အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၁ ( Wellington ) ။

Foreign ResidentApril 10, 201413min33117

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၁ ( Wellington ) ။

 

၁၄ – ၁၂ – ၂၀၁၃ ။

 

Wellington မြို့ဟာ New Zealand နိုင်ငံရဲ့ မြို့တော် ပါ ။

ကြုံလို့ပြောရရင် ၊ နယူးဇီလန် နိုင်ငံ ဟာ ၊

ဧရိယာ ( စတုရန်းမိုင် )  =  နယူးဇီလန် 103,483 / မြန်မာ 261,228 / ဩဇီ 2,969,907 ။

လူဦးရေ ( သန်း )  =  နယူးဇီလန် ၅ / မြန်မာ ၆၁ / ဩဇီ ၂၃ ။

၁ စတုရန်းမိုင် မှာ နေတဲ့လူ  =  နယူးဇီလန် ၄၃ / မြန်မာ ၁၉၂ / ဩဇီ ရ ။

 

ဆိုလိုတာက ၊ လူ နှင့် မြေ ( သယံဇာတ ) အချိုး အရမှာတင် ၊

နယူးဇီလန် နှင့် ဩဇီ က မြန်မာနိုင်ငံထက် ချမ်းသာနိုင်ခြေ များနေပါတယ် ။

ဒါကြောင့်လဲ တစ်နှစ် ဝင်ငွေ / ထုတ်လုပ်မှု GDP (PPP) per capita တွေ ကွာကြပါတယ် ။

( မြန်မာ 1,612 / နယူးဇီလန် 29,481 / ဩဇီ 41,954 ) ။

 

အဘ တို့ The Wellington Botanic Garden ထဲက ထွက်လာပြီးတဲ့နောက် ၊

အဘတို့ကို Wellington မြို့ထဲက ထင်ရှားတဲ့နေရာတွေ လှည့်ပြပါတယ် ။

 

ပထမ ဦးဆုံး ၊ နယူးဇီလန် ဝန်ကြီးချုပ် ရုံးထိုင်တဲ့ အစိုးရအဖွဲ့ရုံး ( Beehive ) နှင့် ၊

နယူးဇီလန် လွှတ်တော် ( Parliament House ) ကိုသွားပါတယ် ။

အထဲကို မဝင်တော့ဘဲ အပြင်ကနေ လှည့်ပါတ် ဓါတ်ပုံရိုက်ကြပါတယ် ။

လွှတ်တော် ( Parliament House ) ဘေးနားမှာတော့ ၊

လွှတ်တော် စာကြည့်တိုက်  ( Parliament Library ) ရှိပါတယ် ။

( http://en.wikipedia.org/wiki/Beehive_%28New_Zealand%29 )

 

11 နယူးဇီလန် ဝန်ကြီးချုပ် ရုံးထိုင်တဲ့ အစိုးရအဖွဲ့ရုံး ( Beehive ) နှင့် နယူးဇီလန် လွှတ်တော် ( Parliament House )

 

11 နယူးဇီလန် ဝန်ကြီးချုပ် ရုံးထိုင်တဲ့ အစိုးရအဖွဲ့ရုံး ( Beehive ) နှင့် နယူးဇီလန် လွှတ်တော် ( Parliament House )
11 နယူးဇီလန် ဝန်ကြီးချုပ် ရုံးထိုင်တဲ့ အစိုးရအဖွဲ့ရုံး ( Beehive ) နှင့် နယူးဇီလန် လွှတ်တော် ( Parliament House )

11 နယူးဇီလန် လွှတ်တော် စာကြည့်တိုက်  ( Parliament Library )

 

11 နယူးဇီလန် လွှတ်တော် စာကြည့်တိုက်  ( Parliament Library )
11 နယူးဇီလန် လွှတ်တော် စာကြည့်တိုက် ( Parliament Library )

အဲဒီနောက် ၊ ၁၈၆၅ ထဲက ဆောက်လုပ်ခဲ့တဲ့ ၊

Old St. Paul’s Anglican cathedral ကိုသွားပါတယ် ။

( Old St. Paul’s is a former cathedral in the Diocese of

Wellington of the Anglican Church in Aotearoa, New Zealand and Polynesia. )

