စောင့်​​စောင့်​​အောင့်​​အောင့်
ပစ်​ချလိုက်​တဲ့ငြီးသံမှာ
အဆိပ်​ဘယ်​​လောက်
မသထာ​ရေစာ ဘယ်​​လောက်
စေတနာလိုလို
ဝေဒနာလိုလို
ထမင်းတစ်​လုတ်​တုတ်​တစ်​ချက်​က ဘယ်​​လောက်
ပုဆိန်​​ပေါက်​​ပြောတယ်​ပဲဆိုဆို
ကိုယ့်​ကျင်းကိုယ်​တူးတဲ့​ခေတ်​ကတည်းက
ကဗျာကိုစီးရင်း​ရေငတ်​ခဲ့ဖူးတဲ့​ကောင်
ဘာခုမှ
မ​နေ့တစ်​​နေ့ကမှ ​ပေါက်​တဲ့ကဗျာ
သရဲသ​ဘောကျတဲ့အစာတဲ့
ငါ့စိတ်​နဲ့ငါ
ကျောချင်းကပ်​ပြီး
သမိုင်းမှာကွဲပြဲခဲ့ဖူးပြီသား။
ဒီ​နေ့​ခေတ်​ကဗျာဆိုတာ
ဖားလျားချထားတဲ့ ဆံပင်​​တွေလို
လေထဲမှာ
ခပ်​မိုက်​မိုက်​လူးလွန့်​​နေမယ်​။
ဒင်း…….
ဘဝင်​မဟပ်​ရင်
ကီလီမန်​ဂျာရိုး​တောင်​မှာ
သစ်​ရွက်​ချပ်​ကပ်​ပြီး
ဝါဆို​နေလိုက်​​တော့။
ရှင်းရှင်းပဲ
ငါးခုံးမတစ်​​ကောင်​​ကြောင့်
ငါ့ကဗျာကို တစ်​​လှေလုံးအပုတ်​ခံ​နေမှာမဟုတ်​ဘူး။
ခု​ရေးလိုက်​တဲ့ကဗျာက
ဒင်းအတွက်​…
လတ်​လတ်​ဆတ်​ဆတ်​ လွမ်းသူ့ပန်း​ခွေ ။

ကိုစစ်​ (ရူပ​ဗေဒ)
9,April, 2014. 5း55 PM

ko six

About ko six

ko six has written 106 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014