မဟာရန်သူ အချစ်တော်ကြီး နဲ့ အလွဲများ

ဇီဇီApril 11, 20141min59032

လူပါးတုန်း ရေးချင်တာလေး ရေးအူးမှ။

:kwi:

 

ရုံးက မဟာရန်သူအချစ်တော်ကြီး အကြောင်းပေါ့။

မင်းသားကြီးမဟုတ်ဘူးနော်။ ပီအမ် (ပရော့ဂျက် မန်နေဂျာ) ကိုပြောတာ။

ဘုရားစူး မန်နေဂျာပေါ့ ဟိ။

မနေ့က ၄၂ နှစ်ပြည့်ပြီ လူပျိုကြီး ချိန်ပါ။ ခွိခွိ။

ရုံး က အလွဲတွေ တော်တော်များများက သူနဲ့ တူတူလွဲတာရယ်။

 

ကေဇီ ရုံးကို စရောက်တော့ ဒီ ရာထူးမရသေးဘူးးး QS (Quantity Surveyor) ရာထူးနဲ့

ရာထူးက သူ့ထက် ဂျူနီယာကျတယ်ပေါ့။

ကေဇီမတိုင်ခင်က သူက မင်းသားကြီးရဲ့ လက်ရုံးးး၊ ခိုင်း အကောင်းဆုံး၊ မျက်နှာအရဆုံး၊ ဦးစား အပေးခံရဆုံးးးး ဆိုပါတော့။

 

ကိုယ့်ထက် အရင် ရက်ပိုင်းလေး ရောက်တဲ့ အင်/ယာ ၂ ယောက်က ကြိုသတင်းပေးပြီးသားးး

မန်နေဂျာက ဟောင်ဖွာဟောင်ဖွာ အာကျယ် အာကျယ်နဲ့တဲ့။ သူတို့ က အာဗျဲ လို့ခေါ်သတဲ့။

ဘာတွေ ခိုင်းမှန်းမသိဘူး တို့ ဘာတို့ ပြောထားတာ။

သူရုံးလာချိန်ကျတော့ ခပ်တည်တည်ကြီးနဲ့  မေးပြီး မိတ်ဆက်ပါတယ်။

အဲကျမှ စသိလိုက်တာက သူက မလေး တရုတ်၊ အင်္ဂလိပ်လို လိပ်ပတ်လည်အောင် မပြောတတ်ဘူးးး

ရထားတဲ့ ဆာဒ် (Cert) တွေက အများကြီးးး နဲ့ အဆက်အသွယ်ကောင်းလို့ မင်းသားကြီး က ထားထားတာ။

 

သူ့ဟာသူ အဲဒီ (inferior) အင်ဖီရီရာလေး ရှိတော့ ပိုမာန်တင်းပြီး လူတကာကို အထင်သေးသလို ဆက်ဆံတာတို့

သူ့ကို အထင်သေးမှာ စိုးလို့ ကြိုပြီး ဟန်ကို့ဖို့ လုပ်ထားတာတို့နဲ့ သူ့ အမူအရာတို့ စကားပြောတို့က ပိုပြီး မတည်ငြိမ်သွားတာ။

စိတ်လည်းမငြိမ်ပဲ ဒီလူနဲ့စကားပြောရင် ဒီလူကို စေ့စေ့မကြည့်ဘူးးး၊ ဟိုကြည့် ဒီ ကြည့် နဲ့ အာရုံက တခြားရောက်နေတာ။

သူ ခိုင်းရင် အတိအကျ မခိုင်းတတ်ပဲ အခိုင်းခံရသူက စဉ်းစားပြီး မှန်အောင်လုပ်ရတာ။ အိုကေရင်တော့ သူ က အရင် မင်းသားကြီးဆီ သွားပြတာ။

သူ့ထက်သာတယ် ထင်ရင်လည်း မနာလိုဖြစ်တတ်ပေမဲ့ မကောင်းကြံတတ်ဘူးးး

ကူလီကူမာ မရှိဘူးး သူ့ စိတ်က အရှင်းသား မြင်ရတယ်။

ဘယ်လိုပြောရမလဲ? စိတ်ရင်းကောင်းတယ်။ သဘောမကောင်းဘူး ဆိုတာမျိုးးး။

 

ဒါတွေက အကဲခတ်မိသလောက်ပေါ့လေ။ ကေဇီက ကိုယ်တွဲရမဲ့လူရဲ့ အားသာချက် အားနည်းချက်ကို သိအောင်လုပ်ပြီးမှ အစဉ်ပြေအောင် နေတတ်တဲ့ လူမျိုးပါ။

မှန်းမိသလောက် ကေဇီ အတွက် အန်ဒရယ် မရှိတဲ့ လူစားမျိုးလို့ သတ်မှတ်ထားတာပေါ့။ :mrgreenn:

 

အဲဒီတော့ စစချင်း ဒီ ပရော့ဂျက် ကိစ္စတွေမှာ သူနဲ့ တွဲလုပ်ရတယ် ပေါ့လေ။

အဲတုန်းက ရုံးမှာ လူလွတ်က ကိုယ်တွေ ၂ ယောက် ဆိုတော့ တွဲတွဲ စ တတ်ကြတယ်။ သူကလည်း ပြုံးပြုံးကြီးးး

ကေဇီက ကိုယ့်ကို တိုက်ရိုက် မစွပ်စွဲမချင်း ရှင်းလေ့ မရှိဘူး ဆိုတော့ ထားထားတယ်။  :mrgreenn:

ရောက်ခါစ နှစ် မွေးနေ့မှာပဲ တစ်ရုံးလုံးကို သူက ကိုယ့်ကိုယ်စား မုန့်လိုက်ကျွေးတယ်။ ဒါမျိုးက ငြင်းမကောင်းဘူး ဆိုတော့ မငြင်းပါဘူးးး ဟေးဟေးဟေးးး   :mrgreenn:

မင်းသားကြီးတွေ မပါပါဘူးးး

အကုန် စုထိုင်ပြီး ခဏ ကျတော့ လာမေးတယ်။

Do you have a boyfriend or not တဲ့။

ရွဲ့တိုက်နေကျ အကျင့် အတိုင်း “a lot ” လို့ ဖြေလိုက်တယ်။ အဲဒါကို မလျှော့ “Count me in” တဲ့။

ညင်းညင်းညင်း :mrgreenn:

ဘယ်ရမတုန်းးး ကေဇီကို ဂလိုစမ်းလို့  “ဝေါ် ပုရောက်”  လို့ ပြုံးပြုံးကြီး ပြန်ဖြေတော့ မျက်နှာကြီး မဲတက်သွားတာ။

အဲဒီ စကား ဘယ်က တတ်တုန်းတဲ့။ တရုတ်ကားဆက် သရဲ ကို လာမေးနေတယ်။ ပေါင်ထင်းကျန်း ထဲက လို့ ပြောလိုက်တော့မှ ရီပြီး သူက နောက်တာပါတဲ့။

သူ တရားဝင် နောက်တာပါတို့ ဘာတို့  အဲလို ပြောတော့ မှ ကျန်တဲ့ လှော်နေတဲ့ မိန်းမတွေ ပါးစပ်ပိတ်ကရော။

 

နောက်ပိုင်း အဲဒီ ကိစ္စမျိုး အမူအရာရော စကားရော မစတော့ပါဘူးးး

:s:

စေတနာ ကတော့ အတော်ထားပါတယ်။ ခိုင်းလည်း အသေခိုင်းပါတယ်။

အဲဒီတုန်းက သူကကျောင်းတက်နေတာဆိုတော့ သူ့ အိမ်စာတွေက အစ ပရီစန်တေးရှင်းတွေ အဆုံး ကေဇီပဲ အကုန်လုပ်ပေးရတာပဲ။

သူက ဒေါက်ကူမန်းတေးရှင်း မပိုင်ဘူးးး လုပ်ရမှာ ပျင်းတယ်။

ပီအမ် ဆိုတာ ဒေါက်ကူမန်းတေးရှင်း မပိုင်လို့ မရ ဆိုတော့ ဘာမှ မတတ်တဲ့ ကေဇီက စမ်းတဝါးဝါး သူခိုင်းတာ လုပ်ရင်း လုပ်ရင်း လုပ်တတ်သွားတယ်ပဲပေါ့။

သူ့ကို ဘယ်လောက် နားလည်သွားတုန်း ဆို ဘယ်သူမှ နားမလည်တဲ့ သူ့စကားကို အမူအယာနဲ့ထစ်နေရင်ကို ဘာပြောချင်နေလဲ၊ ဘယ် အလုပ်အကြောင်းလဲ ဆိုတာ ပါ သိသွားတာပေါ့။

သူကတော့ မင်းသားကြီးနဲ့ တရုတ်လို ပြောနေတာကို ကိုယ်က မျက်နှာကြည့်ပြီး နားလည်နေပြီး သူက တလွဲ ကောက် ကောင်းတုန်းးးး

အဲဒါနဲ့ပဲ ၂ ယောက်လုံးကို ခိုင်းတဲ့ ကိစ္စဆို ညင်းရတာ အခါခါ။

 

ပြတ်သနာ အစက ကေဇီ ရာထူးတိုးပြီး သူနဲ့ တန်းတူဖြစ်သွားရာက စပြီးးးးသူ့စိတ်ထဲမှာ မျက်သွားတာ။

သူ နဲ့ မင်းသားကြီးနဲ့ သိလာတာ ၁ဝ နှစ်ကျော်ကြာပြီးမှ သူ့နေရာကို မင်းသားကြီးယုံကြည်မှုတွေကို ကေဇီက လုသလို သူ ခံစားရတာပါ။

အမှန်တော့ မဟုတ်။ မင်းသားကြီး က ပိုခိုင်းကောင်းတဲ့သူကို ပိုခိုင်းတဲ့ သဘောမျိုးလေ….

သူ့ အကျင့်က သူ တစ်ခု စိတ်ထဲ စွဲထင်သွားပြီး ရင် အဲဒီ အကြောင်းအရာကို သူ့စိတ်ထဲက ထုတ်ဖို့ လုပ်ရသိပ်ခက်တာပါပဲ။

:p:

 

ဒေါက်ကူမန်တေးရှင်းမှာ မတိကျတဲ့ သူ့ကို ဆိုဒ်ထဲ လွှတ်ပြီး ကေဇီကို မင်းသားကြီးက အနားခေါ်ထားချိန်မှာပဲ သူ့စိတ်ထဲမှာ ကေဇီကို ထားတဲ့စေတနာက တစ်ဖက် မနာလိုတဲ့ စိတ်နဲ့ တစ်ဖက် လွန်ဆွဲတယ်ထင်ပါရဲ့။