( http://en.wikipedia.org/wiki/Old_St._Paul%27s,_Wellington )

 

အဲဒီ Old St. Paul’s ဟာ ရှေးဟောင်း ဘုရားကျောင်း ဖြစ်ပြီး ၊

အဲဒီမှာ မင်္ဂလာဆောင်ခွင့်ရဖို့ ၊ ၁ နှစ်လောက် ကြို Booking လုပ်မှ ရတယ် ပြောပါတယ် ။

အဘ တို့ ကံကောင်းချင်တော့ ဘုရားကျောင်း မှာ မင်္ဂလာဆောင် ရှိနေပါတယ် ။

 

ဟီ ဟိ ၊ လူနောက် လူဆိုး အဘတို့က အဲဒီ မင်္ဂလာ စုံတွဲ ရဲ့ မိသားစု ဓါတ်ပုံ ရိုက်တဲ့ အခါမှာ ၊

ဘေးကနေ မသိမသာ ဝင်ရပ်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့ပါသေးတယ် ။

 

အမှန်ကတော့ မသိမသာ မဟုတ်ပါဘူး သိသိသာသာ ကြီးပါ ။

ပုံထဲမှာ ကြည့်ပါလား ၊ သူတို့ ဆွေမျိုးထဲက မဟုတ်ဘဲ ဘေးက ခပ်တည်တည် ဝင်ရပ်လို့ ၊

သူတို့ ဆွေမျိုးအုပ်ကြီးက ၊ အဘ မဟေသီကို ဝိုင်းကြည့်နေတာ ။

 

ဟီ ဟိ ၊ အဘတို့ တော်တော် ဆိုးခဲ့တာပါ ၊ မင်္ဂလာပွဲကို ဓါတ်ပုံရိုက်ပေးနေတဲ့ ၊

Pro ဓါတ်ပုံဆရာ ကတော့ သူ့အလုပ် နှောင့်နှေးလို့ စိတ်ပျက်နေပုံပါဘဲ ။

 

ဒါပေမယ့် ၊ နယူးဇီလန် နိုင်ငံသားတွေဟာ ၊ အေးချမ်းသာယာ တဲ့ ဘဝ ကိုပိုင်ဆိုင်ထားပြီး ၊

အချင်းချင်းရော ၊ နိုင်ငံခြားသားတွေကိုရောပါ ၊ ဖေါ်ရွှေ လှိုက်လှဲတဲ့ နေရာ ၊

ယဉ်ကျေး ပျူငှာတဲ့ နေရာ မှာ နာမည်ကောင်း ရထားပါတယ် ။

 

11 Old St. Paul’s Anglican cathedral ရှေးဟောင်း ဘုရားကျောင်း ။

 

11 Old St. Paul's Anglican cathedral ရှေးဟောင်း ဘုရားကျောင်း ။
11 Old St. Paul’s Anglican cathedral ရှေးဟောင်း ဘုရားကျောင်း ။

11 မင်္ဂလာစုံတွဲ ရဲ့ မိသားစု ဓါတ်ပုံရိုက်တဲ့ အခါမှာ အဘ မဟေသီက ဘေးကနေ မသိမသာ ဝင်ရပ်ပြီး

 

11 မင်္ဂလာစုံတွဲ ရဲ့ မိသားစု ဓါတ်ပုံရိုက်တဲ့ အခါမှာ အဘ မဟေသီက ဘေးကနေ မသိမသာ ဝင်ရပ်ပြီး
11 မင်္ဂလာစုံတွဲ ရဲ့ မိသားစု ဓါတ်ပုံရိုက်တဲ့ အခါမှာ အဘ မဟေသီက ဘေးကနေ မသိမသာ ဝင်ရပ်ပြီး

11 အဲဒီနေ့ မင်္ဂလာ ဆောင်တဲ့ သတို့သမီးလေး ၊ ချောတယ်နော် ။

 

