ဒီပုတ်​ထဲက ပဲ ဘာပဲလဲမ​မေးနဲ့

naywoon niApril 15, 20141min1518

ညာတာ​တော့ ညာတာပါပဲ
နား​ထောင်​​နေတဲ့သူ​တွေကလည်​း
အားနာလို့ ယုံကြည်​ချင်​​ယောင်​​ဆောင်​​နေ​ပေးသတဲ့
ကဲ ဘယ်​​ကောင်​းတဲ့ လိုက်​​လျောညီ​ထွေမှုပါလဲ …….။
အဲ့ဒိလို လူ​နေမှု စရိုက်​​အောက်​မှာ
ကြီးပြင်​းလာသူ​တွေဟာ
​နောင်​တစ်​ချိန်​မှာ
ညာသူ​တွေဖြစ်​ချင်​ဖြစ်​
ညာသူ​တွေမဖြစ်​ရင်​
အားနာလို့ယုံကြည်​ချင်​ဟန်​​ဆောင်​သူ​တွေ ဖြစ်​မှာ မလွဲ ….။
ကဲ ဘယ်​မလဲ
တိုးတက်​မှု ????? ။
​ရှေ့ကနွားကမှ ​ဖြောင်​့​ဖြောင်​့မသွား
​နောက်​လှည်​းဘီ း အပြစ်​တင်​​နေလို့​တော့ အပိုပါပဲ ….။

​နေဝန်​းနီ

8 comments

  • black chaw

    April 15, 2014 at 9:27 pm

    အင်း…ကိုနေကြီးရေ။
    နွား ဆိုလို ့…
    ဆရာ မောင်အောင် ပွင့် ကဗျာထဲက
    နွားတွေက ဦးဆောင်နေတာလား
    လူတွေက ဦးဆောင်နေတာလား
    ဆိုတာလေးသွားသတိရမိတယ် ဗျာ။

  • ကေဇီ

    April 15, 2014 at 9:44 pm

    ပဲပိုုးထိုုး ပဲပိုုးကိုုက် တွေချည်းပဲ ဆရာနီရဲ့
    :hint:

  • naywoon ni

    April 15, 2014 at 10:25 pm

    အဲ့ ပိုးထိုး ပိုးကိုက်​​တွေထဲ ကျုပ်​တို့ မပါ​စေရဘူး
    အပိုအရှုပ်​ ၊ မလိုဖြုတ်​စို့
    ခင်​ဗျားတို့ ၊ကျုပ်​တို့
    အားလုံးသတိ ။
    ဆရာကြီးကို​လေး ( အင်​းဝဂုဏ်​ရည်​) ရဲ့ ကဗျာ​လေးနဲ့ ကိုယ်​ခံအား​ကောင်​း​ကောင်​းနဲ့ ခုခံ​နေရပါတယ်​ ။ မိုးမလင်​းခင်​​တော့ ​ဂေါက်​တယ်​ ​ပြောလဲခံ ရူးတယ်​​ပြောလဲ ခံ ​ပေါ့ ။ မိုးလင်​း​တော့မှ ဘယ်​သူရူးသလဲ ဘယ်​သူ​ဂေါက်​လဲ အ​ဖြေ​ပေါ်ပါလိမ်​့မယ်​ ။ အဖနိုင်​ငံ​တော်​ကြီး​ရေ မြန်​မြန်​ မိုးလင်​းပါ​တော့ဗျာ ……..

  • myanmar oscar

    April 16, 2014 at 12:44 am

    ဘာပဲဖြစ်ဖြစ် ပြုတ်စားလိုက်လို့ကတော့ အားရှိတာပဲ
    ပြုတ်သာပြုတ်ဗျို့

  • Crystalline

    April 16, 2014 at 9:13 am

    နွားဖြောင့်ဖြောင့်မသွားတာ.. လှည်းမောင်းသူညံ့လို့.. နောက်လမ်းမကောင်းလို့… 😀

  • aye.kk

    April 16, 2014 at 1:14 pm

    အရိယာမဖြစ်သေးသရွေ ့
    မကင်းနိုင်ကြတာပုထုစဉ်တွေပါပဲ။

  • lu lu

    April 19, 2014 at 11:28 am

    အခုခေတ်မှာ နွား ကောင် တွေရှားပါးလာတော့
    ထွန်စက်ကိုပဲ အ ကြွေးနဲ ့ဝယ်သုံး နေရလို ့
    ရှေ့ကနွား ဖြောင့်ဖြောင့် မသွားမှာ ပူစရာ မလိုတော့ပါဘူး

Leave a Reply