ရှူးးးးးးးတိုးတိုး . . .ဖတ်ရွေးအဖွဲ့ကြီး မသိစေနဲ့ဗျ

alinsettApril 11, 20147min30527

 

အဟမ်းးး

 

ပြောရမယ့်အကြောင်းအရာက ထူးထူးခြားခြားဆိုတော့ လည်ချောင်းအရင်ရှင်းရပါတယ်။

 

ခပ်တည်တည်ရေးပါ့မယ်။

ဒညင်းဝက်ဆိုတဲ့ ကျနော်. . .

စာတော်တော်များများရေးဖူး ပါတယ်။  စာမျိုးစုံပေါ့ဗျာ။

ဝတ္ထုတို /ဝတ္ထုရှည် / ကဗျာ/ ဆောင်းပါး / ရသစာတမ်း/ ခရီးသွားဆောင်းပါး / သရော်စာ /

ဟာသရသ / စာပေဆောင်းပါး /

ဝေဖန်ရေးဆောင်းပါး စသည်ဖြင့် ပေါ့ဗျာ ။

 

အဲဒါတွေ ရေးခဲ့တာ. .

ရေးခဲ့သမျှထဲမှာ . . . “စာပေဆုကြေညာတဲ့စာ”ဆိုတာ မပါခဲ့ပါဘူး။

 

အဲဒီလိုမျိုး………….

ထွေထွေလီလီတွေ ရေးခဲ့သမျှထဲမှာ . . .

ဆုရသွားတဲ့ သူနဲ့ ဆုရစာမူကို ကြေငြာပေးရတဲ့ စာမျိုး မပါခဲ့ပါဘူး။

 

ရေးရလိမ့်မယ်လို့လည်း ထင်မထားးခဲ့။

ရေးကြည့်မယ်လို့လည်း မတွေးမိခဲ့ ။

ရေးလို့ဖြစ်မြောက်လိမ့်မယ်လည်းမထင်ခဲ့ ။ အဟဲ့ ။

 

🙂

 

ဒါပေမယ့်. . .

အကြောင်းတိုက်ဆိုင်စွာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တဲ့ ကျနော့်ထုံးစံအတိုင်း . . .

ဖတ်ရွေး ဆိုတဲ့ အဖွဲ ့ထဲ . . .စပ်စပ် စပ်စပ် ဝင်လုပ်နေမိတဲ့နောက် . . .

 

အင်းးးး

တစ်ကြိမ်ကြိမ်တော့ ကိုယ်ကြေညာရမယ့် အလှည့် ရောက်လာဦးမယ် ထင်ရဲ ့ ဆိုပြီး …

ရင်ထဲ တဒိတ်ဒိတ်ဖြစ်ခဲ့ဖူးတာဗျ။

တဒိတ်ဒိတ် ဖြစ်ဆို ဒီအကောင်က ဒါမျိုးအတည်အခန့်မှ မရေးတတ်ပဲကိုး ။

မရေးတတ်တာကို ဖတ်ရွေးထဲက လူကြီးတွေ သိမှာပါလေ ဆိုပြီး တွေး လိုတွေး….

အောင်ရဲလင်းနဲ့တူတဲ့ ချာတိတ်တစ်ယောက်ကိုတော့ မကြေညာခိုင်းလောက်ပါဘူးလေ လို့…. တွေးလိုတွေး . . .

 

:kwi:

 

အဲဒီလိုနဲ့ နေလာလိုက်တာ…..

 

ဟောာာာာာာာာ

အခုတော့ ဆိုက်ဆိုက်ရယ်မှ…. မြိုက်မြိုက်ကြီး …..

ကိုယ့်အလှည့်ဖြစ်လာပါလေရောလားကွယ်တို ့. . . .

 

အလင်းဆက် ဆုကြေညာပိုစ့် တင်ပေးပါဆိုတဲ့ …

မက်စိ ရောက်လာတော့ . . .

မိုးနတ်မင်းကြီး ….ကယ်တော်မူပါ ဆိုပြီး . . .