11 အဲဒီနေ့ မင်္ဂလာ ဆောင်တဲ့ သတို့သမီးလေး ၊ ချောတယ်နော် ။
11 အဲဒီနေ့ မင်္ဂလာ ဆောင်တဲ့ သတို့သမီးလေး ၊ ချောတယ်နော် ။

အဲဒီနောက်မှာ ၊ Wellington မြို့ကို လှည့်လည်ပြသပါတယ် ။

ပြီးခဲ့တဲ့ ၂ လ ၃ လ လောက်က Wellington မြို့နားမှာ ငလျှင် လှုပ်ခဲ့တယ်တဲ့ ။

ဒါကြောင့် မြို့ထဲက တစ်ချို့ အဆောက် အဦးတွေကို ၊

လူနေခွင့်ပိတ်ပြီး အဆောက် အဦး ခိုင်ခံမှုတွေကို ပြန်စစ်ဆေးနေကြတယ်တဲ့ ။

 

11 Wellington မြို့ထဲက အဆောက်အဦး ၊ အိမ်လေး တွေ ။

 

11 Wellington မြို့ထဲက အဆောက်အဦး ၊ အိမ်လေး တွေ ။
11 Wellington မြို့ထဲက အဆောက်အဦး ၊ အိမ်လေး တွေ ။

နောက်ဆုံးမတော့ ၊ New Zealand National Museum ( Te Pa Pa ) ကိုပို့ပေးပါတယ် ။

အဲဒီ National Museum ကြီးဟာ ၅ ထပ် လောက် ရှိပြီး အကျယ်ကြီးပါ ။

သေချာသာ လိုက်ကြည့်ရမယ်ဆိုရင် တစ်နေကုန်တောင် ပြီးမယ် မထင်ပါဘူး ။

အဲဒါနှင့် စိတ်ဝင်စားမယ် အကွက်လေး တစ်ချို့ကိုဘဲ ၊ အမြန် လိုက်ကြည့်လိုက်ပါတော့တယ် ။

 

11 New Zealand National Museum ( Te Pa Pa )

 

11 New Zealand National Museum ( Te Pa Pa )
11 New Zealand National Museum ( Te Pa Pa )

11 Museum အဝင်ဝ က Maori တိုင်းရင်းသားတွေရဲ့ လက်ရာ ။

 

11 Museum အဝင်ဝ က Maori တိုင်းရင်းသားတွေရဲ့ လက်ရာ ။
11 Museum အဝင်ဝ က Maori တိုင်းရင်းသားတွေရဲ့ လက်ရာ ။

11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 1

 

11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 1
11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 1

11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 2

 

11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 2
11 New Zealand National Museum ( Te Pa Pa ) ထဲက ပြကွက်တွေ 2

11 Museum ထဲက ရေသတ္တဝါတွေ ပြကွက် ။

 

11 Museum ထဲက ရေသတ္တဝါတွေ ပြကွက် ။
11 Museum ထဲက ရေသတ္တဝါတွေ ပြကွက် ။

11 လူ ၂ ရပ်လောက်ရှိတဲ့ ကင်းမွန်အကောင်ကြီးကို ဆေးစိမ်ထားတာ ။

 

11 လူ ၂ ရပ်လောက်ရှိတဲ့ ကင်းမွန်အကောင်ကြီးကို ဆေးစိမ်ထားတာ ။
11 လူ ၂ ရပ်လောက်ရှိတဲ့ ကင်းမွန်အကောင်ကြီးကို ဆေးစိမ်ထားတာ ။

11 New Zealand ရဲ့ အထိမ်းအမှတ် သတ္တဝါ Kiwi ။

 

11 New Zealand ရဲ့ အထိမ်းအမှတ် သတ္တဝါ Kiwi ။
11 New Zealand ရဲ့ အထိမ်းအမှတ် သတ္တဝါ Kiwi ။

11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 1 ။

 

11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 1 ။
11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 1 ။

11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 2 ။

 

11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 2 ။
11 Museum ထဲက ကလေးတွေ ကစားဖို့ နေရာ 2 ။

11 Museum အဝင်ဝ နားက အပင်လေး ၊ လှလို့ ရိုက်ထားတာ ။

 

