မမ စားဖိုမှူးလိုတယ်ဆိုလို့။
ငင်!! ကြည့်လိုက်တော့ အသားဖြူဖြူ သန့်သန့် လူက ပြုံးပြုံးးနဲ့။ ငါ ခေါ်ထားတဲ့ အလုပ်က ကုလား (အဲ) အင်ဒီယန်း အစားအသောက် စားဖိုမှူးပါ။
ဘယ်နဲ့ သူက လူပုံ ပျော့ပျော့နဲ့ အလုပ်မှားလျှောက်တယ်ထင်တာနဲ့ပဲ…………
နေရာမှားနေတဲ့ကွဲ့!!!! မမလိုချင်တာ အင်ဒီးယန်းအစားအသောက်ချက်ဖို့ စားဖိုမှူးလိုတာပါကွယ်။ ရဲတိုက်လို ရုပ်မျိုးလေးကို ဦးစားပေးမယ် စဉ်းစားထားပါတယ်။  :mrgreenn:
မမဇီဇီ၊ ကျနော် အဲဒီ အစားအသောက်ကျွမ်းကျင်ပါတယ်။ ထောက်ခံစာ ၂ စောင်လည်းပါပါတယ်။
ကြည့်လိုက်တော့ အမတ်မင်း ဆီက ရယ်၊ ဟောင်ကောင်ကျောက် ဆီကရယ်။
အင်းးးး သိပ်တော့ မယုံချင်သေးးး
“ဟုတ်ပြီလေ။ ဒီ တစ်ပတ် အစမ်းခန့်လိုက်မယ်။ အဆင်ပြေရင်တော့ အမြဲဒုက္ခပေးမယ် (အဲလေ) အမြဲခန့်မယ်။”
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စပြီ…….
မီးဖိုချောင် ထဲတွင်  ကုလားလေး အဘေဆွကူမားရ် ရှေးဟောင်း ဟင်ဒီသီချင်းတစ်ပုဒ်ကို အော်ဟစ် သီဆိုရင်း တစ်ပတ်စာ အတွက် ဟင်းချက်၇န်စတင် ပြင်ဆင် တော့သည်။
ဂျိုးဟားးသား ကီးရာ ဗို့ ….နိဗားနား ပရေခါး….ဒိုးကေဆာ မာ နာ ကြာဟေး …လို့ကေးဟို ..သာဟေ သွမ်မကိုနိဗားနားပရေခါး….
(ဆောင်းနှင်းကလေး ပြေးလို့..နွေဦးပေါက်ရာသီပါ….ရွက် ၀ါတွေ မြေ မှာကြွေပြီး…. ပန်းကန့်ကော် ပင်ရံထက်နား…. ဥသြငှက်တွန်သံကြား……ဆို-စိုးပိုင်)
Meaning= If you promised you have to keep it.ဟုတ်မဟုတ်တော့ မသိဘူး ရမ်းတုတ်တာငိငိ
တနင်္လာ
 အမေရေ ဆပ်ပုနားကေ ရမ်းနီးကပူ အာရေဂီသူ..တွန်မ် ဆေရေပျားရားနားကေ ရမ်းနိးကပူ အာ့ရေ ဂီသူ….
Chicken Korma (ကြက်အုန်းနို့ အချိုချက်)
Dhal  Makhani(ထောပတ်ပဲဟင်း)
Aloo Gawbi (အာလူး ဂေါ်ဖီ ကြော်)
ထောပတ် ကို ဒယ်အိုးထဲထည့်ပြီး မိးဖိုပေါ်တင်ပါ  ထောပတ် ပျော်ရင် အသင့်ရောထောင်းထား တဲ့ ဂျင်း၊ကြက်သွန်ဖြူ နီ၊နနွင်း၊စမုံစပါး၊ဖာလာ။လေးညှင်း စပိတ်တစ် ဒိုင်းမွန်းဆဲဗင်း..ဟာ…(ဖဲနဲ့ရောကုန်ပြီ)
ထည့်ပြီး ဆီသတ် ကြက်သား တုန်းထားတာ ထည့်ပြီး လုံးထားပါ   ကြက်မနူး တနူး မှာ သကြား သင့်ရုံ ဆား၊ အုန်းနို့ နဲ့ နွားနို့ ထည့် ပြီး မိနစ်၂၀ခန့် ပြစ်ပြစ် လေးကျက်အောင်ချက်ပါ။ အသားနူးပြီဆိုမှ အုန်းသီး အချောင်းလိုက် ချစ်ထားတာ နဲ့ နံနံ ပင် လက်တစ်ဆစ် လောက် ဆိတ်ထား တာလေး တွေ အုပ်မယ်..