လွှတ်ခနဲ တမင် ထအော်မိပါရဲ ့။

 

ဒါညိုးအတည်အခန့်တော့ မရေးတတ်ဘူး ဂျ . . .

ခလေးပီပီ ခလေးလို နေဗျဇေ

ဒီတော့ . . . လာ မရေးခိုင်းနဲ့ …

မရေးဘူး ဒါဗျဲ ။

 

—————————————————————————-

 

နို ့. . .ရေးးးမှ မရေးတတ်ပဲ ။

 

ဒါပေမယ့် ဆုကြေညာတယ် ကြေညာတယ် ဆာတိုနဲ့… အဲ …..

ဆိုတာနဲ့ ပက်သက်ပြီး. . .ပုကျိပုကျိတော့ ….နည်းနည်း  ….ပြောချင်လာသေးတယ်။

 

ကျနော့် လျှာကို ခံတွင်းထဲ ခဏလောက် ပျံသန်းပြခွင့်ပြုပါ။

 

🙂

 

***********************

 

” ဆု ”

 

ဆုဆိုတာ အသိအမှတ်ပြုမှုတစ်ခုပါ ။

အသိအမှတ်ပြုခံရသူ ရဲ့ အသိအမှတ်ပြုလောက်စရာ အားထုတ်မှု

ဖန်တီးမှု တစ်ခုကြောင့်…… အသိအမှတ်ပြုတဲ့အနေနဲ ့ ချီးမြှင့်ပေးအပ်သော လက်ဆောင်မွန်ပါ ။

 

ရသူရော ပေးသူပါ နှစ်ဦးနှစ်ဖက်ကြည်နူးရတဲ့အပြင်

မြင်ရ ကြားသူတွေအတွက်လည်း

အားကျစိတ် ဂုဏ်ယူဝမ်းမြောက်စိတ်တွေနဲ့ ကြည်နူးရတာပါပဲ ။

——————–

 

ဆု ဆိုလို့ . . .

ပြီးခဲ့တဲ့လ က ဖေဖော်ဝါရီလအတွက် အကြိုက်ဆုံးစာမူဆု

ကြေညာတဲ့ပိုစ့် . . ….

တက်မလာတာ သတိပြုမိကြမှာပေါ့ ။

 

ဘာလို့တက်မလာလဲ ဆိုတာ သိချင်လို့ ….

ဖတ်ရွေးအဖွဲ ့ရဲ့ စကားဝိုင်းထဲ ဝင်နားထောင်ကြည့်လိုက်တော့. . .

အော်. . .

အဲဒီ လ က. . . .

ပိုစ့်တင်တဲ့သူ နည်းတဲ့လ ဖြစ်နေတာကိုး. . .

 

ပိုစ့်နည်းတော့လည်း . . . ဖေဖော်ဝါရီနဲ့ မတ်လ ကို ရောသမမွှေပြီး ရွေးကြမယ်ပေါ့ဗျာ။

ဒါက အတွင်းသတင်းတွေနော်။

ကျနော်တောင် ဖတ်ရွေးအဖွဲ့ထဲ လျှမ်းလျှမ်းဝင်ထနေလို့ သိရတာ။

နောက်ထပ် အချက်အလက်တွေ ကျနော်သိထားသေးတယ်။

အဟိ ။  …..

 

တစ်လက်စထဲ ပြောပြရဦးမယ်။

အခု …..

ဆု ကြေညာပေးမယ့်သူကို ဖတ်ရွေးအဖွဲ့က ပတ်ရှာနေကြတယ်။

ကျနော့်လို အောင်ရဲလင်းနဲ့တူတဲ့ကောင်က ….

