ကိုယ်လျှောက်သော ခရောင်းလမ်း ( အပိုင်း ၆ )

166431_171635209540514_6059203_n

 

..ဖျားတာလဲ အကြာကြီးဘဲ..။
ထမင်းမာမာလဲ စားရတာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ ့ဆန်ပြုတ်နဲ ့ဘဲ စားရတာ..။ အသည်းရောင်
အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။
မစားနဲ ့ဆိုလဲ မစားဘူးပေါ့လေ.။
အဲဒီအချိန်တွေကစပြီး အဖော်မဲ ့သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမဝမ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။
ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို ့ပြောင်းသွားရတာ ချို ့တဲ ့လို ့ သူများစေရာ ပြောင်းရတာ….
ငြင်းလို ့မရဘူးတဲ ့..
ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ ့တွေကို ညှာတာရမယ်တဲ ့…
ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်..
“ ပစ္စည်းမဲ ့တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။
စိတ်လဲ ဝင်စားမိတယ်.
ဦးလေးပြောသလိုဆို ကျနော်တို ့ပါတ်ဝန်းကျင်မှာတင်..ဆင်းရဲသားတွေ အများကြီးဘဲ..။
ကျနော့်သူငယ်ချင်းမ သေးလီတို ့တောင် ရေခပ်ပြီး အိမ်တကာထည့်ပေးမှ ထမင်းနပ်မှန်တာ..။
သူတို ့နဲ ့ကတော့ ကစားဖော်တွေပေါ့..။
ခုနင်က ပြောသလိုဘဲ ဦးလေးကားမောင်းပြန်လာချိန်တွေမှာ ဦးလေးကို လမ်းမက ထိုင်စောင့်ရင်စောင့်
ဒါမှမဟုတ် အိမ်ရှေ ့က ခုံတန်းလေးမှာ စောင့်ချင်စောင့်ပေါ့..။ ဦးလေးလာရင်ဦးလေးတို့အိမ်လိုက်သွားတာ..
အဘွားတို ့အိမ်နဲ ့က လှမ်းခေါ်ရင်တောင် ကြားတယ် ..ဟိုမှာလဲ မောင်နှမတွေ ရှိတာဘဲလေ..
ဦးလေးမှာ သား၃ယောက် သမီး ၃ယောက်ရှိတာ..အငယ်ဆုံးသမီးတောင် ကျနော့်ထက် ကြီးတယ်..။
ကျနော်က သူ ့ကို ညီမလေးလို ့ခေါ်တာ..အမှန်က သူ ့အိမ်က အကိုအမတွေက အငယ်ဆုံးမို ့ညီမလေးလို ့ခေါ်တာလေ။အဲဒါ ကိုယ်ကပါ ညီမလေးခေါ်နေတာဘဲ..။
ဒီလိုနေယင်းကနေ ကျနော် ၃ တန်းကျောင်းသားဖြစ်လာတယ်..။
မိဘတွေနဲ ့ခပ်စိမ်းစိမ်းနေပေမယ့် ဦးလေးတွေ အဒေါ်တွေနဲ ့ကတော့ ပိုရင်းနှီးလာတယ်..။
ဦးလေးရဲ ့ကွန်မြူနစ်တွေကလဲ ပိုပြီး ဟောတာတွေ လက်ကွက်စိပ်လာတယ်..။ ဦးလေးကတမျိုး သူ ့သားသမီးတွေဆို မုန် ့ဘို းတွေဘာတွေ သိပ်ပေးလေးပေးထမရှိဘူး.. ညီမလေးက မုန် ့တွေဘာတွေ ညနေဘက် ရုပ်ရှင်ဈေးတန်းမှာ စားချင်ရင် ကျနော့်ကို လာပြီး မုန် ့ဘိုး တောင်းဘိုတိုးတိုးတိတ်တိတ်လာပြောထားတတ်တယ်..။
ဦးလေးပြန်လာရင်တော့…ကျနော်
