို ့ခေါ်တယ်..ယောကျင်္ားကဆုံးသွားပြီ..သမီးတစ်ယောက်ရှိတယ်..မမမြင့်..
ကျနော် အချစ်ဆုံးအမ……….)
၂။ ဦးဟန်အလံနီ ကွန်မြူနစ်..သူ ့နာမည်က ဗိုလ်ရောင်နီ၊ အမျိုးသမီးက ဗုဒ္ဓဘာသာ..သားသမီး ၆ယောက်
၃။ ဒေါ်ဘူး ( ကျနော့်ရဲ ့ဒုတိယ အမေ..မျက်လုံးကအပြာရောင်နဲ ့..အပျိုကြီး)
၄။ဦးထွန်းရွှေအမျိုးသမီးက ဗုဒ္ဓဘာသာ..သားသမီး ၅ယောက်
၅။ဦးထွန်းဝေ( ကျနော့်အဖေ..သားသမီး ()ယောက်)
၆။ ဒေါ်ပု( အရပ်က အရှည်ကြီး)အပျိုကြီး
၇။ ဦးခေါ်လီ( အလံဖြူ ကွန်မြူနစ်..လူပျိုကြီး အရက် အရမ်းသောက်)
၈။ ဒေါ်စု ( အပျိုကြီး)
အဲဒီ အမှတ်စဉ်တွေထဲမှာ ၂။၄။၅ က အိမ်ခွဲနေတယ်..။ ကျန်တဲ ့သူတွေက အမေကြီးနဲ ့နှစ်ထပ် ပျဉ်ထောင်
သွပ်မိုးအိမ်ကြီးမှာ အတူတူနေကြတယ်..။ ကျန်တဲ ့မြေးတွေ အားလုံ့းနီးပါးက နေ ့ရောညရော အမေကြီးအိမ်မှာ
လာနေကြတာဘဲ..။ ထမင်းဝင်စားချင်တဲ ့သူစားလဘက်ရည် သောက်ချင်သူသောက် ပျော်စရာကြီးပါ..
အမေကြီးမှာ မောင်ဝမ်းကွဲ၃ယောက်ရှိတယ်..။ ဘကြီးလှ။ ဘိုးကြွယ်နဲ ့ ဘဒွေးအောင်..အဲဒိဘဒွေးအောင်အမျိုးသမီးက မုံရွာ ချောင်းဆုံက ဘုရင်ဂျီ အနွယ်ခရစ်ယာန် ( ကျနော်အတွက်တော့ ဘာသာပေါင်းစုံ နတ်ရေကန်ကြီးထဲမှာ ကြိုက်သလောက်မေးမြန်းစပ်စု လေ့လာရတာပေါ့ )
ဘဒွေးအောင် သားသမီး၅ ယောက်ကလည်း ဒီအိမ်မှာဘဲ လာဆော့တာဘဲ…………………….
ကျနော်နဲ ့မတည့်တာ တစ်ယောက်မှမရှိဘဲ..ထူးထူးခြားခြား သူတို ့အားလုံက ဝိုင်းချစ်ကြတယ်
အဘွားတွေ အဒေါ်တွေက လိုလေသေးမရှိအောင်ကို ချစ်ကြပါတယ်..။ မမမြင့်က အရွယ်ကွာပေမယ့် ချစ်တယ်..
ဒေါ်ဘူးကတော့ မိခင်တစ်ယောက်လိုကို ချစ်တာပါ..
အဲဒီ ပျော်ရွှင်မှုနဲ ့အတူ ကျနော် ၁ တန်းလောက်ရောက်လာတယ် လို ့ထင်ပါတယ်။ ။

ကျနော်နဲ ့မြင်းညိုရှင်…….