ဘယ်ကြေညာပေးလိမ့်မလဲ။

ငြင်းလိုက်မှာ ဗျ ။

မကြေညာမပေးနိုင်ဘူး။

 

ကျနော့်ကို ဝတ်မှုန်ရွှေရည်လေးနဲ့ ညားအောင် ကူညီပေးမှ ကြေငြာပေးနိုင်မယ်

 

အဲ့လို ငြင်းချလိုက်မှာ ။

ဘာမှတ်တုန်း ။

အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူတဲ့ ခေတ်ကြီးမှာ ဆုရပိုစ့် ကြေညာစရာလား ။

နော် ။ ( ဘာမှတော့ မဆိုင်ဘူးပေါ့.. အဟိ ။)

 

ထားပါဦး ဒါကို ။

အခု ဖတ်ရွေးအဖွဲ့ကြီးက ဆုရပိုစ့်နဲ ့ ဆန်ခါတင်ပိုစ့် ကို ကြေညာပေးမယ့်သူကို လိုက်ရှာနေကြတာ . . .

 

ဦးကြီးမိုက်ဆိုလည်း ….

ဘီဘီတိုက်ပါ့မယ် ဒညင်းဝက်ရယ် (….လို့ မပြောဘူး။  ပြောရင်ကောင်းမှာ ဟီဟိ။ )

 

တီတီဘုံမာ ဆိုလည်း . . .

ငါ့တူလေး ဒညင်းဝက် . . .

ပိုစ့်တင်ပေးပါ ။

မင်းလိုချင်တဲ့ ဝတ်မှုန်ရွှေရည်လေးကို တောင်းရမ်းပေးပါ့မယ် ( …လို့ မပြောဘူး ။ ပြောရင်ကောင်းမှာ…)

 

🙂

 

အဲ့လို အဲ့လို ပိုစ့်တင်မယ့်သူကို ရှာနေကြချိန်မှာ . . .

သူတို့ ဖတ်ရွေး ရုံးခန်းထဲ ….

ဒီကောင်လေးက အေးဆေး ဟိုဟိုဒီဒီ လိုက်ကြည့်နေတာ ။

 

အဲဒီမှာ ဖတ်ရွေးအဖွဲ့ရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေ…. ဖိုင်တွဲတွေထဲက ဖတ်လိုက်ရတယ်လေ။

 

ကျနော်က ဖတ်ရွေးအဖွဲ့ရုံးထဲက တောက်တိုမည်ရ ရုံးအကူလေးဆိုတော့လည်း…

ဖိုင်တွဲတွေ ရှင်းပေးသလိုလိုနဲ့ ဖတ်ခဲ့လိုက်တယ် ။

 

(ဖတ်ရွေးအဖွဲ ့ကြီး မသိစေနဲ့ ။  ကျနော် တစ်ခု ပြန်ပြောပြမယ်။)

 

သူတို့လေ. . .

ဖေဖော်ဝါရီလနဲ့ မတ်လ နှစ်လပေါင်းပြီး ဆုရပိုစ့် ရွေးမလို့….

ဆန်ခါတင် ရွေးထားတဲ့ ပိုစ့်တွေရဲ့ စာရင်းကြီး ….ကျနော် ဖတ်ခဲ့ရတယ်။

 

ဖတ်ရွေးအဖွဲ ့ရဲ့ ထုံးစံအတိုင်း. . . ဆန်ခါတင်စာရင်းတွေကို အရင်ကြေညာမယ်။

ပြီးရင် ဆုရသွားတဲ့ အကြိုက်ဆုံးစာမူဟာ …

ဘာဖြစ်ပါတယ်။

အဲဒီ စာမူကိုရေးတာက . . .

ဘယ်သူ ဖြစ်ပါတယ် ဆိုပြီး….. ကြေညာမှာပေါ့လေ ။

 

ခက်တာက အခုထိ ကြေညာပေးမယ့်သူကို ရှာတုန်း။

သူတို့ အဲဒီ ကြေညာမယ့်သူ မရှိလို့ ရှာနေတုန်းမှာ . . .

ကျနော်က တိတ်တိတ်လေးပြောပြမယ်….