“ မာမူကြီး.. ညိညီတော့ ပစ္စည်းမဲ ့လူတန်းစားဖြစ်နေပြိီနော်” လို ့ပြောလိုက်တာနဲ ့..
“ သိပ်ရတာပေါ့..ရဲဘော်ရယ်၊ ရော့ကွာ ၅ကျပ်ယူထား..ကြိုက်တာဝယ်စား” ဆိုပြီးပေးလိုက်တာဘဲ..။
အဲလိုဆို ညီမလေးက အံ့တွေ ဩနေလိုက်တာလေ..။ ဟုတ်တယ် ကျနော်တို ့ကျောင်းမုန် ့ဘိုးရတာ တနေ ့မှ တစ်မတ် ပြား၂ဝလောက်ဘဲရတာလေ..။
မုန် ့တွေ ဝယ်စားနေရင်းက ညိမလေးက ချော့မေးတတ်တယ်..
“ညီညီ ခုနက အဖေ့ကို ဘယ်လိုပြောလိုက်တာလဲ..ပိုက်ဆံ အများကြီးပေးတယ်”
“ ညိမလေးကလဲ..ဒါ ကွန်မြူနစ်တွေချင်းဘဲ နားလည်တာဟ..ညီမလေးမသိသေးပါဘူး၊
ညီညီပြောလိုက်တာ ပစ္စည်းမဲ ့လူတန်းစားဖြစ်နေပြီလို ့ပြောလိုက်တာ”
“ အဲလိုပြောရင် မုန် ့ဘိုးရတယ်ပေါ့လေ..”
“ဟုတ်”
“ငါ..ပြောရင်ရောပေးမှာလားမသိ”
“ မနက်ဖြန်ကျ ပြောကြည့်လေ”
“ အေး”
…..
…..
ကျနော်ကွန်မြူနစ်ဆရာအလုပ်ကောင်းလို ့နောက်ရက်ကျ ညိမလေး တုတ်နဲ့ဆော်ခံထိတာဘဲ..
ခါလာကြီးနဲ ့မာမူကြီးလဲ စကားတွေများ ရန်တွေ ဖြစ်ကုန်ရော..
ညီမလေးက ကျနော့်လိုပြောပြီးတောင်းတာကို မာမူကြီးက ရိုက်တာ..ခါလာကြီးကိုလဲ ခလေးကို မုန် ့တွေ
အဝတ်အစားတွေ ဝယ်မကျွေးလား ဝယ်မပေးလားဆို ပြီး မိခင်တာဝန်မကျေတာတွေရော ဘာတွေရော
ရှုပ်နေတာဘဲ..။ ဖြစ်တာက နေ ့လည်ဘက်ကြီး..သတိထားမိတာက မာမူကြီး ကားနားတဲ ့နေ ့….။
ခါလာကြီးက ကျနော့်ကို ညိမလေးနဲ ့အခေါ်ခိုင်းတယ်.. ဒီစကားပြောတာချင်းအတူတူ
ညီမလေးကိုကျဘာလို ့ဆူ၇ရိုက်ရတာလဲ သိချင်လို ့တဲ ့..။
ကျနော်က ညနေလောက်မှ လာမယ်..အခု အထွန်း( ဗိုလ်လကျင်္ာ)နဲ ့အရေးကြီးလို ့သွားမလို ့လို ့ပြော
လိုက်တယ်..။
ညနေစောင်းလောက်ကျမျ မာမူကြီးဆီ ကျနော်သွားတာ..ကျနော်သိတယ်..ဒီအချိန်ဆို မာမူကြီးက
“ ဒီအချိန်ရောက်လာရင်ကွယ်..ကျနော့်စိတ်တွေ ဖောက်ဖောက်လာတယ်” သီချင်းလေးညည်းရင်း
အရက်သောက်နေပြီ။ နည်းနည်းလဲ မြူးနေလောက်ပြိီ..။
“ ခါလာကြိီးးးးး မာမူကြီး..ညီညီ လာပြိီ..”
“ အံ့မလေး….လာပါတော် လာပါ..အကို ့ကိုဘဲစောင့်နေတာပါ..ထမင်းရောစားပြီးပြီလား..စားမှာလား၊
မျှစ်နဲ ့အမဲသားချက်ထားတယ်”
“ ဟန့်အန်း.. မဆာသေးဘူးခါလာကြီး”
ကျနော့်အဒေါ်က ပြုံးပြုံးရွှင်ရွှင်ပါဘဲ..
ကျနော်က မာမူကြီးပေါင်ပေါ်တက်ထိုင်ရင်း…
“ညီမလေးနဲ ့ခေါ်ခိုင်းတယ်ဆို”
“ အေး”
“ ညီညီ..ပြောရင် မုန် ့ဘို းရတယ်ဆိုလို ့နင့် တို ့ညီမလေးပြောတာ နင့်မာမူက ရိုက်တယ်..ညီညီပြောတာနဲ ့ဘာကွာလို ့လဲ”
“ ညီမလေးက ဘယ်လိုပြောလဲ”