စားခါနီးမှ စတော် ဘယ်ရီ သီးလေးတွေကို လေးစိတ် စိတ်ပြီး  အပေါ်က ဖြူးဝါ စိမ်း ဖြူနီ  ရောင်စုံ ကြက် သား အုန်းနို့ ဟင်းရပါပြီ..အက်တက်နနောလေး တော့ဆောင်ထား…
ဟင်းရံ အနေနဲ့ 
ပဲနီလေး ဟင်းချို.. ကြက်သွန်ဖြူ ကို နနွင်းမှုန့် နဲ့ဆီသတ် ဘေးဖယ်ထားကျန်တဲ့ဆီ ကိုထောပတ်နဲနဲေ၇ာပြီး ပဲနီးလေးကို လှော် မယ် ပျဉ်းတော်သိမ် အရွက် အစို ထင်းရှူးဆီ သေးသေးလက်တစ်ဆစ်ခန့် ကိုပါ ထည့် … မွှေးလာရင် ရေထည့်ပြီး ပဲနူးအောင် တည် နူးရင် ဆားထည့် စောနကဆီသတ်ထားတဲ့ ကြက်သွန်ဖြူဆီသတ် ကိုရော…. ကြက်သွန်ပျော်ရင် ပဲဟင်းရပြီ။  ကြက်သွန်တူးလို့ ခါးသွားရင် တော့အိမ်နားနီးချင်းတွေကို ဝေပေးလိုက်..တိရားးးးး
အာလူးကို အချောင်း သေးသေးလေးတွေ ဖြစ်အောင် ပါးပါးလှီး ဂေါ်ဖီပန်းပွင့် ကို သေးသေးလေးတွေလှီး ပြီးရေဆေးထားမယ် ..ဂျင်း ပါးပါးလှီး ကြက်သွန်ဖြူ ဓါးပြားရိုက် ဆီသတ် အာလူးကို အရင်ထည့် ပြီးကြော်  နူးခါနီးမှ ပန်းပွင့်ထည့် သကြား ဆား ထည့် နူးရင် မုန်ညင်းစေ့ ဖြူးပြီး အုပ် ထား.. ခဏ နေရင်ရပြီ..
အင်္ဂါနေ့
တေရီး မေရီး  မေရီတေး၇ီ …ပရင်ကား ဟားနီး ဟဲမွတ်ရှကေး…ဒိုလပ်ဗဇွမ်း…မေ.ရေ..ဘယားနား..အိုးပါးရေ…
Fish Masala (ငါးမဆလာ)
Spicy Stir fried Bindi (ရုံးပတီသီးကြော်)
Tomato and Coriander soup ( ခရမ်းချဉ်သီး ဟင်းချို)
ကကတစ် သို့ ငါးကြင်း အကောင်လိုက် ကို ကြေးထိုး သန့်စင်ပြီး မွန်းထားမယ်
 ဂျင်း ကြက်သွန်ဖြူ အရောင်တင် မှုန့် ဆား ငါးမဆလာ ဒိန်ချဉ် တို့နဲ့ နယ်ပြီး ၃ နာရီလောက် နှပ်ထားမယ်  ..