11 Museum အဝင်ဝ နားက အပင်လေး ၊ လှလို့ ရိုက်ထားတာ ။
11 Museum အဝင်ဝ နားက အပင်လေး ၊ လှလို့ ရိုက်ထားတာ ။

11 New Zealand National Museum က ကမ်းနားမှာ ရှိတာလေ ။

 

11 New Zealand National Museum က ကမ်းနားမှာ ရှိတာလေ ။
11 New Zealand National Museum က ကမ်းနားမှာ ရှိတာလေ ။

Museum ထဲမှာ တစ်နာရီလောက် လှည့်ကြည့်ပြီးတဲ့နောက်တော့ ၊

သင်္ဘောကို ပြန်လာပြီး ၊ နေ့လည်စာ နှင့် ညစာ ကြားက အစာ ကိုစားလိုက်ပါတယ် ။

ပင်လည်း ပင်ပန်းနေ ၊ သိပ်လည်း စဉ်းစားမနေချင်တော့တာနှင့် ၊

Spaghetti ကောင်တာမှာ ၊ Spaghetti ဘဲ မှာစားလိုက်ပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

11 ပင်လည်း ပင်ပန်းနေ ၊ သိပ်လည်း စဉ်းစားမနေချင်တော့တာနှင့် ၊ Spaghetti ဘဲ မှာစားလိုက်ပါတယ် ။

 

11 ပင်လည်း ပင်ပန်းနေ ၊ သိပ်လည်း စဉ်းစားမနေချင်တော့တာနှင့် ၊ Spaghetti ဘဲ မှာစားလိုက်ပါတယ် ။
11 ပင်လည်း ပင်ပန်းနေ ၊ သိပ်လည်း စဉ်းစားမနေချင်တော့တာနှင့် ၊ Spaghetti ဘဲ မှာစားလိုက်ပါတယ် ။

 

17 comments

  • kai

    April 10, 2014 at 12:59 pm

    သတို့သမီးက..အာရှမျက်နှာပေါက်နဲ့ဆိုတာတော့.. ထူးဆန်းမိတယ်…
    အဲဒီမှာအာရှသားတွေတော်တော်များနေပုံရလား… ?

  • alinsett (gazette)

    April 10, 2014 at 1:03 pm

    ကြည့်ပါဦး အကုန်လုံး လှည့်ကြည့်နေတာတောင်
    မသိမသာ တဲ့
    ဒီ အဘတော့ မလွယ်ဘူး

    ဟီဟိ

  • Crystalline

    April 10, 2014 at 3:08 pm

    တော်တော်နောက်တဲ့.. လိုက်လည်းလိုက်ပါတယ်… :loll:
    ကျမတို့တုန်းကတော့ ဘာစီးလီကာမှာ ခပ်တည်တည်နဲ့ သူများတိုးနောက်လိုက်နားထောင်ဖူးတယ်. :mrgreenn:

    • Foreign Resident

      April 11, 2014 at 5:08 am

      Crystalline says:
      ” ကျမတို့တုန်းကတော့ ဘာစီးလီကာမှာ
      ခပ်တည်တည်နဲ့ သူများတိုးနောက်လိုက်နားထောင်ဖူးတယ် ”

      သတိထား ။
      တချို့ တိုးဂိုက်တွေက ၊ အဲလို လိုက်နားထောင်ရင် ၊
      ဟောက်လွှတ် တတ်တယ် ။

  • Ma Ma

    April 10, 2014 at 4:07 pm

    သတို့သမီးကိုကြည့်ရတာ အရှေ့တိုင်းသူပုံပေါက်နေတယ်။
    အနောက်တိုင်းသူ မဟုတ်ဘူးထင်တယ်နော်။