“ ငါလဲ နင်မှာထားသလိုဘဲ ပြောတာပေါ့ဟာ..အဖေက ရိုက်တယ်”
“ ညီမလေးက ဘယ်တုန်းက ပြောတာလဲ”
“ နေ ့လည်ကလေ…”
ကျနော်ပြုံးနေတော့ ခါလာကြီးရော ကျန်တဲ ့မောင်နှမတွေရော ကျနော် ဘာပြောမလဲလို ့ စောင့်နေကြတာ။
မာမူကြီးကတော့ အရက်ကလေးမော့လိုက် ပဲလှော်လေးဝါးလိုက်နဲ ့ ကျနော့်ကို မှေးကြည့်နေတာ..
ကျနော်ပြောရခက်တာပေါ့… မာမူကြီး ရှေ ့မှာဆိုတော့..။
အကိုတွေအမတွေကလည်း ပြောပြဘို ့ဝိုင်းပြောနေကြတာ…ညီမလေးကြည့်ရတာလဲ…ပြောတာချင်းက
စကားချင်းတူပြီး ဘာများကွာလို ့ရိုက်ခံရတာလဲ တွေးနေပုံဘဲ..
ကျနော်ကလဲ ပေနေတယ်..ပြောရခက်တာကိုး…
ခါလာကြီးက ချွေးခံအိပ်ထဲ လက်နှိုက်ပြီး..ပြန်ထုတ်လိုက်တော့ ၅ကျပ်တန်တစ်ရွက်။
“ ကဲ..ရော့..ခါလာမုန် ့ဘိုးပေးမယ်..အကုန်မုန် ့ဝယ်စား”
ကျနော်က ခါလာကြီးလက်ထဲက ပိုက်ဆံကို တစ်လှည့် ၊နေ ့တိုင်းရွှေဥတစ်လုံးကျ ဥပေးနေတဲ ့
ကွန်မြူနစ်ရွှေငန်းကြီးကို တစ်လှည့်ကြည့်ရင်းခေါင်းကုတ်နေတာ..။
ကျနော့်အခက်အခဲကို မာမူကြီးက သိနေပုံရတယ်..မျက်ရိပ်ပြလိုက်တယ်..ယူလိုက်ပေါ့..။
အားနာပေမယ့် ပိုက်ဆံ ၅ကျပ်ကို ကျနော် ယူလိုက်တယ်..ပြီးတော့ မာမူကြီးပေါင်ပေါ်က ဆင်းပြီး
ညီမလေး လက်ကို ဆွဲကိုင်ထားလိုက်တယ်..လက်ကို ညိမလေးသိအောင်ဆုပ်ပြီး ညှစ်လိုက်တယ်။
သဘောကတော့ အသင့်ပြင်ပေါ့..။
“ အဲဒီအချိန်မှာ မပြောရဘူး”
“ အောင်မယ်လေးတော်..ဘယ်အချိန်မှာ ပြောရမလဲ ”
“ခါလာကြီးကလဲ…နောက်မှပြောမယ်”
“ ညီညီ..ခါလာပိုက်ဆံလဲ ပေးထားပြီးပြိီနော်”
……
…..
“ အင်းးးမ် .. ပစ္စည်းမဲ ့လူတန်းစားတို ့၊ကွန်မြူနစ်စကားတို ့ပြောချင်ရင်..အမ်းးး”
“ ပြောပါတော့ဟဲ့..တကတည်း”
..
“မာမူကြိီးမူးနေတုန်းပြောရတယ်..အဲဒါမုန် ့ဘိုးရတယ်..”
“ဟမ်….”
ကျနော့်စကားလဲ ဆုံးရော မာမူကြီး အံ့အားသင့်သွားတဲ ့ဟမ် ကတော်တော်ကျယ်တယ်..
“ ညီညီ..ရဲဘော် မင်းသစ္စာဖောက်…မင်း ဖောက်ပြန်တဲ ့လူတန်းစား…မင်းကို
ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ ့ဆုံးမမယ်ဟေ့” ဆိုပြီး အတင်းလိုက်ဖမ်းတော့တာဘဲ..။
မာမူကြီး ထလိုက်တာနဲ ့ကျနော်က ညိမလေးလက်ဆွဲပြီးပြေးတာ ခြံဝတောင် ရောက်နေပြီ..
ကျနော်ပြေးမှာ ရုပ်ရှင်ဈေးတန်းပေါ့..ညီမလေးကို မုန် ့ဝယ်ကျွေးရမှာလေ..။
အဲလို နဲ ့ကိုယ့်ဘဝလေး ငိုလိုက်ပျော်လိုက်နေလာရာကနေ …လုံးဝ မထင်မှတ်ထားတဲ ့ ထောင့်လေးတစ်ခုကနေ ချစ်ပါတယ် ဆိုသူတွေရဲ ့ စိတ်ကို မယုံနိုင်လောက်အောင် တွေ ့ရတာပါဘဲ..