…….
ခုနက ပြောပြတဲ ့မမမြင့်ပေါ့..။ သူက အပျိုအရွယ်လေ..
မှတ်မှတ်ယယ ဥပုဒ်ကာလပြီးဆုံးပြီးအစ္စလာမ်ဘာသာဝင်တွေရဲ ့ အိဒ် နေ ့မှာပေါ့
လူတွေကလည်း အများကြီး လာကြစားကြ..။ ကျနော်တို ့မြို ့လေးက ဘာသာရေး သိပ်အစွန်းမရောက်ကြပါဘူး။
အိဒ်နေ ့ဆိုပေမယ့် ဗုဒ္ဓဘာသာတွေ အများကြီး လာစားကြတာဘဲ.. ပျော်စရာကောင်းတယ်..
ကျနော် အိမ်ရှေ ့မှာ ဆော့နေတုန်းအင်မတန် လှပတဲ ့မြင်းညိုကြီးနဲ ့လူတစ်ယောက် ရောက်လာတယ်..
တော်တော် ခန် ့တဲ ့သူဗျ..။ အသားကဖြူတယ်..အရပ်မြင့်တယ်. မုတ်ဆိတ်မွေးရိတ်ထားတာ စိမ်းနေတာဘဲ။
ပြောရရင် ကုလားကားတွေထဲက ဇာတ်လိုက်လိုဘဲ…..မြင်းကရွှေဘိုမြင်းကြီး။
ဟေ့….မင်းနာမည် ဘယ်သူလဲ”
ညီညီလေ”
..ညီညီ ဆိုတာကိုး..မင်းကိုသိတယ်ကွ..မင်း မမမြင့် ရှိလား”
ရှိတယ် အိမ်ထဲမှာခေါ်ပေးရမလား..”
တိုးတိုးလေးသွားခေါ်နော်..ဘယ်သူမှ မသိစေနဲ ့”သူကပြောတယ်
ကျနော်လည်းမမကို တိုးတိုးလေးခေါ်လာတာပါဘဲ။
အိမ်ရှေ ့လဲ ရောက်ရော မမကကျနော့်ကိုဖက်နမ်းတယ်..ပိုက်ဆံတွေလည်းပေးတယ်..
မမသူနဲ ့သွားတော့မယ်..ညီညီကစားနေနော်..ဘယ်သူ ့မှ မပြောနဲ ့” ဒီစာလေးနောက်မှ အမေဒေါ်ရီကို
ပေးလိုက်ဆိုပြီး စာရွက်ခေါက်လေးတခု ကျနော့်အိပ်ကပ်ထဲ ထည့်ပေးသွားတယ်။

အဲလိုပြောပြီး ဟိုလူက မမကို မြင်းပေါ်တင်ပြီး ထွက်သွားတော့တာဘဲ…………………..
လူတွေကလည်းရှုပ်နေတာဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး၊ညနေစောင်း လူကျဲသွားမှ အိမ်ကလူတွေ
မမကို မတွေ ့မှန်းသတိထားမိတာပါ….။ ဟိုရှာဒိမေးပေါ့……ဘယ်လိုမှ ရှာမတွေ ့မှ ကျနော့်ဘက်လှည့်လာတာ။
အမြဲမခွဲ တစ်တွဲတွဲ နေတာက ကျနော်တို ့မောင်နှစ်မလေ..
အမျိုးမျိုးမေး ကျနော် မပြောပါဘူး။ နောက်ဆုံးမှ သူတို ့ကို သနားလို ့ပြောပြလိုက်တယ်..
မမကို လူတစ်ယောက် မြင်းနဲ ့ခေါ်သွားတယ်လို ့ဒီမှာမမလည်း စာပေးခဲ ့တယ်လို ့ပြောပြီး စာရွက်ခေါက်လေး
ထုတ်ပေးလိုက်တာဘဲ..။ အဲဒီမှာ မမနဲ ့မြင်းညိုရှင်ပေးခဲ့တဲ ့( အီတီ) မုန် ့ဘို းပိုက်ဆံတွေလဲ စာနဲ ့အတူထွက်လာတာပါဘဲ..
စာဖတ်ပြီးတော့မှ သူတို ့အကြောင်းစုံသိပြီး ငိုကြယိုကြပေါ့..
အမေမရီက ကျနော့်ပုခုံးကိုကိုင်ပြီး ညီညီရယ် နင့်အမကိုများနင်ကိုယ်တိုင် သူများလက်ထည့်ပေးလိုက်ရလားဟယ် 
ဆိုပြီး ငိုပါတယ်..
ငိုလို ့ဝမှ “နင့်အမ အဲလိုလုပ်သွားတာ နင် တခွန်းမှ မပြောလိုက်ဘူးလားဟဲ ့”လို ့ပြောတော့ ……………..
ကိုယ်ကလည်းပြောပါတယ်လို ့ပြောပြရတာပေါ့
နင်ဘာပြောလိုက်လဲ”
…….
……
ဟဲ ့……..ညီညီလေး ရဲ ့ပြောလေ၊ နင်ဘာပြောလိုက်လဲ”
…..