သိလား။

 

🙂

 

အဲဒီ ဆန်ခါတင်စာရင်း ကို ဖတ်ကြည့်။

တကယ့် ဒေါင်ဒေါင်မြည်ပိုစ့်တွေဗျ ။

 

ကျနော့်မှာသာ ပိုက်ဆံတွေအများကြီးရှိရင် အဲဒီဆန်ခါတင်စာရင်းဝင်သမျှ ပိုစ့်တွေကို . . .

စာအုပ်တွေ စု ထုတ်ထားလိုက်ချင်တာ။

တကယ် ။

 

ကျနော် အပိုပြောတာမဟုတ်ဘူး။

မယုံရင်…. ဒီမှာကြည့် ။

 

ဆန်ခါတင် ပိုစ့် စာရင်းစာရွက်…

 

 

**************

 

စဉ် ပို့စ်အမည် လင့်ခ် ရေးသူ
1 ကျွန်မနဲ့ PUK အဲ့ဒိမှာ စတွေ့တာပဲ https://myanmargazette.net/193709 myat pearl phyu
2 အဖြူရောင် သံယျောဇဉ်…Remembrance… https://myanmargazette.net/193782 kyeemite
3 “မိဘ” စစ်စစ်တစ်ယောက် ဖြစ်ဖူးချင်လွန်းလို့ https://myanmargazette.net/194076 ဖြူစိုင်း လူ
4 “မ မှီ စ ကောင်း ……………မှီ စကောင်း ” https://myanmargazette.net/194574 ကိုပေါက်(မန္တလေး)
5 ” ကျ မ မှာ ဖဲ သ မား” https://myanmargazette.net/194576 snow smile
6 ၂၀၁၄ ဂဇက်မဟာ သင်္ကြန်စာ https://myanmargazette.net/194715 surmi
7 ကိုယ်ပြောချင်သမျှ LT အကြောင်း သောင်းပြောင်းထွေလာ https://myanmargazette.net/195107 San Hla Gyi
8 အမေ့ကို နားမလည်ဘူး https://myanmargazette.net/195163 လုံမလေးမွန်မွန်
9 ကျမဆိုက်ကားသမား https://myanmargazette.net/194725 snow smile
10 အလေးမခိုးတဲ့ချိန်ခွင် https://myanmargazette.net/194440 သုရှင်
11 “ပျစ် ပျစ် နှစ် နှစ် တစ် တစ် ခွ ခွ” (ရှက်တတ် သူ များ မ ဖတ် ရ) https://myanmargazette.net/194879 ကိုပေါက်(မန္တလေး)
12 သိပ်ကို မုန်းစရာကောင်းတာပဲ https://myanmargazette.net/195370 ဖြူစိုင်း လူ
13 “ယောင် ချာ ချာ နဲ့ ဘီး “ https://myanmargazette.net/195471 snow smile

**************

အဲ. . . …….

အဲ့ဒါက   ဖတ်ရွေးအဖွဲ ့ရဲ့ အတွင်းသတင်းတစ်ခုနော် ။

 

ကျနော် က . . .

ဖတ်ရွေးအဖွဲ့ လူကြီးတွေ မသိအောင် …..

တိတ်တိတ်လေး ပြန်ပြောပြတာ။

ကျနော် အခုလို သတင်းပေးလိုက်တာကို . . .သူတို့ မသ်ိစေနဲ့ဗျ ။

 

မကြာခင် ဆုကြေညာမယ့်သူ ရှာနေတာ ရလို့ . . .

ဒီဆန်ခါတင်စာရင်းကို ကြေညာရင်လေ. . .

ဒီဆန်ခါတင်စာရင်းကို မသိရသေးဘူးလိုလိုနဲ့ …

‘ ဟုတ်လား ဘာဖြစ်တယ် ညာဖြစ်တယ် ” ဆိုပြီး ဝင်ပြောနော် သိလား။

 

အခု ….

ကျနော် ပြောပြတဲ့ ….ဒီဆန်ခါတင်စာရင်းကို ….

တိုးတိုးတိတ်တိတ်နဲ့ တစ်ရွာလုံး ကြိတ်သိထားကြပေတော့ . . .

ဟီဟိ ။

———————————–

ကိုင်း . . .