တစ်ရက် ကျောင်းကနေ ထမင်းစားချိန်ဆင်းပြီး အိမ်ရောက်တာနဲ ့ ထမင်းစားတော့မယ် အဘူလို ့ပြောတော့ အဒေါ် တစ်ယောက်က နင်ထမင်းမစားနဲ ့ ဒီလာခဲ့ဦးလို ့ ခေါ်ပါတယ်..
အဘူကို ကြည့်တော့ မျက်နှာသိပ်မကောင်းပါဘူး…
ကိုယ်ကလဲ ဗိုက်ကဆာနေပေမယ့် ကိုယ်ချစ်တဲ့ အဒေါ်ခေါ်တော့ လဲ သွားတာပေါ့..
အိမ်ရှေ ့စားပွဲမှာ အမေကြီးရယ် အဒေါ် ၄ ယောက်ရယ် မမရယ် ..ရှိနေတယ်.. အဒေါ်က..လေသံမာမာနဲ ့
“ လာ..ဒီမှာထိုင် ”
“ ကဲ ..နင့်ကိုမေးမယ်..ငါမနက်က နင်နဲ့အတူ မျက်နှာသစ်ရင်း ငါ့လက်စွပ်ကို ခဏချွှတ်ပြီး စဉ့်အိုး နှုတ်ခမ်းပေါ်တင်မိရာက ပျောက်သွားတယ် ..နင်ခိုးတာမဟူတ်လား”
ရုတ်တရက် စနေတယ် ထင်ပေမယ့် မဟုတ်ပါဘူး….မျက်နှာတွေက ကြောက်စရာကောင်းနေတော့
“ ခါလာ..ကျနော် မယူဘူးလေ..ဘာဖြစ်လို ့ ယူရမှာလဲ ..ကိုယ့်အဒေါ် လက်စွပ်ကို ”
“ ဟဲ့…နင်ကလွဲလို ့ ဘယ်သူမှ မရှိဘူး ..ပေး လက်စွပ်” တဲ့…။
မယူပါဘူးလို ့ ရှင်းပြပေမယ့် မမရဲ ့အမေက ထန်းဖလပ် ယပ်တောင်နဲ ့ လက်တွေကို ရိုက်ပြိး စစ်တယ်..
နာပေမယ့် ကိုယ်မယူတော့ ဝန်မခံပါဘူး…
နောက် ကျန်တဲ့ အဒေါ်၂ယောက်ပါ ဝိုင်းရိုက်တဲ့အခါ အမေကြီးတနဲ ့အဘူ တားပါသေးတယ်..
မရပါဘူး…ရိုက်လိုက်ကြတာ…လက်ဖဝါးလေးတွေ နာလွန်းလို ့ တဆတ်ဆတ်တုန်နေတာဘဲ…
မမက ဘာမှ ဝင်မပြောရဲတော့ ငိုနေတယ်….
ထပ်စစ်…ထပ်မေး …
မယူပါဘူးထပ်ငြင်းတော့ အဒေါ်က ရက်ရက်စက်စက် လက်ဝါးကို အပ်နဲ ့ဆွ တယ် ထိုးတယ်…
နာလိုက်တာ …
နာလိုက်တာ…. အဒေါ်ရယ် လုပ်ရက်လိုက်တာ…
“ ခါလာ အဲလိုမလုပ်ပါနဲ ့လို ့ တောင်းပန်တော့ ”
ခိုးတုန်းက ခိုးပြီး ခုမျ မငိုနဲ ့တဲ့…..
အရမ်းဝမ်းနည်းတာဘဲ….ကိုယ်ချစ်တဲ့သူတွေ…ကိုယ့်ကို မယုံကြဘူး…
“ ကဲ ပြန်ပေးစမ်း ”
“ ကျနော်မယူပါဘူး….“
အဲလို ငြင်းနေချိန်မှာ မမအမေက လက်ကိုဆွဲယူပြိး လက်ဖဝါးပေါ်ကို သူသောက်နေတဲ့…အညာပြောင်းဖူးဖက် ဆေးလိပ်မီးတွေ ချွှေချတော့တာဘဲ…
“အာာာားးးးးးး ပူလိုက်တာ..ပူလိုက်တာ…
မီးနဲ ့ချွှေချလိုက် ထမ်းဖလပ်နဲ ့ရိုက်လိုက် အပ်နဲ့ ဆွလိုက်….
၃ တန်းအရွယ် ခလေးတစ်ယောက်ရဲ ့ အသားတွေ လက်တွေတင်မက အသဲထဲကပါ…နာကျင်ခဲ့တယ်…
ငိုပါများတော့ အသံက မထွက်တော့ပါဘူး…
မျက်နှာတွေ ….မျက်နှာတွေ ..
ချစ်ခဲ့ကြတဲ့ မျက်နှာတွေ…..
စေ့စေ့ကြည့်ရင်း…ရင်တွေ တုန်လာတယ်..ရင်ဘတ်ထဲမှာ အောင့်တက်လာတယ်…
ဘာမှ မပြောတော့ပါဘူး..
ဘာမှ မဖြေရှင်းချင်တော့ပါဘူး….
ဘယ်လောက်ရိုက်ရိုက် အသံထပ်မထွက်တော့ ခေါင်းမာတယ်ဆိုပြီး ထပ်ရိုက်ပါသေးတယ်..
နောက်မှ မမအမျိုးသား ကိုဆွေက ရောက်လာပြီး..
“ ခင်ဗျားတို ့ တော်လောက်ပြီ..ညီညီက ခင်ဗျားတို ့ မွေးထားတဲ့ တူမဟုတ်ဘူးလား“
ဒေါသ တစ်ကြီးနဲ ့ ကိုဆွေက ပြောပြီး အပြင်ခေါ်ထုတ်သွားခဲ့တယ်…
နောက်မှ ညီမလေးပြေးခေါ်လာလို ့ မာမူဦးဟန်ရောက်လာပြီး…
သူ ့အမတွေ ညီမတွေကို ကျိန်းဝါး့ပြီး ကျနော့်ကို သူ ့အိမ်က်ိုခေါ်သွားခဲ့တယ်…
ဟိုရောက်မှ ကျန်တဲ့ အမဝမ်းကွဲတွေက ဆေးထည့်ပေးတယ်..
ရှိုက်ငိုနေတဲ့ ကျနော်ဆီကို မာမူကြီး ရောက်လာတော့ မာမူကြီးကို ဖက်ငိုမိတော့တယ်..
အဲလို ဖက်ငိုနေတဲ့ ခလေးတစ်ယောက်ရဲ ့ စိတ်ထဲမှာ တွေးနေတာက လူတေါဘယ်လောက်ချစ်တယ်ပြောပြော….
“ သူတို ့ ပစ္စည်းဥစ္စာ ရွှေ ငွေ နဲ ့ ယှဉ်လာရင် ချစ်တဲ့စိတ်တွေ ပျောက်သွားတာဘဲ ” လို ့တွေးနေခဲ့တယ်…
အဲလို တွေးနေရင်းနဲ ့မှ အတွေးတစ်ခုဟာ ခေါင်းထဲကို နက်နက်နဲနဲ စွဲဝင်သွားခဲ့တော့တယ်..
မာမူကြီး ပြောနေကျ…..
“ ပစ္စည်းမဲ့ ဝါဒ နဲ ့ ပစ္စည်းမဲ့ တော်လှန်ရေး ”
“ ဘူဇွာ မုန်းတီးရေး….ဝါဒ ”
…..
…..
အရွယ်နဲ ့မမျှအောင် ခံခဲ့ရတဲ ့ နှလုံးသားက တစစ်စစ် နာတတ်လာခဲ့တယ်..။