ဟိုဟာ….မမလို ့..သေချာဖက်ထား..မြင်းပေါ်က ပြုတ်ကျလိမ် ့မယ်လို ့”
စကားလဲ ဆုံးရော အမေမရီလက်က မြန်တာ..ကျနော့်ခေါင်းကို ခေါက်ထည့်တာ..ဂွပ် ကနဲဘဲ..
ငိုတာချက်ခြင်းရပ်ပြီး ပါးစပ်ကလည်း တခွန်းပြောသေးတယ်..
တယ်ဒီမသာလေး” တဲ ့..
နာသွားတဲ ့ခေါင်းလေးပွတ်ရင်း မျက်လုံးဝေ့ကြည့်လိုက်တော့ အမေကြီးနဲ ့အဒေါ်တွေက ပြုံးစိစိနဲ ့..
သူတို ့ ရီချင်နေတာ ကျနော်သိတယ်..အမေမရီကို သူတို ့ကြောက်လို ့အသံမထွက်တာ..

 

ဆက်ပါဦးမယ်

ကျော်စွာခေါင်

 

24 comments

  • ကေဇီ

    April 5, 2014 at 8:22 pm

    I will be back later…

  • padonmar

    April 5, 2014 at 11:58 pm

    ဘာသာစုံ လူမျိုးစုံ သွေးနှောလို့….
    အရောင်ဆိုးမခံရရင် အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲနော်…..

    • ကျော်စွာခေါင်

      April 6, 2014 at 5:53 pm

      မမာ..
      မှန်ပါတယ် မမမာ..
      အဲဒီ အရောင်အသွေး တွေ ခွဲသွားတာလဲ ပို ့စ် တစ်နေရာမှာ ပါလာပါလိမ့်မယ်..။
      တစ်ကယ်တမ်းတော့လဲ ဆွေမျိုးတွေ ဆိုတာ မှန်သလို..
      ဲဂြိုလ်ကမ္ဘာ တစ်ခုက မျိုးဆက်သက်တမ်းရှည်နေတဲ့ သတ္တဝါ မျိုးနွယ်စုလေး တစ်ခုပါဘဲလေ..။

  • nozomi

    April 6, 2014 at 1:56 am

    ဒီတစ်ပုဒ်တော့
    မောနေတာတွေ နဲနဲပြေသွားအောင်
    ရယ်စရာလေးနဲ့ ဆရာခေါင်က နဲနဲဖြေထားရဲ့

    ဆက်ဖတ်ဘို့ စောင့်နေမယ်နော

    • ကျော်စွာခေါင်

      April 6, 2014 at 5:55 pm

      ကိုနို
      စောင့်ဖတ်ပြီးကို အားပေးတဲ့အတွက် ကျေးဇူးပါ..

  • ကေဇီ

    April 6, 2014 at 6:26 am

    မနေ့က မဖတ်အားသေးလို့ နေရာ အရင် ဦးထားတာ။
    ဟိဟိ။ :mrgreenn:
    ကိုနို ပြောသလို ဒီတစ်ခေါက်က တော့ စိတ်ကြည်စရာလေး အလှည့်ပေးလိုက်တော့ တော်သေးးးး
    ဘဝကလည်း အမြဲ ဆိုးနေတာမှ မဟုတ်ပဲနဲ့လေနော့။

    ညီညီ လို မောင်လေး တစ်ယောက်လောက် ရရင် အတော်အားကိုးရမယ်။ :mrgreenn:

    ကျုပ်ကို တော့ မြင်းညိုရှင်နဲ့ မလွှတ်လိုက်နဲ့နော်။

    မြင်းတံဆိပ် ကား ပိုင်ရှင်လောက်နဲ့မှ ပေးလွှတ်ပါ ကို မင်းသားးးး
    :boss:

    • ကျော်စွာခေါင်

      April 6, 2014 at 6:07 pm

      ကေZ
      သိပ်ရတာပေါ့…ဒါပေမယ့်
      ညီညီဆိုတဲ့ ကောင်လေးက ဆရာဘုန်းကြီးတောင် ဩချရတဲ့ တိဟိတ်…နော်..
      မြင်းတံဆိပ်နဲ ့ကားကို သေချာမှတ်ထားမှာ..ကိုယ်က ကားကို သေချာရွေးနေတုန်း..
      ကိုယ်လူက အကြိုက်တွေ ့တာနဲ့…
      “ ရပါတယ်..ညီညီ..မြင်းတံဆိပ် မဟုတ်လဲ ..မမလိုက်သွားတော့မယ်” ဆိုရင်တော့…
      ကျောကို ထုမှာဗျ…။