ပြီးမှ ဒယ်အိုးထဲဆီ ထောပတ် အနည်းငယ် ထည့်ပြီး ကျွတ်အောင် ကြော်ရှောက်ရွက်  အုပ် ဒါပဲ..
ဘာာာာာ….. ..ချောက်ရွက်မ၇ှိဘူး..ဟုတ်လား..တွေ့တဲ့ အရွက်အုပ် ဗျာ ခွေးသေပန်းမဟုတ်ရင်ပြီးရော..
ဟင်း၇ံအတွက်  စောနက ငါးကြော်ဆီ ပိုတာလေး ကို ငြုပ်သီး အပွ ထောင်းထားတာ နဲ့ ကြက်သွန် ဖြူ နီ ဂျင်း ရောပြီး သာရကာ လုပ်မယ်(ဆီသတ်တာ ကိုပြောတာ)ဘာညာ သာရကာ ဆိုတဲ့ စကားဒီကလာတာ ပေါ့ ..ကြက်သွန်နူးရင် စမုံစပါး နံနံ စေ့ ငြုပ်ကောင်း လေးပါထည့်  အနံ့ လေးထွက်လာ ရင် လက်တစ်ဆစ် လောက် လှီးထားတဲ့ ရုံးပတီသီး ထည့် နှံ့ အောင် မွှေ ဆား သကြား သင့်အောင် ထည့် ခဏ အုပ်ထား ရုံးပတီသီးနူး ရင် နံနံ ပင်လေး အုပ်လိုက်..
ခရမ်းချဉ် ငါးလုံးလောက် ရေဆေး ပြီး မီးးဖိုပေါ် မှာ တည်ထားတဲ့ရေနွေး အိုးထဲ(စွပ်အိုး) လက်နဲ့ ဖျစ် ပြီးထည့် ဆူရင် ကြက်သွန်နီပါးပါးလှီးထားတာ ခပ်…ငြုပ်သီးစိမ်းလေး ထက်ခြမ်းကွဲထည့် ဇီယာ လေးနဲနဲ ပစ်ထည့်လိုက် ကြက်သားမှုန့်  ဆား သင့်တင့်အောင်ထည့် ချခါနီးမှ ပင်စိမ်းလေး နှစ်ပင် သုံးပင်လောက် ခပ်လိုက် မယ် ချဉ်ပြုံး…ဟင်းချို လေးပေါ့
ဗုဒ္ဓဟူး
သွမ် မူ့ ပ့ါစစ် အာရေ….ယွမ်းမူ့ စဂွတ် ဒါရေ… တွမ်နိမ်းမားဂျာရေပြား….ကရား ကတို့အားရေ…ကို့ချီ..ကို့ချီ ဟို.တားဟဲ…
Lamb Rogan josh (ဆိတ်သား ဟင်း)
Onion Bhaji (ကြက်သွန်ကြော်)
Punjabi salad (ပန်ချာပီ အသုတ်)
ဒီနေရာမှာ lamb ဆိုပေမယ့် တစ်ကယ်ကတော့ ဆိတ်သားကိုပဲ သုံးပါတယ်..
ဆိတ်သားအနေတော် တုံးထားတာ ကို ရေဆေး ဆား ဆနွင်း ငြုပ်သီးမှုန့် ဒိန်ချဉ်နဲ့ နယ်ပြီး ခန  နှပ်ထားမယ်..ပြီး ရင် ဂျင်း ကြက်သွန် ဖြူနီ မထောင်းဘူး  အတုံး အချောင်းလေးတွေ လှီးထား တာကို  ဖာလာ သစ်ကြမ်းပိုး နံနံစေ့ ငြုပ်ကောင်း ကရဝေး ထောပတ် ရောပြီးဆီသတ် မွေးလာ၇င် အသားရော အသားနူးရင် ခရမ်းချဉ်သီး အနှစ် လုပ်ထားတာကို ရော… ချခါနီးမှာ  အသားမဆလာလေး နဲနဲ အုပ်….