ကေဇီကိုယ်တိုင်ကလည်း စိတ်မမှန်တော့ စိတ်ရှည်ချိန် သည်းခံပြီး ဒီလို မဟုတ်ကြောင်း မင်းသားကြီးက သူ့ကို ပိုအားကိုးကြောင်း ဖြန်ဖြေတတ်ပေမဲ့ စိတ်မရှည်ချိန်မှာ ဆို ရွဲ့ပြောတတ်ရင် သူ့ခံစားချက် ပိုဆိုးအောင်လုပ်မိသလို ဖြစ်ဖြစ်သွားပါတယ်။

:chee:

ဒါနဲ့ ပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ မဟာရန်သူ အချစ်တော်ကြီး ဖြစ်ရောပါပဲ။

တည့်နေရင်တော့ ပွဲရှိရင် ၂ ယောက် ဓာတ်ပုံတွေ အမျိုးရိုက်ပြီးးး ရန်ဖြစ်ထားပြီ ဆိုရင် တစ်ယောက်ရှိတဲ့ စားပွဲ နောက်တစ်ယောက်က မထိုင်ဘူးးးး  :mrgreenn:

 

ဒီလောက် ဆို သူ့ပုံရိပ်ကိုဖမ်းမိလောက်ပါပြီ။ အလွဲတွေ စတင်ပါတော့မယ်။

 

အလုပ်စဝင်ကာစ က ကေဇီ ဘေးက စားပွဲက စာရင်းကိုင် စားပွဲပါ။ သူက လည်း မင်းသားကြီး အချစ်တော်မို့  မင်းသားကြီးချီးကျူးစကားနဲ့ ရောက်လာတဲ့ ကေဇီကို မကြည်ပါဘူးတဲ့။ နောက်မှ ပြန်သိတာ။

ကေဇီက အလုပ်လုပ်ရင်း ဖုန်းပြောတယ်၊ နားကျပ်နဲ့ သီချင်းနားထောင်တယ် စသည်ဖြင့် မင်းသားကြီးဆီ ပြန် သတင်းပို့သတဲ့။ မင်းသားကြီးက မဆူတော့ မသိ!!

တရက် ပီအမ် ဖုံးဆက်ပါတယ်။ ရုံးဖုံး အိတ်တန်းရှင်းကို ဆက်ပြီး ဟိုဘက်ကို မကြည့်နဲ့တဲ့။ အကောင့် အကြောင်း ပြောမလို့တဲ့။ အဲဒီ မိန်းမ က “စပိုက်ဒါမန်း စပိုက်ဒါမန်းးး”

ဟင်!! ကိုယ့်စိတ်ထဲမယ် မိန်းမကြီးက စပိုက်ဒါ မန်း ဘယ်နဲ့ဖြစ်တုန်းပေါ့။ သူပြောတာကို အလုံးစုံ မပေါက်တော့ သူနဲ့ အရင်းနှီးဆုံး အတ်မင် မမကို မေးရပါတယ်။

ဟတ်ကဲ့! သူပြောချင်တာက စပိုင် ဝူးမန်းပါတဲ့။ မင်းသားကြီးစပိုင်လို့ ပြောချင်တာပါ။ အာ့နဲ့ ကိုယ့်မလဲ စကားလုံး အသစ်ရလို့။

😀

 

နောက် တစ်ခါက ရုံးအတွက် လိုအပ်တဲ့ ပစ္စည်းကို အက်မင် မမနဲ့ လိုက်ဝယ်တဲ့ အချိန် သူက ရုံးကနေ လှမ်းဆက်ပြီးးး ဘာတွေ ဝယ်ခဲ့၊ ဘယ်ဟာတွေ ကုန်ပြီ စသည်ဖြင့် မှာသပေါ့။

နောက်ဆုံး မှာတဲ့ဟာက ရိုးရိုး မပြောဘူးးးး “တူနာ မေးရော” တဲ့။ ဒီ အလွဲမကလည်း သူရော ကိုယ်ရော အစားသမားမို့ တူနာ ငါးသေတ္တာဘူးတွေ ကုန်တာပြောတာနေမှာ ဆိုပြီး တစ်လစာ ဝယ်သွားတာ။

ဘယ်ဟုတ်မလဲ! အဟင့်!! ရုံးရောက်မှ သူပြောတာ ပရင့်တာက တုန်နာ ကုန်ပြီလို့ ပြောတာတဲ့။

တူနာ ငါးဘူးတွေကြည့်ပြီး မင်းသားကြီး မက်နှာကို မကြည့်ရဲတော့တဲ့ အခြေအနေဖြစ်ဖူးပါတယ်။

:hint:

 

နောက်ပြီး ကေဇီနဲ့ မင်းသားကြီးသွားတဲ့ ဂျပန်ကန်ပနီက ပီအမ် ဂျပန်ကြီး က အတော်ချောပါတယ်။ နောက်တစ်ခေါက်သွားတာ ကေဇီက မလိုက်နိုင်တော့ သူ့ကို ပြောပြတာပေါ့။ အာလပ သလာပ ဂျပန်ကြီးချောကြောင်းတို့ ဘာတို့ပေါ့။  :mrgreenn:

အဲဒါကို မယုံဘူးတဲ့ ဂျပန်တွေ မချောဘူးတဲ့။ ကိုယ်ကပဲ မမြင်ဖူး မူးမြစ်ထင်တဲ့ အတိုင်း ခံငြင်းတာ။ နောက်တော့ သူတို့ ၂ ယောက် အစည်းအဝေး သွားရော ဆိုပါတော့။ ခဏ အကြာတော့ ဖုံး ဝင်လာပါတယ်။