ကျနော် အခု မျက်နှာပိုးသတ်ပြီး…..

ဖတ်ရွေးအဖွဲ ့ရုံးခန်းထဲ   ….ထပ် ဝင်မွှေလိုက်ဦးမယ် ။

အကြိုက်အများဆုံး ဂဇက်စာမူဆု . . .

ဘယ်သူများရနေမလဲ. . .

 

ဒီ ဆန်ခါတင် စာရင်းထဲက . . .

ဘယ်သူများလဲ ဆိုတာ. . .

——————————————————————————————————————-

 

သိရရင် တိုးတိုးလေး ထပ်ပြောပြမယ် နော့။

 

 

(( ရှူး….တိုးတိုး…..  ဆုရပိုစ့်ကြေညာပေးမယ့်သူကို လိုက်ရှာနေတဲ့ ဖတ်ရွေးအဖွဲ့ကြီး မသိစေနဲ့ ဗျ… ။

ဆုကြေညာပေးမယ့်သူက မကြေညာသေးခင် . . . ကျနော်က သတင်းဖောက်ခွဲရေးလုပ်ချလိုက်တာ ။  မှတ်ကရော )

 

 

:hint:    :mrgreen:

 

:hint:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

27 comments

  • ကေဇီ

    April 11, 2014 at 9:34 am

    Looking Forward to …………………………….

    :chit:

  • Ma Ma

    April 11, 2014 at 9:34 am

    (ကျနော့် လျှာကို ခံတွင်းထဲ ခဏလောက် ပျံသန်းပြခွင့်ပြုပါ။)
    အမောင်မင်းးးး (အမယ်မင်း မဟုတ်ဘူး) ကောင်းလိုက်တဲ့ စကားလုံးလေး။ 🙂

    • alinsett (gazette)

      April 11, 2014 at 10:06 am

      အမောင်မင်း ( အမယ်မင်း မဟုတ် ) ဆိုတာလေးလည်း
      ဂွတ်တယ်ဗျ

      စကားလုံး အဆန်းများနဲ့ ရွာ

      🙂

  • kyeemite

    April 11, 2014 at 9:52 am

    ရွှီ…ဖျောင်း….ဖျောင်း….ဖျောင်း….ဖျောင်း
    ကြိုက်တယ်အလက်ဆင်းရေ….အခုဆိုလူငယ်တွေဦးဆောင်နေပြီဆိုတာပြလိုက်တာပဲ
    ကျေးဇူးအကြီးကြီးတင်ပါသဗျား….

    • alinsett (gazette)

      April 11, 2014 at 10:07 am

      ကြိုက်တယ် လို့ပဲ ပြောသလား ဦးကြီး

      ပြောရင်ကောင်းမှာ. . .ဆိုပြီး ထည့်ရေးထားတဲ့စကားကျတော့
      ပြောမတွားဘူး။

      ဟီဟိ

      🙂

  • snow smile

    April 11, 2014 at 9:52 am

    အ ဟီးးးးး ဟီးးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးးးး
    တ ကယ့် ကို ပါး စပ် က စိ လို ့ မ ရ တော့ တာ
    ဘာ ဖြစ် မှန်း ကို မ သိ
    ဆန် ကာ ပေါက် ထဲ က နေ ထပ် မ ကျ ပါ စေ နဲ့
    ဒေါင့် လေး နား ကပ် ပြီး တင် နေ ပါ စေ

    • alinsett (gazette)

      April 11, 2014 at 10:09 am

      စာရေးကောင်းတဲ့ တီနှင်းပြုံးရေ

      ကျနော့် ပေါ့ပေါ့ပါးပါး ဆုကြေညာဟန်လေးကြောင့်
      တဟိဟိ ရီရသွားတာလား
      🙂

      • snow smile

        April 11, 2014 at 1:01 pm

        ဘာ့ ကြောင့် ဟိ မှန်း ကို မ သိ
        မ နက် က တဲ က ခု ချိန် ထိ တစ် ယောက် ထဲ ဟိ နေ ဆဲ
        နေ ပါ အုန်း
        အောင် ရဲ လင်း ဆို တာ က ဆက် ဆက် နဲ့ အ တော် တူ သ လား
        တ ကယ့် ကို မ မြင် ဘူး တာ ပါ အေ