  • padonmar

    April 10, 2014 at 10:18 pm

    အဘရေ၊
    ဓာတ်ပုံဆရာ ဇင်မင်းဆွေက သူ့ FB status မှာ Lord of the ring ကားရိုက်တဲ့ အင်မတန်လှတဲ့ နေရာကို သင်္ကြန်မှာ သွားမယ်လို့ ရေးထားပါတယ်။သူတင်ထားတဲ့ ဓာတ်ပုံလေးတွေကလည်း တော်တော်လှပါတယ်။
    အဲဒီကွန်မန့်တွေထဲမှာ ဇူလိုင်လဆို အလှဆုံးလို့ ရေးထားကြပါတယ်။
    တခေါက်လောက်တော့ ရောက်ဖူးချင်သား…

    • Foreign Resident

      April 11, 2014 at 3:54 am

      padonmar says:
      ” Lord of the ring ကားရိုက်တဲ့ အင်မတန်လှတဲ့ နေရာ ”

      မပဒုမ္မာရေ ။
      ဟုတ်ပါတယ် Lord of the ring က နယူးဇီလန် နိုင်ငံ မှာ ရိုက်တာပါ ။
      အဲဒီ Lord of the ring ရိုက်တဲ့နေရာတွေကို သွားကြည့်တဲ့ ၊
      ခရီးစဉ် Optional Shore Excursion လဲ ရှိပါတယ် ။
      ကလေး ပါတဲ့ မိသားစုတွေ သွားကြတာ တွေ့ရပါတယ် ။

      အဲ ၊ ဒါပေမယ့် Lord of the ring ကို ကျနော်က ၂ ကားလောက်ဘဲ ကြည့်ဖူးပြီး ၊
      သိပ်စိတ်မဝင်စားတာနှင့် ၊ မသွားဖြစ်ပါဘူး ။

      padonmar says:
      ” အဲဒီကွန်မန့်တွေထဲမှာ ဇူလိုင်လဆို အလှဆုံးလို့ ရေးထားကြပါတယ် ”

      အွန် ၊ အဲဒီ အချိန် June July ဆိုတာ တကယ့် Full Winter ဆောင်းရာသီကြီး ။
      နှင်းတွေနှင့် ဖွေးနေမှာဘဲ ။
      ရေခဲ / ရာသီဥတု ဆိုးလို့ Cruise သင်္ဘောတွေတောင် မသွားတော့ဘူး ။
      တစ်ယောက် နှင့် တစ်ယောက် အကြိုက် မတူကြဘူးပေါ့လေ ။

    • kai

      April 11, 2014 at 5:57 am

      နယူးဇီလန်ရဲ့ သဘာဝအလှတွေက.. ဟောလိဝုဒ်ကို အကြီးအကျယ်ဆွဲဆောင်ထားတာပါ..။
      အဲဒီမှာ ယူအက်စ်လောက်ဈေးမပေးရတဲ့.. အဖြူတွေရှိတာမို့.. သဘာဝမြေအကျယ်ကြီးနဲု့ပြကွက်လုပ်ရမယ့်…သမိုင်းကားကြီးတွေရိုက်ရင်လည်း ဟောလိဝုဒ်သမားတွေ…နယူးဇီလန်ပြေးကြရတာပါပဲ..။
      ယူအက်စ်မှာအလွန်နာမယ်ကြီးတဲ့ တီဗီစီးရီး..စပါတာကပ် ဆိုရင်..နယူးဇီလန်မှာအဲဒီကမင်းသားတွေနဲ့ကိုရိုက်တာ…။
      ဘီလီယံ..ဘစ်ဇနက်…..

  • Foreign Resident

    April 11, 2014 at 4:50 am

    kai says:
    ” သတို့သမီးက..အာရှမျက်နှာပေါက်နဲ့ဆိုတာတော့.. ထူးဆန်းမိတယ်…
    အဲဒီမှာအာရှသားတွေတော်တော်များနေပုံရလား… ? ”

    Ma Ma says:
    ” သတို့သမီးကိုကြည့်ရတာ အရှေ့တိုင်းသူပုံပေါက်နေတယ်။
    အနောက်တိုင်းသူ မဟုတ်ဘူးထင်တယ်နော် ”

    ဟုတ်တယ် သတို့သမီး က အရှေ့တိုင်းသူ ထင်တယ် ။
    အဲဒီမှာ အရှေ့တိုင်းသား 5 to 10 % လောက်ရှိမယ် ထင်ရတယ် ။

