မ​နေ့က ဆိုတာကို အ​ဟောင်​းဆိုင်​သို့ ပို့လိုက်​ကြမလား

naywoon niApril 8, 20141min1017

ငါတို့ဟာ …….
ထုံးတမ်​းစဉ်​လာဆိုတဲ့
​ပေါက်​ပြဲ​နေတဲ့ အိတ်​​တွေလွယ်​ပြီး
ယုံကြည်​ချက်​အသစ်​​တွေ
အိပ်​မက်​အသစ်​​တွေကို ​ကောက်​​ကောက်​ထည်​့​နေကြတာကြာပါပ​ကောလား ……။
ငါတို့လိုချင်​တဲ့ ဘဝအသစ်​
​မျှော်​လင်​့ချက်​ အိပ်​မက်​​တွေက
​ဟောင်​းနွမ်​း​ပြီး ​ဆွေး​မြေ့​ပေါက်​ပြဲ​နေတဲ့
ဓ​လေ့ ထုံးတမ်​းစဉ်​လာဆိုတဲ့ အိတ်​ကြီးထဲမှာ ကြာကြာမ​နေနိုင်​
ထွက်​ ထွက်​ကျရရှာ​ပေါ့ …..။
အဲ့ဒိ​တော့
ဥခွံ​ဟောင်​းထဲမှာပဲ
ပူ​လောင်​မွန်​းကြပ်​
အသက်​ရှူ ရပ်​တဲ့အထိ
အစဉ်​အလာ​ဟောင်​းကို ဖက်​တွယ်​ထားမလား ။
​ခေတ်​စနစ်​နဲ့အညီ
​ခေတ်​​ဟောင်​းကို​ပြောင်​းပြန်​လှန်​
ယဉ်​​ကျေးမှု အသစ်​ကိုပဲဖန်​တီးမလား ။
မင်​းတို့ဖာသာ
​သေချာစဉ်​းစား ……..။

​နေဝန်​းနီ

7 comments

  • kai

    April 9, 2014 at 6:55 am

    စဉ်းစားတာ.. ဖျဉ်းကျစရာတွေမလုပ်…
    ဝါးလုံးခေါင်းထဲက မြင်ရတဲ့လထဲ..
    ရေတွင်းထဲက ဖားဘဝထဲ..
    ဥခွံဟောင်းရဲ့အိပ်ထဲမယ်..
    အချင်းချင်း”ချ”မယ်..
    ထွက်ကျသူကို “ဖွ”မယ်..
    ဝင်လာသူကို”သမ”မယ်…။ :mrgreen:

    • surmi

      April 9, 2014 at 2:42 pm

      ရေတွင်းထဲကခုန်အထွက်မှာ
      လောကကြီးရဲ့ကျယ်ဝန်းမှုကိုတွေ့လိုက်တယ်
      ပင်လယ်ရဲ့ လတ်ဆတ်တဲ့လေညင်းရယ်
      လောကထဲက ရွှင်မြူးစရာတွေကြား
      နစ်ဝင်ပျော်ရွှင်လို့ပေါ့
      ငါဘယ်ကလာတယ်ဆိုတာမေ့ပြီး
      ငါရောက်နေတဲ့ဘဝမှာ
      ဆားငန်ရေတစ်ငုံသောက်မိ
      ဪ .…… တယ်ကောင်းပါလား
      သောက်လေသောက်လေ ငတ်မပြေ
      ရေတွင်းထဲက ရေချိုကိုမေ့
      အတွေ့ တွေနဲ့သာယာမိ
      ရှိ ရှိ ……… ရှိပါစေတော့ 🙁

  • Mr. MarGa

    April 9, 2014 at 11:51 am

    တော်လှန်ရေးတစ်ခု လိုပြီဗျ

  • alinsett (gazette)

    April 9, 2014 at 1:13 pm

    ဈေးပေါပေါနဲ့ ထိုးရောင်းလိုက်ရမယ့် မနက်ဖြန်တွေ
    ရှိခဲ့ဖူးတယ်

    အဟက်

  • ko six

    April 9, 2014 at 6:05 pm

    ​သမိုင်​းက
    အ​ဟောင်​းဆိုင်​မှာ​တော့
    ဆရာကမ်​း​ဝေးနဲ့ ​ဘောင်​ဘီ​ပေါင်​ခဲ့ဖူးတယ်​ဗျ။
    မဆလ​ခေတ်​တို့ဘာတို့သာ
    မီးသဂြိုဟ်​စက်​ထဲပို့သင့်တာ​

  • naywoon ni

    April 9, 2014 at 6:15 pm

    ကို kai ​ရေ တစ်​ကယ်​့ကို ​ရေတွင်​းထဲက ဖားသူငယ်​​လေး​တွေပါဗျာ ကိုသိဂျား​ရေ ​တော်​လှန်​​ရေး လို​နေတာကြာ​ပေါ့ fb မှာ page တစ်​ခု​ထောင်​ဗျာ အဲ့​ပေါ်မှာပိုလွတ်​လပ်​တယ်​ @ အလင်​းဆက်​​ရေ မနက်​ဖြန်​​တွေရသ​လောက်​နဲ့ ထိုးမ​ရောင်​းပစ်​ပါနဲ့ကွယ်​ ဒီ​နေ့ ညစာမစားလိုက်​ရလို့ ဘာမှမဖြစ်​ပါဘူး ​မျှော်​လင်​့ချက်​​တွေကို အညွန်​့မချိုးမိပါ​စေနဲ့ကွယ်​ @ ကိုဆာမိ​ ခင်​ဗ​ျား ​သောက်​မိတဲ့ဆားငံ​ရေက အတုဗျ ကျုပ်​တို့​တွေ အတု​တွေနဲ့ ​ပျော်​ပါး​နေရတာကြာပါပ​ကောလား အတုကို​တောင်​မှ အတုမှန်​းမသိတဲ့ အဖြစ်​​ရောက်​​နေပါပီ

  • TNA

    April 10, 2014 at 11:15 am

    ​ခေတ်​စနစ်​နဲ့အညီ
    ​ခေတ်​​ဟောင်​းကို​ပြောင်​းပြန်​လှန်​
    ယဉ်​​ကျေးမှု အသစ်​ကိုပဲဖန်​တီးမလား ။

    ဆိုတာလေးကို ကြိုက်မိပါတယ်။ သို့သော် သိမ်မွေ့သောပြောင်းလဲမှု့လေးတော့ဖြစ်ရင်ကောင်းမယ်။ အခုတလော အပြောင်းအတော်ကြမ်းနေသမို့ ကိုယ်တွေတောင်လိုက်မမှီချင်တော့ဘူးဖြစ်နေတယ်။ 🙂

Leave a Reply