ကိုင်လိုက်တော့ အသံကျယ်ကြီးနဲ့။   ” နင်ပြောတာ ဟုတ်တယ်၊ ဒီ ဂျပန်ကြီး တော်တော်ချောတယ်” တဲ့။ အားရပါးရကို ပြောတာဗျ။ အဲဒါနဲ့ ကေဇီက အစည်းအဝေးက ပြီးပလား ဆိုတော့၊ ခုမှ စတာတဲ့ဗျားးးး မနေနိုင်လို့ အပြင် ထွက် ပြီး ကေဇီ ဆီကို ဖုံးဆက်တာတဲ့။ အပြန်ကျတော့ မင်းသားကြီး က ဒီနေ့ ဂျာကြီး မျက်နှာပိုးမသေပဲ ပြုံးစိစိ နဲ့ တိုတို ပေါက်သလားမသိဘူး လို့ လာပြောတော့ ရီချင်လိုက်တာ။ ကိုယ် စထားတဲ့ ဇာတ်လမ်းကို။

:mrgreen:

 

နောက်ပြီး အစည်းအဝေး ၃ ယောက် တက်ဖြစ်ရင် သူက ဘာဝတ်မလည်း ကြိုမေးလေ့ရှိပါတယ်။ အဲဒီတလောကတော့ ကိုယ်က ခရေဇီ ကာလာတွေ အရူးအမူးဆိုတော့ ခရေဇီ စိမ်း စပို့ရှပ်ဝတ်မယ်ဆိုပြီး ဆင်တူ နီးပါး ဝတ်လာတာပေါ့။

မင်းသားကြီးက မြင်မြင်ချင်းပဲ ကေဇီတို့ ၂ ယောက်ကို ဒါ ကုလားတွေ အဝတ်များတဲ့ အရောင်တဲ့။ ၂ ယောက်လုံး မကြားချင်ယောင်ဆောင်ပြီး လိုက်သွားပါတယ်။ :mrgreenn:

အစည်းအဝေးမှာ အင်ဒီရားက လာတဲ့ မန်နေဂျာက အဲဒီအရောင်ရှပ်ကို ဝတ်ထားတာပါ။ အစည်းအဝေးခန်းထဲ အစိမ်းတောက်တောက် ၃ ယောက်ပေါ့။ မင်းသားကြီး ကြည့်တော့ ရီချင်တာကို တဖက်လူရှေ့မှာ အောင့်ထားတဲ့ မျက်နှာနဲ့။

ကိုယ့်တွေက ဆက်ပြီး မသိချင်ယောင်ဆောင်ရတာပေါ့။  :mrgreenn:

အပြန် နေ့လည် စာကတော့ ရေလယ် ကွဲပါပြီ…… အရှက်တွေ။ ဝင်မိတဲ့ဆိုင်က မလေး ပလတာ ဘာဆိုလား ဆိုင်။ သူတို့ စားပွဲထိုးတွေက ဝတ်ထားတာ ကွက်တိ….! ကေဇီတို့ အရောင်အတိုင်းးးး မင်းသားကြီးရယ် ရီလိုက်တာမှ။ လာမေးတဲ့ စားပွဲထိုးက ကိုယ့်တို့ ၂ ယောက်ကြည့်လိုက်၊ သူ့ အင်္ကျီကို ငုံ့ကြည့်လိုက်၊ တအားရီနေတဲ့ မင်းသားကြီးကို ကြည့်လိုက်။ နောက်ပိုင်း အဲ့ အရောင်ကို စိတ်နာချက်ကယ်!!!

:byee:

 

နောက်ပြီး သူက ကားပါကင်ကို ဘယ် အထပ်မှာ ထားခဲ့လဲဘယ်တော့မှ မမှတ်မိ။ ကိုယ်က သူ့ကို မှတ်မပေးတတ်ခင်က အရမ်းဒုက္ခရောက်ပါတယ်။ ဓာတ်လှေကားကို အထပ်တိုင်း နှိတ်ပြီး ရီမုနဲ့ ကွိကွိ လုပ်လုပ်ကြည့်ရပါတယ်။ ကေဇီက ကား ဆို လေး ဘီးပါတာပဲ သိတယ်။ နံပတ် မကြည့် မော်ဒယ်မသိ၊ အမျိုးအစား လုံးဝမမိတဲ့သူနဲ့ တွေ့တော့တာပဲ။ ဘာမှတ်ထားတုန်း ဆို အရောင်မှတ်ထားတယ်။

တခါသား သူ့ ရီမုတ်က မကောင်းတော့ အထပ်တိုင်းတက်ပြီး ရှာရပါတယ်။ အရောင်တူ တွေ့တာနဲ့ ကေဇီက ကားကို တွေ့ပြီ ပေါ့။ အဲ!!  သူက လည်း နံပတ်မကြည့်ဘူးဗျာ။ သော့ပေါက် အတင်း ထိုးတာ ဟိုကားက တဂွီးဂွီး တဂေါ်ဂေါ်မြည်တော့မှ နံပတ်သွားကြည့်ပြီး ဟင် သူ့ကားမဟုတ်ဘူးတဲ့။ ပြေးလိုက်ရတာ တန်းလို့။ အဲလို တက်ညီလက်ညီလွဲခဲ့တာ။

:b:

ခု ဆို သူတို့ နဲ့ အလုပ်သက်တမ်း ၆ နှစ်ပါ။

 

:mrgreen:

 