 

ဆက်ပါဦးမယ်

ခေါင်

 

34 comments

  • kai

    April 15, 2014 at 3:42 am

    မြန်မာပြည်ရဲ့..အသက်အငယ်ဆုံး.. (သဘောတရားနားလည်သွားတဲ့..) ကွန်မြူနစ်ကြီးပေါ့လေ..။ :buu:

    ပြောသာပြောတာ..
    မြန်မာပြည်မယ်.. ကွန်ုမြူနစ်က.. ညာအစွန်းဘာသာရေးအစွန်းရောက်ဓလေ့တွေကို .. ချိန်ခွင့်လျှာညှိဖို့ရာ…. ဘယ်တဖက်အစွန်းနင်းပေါ်လာရတာဖြစ်ပြီး.. သူတို့ကြောင့်ပဲ..မြန်မာပြည်ဟာ.. အမိုက်မှောင်ထဲလုံးလုံးမကျခဲ့တာလို့.. တွေးနေမိဖူးတယ်..။

    “ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်”ဆိုတာ.. ထေရဝါဒအပေါ်.. ပြောတဲ့.. ကွန်မြူနစ်တို့စကားပဲ..။
    သားသားကြိုက်ကြိုက်… :mrgreen:

    • ကေဇီ

      April 15, 2014 at 9:37 pm

      ခိုုင်မြူနစ် = တဂျီးးးအစ်ဇင်
      :mrgreen:

    • ကျော်စွာခေါင်

      April 16, 2014 at 2:15 am

      သူကြီးရေ
      အားပေးတာကျေးဇူးပါဗျာ…
      ကျနော်လဲ ကြာကြာတော့ မနစ်လိုက်ရပါဘူး….
      အချိန်အခါက လမ်းကြောင်းတွေ ပြောင်းပေးသွားတာပါဘဲ…။

  • YUYA MON

    April 15, 2014 at 3:59 am

    OMG!!!! CRAZY FAMILY~~~~SO SCARE….

  • snow smile

    April 15, 2014 at 6:17 am

    အော် ဖြစ် မှ ဖြစ် ရ လေ
    ခ လေး လေး ကို

    • ကျော်စွာခေါင်

      April 16, 2014 at 3:01 am

      မစနိုးရေ…
      ကျနော့်လို ခလေးတွေ အများကြီး…။

  • MAUNG

    April 15, 2014 at 8:24 am

    ဘုရား ဘုရား …ကလေး တစ်ယောက် ကို အဲဒီလောက် တောင်နှိပ်စက်ရတယ် လို့။

    အနား မှာရှိရင် ထ ထိုးမိမှာ သေချာတယ် (ဆောရီး ကိုကြီး ကျော်၊ ကျွန်တော် ဘယ် သူ့ကိုမှ စော်ကား လိုစိတ် မရှိပေ မဲ့ ကိုယ်တိုင် ငယ်ငယ် က အရမ်း အရိုက်ခံရ လို့ လား မသိ ဘူး ၊ ကျွန်တော့ ပါတ်ဝန်းကျင် မှာ ကလေး တွေ ငိုနေရင် ၊ abuse အလုပ်ခံ နေရရင် ရင်ဘတ် ထဲ က အနာဟောင်း တွေ ပြန်ပေါ်လာ ပြီး အရမ်းစိတ်ဆိုး တယ် ၊ လူသတ်ချင် တဲ့ အထိ ဘဲ ။ အဲဒါ ကြောင့်လဲ သူများ တွေ နဲ့ခဏ ခဏ စကားများ ရတယ်)

    ရ မျှော်နေတယ် ကိုကြီးကျော်

    ခင်မင်လေးစားစွာဖြင့်

    • ကျော်စွာခေါင်

      April 16, 2014 at 3:04 am

      ကိုမောင်..
      ရင်ဘတ်ချင်းတူတော့ ပိုပြီး ထိရှလွယ်တာပေါ့…
      ဒါကြောင့် ဘဝပေးအသိအရ ကိုယ်ချင်းစာမှုတွေနဲ ့ ထိုင်းမှာ တော်တော်လေး လုပ်ဖြစ်ခဲ့ပါတယ်..

