အင်ဂါလန်ကူးမား(ရ) ရဲ့ အင်ဒီ ကွတ် – KZ’s ထမင်းဆိုင်

ဇီဇီApril 21, 201418min41669

 

မမ စားဖိုမှူးလိုတယ်ဆိုလို့။

 

 

 

ငင်!! ကြည့်လိုက်တော့ အသားဖြူဖြူ သန့်သန့် လူက ပြုံးပြုံးးနဲ့။ ငါ ခေါ်ထားတဲ့ အလုပ်က ကုလား (အဲ) အင်ဒီယန်း အစားအသောက် စားဖိုမှူးပါ။

 

ဘယ်နဲ့ သူက လူပုံ ပျော့ပျော့နဲ့ အလုပ်မှားလျှောက်တယ်ထင်တာနဲ့ပဲ…………

 

နေရာမှားနေတဲ့ကွဲ့!!!! မမလိုချင်တာ အင်ဒီးယန်းအစားအသောက်ချက်ဖို့ စားဖိုမှူးလိုတာပါကွယ်။ ရဲတိုက်လို ရုပ်မျိုးလေးကို ဦးစားပေးမယ် စဉ်းစားထားပါတယ်။  :mrgreenn:

 

 

 

မမဇီဇီ၊ ကျနော် အဲဒီ အစားအသောက်ကျွမ်းကျင်ပါတယ်။ ထောက်ခံစာ ၂ စောင်လည်းပါပါတယ်။

 

 

 

ကြည့်လိုက်တော့ အမတ်မင်း ဆီက ရယ်၊ ဟောင်ကောင်ကျောက် ဆီကရယ်။

 

အင်းးးး သိပ်တော့ မယုံချင်သေးးး

 

“ဟုတ်ပြီလေ။ ဒီ တစ်ပတ် အစမ်းခန့်လိုက်မယ်။ အဆင်ပြေရင်တော့ အမြဲဒုက္ခပေးမယ် (အဲလေ) အမြဲခန့်မယ်။”

 

 

 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

 

စပြီ…….

 

မီးဖိုချောင် ထဲတွင်  ကုလားလေး အဘေဆွကူမားရ် ရှေးဟောင်း ဟင်ဒီသီချင်းတစ်ပုဒ်ကို အော်ဟစ် သီဆိုရင်း တစ်ပတ်စာ အတွက် ဟင်းချက်ရန်စတင် ပြင်ဆင် တော့သည်။

 

ဂျိုးဟားးသား ကီးရာ ဗို့ ….နိဗားနား ပရေခါး….ဒိုးကေဆာ မာ နာ ကြာဟေး …လို့ကေးဟို ..သာဟေ သွမ်မကိုနိဗားနားပရေခါး….

 

(ဆောင်းနှင်းကလေး ပြေးလို့..နွေဦးပေါက်ရာသီပါ….ရွက် ဝါတွေ မြေ မှာကြွေပြီး…. ပန်းကန့်ကော် ပင်ရံထက်နား…. ဥဩငှက်တွန်သံကြား……ဆို-စိုးပိုင်)

 

Meaning= If you promised you have to keep it.ဟုတ်မဟုတ်တော့ မသိဘူး ရမ်းတုတ်တာငိငိ

 

 

 

တနင်္လာ

 

 အမေရေ ဆပ်ပုနားကေ ရမ်းနီးကပူ အာရေဂီသူ..တွန်မ် ဆေရေပျားရားနားကေ ရမ်းနိးကပူ အာ့ရေ ဂီသူ….

 

 

Chicken Korma (ကြက်အုန်းနို့ အချိုချက်)

 

Dhal  Makhani(ထောပတ်ပဲဟင်း)

 

Aloo Gawbi (အာလူး ဂေါ်ဖီ ကြော်)

 

ထောပတ် ကို ဒယ်အိုးထဲထည့်ပြီး မိးဖိုပေါ်တင်ပါ  ထောပတ် ပျော်ရင် အသင့်ရောထောင်းထား တဲ့ ဂျင်း၊ကြက်သွန်ဖြူ နီ၊နနွင်း၊စမုံစပါး၊ဖာလာ။လေးညှင်း စပိတ်တစ် ဒိုင်းမွန်းဆဲဗင်း..ဟာ…(ဖဲနဲ့ရောကုန်ပြီ)

 

ထည့်ပြီး ဆီသတ် ကြက်သား တုန်းထားတာ ထည့်ပြီး လုံးထားပါ   ကြက်မနူး တနူး မှာ သကြား သင့်ရုံ ဆား၊ အုန်းနို့ နဲ့ နွားနို့ ထည့် ပြီး မိနစ်၂ဝခန့် ပြစ်ပြစ် လေးကျက်အောင်ချက်ပါ။ အသားနူးပြီဆိုမှ အုန်းသီး အချောင်းလိုက် ချစ်ထားတာ နဲ့ နံနံ ပင် လက်တစ်ဆစ် လောက် ဆိတ်ထား တာလေး တွေ အုပ်မယ်..

 

စားခါနီးမှ စတော် ဘယ်ရီ သီးလေးတွေကို လေးစိတ် စိတ်ပြီး  အပေါ်က ဖြူးဝါ စိမ်း ဖြူနီ  ရောင်စုံ ကြက် သား အုန်းနို့ ဟင်းရပါပြီ..အက်တက်နနောလေး တော့ဆောင်ထား…

 

ဟင်းရံ အနေနဲ့ 

 

ပဲနီလေး ဟင်းချို.. ကြက်သွန်ဖြူ ကို နနွင်းမှုန့် နဲ့ဆီသတ် ဘေးဖယ်ထားကျန်တဲ့ဆီ ကိုထောပတ်နဲနဲ ရောပြီး ပဲနီးလေးကို လှော် မယ် ပျဉ်းတော်သိမ် အရွက် အစို ထင်းရှူးဆီ သေးသေးလက်တစ်ဆစ်ခန့် ကိုပါ ထည့် … မွှေးလာရင် ရေထည့်ပြီး ပဲနူးအောင် တည် နူးရင် ဆားထည့် စောနကဆီသတ်ထားတဲ့ ကြက်သွန်ဖြူဆီသတ် ကိုရော…. ကြက်သွန်ပျော်ရင် ပဲဟင်းရပြီ။  ကြက်သွန်တူးလို့ ခါးသွားရင် တော့အိမ်နားနီးချင်းတွေကို ဝေပေးလိုက်..တိရားးးးး

 

အာလူးကို အချောင်း သေးသေးလေးတွေ ဖြစ်အောင် ပါးပါးလှီး ဂေါ်ဖီပန်းပွင့် ကို သေးသေးလေးတွေလှီး ပြီးရေဆေးထားမယ် ..ဂျင်း ပါးပါးလှီး ကြက်သွန်ဖြူ ဓါးပြားရိုက် ဆီသတ် အာလူးကို အရင်ထည့် ပြီးကြော်  နူးခါနီးမှ ပန်းပွင့်ထည့် သကြား ဆား ထည့် နူးရင် မုန်ညင်းစေ့ ဖြူးပြီး အုပ် ထား.. ခဏ နေရင်ရပြီ..

 

 

 

အင်္ဂါနေ့

 

တေရီး မေရီး  မေရီတေးရီ …ပရင်ကား ဟားနီး ဟဲမွတ်ရှကေး…ဒိုလပ်ဗဇွမ်း…မေ.ရေ..ဘယားနား..အိုးပါးရေ…

 

Fish Masala (ငါးမဆလာ)

 

Spicy Stir fried Bindi (ရုံးပတီသီးကြော်)

 

Tomato and Coriander soup ( ခရမ်းချဉ်သီး ဟင်းချို)

 

ကကတစ် သို့ ငါးကြင်း အကောင်လိုက် ကို ကြေးထိုး သန့်စင်ပြီး မွန်းထားမယ်

 

 ဂျင်း ကြက်သွန်ဖြူ အရောင်တင် မှုန့် ဆား ငါးမဆလာ ဒိန်ချဉ် တို့နဲ့ နယ်ပြီး ၃ နာရီလောက် နှပ်ထားမယ်  ..

 

ပြီးမှ ဒယ်အိုးထဲဆီ ထောပတ် အနည်းငယ် ထည့်ပြီး ကျွတ်အောင် ကြော်ရှောက်ရွက်  အုပ် ဒါပဲ..

