ရွာကလူတွေ ဖတ်ဖို ့…နိုင်ငံရေးဆောင်းပါးများ…

alinsettApril 29, 20141min23414

 

 

အခုတလော . . .

သူရ ဖတ်ဖြစ်နေတဲ့စာအုပ် သုံးအုပ်ရှိပါတယ် ။

ပထမဆုံး ဖတ်တဲ့စာအုပ်က  ဖတ်ပြီးသားကို ပြန်ဖတ်ခြင်းပါ။

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ”လီရနာ ဂင်္ဂ ါ ဧရာဝတီ
ကဗျာ၏ သင်္ခါရ နှင့် နိယာမ ” ဆိုတဲ့စာအုပ်ပါ။
ချစ်သော ကထူးဆန်းကြီး လက်ဆောင်ပေးထားတဲ့စာအုပ်။

အဲဒီ စာအုပ်ကို ဖတ်ပြီး တွေးမိတာတွေ . . . .ချရေးမိတာတွေ ရှိပါတယ် ။
ဒါက ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ့် စာပေအနုပညာ
သဘောတရားတွေမို ့ နောက်များမှ ပြောပါတော့မယ် ။

နောက်တစ်အုပ်ကလည်း ဖတ်ပြီးသား ပြန်ဖတ်တာပါပဲ။
ဆရာဖေမြင့်ရဲ ့
”ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုတဲ့ စာအုပ်ပါ။
ဒါလည်း အကျယ်အကျယ် မပြောလိုသေးပါဘူး ။

အနုပညာနဲ ့နိုင်ငံရေး ကြားမှာ သူရ ရဲ ့သွေးတို့ . . . . .
ပွက်ခနဲ ပွက်ခနဲ ဆူလာပါတယ်။
သွေးစက်တွေ . . .သွေးခုန်နှုန်းတွေ . . . .
သွေး စီးဆင်းနှုန်းတွေက . . .
တောင်းဆိုနေတာတွေ . . .
ပြောပြချင်နေတာတွေ. . . .အများကြီးပဲ. . .

အနုပညာရယ် . . .
နိုင်ငံရေးရယ်. . . .
အဲဒီ အတွေးတွေနဲ့ စာအုပ်ဆိုင်တွေဘက် ထပ်လျှောက်မိပြန်တော့ နောက်ထပ်စာအုပ်တစ်အုပ်ကို တွေ ့လိုက်ရပြန်တယ် ။

စာအုပ်က သူရကို ဆွဲခနဲဆောင်ထည့်လိုက်တယ်။

စာအုပ်က ပါးပါးလေး။
စာမျက်နှာ ၁၀၉  မျက်နှာပဲ။
ဒါပေမယ့် စာအုပ်နာမည်က စိတ်ဝင်စားစရာပါ ။

” ရွာကလူတွေဖတ်ဖို့ နိုင်ငံရေးဆောင်းပါးများ ” တဲ့ ။

နိုင်ငံရေးဆောင်းပါးတွေပဲပေါ့ ။

အဲဒီ စာအုပ်နာမည်နဲ့ အဲဒီနိုင်ငံရေးဆောင်းပါးတွေကို ရေးတဲ့ ဆရာ နာမည်က ပိုတောင် အံ့ဩစရာဖြစ်သွားတယ် ။

” ဇော်ဇော်အောင် ” တဲ့။
ဆရာဇော်ဇော်အောင်ဆိုတာ သူရရဲ့ ဆရာပါ။ လူချင်းမဆုံဖူးပေမယ့်
ဆရာ တပည့် ဆက်ဆံရေးမျိုးနဲ့ သူ ့စာတွေကို သူရ လေ့လာသင်ယူခဲ့ပါတယ်။

ဒါပေမယ့် အရင်က. . .
သူရ ဖတ်မှတ်လေ့လာခဲ့တာတွေဟာ ဆရာ ဇော် ရဲ ့ . . .စာပေသဘောတရားရေးရာ အယူအဆဒဿနတွေပါ။

နိုင်ငံရေးဆောင်းပါးတွေလည်း ရေးနေတယ်လို့ ကြားပေမယ့်  အကြောင်းမတိုက်ဆိုင်လို့ မဖတ်ဖြစ်ခဲ ့။