ကြက်သွန်ပါးပါးလှီးထားတာ ကို ပဲမှုန့် ဆန်မှုန့် ဇီယာမှုန့် ဆား ဆော်ဒါ ကြက်ဥ အကာ တို့ရောပြီး မုန့်နှစ်လုပ်ထားတာနဲ့ ရောနယ် ပြီးရင် ဆီနဲ့ အကြွတ်ကြော် ..ခရမ်းသီး အ၀ိုင်းကလေးတွေလှီးထား တာ၊ ပန်းဂေါ်ဖီ စိတ်ထားတာ၊ သပွတ်သီး အချောင်းလိုက်လှီးထားတာတွေ ကိုလည်း ဒီအတိုင်း ကြော် လို့ရတယ် မန်ကျီးမှည့် အချဉ်လေး လုပ်ပြီးတို့စား သိပ်ကောင်း
သခွားသီး ကြက်သွန်နီ မုန်လာဥနီ ငြုပ်သီးစိမ်း အရှည်လိုက်စိတ် ထက်ခြမ်း ခွဲ ပြီးရင် သံပုရာသီးလေးညှစ်ပြီး  အပေါ်က  ရက်ဆား (chad masala)လေးဖြူးပြီး …ကိုက် ကိုက်စား အီးပေါက်ရင်တော့ ၀နဲ့ မဆိုင်ဘူးနော်
ကြာသပတေး
ကိုဟီမေးလေးဂါယာ….ကိုဟီ့မေးလေး ဂါယား…မူတကို့…ကာပူရာဟဲ..ကူမဲ..ခါကိုဂါရားဟဲ..
Prawns Madras (ပုဇွန် အစပ်ချက်)
Spinach Puree (ဟင်းနုနွယ် ပူရီ)
Karala dhal   (ကယ်ရယ်လာ ပဲဟင်း)
ပုဇွန် ကိုရေဆေး ဆား ဆနွင်းနယ်ထား  ပြီးတော့ ငြုပ်သီး အရောင်တင်မှုန့် ငါးမဆလာ ကြက်သွန်ဖြူနီ ဂျင်း ခရမ်းချဉ်သီး ငြုပ်သီးအကြမ်းဖတ် ဖာလာ ဇီယာ ကရဝေး စမုံစပါး ရောပြီးဆီသတ် ပြီးရင် ပုဇွန်ရော ပန်းရောင်သန်း လာရင် ငြုပ်သီး စိမ်း ပါးပါးလှီးထားတာကို ထည့် ချခါနီးမှာ ကုလားနံနံ လေး အုပ်လိုက်ပါ နော.. ၉၆၉ တွေကတော့ ဗမာ နံနံ အုပ်ပေါ့ ..ခိခိ
ဂျင်းကြက်သွန်ဖြူနီ ထောပတ်နဲ့ ဆီသတ် ပြီးရင် အသင့်ချွေထားတဲ့ ဟင်းနုနွယ် ရောပြီး  ပြစ်နေအောင် မွှေ စေးသွားရင် သံပုရာသီး ဒါမှ မဟုတ် သရက်သီး မဟုတ်ရင်  သီးစုံ ကုလားတယ်နဲ့ ရောပါမယ် ဆား အချိုမှုန့် သင့်တင့်အောင်ထည့်ပြီး ပင်စိမ်းလေး နဲနဲ အုပ်လိုက်ရင် အပေါ်က စပ်နေတာ ကို အချဉ် လေးနဲ့ ဖြည် လို့ရပါပြီ.
ပဲဟင်းကတော့ ပဲကတ္တီပါ ကို သုံးမယ်..ထုံးစံအတိုင်း သာရကာမယ်.. ပဲရောမယ် နူးရင် မန်ကျည်းရေ ထည့်မယ်….. ရေ ရောပြီးပွက်ရင် နံနံပင် ပါးပါးလေးလှီးထားတာအုပ် မဆလာလေး နဲနဲဖြူးလိုက်..