 

ဘာာာာာ….. ..ချောက်ရွက်မရှိဘူး..ဟုတ်လား..တွေ့တဲ့ အရွက်အုပ် ဗျာ ခွေးသေပန်းမဟုတ်ရင်ပြီးရော..

 

ဟင်းရံအတွက်  စောနက ငါးကြော်ဆီ ပိုတာလေး ကို ငြုပ်သီး အပွ ထောင်းထားတာ နဲ့ ကြက်သွန် ဖြူ နီ ဂျင်း ရောပြီး သာရကာ လုပ်မယ်(ဆီသတ်တာ ကိုပြောတာ)ဘာညာ သာရကာ ဆိုတဲ့ စကားဒီကလာတာ ပေါ့ ..ကြက်သွန်နူးရင် စမုံစပါး နံနံ စေ့ ငြုပ်ကောင်း လေးပါထည့်  အနံ့ လေးထွက်လာ ရင် လက်တစ်ဆစ် လောက် လှီးထားတဲ့ ရုံးပတီသီး ထည့် နှံ့ အောင် မွှေ ဆား သကြား သင့်အောင် ထည့် ခဏ အုပ်ထား ရုံးပတီသီးနူး ရင် နံနံ ပင်လေး အုပ်လိုက်..

 

ခရမ်းချဉ် ငါးလုံးလောက် ရေဆေး ပြီး မီးးဖိုပေါ် မှာ တည်ထားတဲ့ရေနွေး အိုးထဲ(စွပ်အိုး) လက်နဲ့ ဖျစ် ပြီးထည့် ဆူရင် ကြက်သွန်နီပါးပါးလှီးထားတာ ခပ်…ငြုပ်သီးစိမ်းလေး ထက်ခြမ်းကွဲထည့် ဇီယာ လေးနဲနဲ ပစ်ထည့်လိုက် ကြက်သားမှုန့်  ဆား သင့်တင့်အောင်ထည့် ချခါနီးမှ ပင်စိမ်းလေး နှစ်ပင် သုံးပင်လောက် ခပ်လိုက် မယ် ချဉ်ပြုံး…ဟင်းချို လေးပေါ့

 

 

 

ဗုဒ္ဓဟူး

 

သွမ် မူ့ ပ့ါစစ် အာရေ….ယွမ်းမူ့ စဂွတ် ဒါရေ… တွမ်နိမ်းမားဂျာရေပြား….ကရား ကတို့အားရေ…ကို့ချီ..ကို့ချီ ဟို.တားဟဲ…

 

 

Lamb Rogan josh (ဆိတ်သား ဟင်း)

 

Onion Bhaji (ကြက်သွန်ကြော်)

 

Punjabi salad (ပန်ချာပီ အသုတ်)

 

 

 

ဒီနေရာမှာ lamb ဆိုပေမယ့် တစ်ကယ်ကတော့ ဆိတ်သားကိုပဲ သုံးပါတယ်..

 

ဆိတ်သားအနေတော် တုံးထားတာ ကို ရေဆေး ဆား ဆနွင်း ငြုပ်သီးမှုန့် ဒိန်ချဉ်နဲ့ နယ်ပြီး ခန  နှပ်ထားမယ်..ပြီး ရင် ဂျင်း ကြက်သွန် ဖြူနီ မထောင်းဘူး  အတုံး အချောင်းလေးတွေ လှီးထား တာကို  ဖာလာ သစ်ကြမ်းပိုး နံနံစေ့ ငြုပ်ကောင်း ကရဝေး ထောပတ် ရောပြီးဆီသတ် မွေးလာရင် အသားရော အသားနူးရင် ခရမ်းချဉ်သီး အနှစ် လုပ်ထားတာကို ရော… ချခါနီးမှာ  အသားမဆလာလေး နဲနဲ အုပ်….

 

ကြက်သွန်ပါးပါးလှီးထားတာ ကို ပဲမှုန့် ဆန်မှုန့် ဇီယာမှုန့် ဆား ဆော်ဒါ ကြက်ဥ အကာ တို့ရောပြီး မုန့်နှစ်လုပ်ထားတာနဲ့ ရောနယ် ပြီးရင် ဆီနဲ့ အကြွတ်ကြော် ..ခရမ်းသီး အဝိုင်းကလေးတွေလှီးထား တာ၊ ပန်းဂေါ်ဖီ စိတ်ထားတာ၊ သပွတ်သီး အချောင်းလိုက်လှီးထားတာတွေ ကိုလည်း ဒီအတိုင်း ကြော် လို့ရတယ် မန်ကျီးမှည့် အချဉ်လေး လုပ်ပြီးတို့စား သိပ်ကောင်း

 

သခွားသီး ကြက်သွန်နီ မုန်လာဥနီ ငြုပ်သီးစိမ်း အရှည်လိုက်စိတ် ထက်ခြမ်း ခွဲ ပြီးရင် သံပုရာသီးလေးညှစ်ပြီး  အပေါ်က  ရက်ဆား (chad masala)လေးဖြူးပြီး …ကိုက် ကိုက်စား အီးပေါက်ရင်တော့ ဝနဲ့ မဆိုင်ဘူးနော်

 

 

 

ကြာသပတေး

 

ကိုဟီမေးလေးဂါယာ….ကိုဟီ့မေးလေး ဂါယား…မူတကို့…ကာပူရာဟဲ..ကူမဲ..ခါကိုဂါရားဟဲ..

 

Prawns Madras (ပုဇွန် အစပ်ချက်)

 

Spinach Puree (ဟင်းနုနွယ် ပူရီ)

 

Karala dhal   (ကယ်ရယ်လာ ပဲဟင်း)

 

ပုဇွန် ကိုရေဆေး ဆား ဆနွင်းနယ်ထား  ပြီးတော့ ငြုပ်သီး အရောင်တင်မှုန့် ငါးမဆလာ ကြက်သွန်ဖြူနီ ဂျင်း ခရမ်းချဉ်သီး ငြုပ်သီးအကြမ်းဖတ် ဖာလာ ဇီယာ ကရဝေး စမုံစပါး ရောပြီးဆီသတ် ပြီးရင် ပုဇွန်ရော ပန်းရောင်သန်း လာရင် ငြုပ်သီး စိမ်း ပါးပါးလှီးထားတာကို ထည့် ချခါနီးမှာ ကုလားနံနံ လေး အုပ်လိုက်ပါ နော.. ၉၆၉ တွေကတော့ ဗမာ နံနံ အုပ်ပေါ့ ..ခိခိ

 

ဂျင်းကြက်သွန်ဖြူနီ ထောပတ်နဲ့ ဆီသတ် ပြီးရင် အသင့်ချွေထားတဲ့ ဟင်းနုနွယ် ရောပြီး  ပြစ်နေအောင် မွှေ စေးသွားရင် သံပုရာသီး ဒါမှ မဟုတ် သရက်သီး မဟုတ်ရင်  သီးစုံ ကုလားတယ်နဲ့ ရောပါမယ် ဆား အချိုမှုန့် သင့်တင့်အောင်ထည့်ပြီး ပင်စိမ်းလေး နဲနဲ အုပ်လိုက်ရင် အပေါ်က စပ်နေတာ ကို အချဉ် လေးနဲ့ ဖြည် လို့ရပါပြီ.

 

ပဲဟင်းကတော့ ပဲကတ္တီပါ ကို သုံးမယ်..ထုံးစံအတိုင်း သာရကာမယ်.. ပဲရောမယ် နူးရင် မန်ကျည်းရေ ထည့်မယ်….. ရေ ရောပြီးပွက်ရင် နံနံပင် ပါးပါးလေးလှီးထားတာအုပ် မဆလာလေး နဲနဲဖြူးလိုက်..

 

 

 

 

 

 

 

 

 

 

 

သောကြာ

 

လယ်လာ …မေ.. လိုင်လာ….ဟယ်ရ်ဆေးဟို့..လယ်လား..ဟိုင်ဒကို့ ..ဟို့ရိနား.ဟေမွတ်ရှကေးလ် မေလ်နားအာ့ ကေလား..

 

Chicken Tiwari (ကြက် အလုပ်ကြမ်း သမားဟင်း) ကြက်ကူလီလို့လဲခေါ်ပါတယ်

 

Crushed chilli paste( ငြုပ်သီး ဆားထောင်းလိုပဲ ကြော်ထားတာ)

 

Stir fried taro leaves (ပိန်းရွက်ကြော်)

 

ကြက်ကို တုံးပြီးရေဆေး ဆားဆနွင်း နယ် ထားမယ်..

