ကြည်နူး ပျူ ငှာ၊စတုဒီသာ

myanmar oscarApril 16, 20142min1435

သင်္ကြန် အကျနေ့က လူငယ်ဘုံဆွမ်းလောင်းအဖွဲ့ရဲ့ စတုဒီသာကျွေးမွေးခဲ့တဲ့ အဖြစ်လေးကို မေ့မရခဲ့ပါဘူး။ လပြည့်၊လကွယ်တိုင်း ဆွမ်းလောင်းလှူနေတဲ့လူငယ်လေးတွေရဲ့ ကြိုးစားမှု ပထမခြေလှမ်းတရပ်လို့ဆိုရင်လဲ မမှားနိုင်ပါဘူးလေ။
ဘာလို့လဲဆိုတော့ တပို့တွဲကစလို့ တန်ခူးဆိုတဲ့ ဒီလအထိဆိုတဲ့ အချိန်တိုလေးအတွင်းမှာစတင်မွေးဖွားလာတဲ့ ဒီအဖွဲ့အစည်းလေးဟာ ငွေအင်အားမတောင့်တင်းသော်လဲ ရှိတဲ့ရန်ပုံငွေလေးနဲ့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ အလှူတခုကိုကောင်းမှုပြုပြီး ကြည်နူးမှုအပြည့်နဲ့ ၊အပြုံးပန်းတွေဝေစွာနဲ့ ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ဗျာ။ဒီရွာသူ၊ရွာသားများအားလုံးလဲ ဒီအလှူလေးကို သာဓုခေါ်ပေးကြပါလို့ နိုးဆော်လိုက်ရပါတယ်ခင်ဗျာ………..။

အော်…ပြောရဦးမယ် ကျန်သွားလို့ နှစ်ဆန်း(၁) ရက်နေ့မှာ သက်ကြီး ဘိုးဘွား၊မိဘတွေကို ပူဇော်ပွဲလေး လုပ်ပေးဦးမှာတဲ့ဗျာ………..IMG_20140414_171620 IMG_20140414_170347 IMG_20140414_170555 IMG_20140414_170608 IMG_20140414_170653 IMG_20140414_170720 IMG_20140414_170744 IMG_20140414_170825 IMG_20140414_170927 IMG_20140414_171353 IMG_20140414_171416

5 comments

  • ကေဇီ

    April 16, 2014 at 8:57 am

    သာဓု
    သာဓု
    သာဓု
    ဒါနဲ့ ပို့(စ) တင်ရင် ကတ်တဂိုရီလေးကို သတိထားပြီး တင်ပါကွယ်။
    ခုဟာ ကော်ပီ/ပေ့(စ) ဖြစ်နေတော့ ရှေ့မျက်နှာမှာ မပေါ်ဘူးးး

    🙂

  • Crystalline

    April 16, 2014 at 9:17 am

    ဒို့ရပ်ကွက်ထဲက လူတွေကတော့ မစွံပါဘူးအေ… ဒီလမ်းထဲ လူနေလားလို့တောင် မေးယူရမယ်.. ဘာမှမလုပ်ကြဘူး.. ဘေးအိမ်ကလူတွေလည်း ဘာမှလာပေးဖော်မရဘူး.. :(( :mrgreenn:

  • TNA

    April 16, 2014 at 7:18 pm

    အိုးပျော်စရာကြီး။ ကောင်းလိုက်တာ။ ဒီတနှစ်သင်္ကြန်တော့ စတုဒီသာဘာမှကိုမစားလိုက်ရဘူးရယ်။ အဟဲ ကိုယ်လဲမလုပ်ဖြစ်ဘူး။

  • black chaw

    April 21, 2014 at 5:51 pm

    မုန့်လုံးရေပေါ် စားချင်ပါတယ်ဗျာ…။
    :mrgreen:

Leave a Reply