  • Aye Lwin Oo

    April 6, 2014 at 7:53 am

    ကိုကျော်စွာရဲ့ အပိုင်း(၂)ကို ဖတ်ပြီးမှ အပိုင်း(၁)ကို ပြန်ဖတ်ရတယ်။ ထပ်ပြီး ထပ်ပြီး သိချင်လာအောင် ဆွဲဆောငိနိုင်တဲ့ ကိုကျော်စွာကို တကယ်လေးစားမိပါတယ်။

    တစ်ခုလေးသိချင်လို့ပါ။

    အပိုင်း(၁)မှာ –
    အညာနွေကပူတာနဲ ့ ထွက်လိုက်တဲ ့သွေးတွေ..။
    ဆရာဝန်ကြီးက ဂရုစိုက်ပါတယ်..နာမည်က ဦးအောင်ထွဋ်ပါ..။
    ရွှေဘို ဆေးရုံက ဝေးတယ်.. . . . . . . ဆိုလို့

    ခင်ဦးဆေးရုံ များလားမသိဘူး – – –

    • ကျော်စွာခေါင်

      April 6, 2014 at 6:10 pm

      ကိုအေးလွင်ဦးရေ
      အားပေးနေတာ ကျေးဇူးပါဗျာ…
      အကို တွေးတာ အမှန်ပါဘဲ ..ခင်ဦးမြို ့ပါ..။
      အကိုကရော..ခင်ဦး ကလား…

      • Aye Lwin Oo

        April 6, 2014 at 8:14 pm

        ဦးအောင်ထွဋ်က မြို့နယ်ဆရာဝန်(TMO) ပါ။ သူ့ဇနီး ဒေါ်သက်သက်ဇင်က လက်ထောက်ဆရာဝန် (AS) ပါ။ ဒေါ်သက်သက်ဇင်က ကျွန်တော့် တစ်ဝမ်းကွဲအစ်မပါ။ ကျွန်တော်တို့မှာ တစ်ဝမ်းကွဲမောင်နှမအားလုံးပေါင်းမှ ၈ယောက်ရှိတာမို့ သိပ်ချစ်ကြပါတယ်။ နောက်ပြီး ဒီအစ်မက ဆေးကျောင်းကို အစအဆုံး ကျွန်တော်တို့အိမ်ကနေ တက်ခဲ့တာပါ။ မောင်နှမတွေထဲမှာ သူကအကြီးဆုံး၊ ကျွန်တော်က အငယ်ဆုံးဆိုတော့ ကျွန်တော့်အမေလိုပါဘဲ။ နွေရာသီကျောင်းပိတ်ဆို ဒီအစ်မပြောင်းသမျှ မြို့တွေအားလုံး ကျွန်တော်လိုက်နေပါတယ်။ ၈တန်း အတန်းတင်စာမေးပွဲကြီးဖြေပြီး ၁၉၇၄ နွေမှာပေါ့ . . . ကျွန်တော် ခင်ဦးကို တစ်လ လာနေဘူးပါတယ်။ သင်္ကြန်အကြိုနေ့မှာ မန္တလေးကထွက်လာပြီး ရွှေဘို ခင်ဦးလမ်းမှာ (ကန်ဘောင်အရှည်ကြီးပေါ်မှာဗျ . . .) တစ်လမ်းလုံး တား တားပြီး ရေပက်လိုက်ကြတာ တစ်ကိုယ်လုံး သဲတွေ ရွှံ့တွေနဲ့ ပျော်စရာကြီးပါဗျာ။ ဝေဘူဆရာတော်ကြီး မွေးနေ့လားမသိဘူး . . . အင်ကြင်းပင်ရွာကို (ရွာနံမည်မှန်ရဲ့လားဗျ) အိမ်နီးချင်း ကလေးရွယ်တူတွေနဲ့ မနက်အစောကြီး စက်ဘီးအုပ်လိုက်စီးပြီး ပျော်ပျော်ကြီး သွားလိုက်ကြတာ မမေ့ပါဘူးဗျာ။