 

ကြက်သွန်ဖြူ၊နီ ဂျင်း ဇီယာ ကူမင်း ဖာလာ သစ်ကြမ်းပိုး ကရဝေး စမုံစပါး ငြုပ်ကောင်း ရှိသမျှ သပ်ပရနံပေါင်း အကုန်ရော ပြီးဆီ သတ် ပြီးရင်ကြက်သား နဲ့ ရောပြီးလုံး ကြက်လုံးသွားရင် ခရမ်းချဉ်သီး အတုံးသေးသေး လေးတွေ လှီးထားတာကို ရော..ဪ.. ငြုပ်သီးစိမ်း မေ့နေ တယ် ဆီသတ်တုန်းကထည့်ရမှာ….ခရမ်းချဉ်ပျော်ရင် ကြက်နူး ရင် နံနံပင် ချောပ့် လုပ်တားတာကို အများကြီး ထည့် ရေများများ ဆား ဟင်းချိုမှုန့် ထည့်ကုလားဆင်းရဲသား ကြက်သား ဟင်း ရပါပြီ..ငြုပ်သီးစိမ်းများသွားရင်တော့..နောက်နေ့ မနက်…. ဗေတားကို မေတ္တာ ပို့ ကြနဲ့နော်..

 

ဆင်းရဲတော့ ရှိတာ လေး ဟင်းရံလုပ်ကြတာပေါ့ ငြုပ်သီးပွ ထောင်း ရှမ်းနံနံ ပါးပါးလှီး ဇီယာလေးနဲနဲရောပြီး ဆီသတ် ဆားနဲနဲ ပိုထည့် လက်ညိုးလေးနဲ့ ကလော်ပြီးစား ..စပ်ရင် ပါနီလေး ဘေးချထား

 

လယ်ထဲကခူးလာတဲ့ ပိန်း ရွက်တွေ ကို အရိုးမပါအောင်ဖြတ် ..ရေစင်စင်ဆေးပြီးတစ်ရွက်ချင်းထပ် ပြီးတော့ လိပ်ပြီး အမျှင်လေးတွေ ဖြစ်အောင်လှီး  ကြက်သွန်ဖြူ ဆနွင်း ရော.. ထောပတ်နဲ့ ဆီသတ် ပိန်းရွက်ထည့် စမုံစပါး မုန်ညင်းစေ့ ထည့်နူးအောင်ကြော် ဘာဂျီတစ်ခွက်ထပ်ရပြန်ပြီပေါ့..

 

စားပိန်းနဲ့ ယားပိန်း မှားရင် တော့ သံဘရှပ်ရှာပြီး ..ကွကိုယ်ရှင်း ..

 

အိုက်နေ့.. ဗေတားကျောင်းမတက်ဘူး…

 

 

 

စနေ

 

ဒွမ် မာ့ချာလေး ….. ဒွမ်မာ့ချားလေး……. ဒွမ် မာ့ချာလေး ….. ဒွမ်မာ့ချားလေး

 

Fish Curry( ငါးမန်ကျည်း ချဉ်ရေဆီပြန်)

 

Pili Pili Boga (ပန်းဂေါ်ဖီ အကြွတ် ကြော်)

 

Aloo Masala (အာလူး မဆလာ)

 

     ဒီငါးဟင်း အတွက် အကောင်းဆုံးငါးကတော့ ငါးကြင်း သို ့မဟုတ် ငါးမြင်း ဖြစ်ပါတယ်.. ငါးကို ချက်တုံး တုံးပြီးတော့ ရေဆေး  ဆား နနွင်း နယ်ပါမယ် ဂျင်း ကြက်သွန် ဖြူ နီ ငြုပ်ပွ ထောင်း  ပျဉ်းတော်သိမ် ရောပြီး အနံ ့မွှေးလာသည်ထိ ဆီသတ်.. ငါးထည့်လုံး  ငါးအသားမကျက်ခင်မှာ မန်ကျည်းနှစ် ဖျော်ထားတာကို ထည့်ပြီး အိုးကို လှုပ်ရုံ လှုပ်ပေးပါ …. ရေနည်းနည်းထည့် ရေဗွမ်းဗွမ်းဆူရင် ငါးမဆလာ နဲ ့စောနက ပျဉ်းတော်သိမ် အရွက်တွေ ဖယ်လို  ့ကျန်တဲ့ အရိုးတွေကို အပေါ်ကခပ်မယ် ဒါဆိုရင် ငါးမန်ကျည်း မဆလာဟင်း ရှယ်တစ်ခွက်ရပါပြီ….အဲ..အဲ ပြောဖို ့မေ့သွားလို ့မန်ကျည်းနှစ်များများ ကြိုက်တတ်ရင်တော့ ပြောင်းဖူးရိုးလေးးး ဆောင်ထားးးးးး ငစ်ငစ်..

 

ပန်းဂေါ်ဖီပွင့်ကို အပြားလေးတွေ ဖြစ်အောင်လှီးဂျုံမှုန် ့ကြက်ဥ အကာ ဆား သကြား ရောနယ်ပြီး မှုန် ့နှစ်ဖြစ်အောင်လုပ် စောနက လှီးထားတဲ့ ပန်းဂေါ်ဖီအပြားလေးတွေကို မှုန် ့နှစ်ကပြ်ပီး ပျော့ပျော့လေးတွေကြော်…. ပြီးတော့ သခွားသီး မုန်လာဥဖြူ မုန်လာဥနီ ငြုပ်သီးစိမ်း အပွ အရှည်တောင့် ချဉ်ဖတ် စိမ်ထားတာနဲ ့တွဲစားမယ်….

 

ကွကို ကြော်ရင် ချောက်လုပ် ရှုပ်တယ်အာလူးကြော်ပလိန်းကို နီးရာဆိုင်က ဝယ်ပလိုက်.. ပြီးရင် အထုတ်ကိုချေပြီး ဇလုံတစ်လုံးထဲ ဖောက်ထည့် ကြက်သွန်အဖြူ သတ်သတ် အနီ သတ်သတ် ဆီသတ် ဖယ်ထား.. လေသလပ်ပြီး ကြွပ်ပါစေ.. ငြုပ်သီးအကြမ်းဖတ် လေးညှင်းပွင့် နာနတ်ပွင့် စမုံစပါး ပျဉ်းတော်သိမ် တို ့ကိုရောပီး ထောပတ်နဲ ့ဆီသတ်မယ်ဆား နဲနဲ ထည့် ပြီးရင် အအေးခံထား အိုးကင်းလေး  ပူနေတုန်းမှာ စောနက ဖယ်ထားတဲ့ အာလူးကြော် ကြက်သွန်အဖြူ အနီ ကြော်ထားတာတွေ ရောထည့်ပြီး သမအောင်မွှေမယ် ..နဲနဲ အေးသွားတော့မှ ချိစ် အမှုန် ့တွေ ဖြူးလိုက်ရင် အရသာအရှိဆုံး ချိစ် မဆလာအာလူးကြော် ရပါပြီ …..

 

 

 

 

 

 

 

 

 

တနင်္ဂနွေ

 

ဟာရေး ..ကရစ်ရှနား..ဟားရေးဟားရေး…အားရေးကရစ်ရှနား …အားရေး..အာရေး

 

ဗေတား က ဆန်းဒေး ဘွန်း ဆိုတော့ ဒီနေ့ သားသတ်လွတ်စားပါတယ်….ဘေလေဆပ်..ဘေလေဆပ်

 

Chilli Paneer (ဒိန်ခဲ ငြုပ်ချိုစပ်)

 

Poppadum( ပါပလာ)

 

Samba (သီးစုံပဲဟင်း)

 

Falafel   (ဘယာကြော်)

 

 

ပနီးယား လို့ခေါ်တဲ့ ဒိန်ခဲ (နို့ခဲ) ကို အတုံးသေးသေးလေးတွေ တုံးထားပြီး  ဆီနဲ့ကြော် နီလာရင် ဆယ်ပြီးဘေးဖယ်ထားငြုပ်သီးစိမ်းလေးတွေ ထက်ခြမ်းခွဲပြီး ဆီပူလှိမ့်နာနတ်ပွင့် ထည် ့ပြီးရင် ငြုပ်သီးအချို ဆောစ့် ကိုထည့် ..ပဲငံပြာရည် အချိုရည် နဲနဲလောင်းအိုးကပ်တော့ မလို အချိန်မှာ ကြော်ထားတဲ့ ဒိန်ခဲ ပြန်ရော..ကြက်သွန်မိတ်လေး အုပ်လိုက်ရင် အရသာရှိသော ဒိန်ခဲ ဟင်းတစ်ခွက်ရပါပြီ.