  • Mr. MarGa

    April 11, 2014 at 11:29 am

    ဘဖော ဘဖော
    Museum အဝင်ဝက အပင်လေးကို အနီးကပ် ရိုက်ခဲ့သေးလား
    အဲ့ဒီ နီနီလေးတွေက ပန်းပွင့်နေတာလား သိချင်လို့
    ကြည့်ရတာတော့ စုတ်ချွန်းချွန်းပုံ :mrgreenn:

    • Foreign Resident

      April 15, 2014 at 2:58 am

      Mr. MarGa says:
      ” Museum အဝင်ဝက အပင်လေးကို အနီးကပ် ရိုက်ခဲ့သေးလား
      အဲ့ဒီ နီနီလေးတွေက ပန်းပွင့်နေတာလား သိချင်လို့ ”

      ဟုတ်တယ် အဲ့ဒီ နီနီလေးတွေက ပန်းပွင့်နေတာ ။

      အဲ့ဒီ အပင်လေးက
      Local Maori Name = Pohutukawa trees
      Biological Name = Metrosideros excelsa
      Common Name = New Zealand Christmas Tree
      လို့ခေါ်တယ် ။

      —http://www.nzhistory.net.nz/media/photo/pohutukawa-flowers—
      —http://en.wikipedia.org/wiki/Metrosideros_excelsa—

  • ကေဇီ

    April 11, 2014 at 11:59 am

    မဆိုင်တာ ဝင်မေးပါဦးမယ် ဘဖောရယ်။
    ကင်းမွန်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်တုန်းဟင်?
    Squid လို့ ခေါ်လားးး
    Cuttlefish လို့ခေါ်လားးး
    ကျနော် သင်္ကြန်ပြီး ရင် တင်မဲ့ ပို့(စ) နဲ့ဆက်စပ်နေလို့ပါ။
    ဟိဟိ။ :mrgreenn:

    • Foreign Resident

      April 15, 2014 at 3:04 am

      ကေဇီ says:
      ” ကင်းမွန်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်တုန်းဟင်?
      Squid လို့ ခေါ်လားးး Cuttlefish လို့ခေါ်လားးး ”

      ကေဇီ ရေ ။
      အဲဒီလောက် ၆ ပေအထက် အကောင်ကြီးတွေကိုတော့ Squid လို့ ခေါ်တာ သေချာတယ် ။
      သိပ်မကြာသေးခင်ကဘဲ National Geographic Channel မှာ ၊
      Whale & Squid ဆိုတဲ့ Documentary ကြည့်ရသေးတယ် ။
      အဲဒီ့ Squid တွေက Sperm Whale တွေရဲ့ အဓိက အစာတဲ့ ။

  • ဝင့်ပြုံးမြင့်

    April 14, 2014 at 11:47 pm

    ဘဖော Lord of the Ring ကားကို ၂ကားလောက်ပဲကြည့်ပြီး သိပ်မကြိုက်တော့တာက စာအုပ်မဖတ်ရသေးလို့ ဖြစ်ပါလိမ့်မယ်။ စာအုပ်ဖတ်ပြီးသွားရင် ရုပ်ရှင်ဆိုတာ ဝတ္ထုကို ဖျက်ဆီးတဲ့အရာလို့တောင် မြင်သွားနိုင်တယ်။ လူအား ငွေအား အနုပညာရှုထောင့်အားတွေ အကုန်သုံးထားတဲ့ ရုပ်ရှင်က ဆရာကြီးတော်ကီယန်ရဲ့ စကားလုံးလေးတွေ ဖွဲ့စည်းမှုကို ဘယ်လိုမှ မမီနိုင်ခဲ့ဘူး။ စာအုပ်ကိုသာ ဖတ်ပြီးရင် ရုပ်ရှင်ကို ပိုခံစားလို့ရပြီး ပိုပြီးလည်း စိတ်ကုန်လိမ့်မယ်။ မယုံရင် စာအုပ်ဖတ်ကြည့်ပါ ဘဖော။ စာအုပ်က နည်းနည်းတော့ထူတယ်။ စာမျက်နှာ ၉၉၉ ဆိုတော့လေ။ တစ်ထောင်ပြည့်ဖို့ တစ်မျက်နှာပဲလိုတယ်။ ဒါပေမယ့် လက်ကမချနိုင်အောင် စွဲသွားမှာပါ။
    သဂျီးပြောတဲ့ စပါတာကပ်လည်း ကြည့်ပြီးသွားပြီ။