  • ကေဇီ

    April 15, 2014 at 9:30 am

    ဘယ်လိုပြောရမလဲ ……………………………………….. ခေါင်။
    အကြောင်းအရာသာကွဲမယ်၊ အရွယ်သာ မတူမယ်၊
    ဒီလို စိတ်ဒါဏ်ရာမျိုး ရဖူးတော့ ရင်ထဲနာနေအောင်ကို ကိုယ်ချင်းစာလို့ရပါရဲ့။
    ကျနော်လေ လောကကြီးမှာ ကံကြမ္မာက၊ သဘာဝက၊ လူအချင်းချင်းက ရက်စက်ကြကြေးဆို အရွယ်ရောက်ပြီးသားထက် ကလေးတွေကို သိပ်သနားတာပဲ။

    လူကြီးတွေ မိုက်ပြစ်ကို ကလေးတွေ ခံရရင်လည်း သည်းမခံချင်ဘူးးး

    တကယ်ပါ။ မွသဲ ပြောသလိုပဲ ဒီလို စိတ်ဒဏ်ရာ လူဒဏ်ရာတွေနဲ့ကြားထဲက လမ်းကြောင်းမှန်ပေါ် ရောက်လာနိုင်လို့၊
    အတွေးစောင်းစောင်း အမြင်စောင်းစောင်း လောကကို အရွဲ့တိုက်တတ်တဲ့ သူဖြစ်မသွားနဲ့တင်ကို ကျနော် လေးစားပါတယ်။

    ကျနော် ဒီ အသက်မှာတောင် ကျနော့ကို သက်သေမရှိပဲ စွပ်စွဲခံရရင် ……..
    သူတို့ လက်ထဲ သက်သေနဲ့တကွ ရှိတာတောင် ကျနော့ကို မစွပ်စွဲနိုင်တဲ့ အခြေအနေရောက်အောင် လုပ်ပစ်စမ်းမယ် တို့ ဘာတို့ ခပ်စောင်းစောင်းတွေ ဖြစ်ဖြစ်သွားသေးတယ်။

    • ကျော်စွာခေါင်

      April 16, 2014 at 3:07 am

      ကေဇီ ရေ
      အဲလို စိတ်တွေ ဝင်ခဲ့တာတော့ မှန်ပါတယ်..
      ဒါပေမယ့်…ကျနော့် ဘဝကို တစ်ခြားလမ်းပြမှုတွေက ထိမ်းကြောင်းပေးသွားတာပါဘဲ..။
      ကိုယ်ချင်းစာတတ်မှုတွေ အတွက်ကတော့ ကျေးဇူးပါလို ့ ပြောစကားလေးနဲ ့ မလုံလောက်ပါဘူး ..
      နားလည်မှာပါလေ…။

  • padonmar

    April 15, 2014 at 9:53 am

    ဒီလောက်တောင် ဆိုးတဲ့ နှိပ်စက်မှုမျိုး ခံခဲ့ရတယ်လား ခေါင်ရယ်။
    ဖတ်ရတာတောင် ကိုယ့်လက်တွေပါ နာလာသလိုပဲ.
    ဒီလို ရက်စက်မှုဟာ ဘယ်ဘာသာရေးကြောင့်မှမဟုတ်ပဲ
    လူတွေရဲ့ လောဘနဲ့ ဒေါသကြောင့် ဖြစ်ရတာပါပဲ..

    • ကေဇီ

      April 15, 2014 at 11:09 am

      ဒီလို နှိပ်စက်မှုမျိုးဆိုတာ ကံကြမ္မာ အရ ကြုံရတတ်တယ် ဆိုပေမဲ့
      ကိုယ့်ကို ချစ်တယ်လို့ သိထား ထင်ထားတဲ့သူတွေက ဒီလိုရက်စက်နိုင်တယ် ဆိုတဲ့ အသိက တုန်လှုပ်မှုက ပိုဆိုးပါတယ်။

      ကံမကောင်းရင် ချစ်ခြင်းမေတ္တာ ဆိုတဲ့ အပေါ်မှာ မယုံကြည်တဲ့ စိတ်ရိုင်းဝင်သွားနိုင်သေးတယ်။

      😥

    • ကျော်စွာခေါင်

      April 16, 2014 at 3:09 am

      မမမာ
      ဟုတ်ပါတယ်..
      ဘာသာရေးထက် လူ ့ရဲ ့ပင်ကိုယ်စိတ်က ပိုအရေးကြီးတာပါဘဲ..။