 

ပါပလာခေါ် ပေါ့ပါဒမ် ကတော့ ဈေးကဝယ်ပြီးကြော်လိုက် ဗေတား လဲလုပ်တတ်ဘူးအာချား..အာချား..

 

ပဲစင်းငုံ ကို ညတည်း ကရေစိမ်ထားပြီး  ဆနွင်း ဇီယာ ကူမင်း စမုံစပါး တို့ ရောပြီး ဆီသတ်ပါမယ် ..ပဲလုံးဝပြဲ သွားပြီးပဲလုံးပျောက်သွား မှ အသင့် လှီးချွတ် သန့်စင်ထားတဲ့  ဂေါ်ရခါးသီး ဗူးသီး ဒန့်ဒလွန်သီး ခရမ်းချဉ်သီး  ခရမ်းသီး အာလူး တို့ ကိုရောပါမယ်..အသီးအနှံတွေ နူးရင်တော့  ဆားကလေး ထည့် လိုက်ရင် သီးစုံ ဆမ်ဘာ  သီးစုံပဲဟင်း ရပါပြီ(ဒီဟင်းကို တိုရှည်နဲ့ တွဲပြီးစားလေ့ ရှိပါတယ်)

 

ကုလားပဲချမ်း ကို တစ်ညရေစိမ်ထား ကြော်ခါနီး တော့ ဆုံထဲထည့်ထောင်း..ကြက်သွန်နီ  ငြုပ်သီးစိမ်း နံနံပင် ပါးပါးလှီး ထားတာကို ထည့် ကြက်ဥ ဖောက်ထည့် ဆော်ဒါ နဲနဲ နဲ့ ဆား သကြား လိုသလို ရောမွှေ လို့ လက်ဝါးပေါ် တင် ပြားပြားကလေးတွေ လုပ်ပြီး ဆီပူပူလေးမှာ ရွရွ လေး ကြော်လိုက်ရင်ကညာအော်မယ့်(စပ်လို့) ဘယာကြော်ဖြစ်ပါပြီ

 

 

 

အထက်ပါ ဟင်းအမယ်များကို..ပလာတာ(paratha) နံပြား(nann bread) ချပါတီ (Chappati) ရိုတီ (rothi) တိုရှည် (Dosa) ပူရီ (Puri) တွေနဲ့ တွဲစားနိုင်သလို ထမင်းနဲ့ လည်း စားနိုင်ကြပါ တယ်

 

လဘက်ရည်လေး တစ်ခွက်လောက် အဆစ်ပေး လိုက်မယ်….. မဆလာတီး လုပ်သောက်ကြည့်

 

ရေနွေးတည်  ဖာလာ သစ်ကြမ်းပိုး  ဇာဒိဖိုလ် စမုံစပါး လေးညှင်း သကြား ဆားနည်းနည်း နဲ့ ကြိုက်တတ်ရင် နို့များများ (ဗေတား ကတော့ ကင်းအောင်နေတယ်) ထည့် ပြစ်ပြစ်ကလေး သောက်ကြည့်..!!!!!

 

ကောင်း ရင် ဗေတားကို မုန့်ဘိုးပေး ….မကောင်းရင် ..ဇီဇီပြန် လာရင်ဘီယာတိုက်

:s:

 

 