 

 

 

32 comments

  • Mr. MarGa

    April 11, 2014 at 3:56 pm

    အဟီးးးး လုပ်ပြီ အလုပ်ရှုပ်နေတုန်း ဖတ်မိတာ အလုပ်တွေ လွဲကုန်ပါပေါ့
    နောက်ခါဆို ကားကို အမျိုးအစား အရောင်ပါ မှတ်မိအောင် လုပ်
    ၆နှစ်ဆိုတော့ အထာလဲ တော်တော်ပေါက်လောက်ပါပြီ
    အဲ့ လူပျိုကြီးက အခုထိ ချိန်လို့မဝသေးဘူးလားဟင်

    • ကေဇီ

      April 11, 2014 at 4:00 pm

      ချိန်နေတုန်းးး
      ပါသွားတဲ့ သူတွေကလည်း ပါနေတုန်းးးး

      ခုထိ ကို မရသေးတာ။
      သူ့ မင်ဂါဆောင်ရင် ဝတ်ဖို့ဝယ်ထားတယ် ဂါဝန်တောင် မတော်တော့ဘူးးး
      :mrgreen:

  • TNA

    April 11, 2014 at 4:32 pm

    တကယ့်ကိုအမြဲလွဲတဲ့ ချွိချွိပဲ။ ရီလိုက်ရတာကို။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ နောက်တခါ ခရေစီစိမ်းရောင် အင်္ကျ ီလက်ချောင်ပေးမယ်နော် :mrgreen:

    • ကေဇီ

      April 12, 2014 at 2:15 pm

      ရပါတယ်။
      ယောက်ခမွပေးလို့ကတော့ အလွဲတွေနဲ့ ဝတ်ဦးမှာ။

      :mrgreen:

  • Ma Ma

    April 11, 2014 at 5:29 pm

    မဟာရန်သူ အချစ်တော်ကြီးဆိုတဲ့ စကားလုံးကို ကြိုက်သွားပြီ။
    🙂
    ကေဇီပြန်လာရင် ဝယ်လာဖို့ စဉ်းစားနေရမှာစိုးလို့ ပြောလိုက်မယ်။
    တူနာမေးရော 😀

    • ကေဇီ

      April 12, 2014 at 2:14 pm

      ဟိဟိ။
      မမအတွက် ပရင့်တာ တုန်နာတွေ ဝယ်ခဲ့မယ်နော်။
      နားကြားက လွဲနေကျဆိုတော့။

      😀

  • MAUNG

    April 11, 2014 at 7:52 pm

    ဟားဟား …ဖြစ်ရမယ် K 🙂

    • ကေဇီ

      April 12, 2014 at 2:13 pm

      အာ့ကြောင့် လူပေါင်းမမှားကြပါနဲ့လို့ ပြောတာ။

      :mrgreenn:

  • snow smile

    April 11, 2014 at 8:00 pm

    တ ကဲ့ ဟာ သ မယ် k z လေး
    ကြုံ တုန်း ကိုယ့် ကြောင် ချက် လေး ပါ ဝင် ပြော လိုက် အုန်း မယ်
    ရန် ကုန် မှာ course တ ခု တက် နေ ချိန်
    ကျောင်း လဲ လွှတ် ရော အိမ် ပြန် ချင် ဇော နဲ
    လာ ကြို တဲ့ ကား ဆီ ပြေး သွား
    တံ ခါး ဖွင့် ဝင် ထိုင် ပြီး
    ဒက် ရှ် ဘုတ် ဆွဲ ဖွင့် လိုက် တာ အ ထဲ က ပ စ္စည်း တွေ က
    ကိုယ့် ပ စ္စည်း တွေ မ ဟုတ်
    အဲ့ဒီ့ တော့ မှ ကိုယ့် ဘေး က ကား မောင်း တဲ့ သူ လှမ်း ကြည့် မိ တော့ မှ
    လန် ့ သွား တာ
    ကိုယ့် ကား မ ဟုတ် ဘူး လေ သူ များ ကား ကို သွား ဖွင့် ထိုင် မိ တာ
    မောင်း တဲ့ သူ ခ မျာ လဲ ရုတ် တ ရက် ဆို တော့
    ကြောင် ပြီး ပါး စပ် အ ဟောင်း သား နဲ့
    sory အ ခါ ခါ ပြော ပြီး ကိုယ့် အိတ် က လေး ကိုယ် ယူ ပြီး
    ကား ကို ရှာ ကြည့် တော့ ဟိုး အ ဝေးကြီး မှာ
    ရှေ့ နောက် မို ့မှား တယ် ဆို တော် သေး
    အဲ သ လို မျိုး ကြောင် ကွက် က

    • ကေဇီ

      April 12, 2014 at 2:11 pm

      အဲ။
      မွမွပြုံးက ပိုလွဲတယ်။
      သများ အဲလောက် တော့ မလွဲဖူးသေးဘူးးး တော့!!