  • Crystalline

    April 15, 2014 at 11:10 am

    အဲဒါမျိုးတွေဖတ်ရတော့…. အိမ်စောင့်ပါလို့ သေချာမှာထားရက်နဲ့ သူများတွေကစားတာမြင်တော့ အိမ်တံခါးမပိတ်ဘဲ အိမ်နဲ့ အဝေးကြီးမှာသွားဆော့နေလို့အရိုက်ခံရတာကို အခုထိ မမေ့သေးတာ..
    အသက် ၁ဝနှစ်ကျော်ကွာတဲ့ အစ်ကိုအငယ်ဆုံးနဲ့ရန်ဖြစ်ပြီး… သူက ၁၆နှစ်လောက်.. ကိုယ်က ငါးနှစ်.. အဖေအမေမရှိတုန်း…ကိုယ့်ပခုံးကိုဆွဲခါပြီး ခြေထောက်ကဇောက်ထိုး ဆွဲပြီး အိမ်ပေါ်ကပစ်ချမယ်ဆိုပြီး ခြောက်တာကိုစိတ်ဆိုးပြီး.. သူ့ကို ကြီးသည်အထိ အမှတ်ထား.. အစ်ကိုစရင်းမသွင်းတော့တာ.. ဆော့တဲ့ စကားများတဲ့အထဲကိုယ်မပါဘဲ… သူဌေးသား ကျောင်းသားသစ်တစ်ယောက်ကလွဲပြီး တစ်တန်းလုံးခုံပေါ်တက်မတ်တတ်ရပ်ခိုင်းတဲ့ဆရာမကို စကားလုံးဝမပြောတော့တာတွေပြန်တွေးမိပြီး.. ရှက်ထှာ… :((

    • ကျော်စွာခေါင်

      April 16, 2014 at 3:10 am

      မနော်..
      တစ်ကယ်က မနော် ရှက်စရာ မလိုပါဘူးလေ..
      လုပ်ရပ်မမှန်တဲ ့သူက ရှက်ရမှာပါ..။

  • TNA

    April 15, 2014 at 3:47 pm

    ရင်နာလိုက်တာ။ ဒီလိုတွေဘာ့ကြောင့်ဖြစ်ရတာလဲ။ တွေးမရဘူး။ ဖူးဖူးမှုတ်ချစ်တားပါလျှက်နဲ့ ရုတ်တရက်ကြီးပြောင်းလဲသွားတာ ဘာ့ကြောင့်လဲ။ အံ့ဩမိတယ်။

    • ကျော်စွာခေါင်

      April 16, 2014 at 3:12 am

      မနုအေး…
      လူတွေရဲ ့စိတ်ပေါ့…
      လု ့စိတ်ဆိုတာ ပြောင်းလဲ တတ်တယ် ဆိုတာလေးကို သင်္ခန်းစာ ကြမ်းကြမ်းလေးနဲ ့ သင်ပေးလိုက်တာပေါ့။

      • TNA

        April 16, 2014 at 7:17 pm

        ဟုတ်မယ်ထင်တယ်နော်။ ဘာသာတရားကြောင့်ပဲလားလို့တော့ မစွပ်စွဲချင်ပါဘူးလေ။ ဘယ်ဘာသာမဆို လောဘမထိန်းနိုင်ရင် ဖြစ်ပျက်တာတွေက အတူတူမို့ လူ့စိတ်နဲ့သာဆိုင်မယ် လို့ထင်ပါတယ်လေ။ စိတ်တော့တကယ်မကောင်းဘူးရယ်။ သနားလိုက်တာ အဲ့ကလေးလေးကို။

  • Iris

    April 15, 2014 at 8:14 pm

    ဦးခေါင်ကလည်း တရုပ်ကားတွေအတိုင်းပဲ။ အပိုင်းဆက်တွေများလိုက်တာ။ မေမေ ဆို ကျမ ကိုခြေထောက်ကနေ ဆွဲမြှောက် ပြီး ရေတိုင်ကီထည်းခေါင်းနှစ်ဖူးတယ်။အချစ်ကအသားအရောင်လည်းခွဲခြားတယ်ဆိုတာငယ်ငယ်တည်းကနားလည်ခဲ့တယ်။ညီမ အရင်းထက် ဝမ်းကွဲတွေကိုပိုဦးစားပေးတဲ့ အစ်ကိုလည်းရှိတယ်။ဆွေမျိုးတွေရဲ့ခွဲခြားဆက်ဆံခြင်းခံရလေ သူငယ်ချင်းတွေကိုပိုခင်တွယ်လေပါပဲ။

    • ကေဇီ

      April 15, 2014 at 9:20 pm

      ပြောပေါက် မှန်းးးရတာ လေးးလေးးကြည် ထင်ပါ့
      :kwi:

    • ကျော်စွာခေါင်

      April 16, 2014 at 3:14 am

      Iris ရေ
      ကိုယ်ချင်းစာပါတယ်..
      နောက်အပိုင်းတွေလဲ အားပေးပါ…
      နည်းနည်း နားပြီး အရှိန်ယူနေရတာ…
      ရေးချနေရင်းတောင် မျက်စေ့ထဲ ပြန်မြင်ပြီး….ရင်ထဲက နာလာတာ..။

  • ဘဆွေ

    April 16, 2014 at 1:32 am

    ကို ခေါင်ရေ…
    ဇာတ်လမ်းကို အပြီးအထိ မြန်မြန် ဖတ်ချင် မိတယ်ဆိုရင် စိတ်မဆိုးပါနဲ့ နော်..
    မချင့်မရဲ ဖြစ်ရလွန်းလို့ပါ..ကိုယ်နဲ့ ဆင်တူတဲ့နေရာလေးတွေမှာ ရင်နင့်အောင် ခံစားပြီး ..မတူတဲ့နေရာတွေမှာ ထပ်တူထပ်မျှ ခံစားသွားပါတယ်…

    • ကျော်စွာခေါင်

      April 16, 2014 at 3:17 am

      ကိုဆွေ…
      ကျနော် ကိုဆွေရဲ ့ပို ့စ်မှာ ဘဆွေလို ့ရေးတာ အဘဆွေလို ့ ဆိုလိုချင်တာနော်..
      ခုတော့ ကိုဆွေဘဲ ခေါ်တော့မယ်…
      မြန်မြန်တော့ ဆက်ပါ့မယ်ဗျ….