 

~~~~~~~~~~~~~~~~~~~~~“

 

 

 

ပိတ်သတ်ကြီး အကဲခတ်ပြီး ဆုံးဖြတ်ပေးပါတော့။

 

 

 

စားလို့ ကောင်းရင် ရှေ့လျှောက် ဒီ တစ်ယောက်ကို အင်ဒီ ကွတ် အဖြစ် ပြန်ပေးဆွဲမို့။ ငိငိငိ!!

:mrgreen:

 

ဒီ ရွာထဲ ကျနော် ချစ်ရသူ တစ်ယောက် တိုးလာပါပေါ့။ ဘယ်သူရှိရမတုန်းးး ဒီ ဗေတားပေါ့ (အဲလေ) ဆွေ့ ကိုပြောတာပါ။

(နို့မို့ ဝီဝီက နားစွန်နားဖျားနဲ့ ဟို ဥပဒေကြီးနဲ့ ထုနေမစိုးလို့၊  )။   :s:

ဆွေ က ဦးကျောက် အဖြူစားးး ငိငိငိ။

ဟင်းချက် ကျွမ်းကျင်၊

အစားအသောက် နှံ့စပ်တာ ရယ်

စိတ်ရှင်းတာက ရယ် သူတို့ ၂ ယောက်က တူတူပဲလို့ပြောတာ။

😀

ကျနော့ ချစ်တဲ့သူတွေက များသောအားဖြင့် အစားအသောက်စားနေရင်း ကျနော့ သတိရတာများတယ်။ ကျနော် သူငယ်ချင်းတွေဆို မန်းလေးမှာ ဆိုင် အသစ်ဖွင့်ရင် ကျနော်လာရင် သွားစားမယ် ဆိုပြီး သတိတရမှတ်ထားကြတာ။

ဟိုတလောက မိုက်မိုက်ရယ်၊ သူတို့ စားသောက်ထားတာကို အမတ်မင်းကို ဓာတ်ပုံရိုက်ခိုင်းထားတယ်၊ အနော့ဆီပို့မလို့တဲ့။ ငင်!! သတိရတတ်လိုက်လေခြင်းးးး

:hint:

ယွဲစည် ဆို အစားပုံတိုင်း လာ တဂ် တယ်။ အဲလို သတိရခြင်းခံရတာ။

:hint:

အလှူနေ့က အနော့ ယောက်ခမွ မွသဲရယ် “ငါ့အေ၊ ညည်းကို တစ်နေ့လုံး သတိတွေရနေတာ၊ တစ်နေ့လုံး အစားတွေ စားရလို့” တဲ့၊ ကျနော့ကို ပြဖို့ ထမင်းစားရင်း တန်းလန်းဓာတ်ပုံထရိုက်သတဲ့။ ဪ၊ ချစ်စာကောင်းတဲ့ ယောက်ခမွ!!

:hint:

အရင်တပတ်ကတော့ ဆွေ ပေါ့။ ဇီဇီ ဇီဇီနဲ့ လာခေါ်လို့ ဘာများတုန်းလို့ ဟင်းချက်ရင်း လွမ်းလို့ ဆိုပြီး သူချက်စားတဲ့ ဟင်းတွေ လာရွတ်ပြနေတဲ့ အပြင် စတုဒီသာဘာတွေစားရကြောင်း ပြောပြချင်လို့တဲ့။ အဲလို နာမည်ကြီး မစားရ ဘွ ဘွ!!

:hint:

ကျနော့ ဆီမှာကလည်း သမုဒရာ ဝမ်းက တစ်ထွာပဲ ရှိလို့သာပဲ။ တစ်တောင်လောက်သာဆို ဒုက္ခပဲ။ ကိုယ်တိုင် စားနေသောက်နေတာ အားမရ။ လူတကာချက်ပြုတ်ခိုင်းပြီး သူများပါ စားချင်စိတ်ပေါက်အောင် လုပ်နေမိရောပဲ။  :mrgreenn:

ဝါသနာကို ဒီလိုအရေးအသားနဲ့ ပုံဖော်နေရတာကို ပျော်ပါတယ်။ ကိုယ်တိုင်ထချက်ရတာမှ မဟုတ်။ ဟိဟိ။

ကျနော်နဲ့ မွသဲနဲ့ ပေါင်းပြီး တကယ်ချက်ထားတာကိုဓာတ်ပုံနဲ့ တကွ တင်မဲ့အစီအစဉ်ရှိတယ်။ ကိုယ်တိုင်ချက်ရမယ်လည်း ဆိုရော တစ်မျိုးပဲ ပြီးသေးတယ်။ ငိငိ။ လာမယ် ကြာမယ်။

😀 

 

 

 

 

69 comments

  • မဟာရာဇာ အံစာတုံး

    April 21, 2014 at 9:10 am

    ဒီထဲမှာ ကြိုက်တာဆိုလို့
    ဘယာကြော် ပဲ ပါတယ် … ဟီးးးး
    ဘဘဆွေနဲ့ တွေ့မှ ဘယာကြော် ကြော်ကျွေးဖို့ ပြောရအုံးမယ် …

    • ကေဇီ

      April 21, 2014 at 9:55 am

      ဒီ တဂျိုးလေး အတော် ချေးများသကိုးးးး
      😀

  • Wow

    April 21, 2014 at 9:34 am

    ဒီကုလား ဟင်းချက်ကောင်းပေမဲ့ နားတော့အတော်ညီးသအေ

    ဝီဝီရဲ့ ၉၆၉ တရားပွဲမှာအကြွေးအမွေးနဲ့ အဲ့ခံမို့ ကုလားခီနငှားဘာ :mrgreen:

    • ကေဇီ

      April 21, 2014 at 9:46 am

      ငင့်!!
      သများ ကူးမား(ရ) လေး မျိုးချစ်စာမိနေမယ်။
      ထည့်ဝူးးး
      :hint:

      နိ ဟင်းစပ်တွေပဲ ကျွေးချင်တာ။ ဝီ ကို ချစ်လွန်းလို့။

      :mrgreen:

  • Mr. MarGa

    April 21, 2014 at 9:48 am

    အားးးးးး ကောင်းတယ်ကားးး
    ဗေတားးး တော်တယ်ကားးး
    ဆိုင်ပိုင်ရှင် ရွေးတတ်တယ်ကားးးး

    :mrgreen:

    • ကေဇီ

      April 21, 2014 at 9:54 am

      ဟရေးးးး!!
      ဒါလေးကိုနော်..
      ဇီဇီနော် …
      ဘီဘီတိုက်ပြီးနော် …(ဘီယာကိုပြောတာ)
      ခေါ်ထားရားဒါ!
      :mrgreen:

      • ဘဆွေ

        April 21, 2014 at 2:34 pm

        သများကို လုပ်ထားတာ ကျဒေါ့ထည့် မပြောဘူး ..အင်ဂါလန်ကူးမားတဲ့..ဟွင့်

        • ကေဇီ

          April 21, 2014 at 2:39 pm

          အင်္ဂလန်ကို ..စာလုံးမပေါင်းတတ်လို့ပါ။
          ခိခိ။

          😀

        • Mr. MarGa

          April 24, 2014 at 4:36 pm

          ဟီး အဲ့စကားလုံးကို ပေါင်းမရေးရဲဘူး ဘာအဓိပ္ပာယ် ထွက်လာမယ်မသိလို့ :mrgreenn:

  • snow smile

    April 21, 2014 at 10:12 am

    ဟား ဟား ဟား ဟား
    ဟင်း ချက် တာ တွေ သေ ချာ မ ဖတ် ရ သေး ဘူး
    ကု လား သီ ချင်း တွေ လိုက် ဆို ကြည့် နေ ဒါ
    စိုး ပိုင် သီ ချင်း အ လိုက် က လေး ဘဲ ရ သေး တယ်
    နေ ့ အ လိုက် သီ ချင်း များ ကို သီ ဆို သူသီ ချင်း အ မည် ဖော် ပြ ပေး ပါ
    အ တော် နောက် တဲ့ က လေး မ
    နာ ငယ် ငယ် က လို ဘဲ
    သီ ချင်း ဆို ရင်း ဟင်း ဒွေ ချက် နေ သူ ကို မျက် စိ ထဲ ပြေး မြင် လာ ဒယ်
    မေး စ ရာ ဒွေ ရှိ သေး
    ပြန် လာ မယ်
    ကူ မင်း ဆို တာ က ဘယ် လို မျိုး လဲ

    • ကေဇီ

      April 21, 2014 at 10:23 am

      ငင်?
      သများ ဆို တာဟုတ်ဘူးးး မွမွပြုံးးး
      စားဖိုမှူး ဆိုနေတာ။
      ခု မနိုးသေးဘူးးးး
      ခေါ်ထားတယ်။
      လာမှ မေးးးး

      😀

      • snow smile

        April 21, 2014 at 11:24 am

        အဲ့
        ဆို က ချက် ရေး
        တစ် ယောက် ထဲ လား
        တော် ပါ့ အေ
        အ မြန် ခေါ ် ပါ

        • ကေဇီ

          April 21, 2014 at 11:27 am

          မှန်ပါ့။
          ဆို က ချက် ရေးး တစ်ယောက်တည်းးးး
          အနော် က အဖွင့် နဲ့ အပိတ်ပဲ ရေးတာ။
          :mrgreenn:

          အိုင်းယားးးး!!!
          ဒီ စာဖိုမှူးက အိပ်ပုပ်တယ်ရယ်။
          ၁၂ လောက် မှ နိုးတတ်တာ။
          စိတ်ရှည်ရှည်စောင့်ပါ မွမွပြုံးးးး
          😀