သောကြာ
လယ်လာ …မေ.. လိုင်လာ….ဟယ်ရ်ဆေးဟို့..လယ်လား..ဟိုင်ဒကို့ ..ဟို့ရိနား.ဟေမွတ်ရှကေးလ် မေလ်နားအာ့ ကေလား..
Chicken Tiwari (ကြက် အလုပ်ကြမ်း သမားဟင်း) ကြက်ကူလီလို့လဲခေါ်ပါတယ်
Crushed chilli paste( ငြုပ်သီး ဆားထောင်းလိုပဲ ကြော်ထားတာ)
Stir fried taro leaves (ပိန်းရွက်ကြော်)
ကြက်ကို တုံးပြီးရေဆေး ဆားဆနွင်း နယ် ထားမယ်..
ကြက်သွန်ဖြူ၊နီ ဂျင်း ဇီယာ ကူမင်း ဖာလာ သစ်ကြမ်းပိုး ကရဝေး စမုံစပါး ငြုပ်ကောင်း ရှိသမျှ သပ်ပရနံပေါင်း အကုန်ရော ပြီးဆီ သတ် ပြီးရင်ကြက်သား နဲ့ ရောပြီးလုံး ကြက်လုံးသွား၇င် ခရမ်းချဉ်သီး အတုံးသေးသေး လေးတွေ လှီးထားတာကို ရော..သြော်.. ငြုပ်သီးစိမ်း မေ့နေ တယ် ဆီသတ်တုန်းကထည့်ရမှာ….ခရမ်းချဉ်ပျော်ရင် ကြက်နူး ရင် နံနံပင် ချောပ့် လုပ်တားတာကို အများကြီး ထည့်ေ၇များများ ဆား ဟင်းချိုမှုန့် ထည့်ကုလားဆင်းရဲသား ကြက်သား ဟင်း ရပါပြီ..ငြုပ်သီးစိမ်းများသွားရင်တော့..နောက်နေ့ မနက်…. ဗေတားကို မေတ္တာ ပို့ ကြနဲ့နော်..
ဆင်းရဲတော့ ရှိတာ လေး ဟင်းရံလုပ်ကြတာပေါ့ ငြုပ်သီးပွ ထောင်း ရှမ်းနံနံ ပါးပါးလှီး ဇီယာလေးနဲနဲရောပြီး ဆီသတ် ဆားနဲနဲ ပိုထည့် လက်ညိုးလေးနဲ့ ကလော်ပြီးစား ..စပ်ရင် ပါနီလေး ဘေးချထား
လယ်ထဲကခူးလာတဲ့ ပိန်း ရွက်တွေ ကို အရိုးမပါအောင်ဖြတ် ..ရေစင်စင်ဆေးပြီးတစ်ရွက်ချင်းထပ် ပြီးတော့ လိပ်ပြီး အမျှင်လေးတွေ ဖြစ်အောင်လှီး  ကြက်သွန်ဖြူ ဆနွင်း ရော.. ထောပတ်နဲ့ ဆီသတ် ပိန်းရွက်ထည့် စမုံစပါး မုန်ညင်းစေ့ ထည့်နူးအောင်ကြော် ဘာဂျီတစ်ခွက်ထပ်ရပြန်ပြီပေါ့..
စားပိန်းနဲ့ ယားပိန်း မှားရင် တော့ သံဘရှပ်ရှာပြီး ..ကွကိုယ်ရှင်း ..