      😀

  • alinsett (gazette)

    April 11, 2014 at 10:13 pm

    အလွဲများနဲ့မမဂျီး

    ကားကြီးက တဂီးဂီးထမြည်တော့ ဘယ်လိုပြေးကြလဲ
    မြင်ယောင်ကြည့်ပြီး ရီလိုက်ရတာဂျာ
    🙂

    • ကေဇီ

      April 12, 2014 at 2:10 pm

      ပြေးရတာပေါ့အေ။ လုံးလုံး လုံးလုံးနဲ့။

      :mrgreen:

  • padonmar

    April 12, 2014 at 12:09 am

    အေကန်ဒတော့ ပီအမ်ကြီးလည်း ကေဇီ့လိုပဲ ချိန်ရင် အခြောက်ဖြစ်ဖြစ်သွားလို့ နေမှာ။

    • ကေဇီ

      April 12, 2014 at 8:05 am

      အနော် က မှန်းခြောက် ချိန်ဂေး (စီဒီ တူ ခေါင်)
      သူက ချိန် ရင် သူများနောက်ပါ/အလုပ်ထွက်။

      😀

  • Crystalline

    April 12, 2014 at 10:40 am

    😀
    🙂
    :byee:
    :mrgreen:
    :kwi:
    တစ်ခါက အစ်မတစ်ယောက်နဲ့အပြင်သွားတာ…. သူကအသားအရည်လည်းလှတော့ အဲ့လို့အရောင်တောက်တောက်တွေဝတ်တာ.. အဲ့နေ့ကဝတ်ထားတာ.. စည်ပင်လိမော်ရောင်မျိုး.. ကိုယ်ကလည်းပြောသေးတာ..အစ်မဝမ်းဆက်က စည်ပင်ရောင်လို့… ဖြစ်ချင်တော့ အဲဒီနေ့ သွားတဲ့နေရာမှာ စည်ပင်က အလုပ်သမားတွေ အများကြီး.. တခုခုအတွက်အလုပ်လုပ်နေတာ.. အဲ့လူအုပ်ကိုမြင်တော့ ဘယ်လိုမှမထိန်းနိုင်ဘဲ နှစ်ယောက်စလုံး အသေရီကြတာ.. :mrgreenn:

    • ကေဇီ

      April 12, 2014 at 2:08 pm

      ဟီးဟီးးး
      မပြောနဲ့ သများလည်း အဲဒီ လိမ္မော်ရောင်သိပ်ကြိုက်တာ။
      ကိုဖက်က စည်ပင် အင်္ကျီလို့ ပြောဖူးတယ်။
      ဇော်သန့်က တော့ သုံးဘီးကားရောင်တဲ့။
      ဘာဖြစ်ဖြစ် မကြားချင်ရောင်ဆောင်ပြီး ဝတ်တာပဲ

      :kwi:

  • ကျော်စွာခေါင်

    April 13, 2014 at 12:39 am

    ကေကေဇီနဲ ့သူငယ်ချင်းဖြစ်မှ
    ကိုယ်တောင်လွဲတော့တာဘဲ..
    သူပေါ့လို ့ ပြပေးတာတောင်..ဟီး လွဲသေးတယ်..။

    • ကေဇီ

      April 13, 2014 at 3:49 pm

      ခုခိ ခုခိ
      ဓာတ်ကူးသွားရှာပြီ။
      ရှေ့လျှောက် သတိသာ ထားနေပါ။

      😀

  • ဘဆွေ

    April 13, 2014 at 12:49 pm

    ဇီဇီ ရေ…ကျနော်လွဲတာက တစ်မျိူး..
    နံမည်တူ မိန်းမ နှစ်ယောက် Amanda ဆိတဲ့ နံမည်နဲ့ တစ်နေ့ထဲ ဆိုင် မှာ မွေးနေ့ ပွဲ ဘွတ်ကင်လုပ်တယ်… တစ်ယောက်က ညနေထဲက ကိတ်မုန့် လာပေးထားပြီး ညနေပွဲရောက် မှ ချပေးပါပေါ့နော်..ဒါကိုသိမထားတဲ့ ဘဆွေ က ရှေ့ကရောက်လာတဲ့ တစ်အုပ်ကို ချပေးလိုက်တော့.. မမတွေက အရမ်းပျော်ပြီး အနမ်းတွေ နဲ့ ကျေးဇူးဆပ်ပီးပြန်သွားကြတယ်..ပြီးမှ နောက်တစ်ယောက်နဲ့ သူ့အုပ်စု ရောက်လာတော့ ပေးစရာ ကိတ်က မရှိတော့ဘူး..မမက ငိုပါလေရော….မိုးကလဲချုပ်နေပြီ ဘယ်မှာမှလဲ အစားဝယ်မရနဲ့ … ဘဆွေလဲ ကြံရာမရဖြစ်ပြီး ကိုယ်တိုင် မိးဖိုထဲဝင် dessert platter နှစ်ပွဲ လုပ…် ဆောစ့်နဲ့ နံမည်ရေး ဖရောင်းတိုင် ထွန်း ပေးလိုက်တော့ သူအရမ်းသဘောကျသွားပြီး.. ဘယ်သူလုပ်ပေးတာလဲမေးပါတယ် ..ကိုယ်ကလဲ အောက်ကျို့ တဲ့ မျက်နှာပေးလေးနဲ့ ငါ့ ကိုခွင့်လွတ်ပါပေါ့ ငါ အတတ်နိုင်ဆုံး လုပ်ပေးတာပါ မှားသွားတာကိုလဲ တောင်းပန်ပါတယ်ဆို ပေမယ့် ..မမက မရပါဘူး..နင်ဒီည တစ်ညလုံး ငါနဲ့ လိုက်ခဲ့ ရမယ် ဆိုပြီး ပြန်ပေးဆွဲပါတယ်.. ဆိုင်ရှင်ကိုလဲ နတ်သံနှောပြီး မန်နေဂျာ ကိုအပြစ်ပေးတဲ့ အနေနဲ့ ခေါ်သွားပါမယ့် အကြောင်း အကြပ်ကိုင်ပါတယ်..နကို ကတည်းက ဘဆွေကို ကြည့်မရနေတဲ့ ဆိုင်ရှင် က till ထဲက နေ ပေါင် နှစ်ရာ ထုပ်ပေးပြီး မင်း လိုက်သွားလိုက် ဆိုပြီး မျက်နှာလွဲ ဂဲပစ် လုပ်လိုက်တော့ သနားစရာဘဆွေ တစ်ယောက် ကုတ်အကျင်္ီ လေးဆွဲပြီး မမ ဆယ့်တစ်ယောက်နဲ့ ကလပ်တစ်ကာ လိုက်ပြီးမူးတာ သူတို့လဲ ဒေါက်ဖိနပ်တွေချွတ် ပြီးလက်ကကိုင်ရ စကတ်တွေလဲ ပြဲ ဖုန်းတွေလဲပျောက် ဘဆွေ ရှပ် အဖြူလဲ နှုတ်ခမ်းနီရာတွေ ဘလပွနဲ့မနက် ၄နာရီမှ အိမ်ပြန်ရောက်ရတယ်….ကံကြီးလို့သာ..

