ဝင်​ကစွပ်​

naywoon niApril 15, 20141min1768

သူတစ်​ပါး ဥ ခွံအ​ဟောင်​းထဲဝင်​ပီး
ဒါ ငါ့ဟာ ဒါ ငါ့ဟာနဲ့
​တွေ့သမျှသူကို လိုက်​ကြွား
သတင်​းစကား​တွေပါးလိုပါးနဲ့
စိတ်​ပျက်​စရာ ဝင်​ကစွပ်​​တွေ​ရေ ။
ဒီအချိန်​​ရောက်​လာရင်​
ကိုယ်​နဲ့​တော်​၏ ။ မ​တော်​၏ ။
ကိုယ်​နဲ့ တန်​၏ ။မတန်​၏ ။ မကြည်​့
မျက်​လုံးကို စုံပိတ်​ထားပြီး
လုပ်​ချင်​တာတစ်​ခုကိုပဲ ​တွေး
ဒီလို ငါလုပ်​လိုက်​လို့ဘာဖြစ်​သွားမလဲဆိုတာကို မစဉ်​းစား
လုပ်​ချင်​တာကိုလုပ်​​တော့ ဝင်​ကစွပ်​​တွေ​ရေ
ငါ​တော့ မင်​းတို့နဲ့ သူတစ်​ပါ့ဥခွံထဲ လိုက်​မဝင်​နိုင်​
​ဘေးကသာထိုင်​လို့စိတ်​ပျက်​​နေ​ လေရဲ့
ဝင်​ကစွပ်​မဟုတ်​တဲ့ ဝင်​ကစွပ်​
ငါမဟုတ်​တဲ့ငါ
သ​ဘောတရားနဲ့ ဘာသာ​ရေး အရှုပ်​အရှင်​းကြားမှာပိတ်​မိ​နေ​လေရဲ့ ………။

​နေဝန်​းနီ

8 comments

  • black chaw

    April 15, 2014 at 9:36 pm

    ဘာကို ဆိုလိုတယ် ဆိုတာ
    တကယ်မသိပေမယ့်
    Participate လုပ်ချင် တာနဲ ့
    ကွန်းမန် ့ ဝင်ရေးသွားပါတယ်။
    ဝင် ကစွပ် ကောင် တစ်ကောင် လိုပေါ့…။

  • naywoon ni

    April 15, 2014 at 10:36 pm

    ​ပြောရရင်​​တော့ အရှည်​ကြီး​ပေါ့ဗျာ ။ အတိုရှုံး ​ပြောရရင်​​တော့ ပြဿနာက သဂျန်​က ဗြဟ္မဏ ရိုးရာ ယဉ်​​ကျေးမှုလား ။ ဗုဒ္ဓ ဘာသာက နွယ်​ပြီးလာတဲ့ ယဉ်​​ကျေးမှုလား ဆိုတာကစရလိမ်​့မယ်​ ။ ကိုးကွယ်​ရာက တစ်​ဘာသာ ယဉ်​​ကေ​ျးမှု အ​မွေ လက်​ဆင်​့ကမ်​းတာက တစ်​ခြား အယူဝါဒ က အဲ့လို က​မောက်​ ကမ ဖြစ်​​နေတာ​တွေ ကဗျာ ​ရေးသူ မခံစားနိုင်​​တော့လို့ ဒီလို ​ရေးဖြစ်​သွားတာ ဗျ ကိုဘလက်​ရ ။ သဂျန်​ ကိစ္စ တစ်​ခုထဲ မဟုတ်​ပါဘူး ။ ကျန်​တာ​တွေ အများကြီး ဖြည်​့ပီး ခံစားလို့ ရပါ​သေးတယ်​ ။