အိုက်နေ့.. ဗေတားကျောင်းမတက်ဘူး…
စနေ
ဒွမ် မာ့ချာလေး ….. ဒွမ်မာ့ချားလေး……. ဒွမ် မာ့ချာလေး ….. ဒွမ်မာ့ချားလေး
Fish Curry( ငါးမန်ကျည်း ချဉ်ရေဆီပြန်)
Pili Pili Boga (ပန်းဂေါ်ဖီ အကြွတ် ကြော်)
Aloo Masala (အာလူး မဆလာ)
ပန်းဂေါ်ဖီပွင့်ကို အပြားလေးတွေ ဖြစ်အောင်လှီးဂျုံမှုန့် ကြက်ဥ အကာ ဆား သကြား ရောနယ်ပြီး မှုန့် နှစ်ဖြစ်အောင်လုပ် စောနက လှီးထားတဲ့ ပန်းဂေါ်ဖီအပြားလေးတွေကို မှုန့် နှစ်ကပ်ြပီး ပျော့ပျော့လေးတွေကြော်…. ပြီးတော့ သခွားသီး မုန်လာဥဖြူ မုန်လာဥနီ ငြုပ်သီးစိမ်း အပွ အရှည်တောင့် ချဉ်ဖတ် စိမ်ထားတာနဲ့ တွဲစားမယ်….
ကွကို ကြော်ရင် ချောက်လုပ် ရှုပ်တယ်အာလူးကြော်ပလိန်းကို နီးရာဆိုင်က ၀ယ်ပလိုက်.. ပြီးရင် အထုတ်ကိုချေပြီး ဇလုံတစ်လုံးထဲ ဖောက်ထည့် ကြက်သွန်အဖြူ သတ်သတ် အနီ သတ်သတ် ဆီသတ် ဖယ်ထား.. လေသလပ်ပြီး ကြွပ်ပါစေ.. ငြုပ်သီးအကြမ်းဖတ် လေးညှင်းပွင့် နာနတ်ပွင့် စမုံစပါး ပျဉ်းတော်သိမ် တို့ ကိုရောပီး ထောပတ်နဲ့ ဆီသတ်မယ်ဆား နဲနဲ ထည့် ပြီးရင် အအေးခံထား အိုးကင်းလေး  ပူနေတုန်းမှာ စောနက ဖယ်ထားတဲ့ အာလူးကြော် ကြက်သွန်အဖြူ အနီ ကြော်ထားတာတွေ ရောထည့်ပြီး သမအောင်မွှေမယ် ..နဲနဲ အေးသွားတော့မှ ချိစ် အမှုန့် တွေ ဖြူးလိုက်ရင် အရသာအရှိဆုံး ချိစ် မဆလာအာလူးကြော် ရပါပြီ …..
တနင်္ဂနွေ
ဟာရေး ..ကရစ်ရှနား..ဟားရေးဟားရေး…အားရေးကရစ်ရှနား …အားရေး..အာရေး
ဗေတား က ဆန်းဒေး ဘွန်း ဆိုတော့ ဒီနေ့ သားသတ်လွတ်စားပါတယ်….ဘေလေဆပ်..ဘေလေဆပ်
Chilli Paneer (ဒိန်ခဲ ငြုပ်ချိုစပ်)
Poppadum( ပါပလာ)
Samba (သီးစုံပဲဟင်း)
Falafel   (ဘယာကြော်)
ပနီးယား လို့ခေါ်တဲ့ ဒိန်ခဲ (နို့ခဲ) ကို အတုံးသေးသေးလေးတွေ တုံးထားပြီး  ဆီနဲ့ကြော် နီလာရင် ဆယ်ပြီးဘေးဖယ်ထားငြုပ်သီးစိမ်းလေးတွေ ထက်ခြမ်းခွဲပြီး ဆီပူလှိမ့်နာနတ်ပွင့် ထည့် ပြီးရင် ငြုပ်သီးအချို ဆောစ့် ကိုထည့် ..ပဲငံပြာရည် အချိုရည် နဲနဲလောင်းအိုးကပ်တော့ မလို အချိန်မှာ ကြော်ထားတဲ့ ဒိန်ခဲ ပြန်ရော..ကြက်သွန်မိတ်လေး အုပ်လိုက်ရင် အရသာရှိသော ဒိန်ခဲ ဟင်းတစ်ခွက်ရပါပြီ.