        ကိုကျော်စွာခေါင်သာ ရှိနေမှန်းသိရင် ပျော်စရာကောင်းတဲ့ ကိုကျော်စွာခေါင်တို့ဆီ လာပြီး မုန့်စားလိုက်ချင်စမ်းပါဘိသဗျာ။

        • ကျော်စွာခေါင်

          April 6, 2014 at 10:48 pm

          ကိုအေးလွင်ဦးရေ..
          အံ့ဩလိုက်တာ..ဆရာဦးအောင်ထွဋ္ဋ်ရဲ ့အမျိုးကိုး..။ ဆရာမကို သိပ်မမှတ်မိဘူးဗျ..
          ပိုမှတ်မိလာတာက ဆရာဝန်ကြီးက အယ်လ်ဇေးရှင်းခွေးကြီးတွေ မွေးထားတယ်..
          ညနေဘက်ခွေးတွေနဲ ့လမ်းလျှောက်ထွက်ရင် ကျနော်က ကြောက်တယ်..အနားမကပ်ရဲဘူး..
          ပိုဆိုးတာက ဆရာ့ရဲ ့ကြက်ဆင်တွေဗျ..
          ကျနော် ကျောင်းသားအရွယ် ရောက်လာတော့ ကျောင်းက ပြန်လာရင် သူ ့ကြက်ဆင်တွေက လိုက်ဆိတ်တာ
          ပြေးရတာ တန်းနေတာဘဲ..
          အင်ကြင်းပင်ရွာ ဆိုတာ အမှန်ပါဘဲ… ကျနော်က ဝေဘူဆရာတော်ဆရာတော် ပျံလွန်တော်မူတဲ့အချိန်မှ ရောက်ဘူးတာ..အဲဒီမှာ ထူးဆန်းတဲ့ အုန်းပင်ကို တွေ ့ဘူးတာ..
          နောက်ထူးဆန်းတဲ့ အတွေ ့အကြုံတွေ ကြားရသိရတာ..။
          ခင်ဦးက ပျော်စရာတော့ ကောင်းပါတယ်..
          နောက်လဲ နုတ်ဆက်ပါဗျာ..။
          ဆရာဝန်ကြီးကိုလဲ ကလေးတစ်ယောက်က အခုချိန်အထိ ကျေးဇူး မမေ့ဘဲ သတိယနေပါတယ်လို ့ ပြောပေးပါ.. ကို အေးလွင်ဦး ခင်ဗျာ။

        • padonmar

          April 6, 2014 at 11:24 pm

          ၁၉၇၄ မှာ ၈တန်းအတန်းတင်ဖြေတယ်။
          ဟေး…..ဝမ်းသာလိုက်တာဟေ့။
          ဂဇက်မှာ ကိုယ်ချည်းပဲ သက်ကြီးတန်းဖြစ်နေတာ.
          ခုတော့…….. 😀

        • surmi

          April 7, 2014 at 9:32 am

          အော် …… လောက လောက ကျဉ်းကျဉ်းလေးပါလား
          ဆရာခေါင်နဲ့ ကိုအေးလွင်ဦး အစ်မတွေနဲ့ဆြက်နွယ်ခဲ့ဖူးသလို ………
          နောက်ထပ် ဘယ်သူတွေနဲ့ ဘယ်နေရာမှာ ဘယ်လိုများဆုံကြလိမ့်ဦးမလဲ
          ဆက်မျှော်နေဦးမယ်ဗျာ

          ကျနော်လည်း ငယ်ငယ်က သဂျီးကို လေးဂွနဲ့ ဆော်ခဲ့ဖူးလားမသိ 🙂

  • TNA

    April 6, 2014 at 3:13 pm

    ဒီနေ့တော့ပေါ့ပေါ့ပါးပါးဖတ်ရပေမဲ့ ထပ်ဖတ်ချင်နေတုန်းပဲ။ နောက်တပိုင်းကိုလဲ အမြန်တင်ပါ ဆြာခေါင်ရေ။ ကိုရီးယားကားကြည့်နေရသလိုပဲ။ ကောင်းခန်းဆိုဖြတ်ပြီ။ ဆြာခေါင်ရဲ့ အရေးအသားကို အံ့ဩလို့မဆုံးပါဘူး။ တကယ့်ကိုလှိုင်းစီးနေရသလိုပါပဲ။

    • ကျော်စွာခေါင်

      April 6, 2014 at 6:11 pm

      မနုအေးရေ
      ဆက်ပါ့မယ်ဗျာ…..
      ဆက်ပြီး လှိုင်းစီးကြတာပေါ့..
      ငိုလိုက် ရယ်လိုက်..။

  • MAUNG

    April 6, 2014 at 5:43 pm

    ဝိတ်တင်း ဖော် သရီး 🙂

    • ကျော်စွာခေါင်

      April 6, 2014 at 6:12 pm

      ကိုမောင်..
      လာမယ်ဗျ..