  • Crystalline

    April 16, 2014 at 9:23 am

    ဘနီရေ… တွေးသွားတယ်…

  • ကေဇီ

    April 16, 2014 at 12:18 pm

    စဉ်းစားနေတာ။
    အဲဒီ ဝင်ကစွပ်ကောင်က စားလို့ ရသလားလို့ 🙄

    😀

  • naywoon ni

    April 16, 2014 at 6:04 pm

    ခါးတယ်​ ။ ( ​ခွေးအသားချို၏ ။ လူအသားခါး၏။ ) တဲ့ ။ မသိချင်​​ယောင်​​ဆောင်​ပီး​မေးပါရ​စေဦး ။ နှစ်​​ဟောင်​းမှာတင်​ကျန်​ခဲ့တဲ့ အညစ်​အ​ကြေး​တွေကို အတာ​ရေနဲ့ ​ဆေး​ကြောရင်​ ​ပြောင်​သတဲ့ ။ အဲ့ အယူအဆက ဗုဒ္ဓ ​ဟောခဲ့တဲ့ တရား​တွေနဲ့ ညီညွတ်​မှုရှိရဲ့လား ? ဗုဒ္ဓဘာသာဝင်​​ကောင်​းတစ်​​ယောက်​ရဲ့ နှုတ်​က အဲ့လိုစကားမျိုးထွက်​ပါ့မလားလို့ MRTV က​နေ ခဏခဏ ​ပြော​နေလို့ နားကြားပြင်​းကပ်​​နေပီ

  • padonmar

    April 17, 2014 at 7:52 pm

    အဘနီရေ
    ဂဏန်းတွေချည်းပဲဆိုတော့ ဘေးတိုက်သွားတာ မှန်တယ်ပဲထင်နေကြတာပေါ့။
    ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချမ်းမြေ့ဆရာတော်ကြီးရဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိတရားမှာ ကြားမိတာလေး ပြန်ပြောပါမယ်။
    ဗုဒ္ဓဘာသာရဲ့ နေ့ထူးနေ့မြတ်တွေက ကဆုန်လပြည့်၊ဝါဆိုလပြည့်၊သီတင်းကျွတ်လပြည့်ပါ၊
    တကမ္ဘာလုံးက ဗုဒ္ဓဘာသာတိုင်း လက်ခံထားကြပါတယ်။
    တန်ဆောင်မုန်းကလည်း ဗုဒ္ဓဘာသာပွဲ မဟုတ်၊
    ဟိန္ဒူနက္ခတ်ပွဲက လာတာပါ။
    သင်္ကြန်လည်း ထိုနည်းလည်းကောင်းပါပဲ။
    ဒါပေမယ့် မြန်မာတွေက အဲသလိုပွဲတွေကိုပါ ဗုဒ္ဓဘာသာအယူထဲထည့်ပြီး အလှူအတန်းလုပ်ကြတာလေး သိပ်ကောင်းပါတယ်တဲ့။
    (ကောင်းတာယူတတ်တဲ့လူ ရှိသလို
    မကောင်းတာ ယူတဲ့လူလည်း ရှိတာပေါ့၊
    ဈေးကွက်စီးပွားရေးမှာ ရောင်းကောင်းအောင် မားကက်တင်းလုပ်တော့ ကမောက်ကမတွေ ပိုပြီး တိမ်းစောင်းလာတာပဲ။
    ဗလင်တိုင်းဒေးထက်စာရင်တော့ တော်သေးတယ်ပြောရမလိုပဲ။)

  • alinsett (gazette)

    April 18, 2014 at 2:04 pm

    အဲဒီ အကောင်လေးတွေ.. မြင်တုန်းက..
    ဒီကဗျာလို..မတွေ းခဲ ့ဖူးဘူး…

  • အာဂ

    April 21, 2014 at 5:46 pm

    ငါသည်…ဝင်ကစွပ်.. ငါ့ ခန္ဓာသည်လည်း ဝင်ကစွပ်… ငါ့ အတ္တလည်း ဝင် ကစွပ်…ငါ့ ဘဝသည်လည်း..ဝင်ကစွပ်…..သံသရာဟုသည်လည်း ဝင်ကစွပ်…။

Leave a Reply