    • ဘဆွေ

      April 21, 2014 at 1:58 pm

      ကူမင်းက..စမုံစပါးလို ပဲ..အစေ့သေးပြီးအနံ့မတူဘူး..ပြင်းတယ်..
      စနိုးလေး ..စိတ်ဝင်စားရင် လာခဲ့လေ.ဦးဆွေ. လက်ထပ်သင်ပေးမယ် (ကိုကြောင့်လေသံ ခနငှားသုံးသည်)

      • snow smile

        April 21, 2014 at 2:16 pm

        ညွတ် စွာ ဖျား
        အောင် မ ငှီးးးးး
        စ နိုး လေး တဲ့
        နှင်း တောင် မယ် တော် ကြီး မှန်း မ သိ လေ ရော့ သ လား
        ဆို က ချက် ရေး မောင် ဆွေ လေး ရေ
        ချက် ရေး ပြုတ် ရေး အ သေ အ ချာ မေး စ ရာ လေး တွေ ရှိ လို ့
        ပြန် လာ ပါ မယ်

      • ကေဇီ

        April 21, 2014 at 2:19 pm

        အိပ်ချင်မူးတူးနဲ့ မှားနေပြီ။
        ခုခွိ ခုခွိ ခုခွိ။
        😀

      • Aye Lwin Oo

        April 22, 2014 at 9:19 am

        Cumin = ဇီရာပင်၊ ဇီရာစေ့

        မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်တဲ့ English Myanmar Dict (4th Edition 2004) ထဲက စာလုံးပေါင်းအတိုင်း ကူးလိုက်တာပါ။ ကိုယ့်ဟာကိုယ်တော့ ဇီယာ လို့ ရေးတာဘဲ။ ယာ ချင်တာနဲ့ ရာ ကြပါဗျ။

      • Aye Lwin Oo

        April 23, 2014 at 7:32 am

        Cumin = ဇီရာပင်၊ ဇီရာစေ့

        မြန်မာစာအဖွဲ့ဦးစီးဌာနရဲ့ English Myanmar Dict (4th Edt 2004) ထဲက စာလုံးပေါင်းအတိုင်း ကူးပေးတာပါ။

  • Crystalline

    April 21, 2014 at 10:26 am

    တကယ့်ကို အင်ဒီးယန်းစာစစ်စစ်တွေဝေါ်…. ဝက်သားကိုလည်း အဲ့လိုဟင်းခတ်အမွေးအကြိုင်တွေနဲ့ချက်တာ စားဖူးတယ်.. ဝက်က ပိုအီသွားသလိုပဲ :mrgreenn: အင်ဒီးယန်းစာတွေနဲ့နံပြတ်သွားတာကြာပေါ့… ဒိန်ချဉ်ထဲ လက်မွှေးကောက်ကောက်ကြီးမြင်ပြီးကထဲက သူတို့ဆိုင်တွေက ဒိန်ချဉ်တွေဘယ်လောက်ကောင်းကောင်းတယ် ပြောပြော မသောက်တော့ဘူး.. :(( အဲ့လို ဖြူဖြူချောချော စာဖိုမှူးကြီးချက်တာဆိုရင်တော့ စားချင်သား.. :mrgreenn: Bookmark လုပ်ထားပါကြောင်း…
    Steak တွေလည်း စိတ်ဝင်စားလို့ ကြိုက်လို့ အခါအခွင့်သင့်ရင် တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဇီဇီနဲ့ စွေစွေ.. :mrgreen:

    • ကေဇီ

      April 21, 2014 at 11:30 am

      ဟယ်။
      နာ့ ခွစ် လေးမှ ဖြစ်ရတယ်လို့။

      သများဆိုင်မှာပဲ လာစားပါတော့။
      :mrgreenn:
      အသားကင် ကိစ္စရယ် ကော့တေးးး ကိစ္စ္စရယ် က လာမယ် ကြာမယ်နော်။
      :mrgreenn:
      ဒီ စားဖိုမှူး ကို အလုပ်ခန့်မယ် မှ မကြံသေးဘူးးး
      သူ့ အသီးကွဲ ဝေဒနာကို အချိန်ပေးထားရသေးတယ်။
      :s:

    • snow smile

      April 21, 2014 at 2:18 pm

      လက် မွှေး မှ ဟုတ် ပါ လေ စ Crys လေး ရေ
      :))))))))

  • ကေဇီ

    April 21, 2014 at 2:09 pm

    သံစဉ်မသိတော့ ကြားဖူးတဲ့စာသားက စနေနေ့ သီချင်းပဲရှိတယ်။
    ဒူး(မ) တူး ထဲက လက်ပွါးမင်းသား ကတဲ့ သီချင်းလေးးး

    :s:

  • snow smile

    April 21, 2014 at 2:40 pm

    အ ခြောက် ထက် အ စို ကို ပို စိတ် ဝင် စား
    အဲ လေ အ စွေ ကို ပို စိတ် ဝင် စား
    indian စာ ပို ကြိုက် လို ့
    သီ ချင်း လေး တွေ နဲ့ ဝေ ဝေ ဆာ ဆာ မို ့
    feeling – ပိုစ့် ဖတ် ရင်း ခေါင်း တ ရမ်း ရမ်း ဖြစ် နေ လို ့
    ခု ခေါင်း မူး နေ ဒယ်

    • ကေဇီ

      April 21, 2014 at 2:43 pm

      သများ စားဖိုမှူးလေးက ဖြူဖြူချောချောလေးမို့ ထမင်းဆိုင် ဒေဝါလီခံရရင်တောင်
      သူကို စပွန်စာရှာခိုင်းစားမို့ စဉ်းစားထားတယ်။
      သူက ၁၁ ယောက် ၁ ယောက် တစ်ညလုံးတဲ့။
      .
      .
      .
      .
      .

      .
      .
      .
      .
      .

      ကလပ်မှာ သွား က တာကို ပြောတာ။ :mrgreenn:

      • snow smile

        April 21, 2014 at 3:04 pm

        ထင် ဒယ်
        ထင် ဒယ်
        ဟင်း ချက် တာ တောင် ကု လား သီ ချင်း
        လေး နဲ့ ဆို တော့
        ဂိတ် ဆုံး ဘီ

      • ဘဆွေ

        April 24, 2014 at 5:21 am

        ဟားရေးးးး..အမားလေးးး..ကေးးးဇီးးး နော်…
        ကုလားးး ဂိုနော်…တခါးးးးးဒဲ..ဖွဒယ်ရှိဒယ်နော်…ရားးးပါဒယ်အမား..
        ရှယ့်တစ်ယောက်..တစ်ယောက် နော်..ကုလား မားမှုဘူး..
        တညလုံးနော်..ကုလား နမ်းစတော့..ကတယ်..
        ဆပ်ပြာသည်..လင်ပျောက် အက ..မုဆိုးမ ပျားဖွတ်အက..ရှင်မောက်ဂလန် ငရဲမီးလိုက်အက..စုံနေအောင်ကဒယ်..
        မိုးလင်းခါနီးမှနော်..သူတို့လဲကွဲ..ကုလားလဲ ပြဲ(အင်းကျီ) ဒယ်ရှိဒယ်နော်..တစ်ခါးးးဒဲ အိမ်ပြန်ပြေးဒယ်..
        ဘားရမလဲ..အမားးရယ်..မားးးရသွန်းးးးဆိုဒါ..ကုလားရဲ့ ဘဂျီးပါ..

        • TNA

          April 25, 2014 at 7:36 pm

          မျက်ရည်တောင်ထွက်ပါတယ် ဗေတားရယ်။ ညက်ချိထဲလဲ အကွင်းလိုက်မြင်ဘာဒယ်။ 🙂

  • black chaw

    April 21, 2014 at 5:30 pm

    ဝက်သားကိုနော်…မဆလာနိုင်နိုင်နဲ့
    ကုလားချက်လေးချက်တာက တစ်နပ်…။
    ဝက်သား သုံးထပ်သားနဲ့ ဖေါက်ထားတဲ့ ဒံပေါက်က တစ်နပ်…။
    စားခွင့်ရရင် သေပျော်ပါပြီ ကိုဆွေရယ်…။
    ဂယ်ပြောတာပါ…။
    :s:

    • ကေဇီ

      April 22, 2014 at 8:52 am

      ကိုဘလက်
      အနော့ ပို့(စ) ကို ခဲ နဲ့ပေါက်ခံစေချင်လို့လားဟမ်?
      ခုခွိခုခွိ။
      😀

    • ဘဆွေ

      April 24, 2014 at 5:05 am

      ကိုချော အတွက် ဆိုရင်တော့..ချက်ပေးဦးးးးမှာ….
      ကြက်ဟင်းခါး သီး ဘာဂျီကြော်..ဒညင်းသီး နဲ့ တမာ ရွက် သုပ်..ကြောင်လျှာ သီးမီးဖုတ်လေးပါ ထည့်မယ်..