    • ကေဇီ

      April 13, 2014 at 3:48 pm

      ကံ သီလို့ပါလား ဆွေရယ်။
      ဥမကွဲ သိုက်မပျက် ပြန်ရောက်လာလို့ တော်သေးးး
      ၁၁ ဗာစက် ၁ ဆိုတော့ …….
      :kwi:

      ဒါနဲ့ ချက်ပြုတ်ရေးအပြင် အဲလိုပြန်ပေးဆွဲရင် ရသလားးး
      ရန်ကုန်မှာဆို ဘယ်သူ့ကို ကွန်ပလိန်းပြီး ပြန်ပေးဆွဲလို့ရတုန်းးး
      :s:

  • black chaw

    April 17, 2014 at 6:10 am

    လူပါးတုန်း ကွန်းမန် ့ ဝင်ရေးသွားပါတယ်။
    ခေါင်းစဉ် ဖတ်လိုက်တော့ Playboy သန်းနိုင် နဲ ့
    နီကိုရဲ ကို သတိရတယ်။
    နောက် ရွာထဲ မ ရောက်တာ ကြာနေတဲ့
    ပုချ် ကို သတိရတယ်။
    သန်းနိုင် သီချင်း ခေါင်းစဉ် နဲ ့နီကိုရဲ ရဲ ့အလွဲတွေကို
    သွားသတိရ လိုက်မိလို ့ပါ။
    နောက်…မဟာရန်သူ အချစ်တော်ကြီး ဆိုတဲ့ သီချင်း။
    အဲဒီ သီချင်းထဲမှာ
    သူ ့ နာမည်ဟာ နန်းမ တော်မယ်နုပဲ ဆိုတဲ့
    စာသားပါတယ်ဗျာ။
    ကျွန်တော်က ပုချ် ကို နန်းမ တော် မယ်ပုချ် ရယ်လို ့
    နောက်ပြီး ခေါ် တတ်ပါတယ်။
    အဲဒါနဲ ့ ပုချ် ကိုသတိရ သွားပြန်ရော။
    ဒါ…ခေါင်းစဉ်အတွက် သီးသန် ့ရေးတဲ့ ကွန်းမန် ့ပါဗျာ။
    နှစ်သစ် ရဲ ့ နံနက်ခင်းမှာ ပုဂံမြေ ပေါ်က နေ ပထမဆုံးရေးတဲ့
    ကွန်းမန် ့ ခင် ဗျ။
    ဇက်ကြောတက်နေလို ့ ခဏနားပါဦးမည်။
    လက်ကျန်ကွန်းမန် ့ ကို ပြန်လာပြီး ရေးပါဦးမည်။

    • ကေဇီ

      April 17, 2014 at 8:05 am

      ဟုတ်ပါတယ်ဗျာ။
      ကျနော်က အဲဒီ သီချင်းကို သိပ်ကြိုက်သလို ပလေးဘွိုင်ကြီးကို (အန်! ကိုသန်းနိုင်ကြီးကို) အရမ်းကြိုက်ခဲ့တာပါ။ အသက်ချင်းကွာလို့သာ။ :mrgreenn:
      ဆန့်ကျင်ဘက် သဘော ၂ ခုကို တစ်ခုတည်းပေါင်းပြီး ဖော်ပြထားတဲ့စကားလုံးမို့ လည်း ကြိုက်ပါတယ်။

      “ရှေးတုန်းက ဇာတ်တော်ထဲမှာ မင်းလို မိန်းမရှိခဲ့ဖူးတယ်။ သူ့နာမည်ဟာ နန်းမတော်မယ်နုပဲ၊ ကျနော်ဟာ မိန်းမကို ချစ်မိခဲ့ရင် အသည်းစွဲ အမြဲပဲ၊ မဟာ ရန်သူ အချစ်တော်ကြီးမို့ သိပ်ကြောက်တယ်” တို့ ဘာတို့။ :mrgreenn:

      အဲ လွဲတာကတော့ မွေးရာပါမို့ တွဲဖက်မှု မလိုက်ဖက်ရင် ခွင့်လွှတ်ကြပါ။
      :s:

  • Wow

    April 17, 2014 at 8:23 am

    နာ့လွဲချက်ကတော့ စင်းဘော့စ်နဲ့ ပထမဆုံး အလုပ်စဝင်တုံးက ရုံးကို အကြွေးပေးထား့တဲ့ သူ့ ပါတနာ တွေလာတာ သူကအားကိုးတကြီးနဲ့ ကိုယ့်ကို အကြွေးပေးရမာစိုးလို့ အရောင်းစာရင်းတွေမပြနဲ့နော် ဆိုပီး တိုးတိုးလေး နှစ်ကိုယ်ကြားလာပြောတာ နားကြားလွဲပီး လယ်ဂျာဒွေ တကျတနပြင်ပြီး သူ့ရှေ့တင်သွားပြတာ ဟီးးးး နောက်နေ့ ကွကိုယ်ရှက်ပီး နှစ်ရက်လောက်ရုံးမတက်ဘူး။

    စိတ်ရင်းကောင်းတယ် သဘောမကောင်းဘူး အိုက်စကားတော့ကြိုက်သွားဘီ :mrgeen:

    • ကေဇီ

      April 17, 2014 at 8:40 am

      အဟီးးး :mrgreenn:
      နာ က ကွကိုယ်သာ စိတ်မမှန်တာ …..
      သူများ စိတ်သဘောကို အဲလို ဝေဖန်ပိုင်းခြားရတာ ဝါသနာပါတာ။ :mrgreenn:

      အာ့နဲ့ပဲ ကက်တဂိုရီတွေ အများကြီးထွက်လာ ခေါင်းစဉ်တွေ အများကြီးရှိလာတာပါပဲအေ။ :mrgreenn:
      နောက် ကိုးလို့ကန့်လန့် မှတ်ချက်တွေရှိသေးတယ်။ ဟိ

      😀

  • Wow

    April 17, 2014 at 6:56 pm

    တူချက် နောက်တခုက နာလဲ ကားဆို အမျိုးအစား နံပါတ် ဘယ်တော့မှ မမှတ်တတ်ဝူး

    အရောင်နဲ့ ပုံစံပဲ မျက်မှန်းနဲ့ မှတ်တာရယ်

    အာ့ဂျောင့် အရှက်ကွဲတာခီနခီန ပေါ့အေ

    မွေးသန္ဓေသေမှပျောက် :mrgreen:

  • Wow

    April 17, 2014 at 7:07 pm

    အိုက် စင်းဘော့စ်နဲ့ပဲ တစ်ခါသူက ပစ်စည်းပို့ဖို့ ကားဝယ်မယ်လုပ်တာ

    သူမရှိတုံး ရုံးမှာ ကိုယ့်ကို ကားလာပြ ရော
    ပြန်လာတော့ ကားလာပြသွားတယ် ဈေးကဘယ်လောက် ကျန်တာအကုန် အိုကေနေက သူက ကားကဘာအမျိုးအစားလဲတဲ့

    အိုက်မှာစတွေ့တာ သူဘယ်လိုမေးမေး ပြန်မပြောတတ်တော့ဝူး

    နောက်ဆုံးသူလဲ ငါလဲမေးရတာ လည်ချောင်းသွေးထွက်တော့မယ် နင် ဆလွန်းလား ထရပ်လားတော့ သိတယ်မလားဟင် ဆိုပီးစိတ်ပျက်လက်ပျက် မေးမှ ငါသိတယ် ထရပ် လို့ :mrgreen:

    ဟီးးးးး အိုက်လောက်တော့ မှတ်တတ်ပါသေးတယ်

    • ကေဇီ

      April 17, 2014 at 8:41 pm

      အေးလေ။
      နာလည်း အဲလောက်တော့ ခွဲတတ်ပါတယ်။
      မအ ဘူးများ မှတ်နေလားး

      :boss:

  • lu lu

    April 19, 2014 at 6:50 am

    ထူးအိမ်သင်း သီချင်းနဲ ့ဂုဏ်ပြု လိုက်ပါတယ်

    နဲနဲလေးတော့လွဲနေတယ်
    လွဲလွဲလေးပဲ ကောင်းပါတယ်

  • ကဇ ရေ
    ဒီ လို ဘဲ လွဲ ရင်း တွဲ ရင်း နဲ့ အလုပ ်တွေ လုပ် ခဲ့ ကြ တာ နှစ် ပေါင်း များ စွာ ကြာ ပေါ့

    အခု နေ များ မယ် ပု နဲ့ တွေ့ ရင်း နန်း မ တော် မယ် ပု ဇာတ် လမ်း ဘယ် လို ဖြစ ်လာ သ လဲ ဆို တာ

    စား မြုံ့ ပြန် ချင် ပါ သေး တယ်

    • ကေဇီ

      April 19, 2014 at 4:30 pm

      ပြန်လာဖိုု့ ခေါ်ထားပါတယ် လေးးပေါက်ရေ
      🙂

  • kyeemite

    April 28, 2014 at 3:05 pm

    နောက်ကျမှရောက်တာ ခွေးလွှတ်ပါ ကေဇီရေ…
    🙂 :byee: :mrgreen: :kwi:
    လွဲလွဲလေးလည်းကောင်းပါတယ်…နဲနဲလေးတော့ မကောင်းပါကွယ်(အစား)

    • ကေဇီ

      April 28, 2014 at 6:38 pm

      ရပါတယ် မိုက်မိုက်ရေ

      နောက်ကျလည်း ရောက်အောင်လာတာကို ကျေးဇူးတင်ပါတယ်။

      အစားတော့ နည်းနည်းလေးကို မစားတတ်တာ၊

      😀

Leave a Reply