ပါပလာခေါ် ပေါ့ပါဒမ် ကတော့ ဈေးက၀ယ်ပြီးကြော်လိုက် ဗေတား လဲလုပ်တတ်ဘူးအာချား..အာချား..
ပဲစင်းငုံ ကို ညတည်း ကရေစိမ်ထားပြီး  ဆနွင်း ဇီယာ ကူမင်း စမုံစပါး တို့ ရောပြီး ဆီသတ်ပါမယ် ..ပဲလုံးဝပြဲ သွားပြီးပဲလုံးပျောက်သွား မှ အသင့် လှီးချွတ် သန့်စင်ထားတဲ့  ဂေါ်ရခါးသီး ဗူးသီး ဒန့်ဒလွန်သီး ခရမ်းချဉ်သီး  ခရမ်းသီး အာလူး တို့ ကိုရောပါမယ်..အသီးအနှံတွေ နူးရင်တော့  ဆားကလေး ထည့် လိုက်ရင် သီးစုံ ဆမ်ဘာ  သီးစုံပဲဟင်း ရပါပြီ(ဒီဟင်းကို တိုရှည်နဲ့ တွဲပြီးစားလေ့ ရှိပါတယ်)
ကုလားပဲချမ်း ကို တစ်ညရေစိမ်ထား ကြော်ခါနီး တော့ ဆုံထဲထည့်ထောင်း..ကြက်သွန်နီ  ငြုပ်သီးစိမ်း နံနံပင် ပါးပါးလှီး ထားတာကို ထည့် ကြက်ဥ ဖောက်ထည့် ဆော်ဒါ နဲနဲ နဲ့ ဆား သကြား လိုသလို ရောမွှေ လို့ လက်ဝါးပေါ် တင် ပြားပြားကလေးတွေ လုပ်ပြီး ဆီပူပူလေးမှာ ရွရွ လေး ကြော်လိုက်ရင်ကညာအော်မယ့်(စပ်လို့) ဘယာကြော်ဖြစ်ပါပြီ
အထက်ပါ ဟင်းအမယ်များကို..ပလာတာ(paratha) နံပြား(nann bread) ချပါတီ (Chappati) ရိုတီ (rothi) တိုရှည် (Dosa) ပူရီ (Puri) တွေနဲ့ တွဲစားနိုင်သလို ထမင်းနဲ့ လည်း စားနိုင်ကြပါ တယ်
လဘက်ရည်လေး တစ်ခွက်လောက် အဆစ်ပေး လိုက်မယ်….. မဆလာတီး လုပ်သောက်ကြည့်
ရေနွေးတည်  ဖာလာ သစ်ကြမ်းပိုး  ဇာဒိဖိုလ် စမုံစပါး လေးညှင်း သကြား ဆားနည်းနည်း နဲ့ ကြိုက်တတ်ရင် နို့များများ (ဗေတား ကတော့ ကင်းအောင်နေတယ်) ထည့် ပြစ်ပြစ်ကလေး သောက်ကြည့်..!!!!!
ကောင်း ရင် ဗေတားကို မုန့်ဘိုးပေး ….မကောင်းရင် ..ဇီဇီပြန် လာရင်ဘီယာတိုက်
:s:
~~~~~~~~~~~~~~~~~~~~~“
ပိတ်သတ်ကြီး အကဲခတ်ပြီး ဆုံးဖြတ်ပေးပါတော့။
စားလို့ ကောင်းရင် ရှေ့လျှောက် ဒီ တစ်ယောက်ကို အင်ဒီ ကွတ် အဖြစ် ပြန်ပေးဆွဲမို့။ ငိငိငိ!!
