တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာတဲ့ သင်္ကြန်က
တစ်လွှာပြီး တစ်လွှာ ပွင့်ချပ်တွေ ကွာကျလာတဲ့..
နှင်းဆီပွင့် လေးလိုပေါ့…

အရိုင်းတွေက ယဉ်ကျေးမှု ဖြစ်နေတဲ့..
ရိုးတံချည်းသက်သက်ရှိတဲ့..
နှင်းဆီလို သင်္ကြန်ကြီးရယ်…
ဘာကြောင့်မှန်းမသိ ငါ့ မင်းကို
ကြောက်နေမိတယ် ၊

အရင်ကတော့ သပြေခက် နဲ့… ရယ်…
အခုကတော့ အဖြေခက်တဲ့..
သေအရက်နဲ့…
လူငယ်ဆိုတာတွေလေ….
တွဲဖက်ကိုညီလို့ပေါ့….

အဝတ်အစားအပြဲ တွေတင်မက…
ကိုယ့်ရိုးရာ ကိုယ်ဖျက်..
စုတ်နွမ်းနေတဲ့.. သင်္ကြန်ဆိုတာက….
ရန်ကုန်လမ်းမပေါ် မူးပြီးမှောက်အိပ်နေတတ်ခဲ့ပြီ…၊

နှင်းဆီလို ရနံ့လေးမွှေး…
ပွင့်ချပ်စုံညီနဲ့ ယဉ်ယဉ်လေးလှနေတဲ့..
သင်္ကြန်ပျို မဒီလေး…
ရန်ကုန်စင်မြင့်ပေါ် နွဲ့ နွဲ့ လေးနဲ့
ယိမ်းကနေတာ မြင်ချင်စမ်းပါဘိကွယ်..လို့…

 

 

About Maung Tar Tee

Maung Tar Tee has written 5 post in this Website..

သံသ၇ာမှ ကင်းလွတ်၇န် အားထုတ်နေသူ