        • ကေဇီ

          April 11, 2014 at 1:23 pm

          ဘယ်လောက် တူတုန်း ဆို သူ့ကို သူ့
          အောင်ရဲလင်းနဲ့ တူတယ်လို့ ပြောတာ ကြားပြီးကတည်းက
          သများ အောင်ရဲလင်း နဲ့ သေခန်းပြတ်သွားတာပါပဲ မွမွရယ်။

          😥

        • alinsett (gazette)

          April 11, 2014 at 1:46 pm

          အို
          အောင်ရဲလင်းတောင်
          ကျနော့်လောက် အောင်ရဲလင်းနဲ့ မတူပါဘူးဆို

          :kwi:

  • Myo Thant

    April 11, 2014 at 10:04 am

    goodddddddddddddd 🙂

    • alinsett (gazette)

      April 11, 2014 at 10:10 am

      အရောက်လာ
      ဖတ်ရှု
      အားပေး
      ကွန်မန့်လေး ပေးသွားတဲ့
      ဦးမျိုး

      ကျေးဇူးပါ လို ့

      🙂

  • kyeemite

    April 11, 2014 at 11:28 am

    အဲ့ထဲက..အဖြူရောင် သံယျောဇဉ်…Remembrance… ဂိုအကြိုက်ဆုံးဗဲ…ဟီဟိ :loll:

  • Mr. MarGa

    April 11, 2014 at 11:35 am

    ဟိုဝေ့ သည်ပတ် နဲ့
    လူကို မျက်စိလည်အောင် ရေးထားတယ်
    အဲ့ဒါတွေကြောင့် ဒီလိုဖြစ်နေတာ ဟီဟိ

    ဆုရပို့စ်ကို မြန်မြန်ကြေညာ
    ဒါဗျဲ

    • alinsett (gazette)

      April 11, 2014 at 11:42 am

      ဘယ်လို ဖြစ်နေလို့လဲဟင်

      🙂

      ———-
      ဆု ဘယ်သူရလဲဆိုတာ. . . .
      သင်္ကြန်ပြီးရင်
      လာမည်. . .
      မျှော်. , . .
      🙂

  • TNA

    April 11, 2014 at 12:12 pm

    အောင်မယ်လေးဟယ်။ အောင်မဲလင်းရယ်။ အေးဆေးမကြေငြာဘူး။ သွ့သူကြော်ငြာအရင်ထိုးနေသေး။ ဆုရဘူကိုလက်ခုတ်တီးရန်စောင့်နေပါတယ်။ သင်္ကြန်ပြီးရင် ဒဲ့ကြော်ငြာပါ။ ကွ့ကိုယ်ကြော်ငြာမဝင်ဘာနဲ့ ဒါဗြဲ

    • alinsett (gazette)

      April 11, 2014 at 12:29 pm

      တိန်

      အောင်မဲလင်း တဲ့

      ဆုရသူ
      ဘယ်သူလဲ

      ဘယ်လို ကြေညာမလဲဆိုတာတော့. . .

      အဟဲ

      🙂

  • ဗုံဗုံ

    April 11, 2014 at 1:52 pm

    ဘယ်မဒုန်း…နာ့ပိုစ့်
    နာဆုမရရင်..နီတော့ သေဘီဘဲ….
    နာမရရင်လည်း သဂျားကို ဆုရအောင် လုပ်ပေးလိုက်….. :mrgreen:

  • alinsett (gazette)