:mrgreen:
ဒီ ရွာထဲ ကျနော် ချစ်ရသူ တစ်ယောက် တိုးလာပါပေါ့။ ဘယ်သူရှိရမတုန်းးး ဒီ ဗေတားပေါ့ (အဲလေ) ဆွေ့ ကိုပြောတာပါ။
(နို့မို့ ဝီဝီက နားစွန်နားဖျားနဲ့ ဟို ဥပဒေကြီးနဲ့ ထုနေမစိုးလို့၊  )။   :s:
ဆွေ က ဦးကျောက် အဖြူစားးး ငိငိငိ။
ဟင်းချက် ကျွမ်းကျင်၊
အစားအသောက် နှံ့စပ်တာ ရယ်
စိတ်ရှင်းတာက ရယ် သူတို့ ၂ ယောက်က တူတူပဲလို့ပြောတာ။
:-D
ကျနော့ ချစ်တဲ့သူတွေက များသောအားဖြင့် အစားအသောက်စားနေရင်း ကျနော့ သတိရတာများတယ်။ ကျနော် သူငယ်ချင်းတွေဆို မန်းလေးမှာ ဆိုင် အသစ်ဖွင့်ရင် ကျနော်လာရင် သွားစားမယ် ဆိုပြီး သတိတရမှတ်ထားကြတာ။
ဟိုတလောက မိုက်မိုက်ရယ်၊ သူတို့ စားသောက်ထားတာကို အမတ်မင်းကို ဓာတ်ပုံရိုက်ခိုင်းထားတယ်၊ အနော့ဆီပို့မလို့တဲ့။ ငင်!! သတိရတတ်လိုက်လေခြင်းးးး
:hint:
ယွဲစည် ဆို အစားပုံတိုင်း လာ တဂ် တယ်။ အဲလို သတိရခြင်းခံရတာ။
:hint:
အလှူနေ့က အနော့ ယောက်ခမွ မွသဲရယ် “ငါ့အေ၊ ညည်းကို တစ်နေ့လုံး သတိတွေရနေတာ၊ တစ်နေ့လုံး အစားတွေ စားရလို့” တဲ့၊ ကျနော့ကို ပြဖို့ ထမင်းစားရင်း တန်းလန်းဓာတ်ပုံထရိုက်သတဲ့။ ဪ၊ ချစ်စာကောင်းတဲ့ ယောက်ခမွ!!
:hint:
အရင်တပတ်ကတော့ ဆွေ ပေါ့။ ဇီဇီ ဇီဇီနဲ့ လာခေါ်လို့ ဘာများတုန်းလို့ ဟင်းချက်ရင်း လွမ်းလို့ ဆိုပြီး သူချက်စားတဲ့ ဟင်းတွေ လာရွတ်ပြနေတဲ့ အပြင် စတုဒီသာဘာတွေစားရကြောင်း ပြောပြချင်လို့တဲ့။ အဲလို နာမည်ကြီး မစားရ ဘွ ဘွ!!
:hint:
ကျနော့ ဆီမှာကလည်း သမုဒရာ ဝမ်းက တစ်ထွာပဲ ရှိလို့သာပဲ။ တစ်တောင်လောက်သာဆို ဒုက္ခပဲ။ ကိုယ်တိုင် စားနေသောက်နေတာ အားမရ။ လူတကာချက်ပြုတ်ခိုင်းပြီး သူများပါ စားချင်စိတ်ပေါက်အောင် လုပ်နေမိရောပဲ။  :mrgreenn:
ဝါသနာကို ဒီလိုအရေးအသားနဲ့ ပုံဖော်နေရတာကို ပျော်ပါတယ်။ ကိုယ်တိုင်ထချက်ရတာမှ မဟုတ်။ ဟိဟိ။
ကျနော်နဲ့ မွသဲနဲ့ ပေါင်းပြီး တကယ်ချက်ထားတာကိုဓာတ်ပုံနဲ့ တကွ တင်မဲ့အစီအစဉ်ရှိတယ်။ ကိုယ်တိုင်ချက်ရမယ်လည်း ဆိုရော တစ်မျိုးပဲ ပြီးသေးတယ်။ ငိငိ။ လာမယ် ကြာမယ်။
:-D 
ဇီဇီ
About ဇီဇီ
ဇီဇီ has written 357 post in this Website..
CJ # 129120
   Send article as PDF