ပျော်ရွင်စရာ စိ်တ်လေးကိုပိုင်ဆိုင်ချင်ရင်……………

nitrospeedAugust 9, 20101min450

မလိမ်ရဘူး

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာ လူတစ်ယောက် လိမ်တယ် မလိမ်ဘူး ဆိုတာကို
မျက်နာကြည့်ပြီး သိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။
ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာ လိမ်တဲ့သူကို ချက်ချင်း ပါးထရိုက်တာပါပဲ။
မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ ပွင့် တို့ရဲ့ သားလေး မောင်မောရစ်တစ်ယောက် အိမ်ကို
နောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။    ။ သား မင်းဘာလို့ ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။     ။ ဒီနေ့ကျောင်းက အချိန်ပိုရှိလို့ နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့ဩစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကို
ရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။     ။ ဒီစက်ရုပ်က လိမ်ပြောတာကို အာရုံခံစားနိုင်တဲ့
စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။     ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။     ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။      ။  “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်က ရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက် မလိမ်ရဲတော့ပေ။
မောင်မောရစ် ။     ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီ အတော် ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။     ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
မင်းအသက်အရွယ်လောက်တုန်းက
ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကို အသံကျယ်ပါဧ။်။ ကိုဇော်ဂျီကို စက်ရုပ်က
ပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့် မိခင်ဖြစ်သူ  ပွင့် မီးဖိုချောင်မှ ထွက်လာပြီး
ပြောလိုက်သည်။
ပွင့် ။     ။ ရှင်လည်း လိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့
အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

ရယ်လိုက ရယ် . . ပြုံးလိုက ပြုံး

1. ဝမ်းနည်းပါတယ်

“ဘူးတာရုံကို သွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
“ဝမ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး”
“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

2. ပိန်ဆေး

“ဂျင်နီ ၊ ယူ့ယောကျင်္ား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”

3. မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်
“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”

4. ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ဝါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“ဝမ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ဝမ်းနှုတ်ဆေး ၊ ဟုတ်လား ဝမ်းနှုတ်ဆေးက ချောင်းဆိုးတာကို သက်သာစေလို့လားဗျာ”
“ဝမ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

5. ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတုို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊
ငါတို့က သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူ ့ပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

6. ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား – “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး – “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့
အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”

7. သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကိုကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လို့ပါ”

8. အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်
မျက်လှည့်စရာတစ်ဦးက မျက်လှည့်ပြသည်။
သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ မျက်လှည့်ပြသည့်အခါတိုင်း
အမျိုးမျိုး ဒုက္ခပေးလေသည်။
“ဖဲချပ်တွေ သူ့လက်ထဲမှာ ”
“ သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်”
ထိုသို့ မျက်လှည့်စရာ၏ လျို့ဝှက်ချက်များကိုကြက်တူရွှေးက ဖော်ထုတ်နေသည်။
မျက်လှည့်စရာလဲ ရှက်ရှက်နဲ့ အောင့်အီးသည်းခံ နေရလေသည်။
တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊ကြက်တူရွှေး ၊
သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။
မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။
ထိုအခါ ကြက်တူရွှေးက
“ ကျွန်တော် အရှုံးပေးပါပြီ ခင်ဗျာ ၊
ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ဝှက်ထားသလဲဆိုတာတော့
ပြောပြစမ်းပါ”ဟုဆိုလိုက်သည်။

9. တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ဝမ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လောလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊
ဒါနဲ့ဘာချို့ယွင်းချက်လဲ”
“အဝင်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”

10. ချစ်သူတွေ ဝိုင်းဝိုင်းလည်

မိန်းမ-“အပျို ဘဝတုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊
ကျွန်မက အာလုံးကို ငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ဝမ်းနည်းလိုက်တာ”