သရဲကပ်​​နေတဲ့ ကဗျာ

ko sixApril 9, 20141min2019

​စောင်​့​စောင်​့​အောင်​့​အောင်​့
ပစ်​ချလိုက်​တဲ့ငြီးသံမှာ
အဆိပ်​ဘယ်​​လောက်​
မသထာ​ရေစာ ဘယ်​​လောက်​
​စေတနာလိုုလို
​ဝေဒနာလိုုလို
ထမင်​းတစ်​လုတ်​တုတ်​တစ်​ချက်​က ဘယ်​​လောက်​
ပုဆိန်​​ပေါက်​​ပြောတယ်​ပဲဆိုဆို
ကိုယ်​့ကျင်​းကိုယ်​တူးတဲ့​ခေတ်​ကတည်​းက
ကဗျာကိုစီးရင်​း​ရေငတ်​ခဲ့ဖူးတဲ့​ကောင်​
ဘာခုမှ
မ​နေ့တစ်​​နေ့ကမှ ​ပေါက်​တဲ့ကဗျာ
သရဲသ​ဘောကျတဲ့အစာတဲ့
ငါ့စိတ်​နဲ့ငါ
​ကျောချင်​းကပ်​ပြီး
သမိုင်​းမှာကွဲပြဲခဲ့ဖူးပြီသား။
ဒီ​နေ့​ခေတ်​ကဗျာဆိုတာ
ဖားလျားချထားတဲ့ ဆံပင်​​တွေလို
​လေထဲမှာ
ခပ်​မိုက်​မိုက်​လူးလွန်​့​နေမယ်​။
ဒင်​း…….
ဘဝင်​မဟပ်​ရင်​
ကီလီမန်​ဂျာရိုး​တောင်​မှာ
သစ်​ရွက်​ချပ်​ကပ်​ပြီး
ဝါဆို​နေလိုက်​​တော့။
ရှင်​းရှင်​းပဲ
ငါးခုံးမတစ်​​ကောင်​​ကြောင်​့
ငါ့ကဗျာကို တစ်​​လှေလုံးအပုတ်​ခံ​နေမှာမဟုတ်​ဘူး။
ခု​ရေးလိုက်​တဲ့ကဗျာက
ဒင်​းအတွက်​…
လတ်​လတ်​ဆတ်​ဆတ်​ လွမ်​းသူ့ပန်​း​ခွေ ။

ကိုစစ်​ (ရူပ​ဗေဒ)
9,April, 2014. 5း55 PM

9 comments

  • alinsett (gazette)

    April 9, 2014 at 9:54 pm

    ကိုယ်​့ကျင်​းကိုယ်​တူးတဲ့​ခေတ်​ကတည်​းက
    ကဗျာကိုစီးရင်​း​ရေငတ်​ခဲ့ဖူးတဲ့​ကောင်​

    အဲဒီ စာသားထဲမှာ…. ဖျားသွားတယ်… ။

  • kai

    April 11, 2014 at 5:08 am

    ကီလီမန်​ဂျာရိုးတောင်ဆိုတာ..
    လူ့ရင်းမြစ်မြေ အာဖရိကရဲ့အမြင့်ဆုံးတောင်.. ကိုယ့်ကိုယ်တိုင်အမှီကင်းကင်းနဲ့ ကမ္ဘာမှာအမြင့်ဆုံးရပ်တည်နေနိုင်တဲ့တောင်ပေါ့..
    အဲဒီမှာဝါဆိုဖို့ …အင်း..
    တွေးရဦးမယ်.. :mrgreen:

  • Mr. MarGa

    April 11, 2014 at 11:30 am

    ဒီ​နေ့​ခေတ်​ကဗျာဆိုတာ
    ဖားလျားချထားတဲ့ ဆံပင်​​တွေလို
    ​လေထဲမှာ
    ခပ်​မိုက်​မိုက်​လူးလွန်​့​နေမယ်​။

    မိုက်စ်

  • ko six

    April 12, 2014 at 5:03 pm

    ဦးမာဃရဲ့ကတုံး​ကေနဲ့​တော့ မရဘူး​နော်​

  • kai

    May 17, 2014 at 3:15 pm

    ဒီကဗျာကို.. ဒီလသတင်းစာထဲ..ပုံနှိပ်ဖေါ်ပြမယ်ဗျို့..
    ချစ်လို့..။
    လက်ဖက်ရည်ဖိုး.. ကဗျာတွေအကြွေးထား..
    ဒေါ်လှဆီမှာ ငါးယူလိုက်..။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 3:29 pm

    သရဲ ကပ်နေတဲ့ ကဗျာ ဆိုတော့
    ညဘက်ဆို ပိုပြီး ကြောက်ဖို့ ကောင်းမယ်
    ခုတောင် နေ့ခင်းကြီးမို့ ကြက်သီးလောက်ပဲ ထတယ် …

  • kyeemite

    May 17, 2014 at 3:36 pm

    သိပ်နားမလည်ပေမဲ့ ကြိုက်တယ်ဗျာ :mrgreen:
    အင်း..သဂျီးတောင် တော်ကောက်လိုက်ပီဆိုတော့..ဂုဏ်ယူပါတယ်ကိုဆစ်ရေ

  • naywoon ni

    May 17, 2014 at 3:46 pm


    ခု​ရေးလိုက်​တဲ့ကဗျာက
    ဒင်​းအတွက်​…
    လတ်​လတ်​ဆတ်​ဆတ်​ လွမ်​းသူပန်​း​ခွေ ။

    အဲဒိလို ကိုယ်​ပိုင်​စကားလုံးလတ်​လတ်​ဆတ်​ဆတ်​ ကို ကြိုဆိုရမှာ​ပေါ့ ကွန်​ဂရက်​ကျူး​ရေးရှင်​ း

Leave a Reply