အခုတော့ ဖတ်ဖို့အကြောင်းပါလာပြီပေါ့။

—————–

ဆရာဇော်ရဲ့ အရေးအသားက ပြတ်သားထိရောက်ပါတယ်။
သူ ့ရေးဟန်က သူရ အားကျအတုယူဖူးတဲ့ ရေးဟန်ပါ။

နိုင်ငံရေးကို အခြေခံကျကျတွေးပြ ရေးချထားတာ တော်တော် ဖတ်လို့ကောင်းပါတယ် ။

ရွာကလူတွေ ဆိုတော့ အခြေခံကျကျ ရိုးရိုးရှင်းရှင်း ရေးပြထားတာပေါ့။
သာမန်ရပ်ကွက်ထဲက လူတန်းစားတွေအတွက် ရပ်တည်ပြီးရေးထားတာ
ဆိုပါတော့ ။

ကမ္ဘာကြီးပြားသွားတာ ရွာကလူတွေ မသိလိုက်ဘူး ဆိုတဲ့ ဆောင်းပါးလည်း ပါပါတယ် ။

ဒီဂဇက်ရွာက လူတွေကို ရည်ရွယ်တာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် နာမည်လေးက
ရွာ ဆိုတာလေး ပါတော့
ဒီရွာမှာ ပြန်ပြောပြဦးမှ ဆိုတဲ့အတွေးလေးဝင် သတိရသွားလို ့. . .
ပြန်ညွှန်းပြလိုက်ပါတယ် ။

စာအုပ်ကလေး ထွက်ထားတာ ၂၀၁၂ ဇူလိုင်လ ကတည်းက ဆိုတော့ ဖတ်ဖူးတဲ့သူတွေလည်း ရှိမှာပေါ့ ။
အတွေ ့နောက်ကျလို ့
သူရ ညွှန်းတာ နည်းနည်းတော့ နောက်ကျသွားပါတယ် ။

မဖတ်မိလိုက်သူတွေအတွက် ဖတ်ကြည့်ပါလို့ ညွှန်းလိုက်ပါတယ် ။

ဖတ်ကြည့်ပါဦးနော်. . .

လေးစားစွာဖြင့်

အလင်းဆက်(Gazette)

 

 

———————————————————————————————————————————————-

 

 

ရွာကလူတွေအတွက်တဲ့..
ရွာကလူတွေအတွက်တဲ့..

 

2
စာအုပ်နောက်ကျော

 

ပါဝင်သောအခန်းများ
ပါဝင်သောအခန်းများ

 

အမှာ...
အမှာ…

 

 

 

 

 

 

14 comments

  • naywoon ni

    April 29, 2014 at 9:26 pm

    ဆရာ​ဇော်​​ဇော်​​အောင်​ ဆိုတာ ” စိုး​အောင်​” တို့ “မြတ်​သစ်​” တို့ရဲ့ ဖန်​ဆင်​းရှင်​မဟုတ်​လား ? ဦးစက္ကိန်​ ကို​တောင်​သတိရလာ​ပေါ့ …… ။ အရင်​က မြန်​မာစာ ကထိကဆိုလား ……။ ငါဒို့ မန္တ​လေး တက္ကသိုလ်​ထွက်​ပဲ…..။ ​မော်​ဒန်​ ကဗျာ သီအိုရီ ​တွေလဲ ​ရေး​သေးရဲ့ ……။ စွယ်​စုံပဲ အားကျတယ်​

  • padonmar

    April 29, 2014 at 11:38 pm

    စုံထောက်ဝတ္ထုတွေတော့ ဖတ်ဖူးတယ်။
    အဲဒီစာအုပ်လေးလည်း ဖတ်ကြည့်ချင်ပါတယ်။

    • alinsett (gazette)

      April 30, 2014 at 6:11 am

      ဟုတ်တယ် ။
      အရင်က စုံထောက်တွေလည်း ရေးတယ်။

      သူ ့ မော်ဒန် ပိုစ့်မော်ဒန် အယူအဆ သဘောတရား တွေတော့
      အကုန်လုံးလိုလို ဖတ်ဖူးတယ်။
      🙂