    April 11, 2014 at 3:21 pm

    ပေးချင်တိုင်းပေးလို့ရတဲ့အထဲ. . .
    ဂဇက်စာပေဆု အပါဗူး ဗုံရဲ့

    🙂

    အကြိုက်အများးဆုံး ဆိုတဲ့ အကြောင်း ညီညွတ်မှုရှိမှ ဖြစ်တာရယ်

    ဟဲဟဲ

    🙂

  • အင်း စ ကာ တင် ထဲ ပါ တယ် ဆို တော့

    သ င်္ကြ န် ပီး ထိ စောင့် ရ မှာ စိတ် မ ရှည် လို် က် တာ နော်

    • alinsett (gazette)

      April 12, 2014 at 2:05 am

      စိတ်ရှည်ပါ လေးပေါက်ရယ်
      🙂

      သင်္ကြန်ပြီးတာနဲ့ ဘွားခနဲ အဖြေပေါ်ပြီ
      ဟီဟိ

      🙂

  • တညင်သား

    April 12, 2014 at 3:41 pm

    အရင်တခါလဲ ချစ်သူ့ဝေလေး ချစ်သူ့ဝေလေး လုပ်လို့ ဟိုက လှန့်ဖြန့်ပြီး ယောကျင်္ားယူလိုက်ရတယ် ..ခုလဲလာပြန်ပြီ ဝတ်မှုံရွှေရည်တဲ့…:mrgreen:

  • ကျော်စွာခေါင်

    April 13, 2014 at 12:43 am

    အလင်းဆက်ရေ
    လက်ခုပ်တီးဘို ့ စောင့်နေပါတယ်..
    ရှုးးးးးးး ဖတ်ရွေးအဖွဲ ့ မသိစေနဲ့

  • ဖြူစိုင်း လူ

    April 13, 2014 at 7:36 am

    အဲဒီ ဆန်ခါတင်စာရင်း ကို ဖတ်ကြည့်။
    တကယ့် ဒေါင်ဒေါင်မြည်ပိုစ့်တွေဗျ ။

    အဲ့လိုကြီးတဲ့လား.. တစ်ကယ်တော့ အောင်မဲလင်းညွှန်းမှ ကိုယ်ရေးထားတာ ကိုယ်ပြန်ဖတ်ကြည့်မိတယ်၊ ခုနောက်ပိုင်း အရင်ထက်ပိုဆိုးလာတာက ရေးပြီး ပြန်ကိုလှည့်မကြည့်တော့တာ၊ ဒီဟာလေးတော့ ငယ်ငယ်က တစ်ရှိုက်မက်မက်ဖတ်ခဲ့ဖူးတဲ့ မောင်လှမျိုး(ချင်းချောင်းခြံ)၊ မောင်ညိုအေး(ပန်းတော)၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ရဲ့ ရေးသားဟန်ကို အားကျပြီး ကဗျာအားပြု စကားပြေပြန်ခြင်းမျိုးနဲ့ ရသတစ်ခုများ ဖြစ်မလားရယ်လို့ စမ်းရေးမိတာပါ။

    ဆုဆိုတာတော့ ဘယ်တုန်းကမှ မမှန်းဖူးပါဘူး။ ရေးချင်တာရေးခွင့်ရပြီး ရေးထားတာတွေ Highlight လုပ်ပြတာနဲ့တင် ကျေနပ်ပါကြောင်း။

    (ဘာဖြစ်ဖြစ် တစ်ချို့တွေကို ငါစာရေးတာ ဇကာတင် အမြဲအရွေးခံရတယ်ဆိုတာတော့ ပြောလို့ရတယ်)

  • padonmar

    April 13, 2014 at 10:02 pm

    ရှူး တိုးတိုး… အန်တီလာဖတ်သွားတာ သူတို့ မသိစေနဲ့

    • alinsett (gazette)

      April 15, 2014 at 12:43 pm

      တိန်

      ဖတ်ရွေးအဖွဲ့ကြီး မသိစေနဲ့ဆိုပေမယ့်
      တီတီ တို့ ဦးကြီးမိုက်တို့ သိသွားးဘီ

      ကဲ တီတီဘုံမာ
      ဝတ်မှုန်ရွှေရည်နဲ့ နီးစပ်အောင်
      ကူညီပေတော့

      အဟိ

Leave a Reply