      အလ္လာလ်ရှင်မြတ် အမိန့် ကိုပါ တခါးတည်းးထည့်ပွေးလိုက်မယ်..ပီးမှ ဗေတားကို..တေးဂျင်းရှိုး ကုလား လို့ မရှဲနဲ့…

  • Ma Ma

    April 21, 2014 at 5:45 pm

    ဟင်းလိုက်ချက်ရမလား။
    သီချင်းလိုက်ကျက်ရမလားတောင် မသိတော့ဘူး။ :kwi:

    • ကေဇီ

      April 22, 2014 at 8:53 am

      ဟင်းလည်း မကျက်
      သီချင်းလည်း ခက်နေမှ ဒုက္ခ

      :kwi:

    • ဘဆွေ

      April 22, 2014 at 1:53 pm

      မမ ..အတွက်က..သီချင်း ပြောင်းပေးရမယ်..အိုက်ယား..

      ကျယ်ရီးးးးတောင်င်င်င်…ရှမ်ရမ်းနီစုချွမ်မ်မ်မ်…ကြိုက်ယမ်းရွဲ့သည် ယောင်..လျားလျောင်…..
      ကုလျံ…ရာာာာာာာ…နီအိ ရယ်ကြိုက်ဝေါ်တဲ့ရျင်….ဝှိုက်လီဖြောင်..လျားဖြောင်..
      လျမ်းဝို့သည့်…ကိုလျံ..ဆွေနားဝေးးးးဖုံ..ချွေခိုင်းလျောက်နီးသည်..ချံလျင်
      လျမ်းဝို့သည့်..ကြုံးချင် .ဆွေနားဝေ့လျှို့ဆွေ…ဝူ..ဝူးးး တွမ်းးတီ..ချမ်နီးးးရီးးစွတ်…

      • ကေဇီ

        April 22, 2014 at 1:57 pm

        ဟမ်?
        ဒါ က စီလုပ် သီချင်းလားးး
        ဒါလည်း ရတာပဲလားးး??
        အာ့ဆို တရုပ်ဟင်း လေးပါ ချက်ပေးပါ။
        နောက်တစ်ခေါက်။
        😀

      • Ma Ma

        April 22, 2014 at 4:42 pm

        ကုလားသီချင်းတုန်းကတော့ ဘာမှန်းမသိလို့ ခုတော့ ဂယ်ကြီးကို ဆိုနေတာကိုးးးး 😀

        အင်ဂါလန်ကူးမားရ်က ကုလားလို စမ်းစမ်း တရုတ်လို စမ်းစမ်း ကျွမ်းပြီးလို့ သက်သေပြလိုက်တာပေ့ါ။

        သူ့အတွက်လိုအပ်နေတာက ကျောက်စ်လိုမျိုး ချက်ပြီးရင် စားမယ့်သူဖြစ်မယ်။ :kwi:

  • lu lu

    April 21, 2014 at 5:59 pm

    ကေဇီ့ ထမင်းဆိုးမှာအလုပ်လာလျှောက်ပါတော့မယ်
    ကျှမ်းကျင် မှုက အဆင့် ဝုန်း အ ကောင်းဆုံးချက်ပြုတ်တတ်တာက
    ကြက်ဥ မကျက် တကျက် နဲ ့ထမင်း မနူး မနက်
    ငါးအိုးပေါက် ( စပယ် ရှယ်ကပ် ခွာရခက် လို ့မထူးဇာတ်ခင်း )
    ဟီးဟီး ထောက်ခံစာလည်းရှိဒယ် ( စားဖူးသူများရဲ ့ကျိန်ဆဲစာ )

    • ကေဇီ

      April 22, 2014 at 8:54 am

      တကယ်လားးး
      ကြိုဆိုပါတယ်။
      အရင် စားဖိုမှူးတွေဆီမှာ အောက်သက်ကျေအောင် အရင်ကူခိုင်းလိုက်မယ်။
      :mrgreen:

  • surmi

    April 22, 2014 at 10:01 am

    အန် !!!¡¡¡

    သူဂ ဒါဒွေချက်ပြသွားဒေါ့ ကျုပ်ဂ ဘာဒွေချက်ရဒေါ့မတုန်း ဗျ :hee:

    နောက်တာပါ
    အလွန် သိရခဲတဲ့ ချက်ပြုတ်နည်းတွေပါ ။
    သိပ်ကို စိတ်ဝင်စားဖို့ကောင်းသလိုဖတ်ရင်းပြုံးရင်းဟ
    ဖတ်ရင်း ရီရင်း နဲ့ …………………

    • ကေဇီ

      April 22, 2014 at 10:42 am

      ဟီးဟီးးး
      ဘရိုက်တီ ကွတ်ဆာဆာမို့ ချက်နည်း အားဂျီး များဂျီး ရှိမှာပါ။
      ဘယ်တော့ လာမှာတုန်းးး??
      😀

  • kyeemite

    April 22, 2014 at 1:28 pm

    ဘာတွေပဲချက်ချက် စာဖိုမှုး အင်ဂါလန်ကူးမား(ရ) ရဲ့ကု လား သီ ချင်း တွေ လိုက် ဆို ကြည့် နေ ဒါ
    အားလုံးလိုလို ကြားဖူးနေတယ်…အဲ့ ကုလားကားတွေကောင်းတယ် ကျိလို့ 😛
    ရေးးးးးးးးးး…ဒိုးစသီး…ဟမ်သိုးဟေး…ပြားရင်ဂေး… :loll:
    ဖတ်ရင်းနဲ့ ဟင်းနံ့တွေတောင်ရလာတယ် ဟယ်…
    ဒို့ကတော့…ဘာဝီမှမကြောက်ဘူးကွ..ကုလားဟင်းတွေကြိုက်တယ် 😀

    • ကေဇီ

      April 22, 2014 at 1:35 pm

      သများလည်း အဲဒီ အစားအသောက်သိပ်ကြိုက်တာ။
      အဲလေ။
      သများ မကြိုက်တဲ့ အစားအသောက်က ခပ်ရှားရှားပါ။
      :mrgreenn:

  • ဘဆွေ

    April 22, 2014 at 1:40 pm

    ကိုမိုက်လဲ….အလာကြီးပါလား…
    ကုလားဟင်းကတော့..အနံ့ရတာ နဲ့တင် သွားရည်ကျစရာကောင်းတယ်…
    ကြက်သားပလာတာ ကို…ဟို ကြက်ဆင်းရဲသားနဲ့ချက်စားကြည့် …ပိုလိုက်တယ်..ဆွေမျိုးမေ့ကရော..

  • TNA

    April 22, 2014 at 6:16 pm

    ဟယ် ဆွေရယ်။ တကယ့်ကို ဗိုင်းကောင်းကျောက်ဖိပါလားဟယ်။ မယားဝတ်တရားငါးပြား အဲလေ ငါးပါးလဲ ကျေမဲ့ပုံပဲဟဲ့။ ဂယ်ဘဲဆွေရယ်။ ကုလားလေးမှန်းမတိရဒါလေးတခုဘဲဆိုးသွားဒယ်။ အိုးးးးးးးးးးးးးးးဘာပဲဖစ်ဖစ် တဆိုင်လုံးမတွားဒယ်။ အကုန်တော့ စားလို့မရဘူးရယ်။ စစ်စွက်စားရမှာဘဲ။ သူ့ဟာကလူကိုလုပ်ကြံထားဒါဒွေပါဒယ်။ :sar: :mrgreen:

    • ကေဇီ

      April 22, 2014 at 6:45 pm

      ဟိ။
      ယောက်ခမွ ဒီ စားဖိုမှူးကို လုပ်ကြံတယ်ပြောရင် နောက်တစ်ပတ် စားဖိုမှူး အသစ်ကျမှ စောင့်ကြည့်ပါဦးးး
      ခုခိ ခုခိ

      :mrgreen:

    • ဘဆွေ

      April 24, 2014 at 4:55 am

      ပြောပြပလိုက် စမ်းပါ မွသဲရယ်..သင်းတို့ ……မုဆိုးတစ်ပိုင်း..သူတို့ ့ တစ်လုံး…ပါဆယ် ပါ တစ်စိတ် ဆွဲတဲ့ …
      ရွာထဲက…မဟာ အိတ်ထိယ ကြီးဒေကို…အလိမ်မာ အ်ိမ်ပါ လေးပါလို့ …အဝတ်လျှော.်မီးပူထိုး. ကြမ်းတိုက် အချုပ်အလုပ် အပြင်..အလုပ်ပြန်လာ ရင်အညောင်းပြေ ဇက်ကြောဆွဲ အနှိပ်အနင်းလေးပါရသေးတယ်..လို့..ပျင်းရင်..သီချင်းပါ ဆိုသိပ် အုန်းးးးးမှာာာာာ…

      • TNA

        April 25, 2014 at 7:39 pm

        အူတက်လို့သေတော့မယ်။ မျက်ရည်တွေတောင်ထွက်တယ်ဟယ်။ ပြောလဲပြောတတ်ကြပါပေ့။

  • weiwei

    April 22, 2014 at 6:23 pm

    ထမင်းဆိုင်အတွက် အခု စာဖိုမှူးကို ပင်တိုင်ငှားလိုက်ပါတော့ဗျို့ ….

    အင်ဒီယန်းဟင်းတွေက ဒီလိုရေးပြရုံနဲ့ လိုက်ချက်ဖို့မလွယ်လို့ သင်တန်းဖွင့်ပါလားဟင် …. ဒါမှမဟုတ် တစ်ခါလောက် ချက်ပြပါလား (တစ်ရွာလုံး လာစားရအောင်) …

    • ကေဇီ

      April 22, 2014 at 6:43 pm

      နာ့ ဝေ လာပြီ။