  • snow smile

    April 30, 2014 at 7:34 am

    တ ကယ် ကောင်း တဲ့ စာ အုပ် ပါ ဆက် ဆက် ရေ

    • alinsett (gazette)

      April 30, 2014 at 11:43 am

      ဟုတ်
      ကျနော်လည်း ဖတ်ရင်းနဲ့ တခြားသူတွေကိုပါ ဖတ်စေချင်လာလို့

      🙂

  • Mr. MarGa

    April 30, 2014 at 12:34 pm

    ဖတ်ကျိမယ်
    စာအုပ်ဆိုင်ရောက်ရင်ဝယ်ဖို့ စာရင်းတို့ထားလိုက်မယ်

  • kyeemite

    April 30, 2014 at 2:07 pm

    အင်း..စာအုပ်ဆိုင်တွေဖက်တောင်မရောက်ဖြစ်တာကြာပြီ..
    မဖတ်ဖူးသေးတဲ့စာအုပ်ပဲ…တွေ့ရင်ဝယ်ဖတ်အုံးမယ်

  • kai

    April 30, 2014 at 2:08 pm

    ဖတ်သင့်တဲ့စာအုပ်လေးတွေ.. အဲလိုညွှန်းပေးနိုင်ရင်.. ကျေးဇူးတင်တယ်…
    ရန်ကုန်ကိုမှာဦးမယ်..

    ဆိုတော့… စကားအတင်းစပ်…
    မေလထဲ.. ကိုရင်သူရကို.. ၁သိန်းပေးရမယ်ထင်..။ :mrgreen:

    • ROssI

      April 30, 2014 at 2:18 pm

      ယလဲ့ …. ဒညင်းဝက်က ဘီယာချောင်းစီးမောင်းတီးပီးတိုက်မှာ မြင်ယောင်သေးဒေါ့တယ်….

    • alinsett (gazette)

      April 30, 2014 at 2:33 pm

      97115 ပဲ ရှိသေးတယ်
      မေလထဲ တစ်သိန်း ပြည့်မယ်တော့ မထင်
      မပြည့်ခင် ကြို ပို့ပေးရင်တော့ ကောင်းတာပေါ့
      အဟိ
      မုန့်တွေ ဝယ်စားလို့ရတာပေါ့
      :mrgreen:

      ——-

      စာအုပ်တွေက ညွှန်းချင်တာ အများးကြီး ရှိသေးတယ်
      မဝယ်နိုင်သေးလို့ မဖတ်ရသေး
      ဖတ်ပြီးမှ ညွှန်းရတာ ပို သင့်တော်တော့
      စာအုပ်ဆိုင်တွေဆီ သွားပြီး
      ကောင်းမယ့်စာအုပ်လေးတွေကို ကိုင်လိုက် ချလိုက်
      အဲ့လိုဖြစ်နေတာ

      🙂

  • ကေဇီ

    April 30, 2014 at 2:10 pm

    ကျေးကျေးးး
    ကြုံမှ မှာပြီး ဖတ်ကြည့်ဦးမယ်။

    🙂

    • alinsett (gazette)

      April 30, 2014 at 2:41 pm

      ဖတ်ကျိ မမဂျီး

      ကျနော်တော့ အဲ့စာအုပ်ကို ကြိုက်တယ်။
      ဒေါ်စုရဲ့ အဆိုအမိန့်တော်တော်များများကိုလည်း ကိုးကားကောက်နှုတ်ပြထားသေးတယ်

      🙂

  • awra-cho

    May 15, 2014 at 1:28 pm

    ဝယ်ဖတ်အုံး မှဗျို့
    ဒါနဲ့ စကားမစပ် ဘယ်လောက်ကြာလဲ ဟင် ၁ သိန်းပြည့်ဖို့

    • alinsett (gazette)

      May 15, 2014 at 1:35 pm

      ကျနော်တော့ သုံးနှစ်နီးပါး ကြာတယ်ဗျ။
      ပိုစ့်ပေါင်း ၃ ရာ ခွန်နဆယ်ကျော် နဲ့ comment တွေလည်း ခပ်များများ

      အဟိ

      တခြားသူတွေတော့ သေချာမသိ

Leave a Reply