    • Foreign Resident

      April 15, 2014 at 3:11 am

      ဝင့်ပြုံးမြင့် says:
      ” Lord of the Ring ကားကို ၂ကားလောက်ပဲကြည့်ပြီး သိပ်မကြိုက်တော့တာက ”

      မပြုံး ရေ ။
      Lord of the Ring ကားကို မကြိုက်တာတော့ မဟုတ်ပါဘူး ။
      ၂ကားလောက်ပဲကြည့်ဖူးတာလဲ မဟုတ်ပါဘူး ။

      Lord of the Ring ကားတွေကိုကြည့်တုံးက ၊ ကျနော်က စိတ်မရှည်တော့ ၊
      Action ခန်း ၊ ဇတ်သိမ်းခန်း တွေကို ကျော်ကြည့်လိုက်မိလို့ ၊
      အဲဒီလို ကျော်ကြည့်လိုက်ပြီးတဲ့အခါတွေမှာလဲ ၊
      အလယ်က စကားပြောခန်းတွေကိုလည်း ပြန်မကြည့်ဖြစ်တော့ဘူးလေ ။

      အဲဒီမှာ ဇတ်လမ်းကို သေချာမသိတော့ ၊ သိပ် စိတ်မဝင်စားတော့ဘူး ဖြစ်သွားတာဗျ ။

      • ကေဇီ

        April 15, 2014 at 9:41 am

        ဟီးးး
        ဘဖော ရေ တူတူပဲ။ ကျော်…ကျော်ကြည့်တုန်းက ……..
        ဘယ်လောက် ဇာတ်ရည်မလည်တုန်းဆို မင်းသား ၂ ယောက်ရယ် လူပုလေး ၂ ယောက်ရယ်ကို တူတူမှတ်ပြီးးးး
        “ဟင် ခုနက မှင်စာလေးနဲ့တူတူပါ ခု ဘယ်လိုလုပ် သစ်ပင်ပေါ်ရောက်သွားပါလိမ့်တို့ ဘာတို့” ခပ်ကြောင်ကြောင်လိုက်မေးသေးတာ။ :mrgreenn:
        အဲဒါနဲ့ ဒီမှာ ၃ ကားလုံးကို ၁၆ ဒေါ်လှတဲ့။ ဈေးချတာဆိုလို့ ဝယ်ပြီး အစအဆုံး တစ်ရက်တည်း မာရသွန်လိုက်တယ်။
        ဒါမဲ့ ဟယ်ရီ ပေါ်တာကို ပဲ ပို ကြိုက်တုန်းပဲ။

        နောက်ဆက်တွဲ တကားထွက်တာလည်း မကြည့်ချင်လို့ မကြည့်ရသေးဘူးးး
        😀

    • ကေဇီ

      April 15, 2014 at 9:36 am

      အမငိ။
      အမဝင့်ရယ်။
      Lord of the ring ကို စာအုပ်ဖတ်တယ်။ အင်္ဂလိပ်လို ဖတ်တယ်။ ဟုတ်လားးး??

      လေးစားတယ်။
      အနော်လေ…..
      ဇော်သန့်ဖတ်ခိုင်းလို့ Da vinci code ကို ဖတ်တာ ဒုတိယစာမျက်နှာမှာတင် အိပ်ပျော်ပျော်သွားပြီး ဖတ်မရလို့ ပြန်ပေးလိုက်ရတယ်။

      :hint:
      Lord of the ring ကို ရုပ်ရှင်တောင်မကြိုက်တာ။ စာအုပ်ကို အင်္ဂလိပ်လို ဖတ်ရမယ် ဆို ပို ဆိုးရယ်။ :mrgreenn:

Leave a Reply