  • alinsett (gazette)

    April 6, 2014 at 5:45 pm

    ပြုံးစိစိလေး ဖတ်လိုက်ရတယ်။

    ဦးခေါင်ရည်က ငယ်ငယ်ကတည်းက
    အတွေးတွေ အမြင်တွေ တမျိုးဖြစ်နေတာကိုး

    အတွေး ထက် တယ် ဆိုရမလားပဲ ။

    • ကျော်စွာခေါင်

      April 6, 2014 at 6:13 pm

      အလင်းဆက်ရေ
      လာအားပေးတာ ကျေးဇူးနော်..

  • ဦးကြောင်ကြီး

    April 7, 2014 at 12:25 am

    ခရောင်းလမ်း
    မညောင်းတမ်း
    စောင်းငမ်း
    တောင်းထမ်း
    လောင်းပန်း
    ဖောင်းရမ်း
    အောင်းနမ်း
    ကောင်းမြန်း..။

  • Nyo Win

    April 7, 2014 at 9:52 am

    “ ဘို းလေး…အဲလိုု ခဏခဏ လုပ်နေမယ့်အစား ၊ဘုန်းကြီးဝတ်နဲ ့မိန်းမယူထားပါလား”
    “ ဟိုဟာ….မမလို ့..သေချာဖက်ထား..မြင်းပေါ်က ပြုတ်ကျလိမ် ့မယ်…လို ့”
    ဟီဟိ…..ဆရာခေါင့်ဖြေဆေးက…ဒက်ထိပါပဲ…. 🙂

  • Mr. MarGa

    April 7, 2014 at 5:51 pm

    ဒီအပိုင်းမှာတော့ ဘာသာစုံ အရောင်မဆိုးသူများကြားက ခေါင် ပေါ့လေ
    ဖတ်ရင်းနဲ့ အပျော်၊ အလွမ်းတွေကို ပေးနိုင်သော ဒက်ခေါင်…..

    ဖားသဂျိုးးး

  • Ma Ma

    April 8, 2014 at 7:50 pm

    ( ကျနော်အတွက်တော့ ဘာသာပေါင်းစုံ နတ်ရေကန်ကြီးထဲမှာ ကြိုက်သလောက်မေးမြန်းစပ်စု လေ့လာရတာပေါ့ )
    အဲဒါလည်း ဘဝပေးကုသိုလ်ပဲ။

    ခေါင့်ဘဝက အတော်ဆန်းကြယ်တယ်။
    ငိုလိုက် ရယ်လိုက် ပြုံးလိုက် မဲ့လိုက်နဲ့ ဘဝကို ဖြတ်သန်းလာခဲ့ရတာ
    အတော်စိတ်ဝင်စားစရာကောင်းတယ်။

    တခါတလေမှာ တကယ့်ဘဝတွေဟာ ရုပ်ရှင်တွေ ဇာတ်လမ်းတွေ ထက် ဆန်းကြယ်တယ်။

    ကိုယ့်အမကို မြင်းညိုရှင်နောက်ကို ကိုယ်တိုင်တင်ပေးလိုက်တယ်ဆိုကတည်းက မြင်းညိုရှင်ရဲ့ ဥပဓိရုပ်ကြည့်ပြီး စိတ်ချလို့ဖြစ်ရမယ်။ 🙂

  • kai

    April 9, 2014 at 4:56 am

    အောင်သွယ်တော်ဖိုးရွှေညီကောင်းမှုနဲ့..ကျုပ်ကိုငယ်ငယ်က လေးဂွနဲ့ပစ်ဖူးတဲ့သူလားမသိ.. ပေါ်လာပြီ…
    အသာလေးဝပ်နေမှ.. :mrgreen:

Leave a Reply