မျက်လှည့် (သို့) မြင်းလှည့်

အံ့ဩတဲ့သူတွေက အံ့ဩမယ်။

 

မျက်လှည့်ဟာ ပညာသားပါပါ လှည့်မယ်။ ကစားမယ်။ လက်ခုတ်သံတွေယူမယ်။

 

မျက်လှည့်ဟာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတယ်။

 

မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။

 

လက်ခုတ်တီးမယ်။ ကဲ့ရဲ့မယ်။ အံ့ဩမယ်။

 

‘ဟာ’ကနဲ

 

‘ဟင်’ကနဲ

 

မျက်လှည့်ဟာ မြင်းလှည့်ဖြစ်လိုက်

 

မြင်းလှည့်ဟာ မျက်လည်ဖြစ်လိုက်နဲ့။

 

မျက်လှည့်ဟာ မျက်လှည့်ကြားထဲမှာ မျောအောင် ပြတယ်။ လိမ်တယ်။ ခေါက်တယ်။

 

မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။ ပြဦးမယ်။ ပြဦးမှာပဲ။

 

 

……………………………………………………………..

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဧပြီ ၁၁ရက် ၂၀၁၄ခုနှစ်

နေ့လည် ၂ နာရီတိတိ

 

5 comments

  • Mr. MarGa

    April 11, 2014 at 4:34 pm

    မျက်လှည့်ဟာ မြင်းလှည့်ဖြစ်လိုက်

    မြင်းလှည့်ဟာ မျက်လည်ဖြစ်လိုက်နဲ့။………

  • alinsett (gazette)

    April 11, 2014 at 10:19 pm

    မျက်လှည့်ဆိုတာကိုက မျက်လှည့်ဖြစ်နေမှတော့
    မြင်းကိုလည်း လှည့်လိုက်နိုင်မယ်ပေါ့လေ

    🙂

  • black chaw

    April 16, 2014 at 5:53 am

    မျက်လှည့် ဟာ မြင်းလှည့်ဖြစ် လိုက်
    မြင်းလှည့်ဟာ မျက်လှည့်ဖြစ် လိုက် နဲ ့
    ပြဦးမယ်…ပြဦးမယ်…ဆိုရင်တော့
    ကြည့်ဦးမယ်…
    ပျော်ပျော် ကြီး ကြည့်ဦးမယ်။

  • ကေဇီ

    April 16, 2014 at 12:22 pm

    လှည့်နိုင်သလောက်သာ လှည့်ကြပါစေ။
    ပရိတ်သတ် လည်လွန်းမကလို့ လှည့်တဲ့သူကိုယ်တိုင် လည်သွားတဲ့ထိ လှည့်နိုင်ကြပါစေ၊.

  • lu lu

    April 19, 2014 at 11:41 am

    မျက်လှည့်ကြည့်ရင် အပေါ်ကကြည့်ရတယ် ဆိုလား
    အောက်က မဟုတ်တာတော့သေချာတယ်
    မှားမကြည့်နဲ ့နော်
    သတိ
    သတိ

Leave a Reply