  • aye.kk

    April 16, 2014 at 1:54 pm

    မေတ္တာတရား
    နည်းပါးရင် အသိတရားတွေပါ
    ခေါင်းပါးကုန်တယ်လို ့…ပို ့စ်ကိုဖတ်ပြီး စိတ်မှာခံစားလိုက်ရတယ်။

  • nozomi

    April 18, 2014 at 10:32 pm

    ဇတ်လမ်းကတော့ တဖြည်းဖြည်း မြင့်လာလေရဲ့
    ဘဝ မှာ ဒါမျိုး မကြုံခဲ့ဘူးတာမို့
    ကြုံခဲ့သူတွေ အတွက် စိတ်မကောင်းဖြစ်မိသလို
    မိဘတွေကိုလဲ ကျေးဇူးတင်မိပါရဲ့
    ဆက်အားပေးနေပါတယ်နော

  • lu lu

    April 19, 2014 at 6:51 pm

    အစက မဖတ်လိုက် ရလို ့စိတ်မ ကောင်းဖြစ်မိတယ်
    ပစ္စည်းဥစ္စာနဲ ့ပတ်သက် လာရင် လူတွေဟာ တကယ်ကြောက်
    စရာကောင်းပါတယ် မောင် နှမ သားအမိ ချင်းတောင် ညာှသာစိတ်ကင်း
    မဲ့သွားကြတယ် အရှက်မရှိကြ တော့ဘူး ။

    နောက်လာမယ့်အခန်းတွေကို စောင့်မျှော်အားပေးသွားပါမယ်

  • ဦးကြောင်ကြီး

    April 21, 2014 at 8:20 am

    လျှောက်တဲ့လမ်း
    ဘောက်မဲ့ကြမ်း
    ကောက်ထည့်စမ်း
    မောက်သဲ့နန်း..

  • Ma Ma

    April 21, 2014 at 5:52 pm

    ခင်မောင်တိုးဆိုထားတဲ့ စိတ်ရောင်စုံ သီချင်းလေးကို သဘောကျတယ်။
    မုန်းတီးမှု၊ နာကျင်ခံစားမှု၊ ဝမ်းနည်းမှုတွေအတွက် ဆိုရင် ဘာအရောင်ဆိုးလဲ မသိဘူး။ :'(

    • flamingo

      April 22, 2014 at 6:59 am

      စိတ်ရောင်စုံက…ခင်မောင်ထူးဆိုတာမဟုတ်ဘူးလား..

      • Ma Ma

        April 22, 2014 at 8:50 am

        ဟုတ်ပါ့။
        ခင်မောင်ထူး ဆိုထားတာ။
        ခင်မောင်တိုးနဲ့ နာမည်ခဏခဏမှားရေးမိတတ်လို့ သတိထားရင်းနဲ့ကို မှားသွားသေးတယ်။ :kwi:

  • Mr. MarGa

    April 23, 2014 at 2:27 pm

    ဖတ် ပြီးတော့
    စကားပုံတွေက အလကားသက်သက် ပေါ်လာတာ မဟုတ်ပါလား ဆိုတာရယ်
    ဘာသာတရားဟာ လူတွေရဲ့ စိတ်ရိုင်းတွေကိ ထိန်းချုပ်ဖို့ ပေါ်ပေါက်လာပါလား ဆိုတာရယ်
    ပို နားလည်လာမိသလိုပဲ
    ဘာသာတရားရဲ့ အဆုံးအမ ကို သေချာ မလိုက်နာနိုင်ကြတဲ့သူတွေ များနေလို့ မရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေသေးတာပါလားနော်…

    တိတ်တိတ်လေး ဝမ်းနည်းတာကို စာနဲ့ဖုံးသွားတဲ့
    ဖားသဂျိုးးး

  • မောင်ဘလိူင်

    April 23, 2014 at 2:53 pm

    တောက်လျှောက် ဖတ်နေပါတယ်.. အစ်ကိုရေ..။
    ဇာတ်နာချက်ကတော့ သာဓု ရဲ့ အတာ တောင် လိုက်မမှီ
    တော့ဘူးဗျာ။

  • kyeemite

    April 28, 2014 at 2:38 pm

    နောက်ကျနေတာ ခွှေးလွှတ်ပါကိုကျော်စွာခေါင်..ကွန်နက်ရှင်ကစုတ်တော့ တော်တော်နဲ့အင်တာနက်ပေါ်
    မရောက်ဘူးဖြစ်နေလို့ပါ…အပိုင်းတိုင်းကို စောင့်ဖတ်နေပါတယ်…

Leave a Reply