      အရင်စားဖိုမှူးတွေ ထောက်ခံရင် အလုပ်ခန့်လိုက်တော့မယ်နော်။
      တစ်ခုရှိတာက သူချက်တာ မကောင်းရင်တောင် ဘီယာတိုက်ရမယ်ဆိုတော့….
      :s:

  • alinsett (gazette)

    April 23, 2014 at 7:40 am

    ကြက်အလုပ်သမားဟင်း ကြက်ကူလီဟင်းဆိုတာ မစားဖူးဘူး
    စားဂျင်တယ်

    🙂

    • ကေဇီ

      April 23, 2014 at 9:22 am

      တောကြက်နဲ့ ဆို ပိုစားကောင်းးးး

      😀

  • ဗုံဗုံ

    April 23, 2014 at 10:05 am

    ဒီဆိုင်မှာ လာစားတဲ့သူတွေက
    ဆာရီခြုံပြီး လာရမှာလားဟင်င်င် :mrgreen:
    အူစုံ အသည်းစုံ နဲ့ စာဖိုမှုးတစ်ပွဲလောက်…
    အဲ…. ဒုတ်ထိုးတစ်ပွဲလောက်…… :mrgreen: :mrgreen:

  • ကေဇီ

    April 23, 2014 at 11:12 am

    သူ က ပုလင်းပြခေါ် ရင်ကို လိုက်တယ်တဲ့။
    သများ စားဖိုမှူးကို ခေါ်ချင်ရင် ပုလင်းနဲ့ ရွေးပါ။
    :mrgreen:

    • ဘဆွေ

      April 24, 2014 at 4:33 am

      ဇီဇီ …ကလည်းနော်..စွတ်လွတ်နေပြန်ဘီ..
      တော်ကြာ ဟို ကပုလင်းလွတ်တွေ အယောင်ပြပြီး..လုပ်ကြံလို့ ခံလိုက်ရဦးမယ်..
      ဟို..အပေါ်က သငယ်မ..
      လိုချင်ရင် ..တစ်တွဲလုံး မှာ မှ ရမယ်(အူစုံ သည်းစုံ ကိုပြောတာ)..ဒါပေမယ့် ဒုတ်နဲ့တော့ အထိုးမခံနိုင်ဘူး..သများ အညှာမခိုင်ဘူး.ခိခိ

  • Iris

    April 23, 2014 at 6:31 pm

    အင်​ဂလန်​ကုမာရ ချက်​တဲ့ဟင်​း​တွေဖတ်​ပြီး ဆြာနီကိုရဲ ဝတ်​ထုထဲက ဟိန်ဒူ ငါးဟင်​းချက်​​လေး သား​ရေကျပြီးလိုက်​ချက်​ပါတယ်​။စားမ​ကောင်​းဘူး။ စာအုပ်​ထဲမှာဖတ်​တဲ့ အရသာနဲ့ကိုယ်​တိုင်​ချက်​တာနဲ့ကွာတယ်​။ ခုလည်​း လိုက်​ချက်​​တော့ဘူး။ဒီမှာပဲ သား​ရေကျသွား​တော့မယ်​။ 😀

  • ဘဆွေ

    April 24, 2014 at 4:23 am

    အိုင်းရစ်ရယ်..ချက်ကြည့်စမ်းပါ..အချိုမှုန့်တော့ထည့် မကောင်းရင် တစ်သက်လုံးကျွန်ခံ မယ်..ဘီယာလေးဝအောင်တိုက် ..ပေါ်တာလေးတွေဝယ်ပေး..တိုက်နဲ့ ကားနဲ့ ဖြစ်သလိုသာ ထားရာနေပါ့မယ်..

  • ကေဇီ

    April 24, 2014 at 5:22 am

    ကတောက်!!!
    နာ့ ထမင်းဆိုုင် လာချက်တာ ဒင်းးး အစွံ ထုုတ်ဖိုု့ ဖြစ်နေပါ့ ပေါ့လားးးးးးး

    :mrgreen:

  • ဘဆွေ

    April 24, 2014 at 5:31 am

    ကြုံတုန်းလေးလုပ်ရတာပါဇီဇီရယ်..စိတ်မကွက်ပါနဲ့..ဟိ

  • Foreign Resident

    April 24, 2014 at 6:44 am

    ဟိုတစ်ခါ ကြက်ဥ ဟင်းတွေ ချက်ပြကတည်းက ၊
    ဆယ့်တစ်ယောက် တစ်ယောက် အဘဆွေ ကို လေးစားနေမိတာ ။
    အခုတော့ ပိုတောင် အထင်ကြီးမိသွားပြီ ။

  • ဘဆွေ

    April 24, 2014 at 7:06 am

    အဘဖောဆီက ပြန်ပြီး ပညာယူ မလို့ အိုက်လိုပိတ် မပြောနဲ့..
    ဘယ်တော့ပြန်လာမှာလဲ ဘဖော တွေ့ မယ် ဒီတခေါက်..

    • Foreign Resident

      April 24, 2014 at 12:32 pm

      အဘ ဆွေရေ ။
      ဇူလိုင် လဆန်းလို့ မှန်းတာဘဲ ။ ဂဇက်ပွဲကို လာနိုင်ဖို့ချိန်ထားတာလေ ။
      အဘ ဆွေ ရန်ကုန်မှာရှိရင်တော့ တွေ့ကြတာပေါ့ ။

  • Iris

    April 24, 2014 at 11:11 am

    အဘ​ဆွေ ချက်​တဲ့ဟင်​း​တွေ အရမ်​း​ကောင်​းပါတယ်​။အချိုမှန်​့​တော့ မသုံးပါရ​စေနဲ့။ ကျွန်​လည်​းမခံပါနဲ့။ စရိတ်​မတတ်​နိုင်​လို့။:-D

    • ကေဇီ

      April 24, 2014 at 11:25 am

      ဟယ်။
      သများ စားဖိုမှူးလေးက ဘီယာလေးပဲ သောက်တာကို အိုင်းရစ်က အဲလိုပြောရက်တယ်။
      :hint:

      တော်ပီ။ ဟို အူစုံအသဲစုံမှာတဲ့ မန်းလေးသူပေးတဲ့ ပုလင်း (အလွတ်မဟုတ်) နဲ့ပဲ လဲတော့မယ်။
      :mrgreen:

      • ဗုံဗုံ

        April 24, 2014 at 4:29 pm

        ကဲ ..ဆွေ..ကြားဒယ်နော်….. အထုပ်ပြင်ထား……
        ချိန်မပူဘာနဲ့လေ…..
        ကိုယ့်ပုလင်းက အလွတ်မဟုတ်ရပါဘူး.. ရေနံဆီတွေ အပြည့်နဲ့ပါ. :mrgreen:
        ဒါနဲ့…. ၁၁ ယောက် ၁ ယောက်ဆိုတော့..ဆွေက..အသည်းဒွေ အူဒွေ စုံပါအူးမလား..
        ဖျား..ဖျား……. :mrgreen:

  • Iris

    April 24, 2014 at 8:02 pm

    ​ကေဇီ က​ ​ဘီရာပဲမြင်​တာကိုး။ ​ပေါ်တာဝယ်​ခိုင်​း​နေလို့ မီးမှာ ကားလည်​းရှိဘူး။ အမ်​အာတီ နဲ့ စာရွက်​​တွေရှုပ်​ပွ​နေတဲ့ အလုပ်​စားပွဲ ပဲပိုင်​တာ။ အဲ့​လိုစရိတ်​ကြီးတဲ့ အိန်​ဒီးယမ်​း ဟင်း ​မစား​တော့ပါဘူးကွယ်​။

    • ROssI

      April 24, 2014 at 8:43 pm

      မီးတဲ့ … နုနေဒါ နုနေဒါ ..တူဂ …
      အေးလေ…။
      နုနိုင်သူဒွေ နုဂျဘာဇီ တော်…

  • ဦးကျောက်ခဲ

    April 24, 2014 at 10:06 pm

    ဆွေ ဒါပဲနော် ၊ ဟင်းချက်ကောင်းတယ်ဆိုပြီး မားကိုပစ်သွားရင်…
    မားယွဲတို့ ဟိုဘလက်ကော်ဖီကြီးတို့ ကိုဂျီးမိုက်တို့နဲ့အတူ စက်တိုင်တက်ပလိုက်မယ်…
    ကျန်တဲ့ ကိုရင်ဆာတို့ ကိုမတ်တို့ ကိုဂျီးနိုတို့ မိဂီတို့ အန်စရာတို့ အာဂတို့က အမှူတွဲလေ…
    ခင်ဗျား… ဒဂယ်လည်း ဟင်းချက်မကျွေးသွားဘူး…
    ဟိ… သူ့ချစ်ကြွေးတွေက ပြေ မပြေနိုင်ဘူး…
    😀

    • ဘဆွေ

      April 25, 2014 at 4:02 am

      မားကျောက်ရယ်…ပစ်နိုင်ပါ့မလား ဒီလေက် ချစ်ဖို့ကောင်းတဲ့ မားတွေကို
      သများ က ဟင်းချက်ပြီး သငယ်ထောင် ကြည့်တာ …
      မိန်းမရှာမရတော့ ယောက်ျား လေးများ ရလိုရညား

  • padonmar

    April 25, 2014 at 1:28 am

    ဂျပန်မှာ ဒယ်ကိုင်လာတဲ့ မောင်လေးတယောက်က ပြန်ရောက်ကတည်းက အမတို့ကို ဘယ်ဟင်းဘယ်လိုချက်ကျွေးမယ်ဆိုပြီး ပါးစပ်နဲ့ချက်ကျွေးလိုက်တာ ၁ဝနှစ်ရှိပြီ၊သူ့လက်ရာ တခါမှမစားရသေးဘူး။
    အဲတော့ ပါးစပ်နဲ့ ချက်ကျွေးတာမျိုးတော့ ရိုးဟိုးဟိုး…နေပြီ။
    တကယ် လက်တွေ့ချက်ပြမှ။

Leave a Reply