မြန်မာ သနပ်ခါးလို့ အမည်ပေးပါ့ရစေ သဘောတူလားဟင်

myanmar oscarApril 16, 20142min2229

အောက်ကပုံလေးတွေကတော့ စတုဒီသာကျွေးရင်း မိမိ အဖွဲ့သူသားအချင်းချင်း ပျော်စရာအိုးမဲသုတ်ကြတာပါ။ တခုတော့ရှိတယ်နော် အားလုံးဟာ အရက်သောက်မထားပါဘူး၊ပြောချင်တာက မျက်နှာကို အိုးမဲသုတ်တမ်း ကစားတာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်းရှိသလားလို့ပါ၊ဒါကို စိတ်ကူးထဲကနေတင်စားလိုက်တာပါ

နာမည်က မြန်မာသနပ်ခါး လို့ပေါ့ နော်IMG_20140415_235829 C360_2014-04-14-15-35-04-055 C360_2014-04-14-15-37-08-083 C360_2014-04-14-15-37-25-648 C360_2014-04-14-15-37-59-397 C360_2014-04-14-15-38-19-428 IMG_20140414_153339

9 comments

  • ကေဇီ

    April 16, 2014 at 8:04 am

    တကယ် သနပ်ခါးမှတ်လို့။
    သင်္ကြန် မှာ အိုးမည်းသုတ်တာတို့ အသုတ်ခံရတာတို့တော့ မလုပ်ဖူး မဖြစ်ဖူးဘူးး
    ၈ တန်းလောက်ကတော့ မိတ်ကပ်ဘူးလေးတွေနဲ့ ကိုင်ပြီး မိတ်ကပ်နဲ့ လိုက်လိုက်တို့ တာ ခေတ်စားတယ်။

    😀

  • Crystalline

    April 16, 2014 at 9:10 am

    မော်ဒယ်လေးတွေ.. ရမ်းရမ်းလှကြတယ်… :mrgreenn:
    ယိုးဒယားသင်္ကြန်မှာတော့ ပေါင်ဒါမှုန့်တွေနဲ့တို့ကြတယ်… အိုးမဲတော့မကြိုက်ဘူး… ညစ်ပတ်လို့… 🙂

  • padonmar

    April 16, 2014 at 9:37 am

    အိုးမဲသုတ်တာ မကောင်းပါဘူး။
    သုတ်သူက ရီနေနိုင်ပေမယ့် အသုတ်ခံရသူက ဘယ်ကြိုက်ပါ့မလဲ၊
    အဲဒီအစား သနပ်ခါးပါးတို့ပေးတဲ့ မြို့လေးတမြို့ (နာမည်မေ့သွားပြီ၊မွန်ပြည်နယ်ထဲကထင်တယ်)ထုံးစံဆို ပိုကောင်းတာပေါ့။

      • padonmar

        April 17, 2014 at 7:41 pm

        ရှဲ့ရှဲ့ သိုင်းကျူး အကြီးကြီးပါ။
        ဒါကြောင့် ဂဇက်ရွာသူားတွေက ချစ်စရာကောင်းတယ်လို့ ပြောနေကြတာ။(ကွကိုယ်)

  • kai

    April 16, 2014 at 10:40 pm

    ဟိုလီပွဲကနေကူးလာတာနေမှာပေါ့..
    မြန်မာလက်ထဲရောက်တော့.. ဆေးရောင်မရှိတာနဲ့..အိုးဖင်ကပ်မီးမှိုင်းအမဲကို.. ဆီလေးပါရောပြီး..လွယ်လွယ် ပြန်ချွတ်လို့မရအောင်လုပ်တာလေ…။
    ရွာထဲခတ်ဆိုးဆိုးကာလသားတွေကို.. ရွာ့ဂျီးဒေါ်တွေကအပြစ်ပေးတဲ့အနေနဲ့လုပ်တာလို့.. ထင်တာပဲ..။

    သူတပါးတော်တော့်ကိုထိခိုက်သမို့.. ကောင်းတယ့်ဓလေ့လို့မထင်ပါဘူး..

    ၂ဖက်ပျော်ပြီးအဆင်ပြေတာကို..ရွေးလုပ်ပြီး..ဓလေ့အသစ်လုပ်ပစ်သင့်တယ်..။
    ဥပမာ..တကယ်ကိုသနပ်ခါးလိမ်းတာမျိုး..။ ဟိုလီပွဲလို..(ရေနဲ့ဖျက်လို့ရတဲ့.) ဆေးရောင်စုံလိမ်းတာမျိုးပေါ့..။

  • myanmar oscar

    April 17, 2014 at 12:33 am

    အားလုံးကိုကျေးဇူးတင်ပါတယ်။သူ့ဓလေ့နဲ့ကိုယ့်ဓလေ့ပါပဲ၊ ဘာပဲဖြစ်ဖြစ်ရန်မဖြစ်ရင် အားလုံးသောပွဲတော်တွေဟာ ပျော်စရာအလွန်ကောင်းပါတယ်။

  • naywoon ni

    April 17, 2014 at 2:29 am

    ကျုပ်​တို့ဆီမှာ ငယ်​ငယ်​ဓ​လေ့ တစ်​ခု ရှိဗျ ​ကောက်​စိုက်​​နေတုန်​း ကာလသား တစ်​​ယောက်​ထဲများသွားမိလို့က​တော့ ဝိုင်​းဖမ်​းပြီး ချိုချို တိုက်​သဗျ အဲ့ ပီး​တော့ပါလာတဲ့ ပစ္စည်​းတစ်​ခုခု ဥပမာ မျက်​မှန်​လို လက်​ကိုင်​ပုဝါ လို တစ်​ခုခု​ပေးခဲ့မှ ပြန်​လွှတ်​သဗျ ခု​တော့ မရှိ​တော့ဘာဘူး အဲ့ဒိလိုပဲ ခုဖြစ်​ပျက်​​နေတာ​တွေ ​နောက်​ ဆယ်​နှစ်​ ဆယ်​့ငါးနှစ်​ အနှစ်​နှစ်​ဆယ်​ ရှိချင်​မှလည်​းရှိ​တော့မယ်​ ဆို​တော့ စိတ်​ရှည်​ကြပါ သီးခံကြပါ သိပ်​ပီး​လောမကြီးပါနဲ့ ဖြစ်​ချိန်​တန်​ရင်​ဖြစ်​ပြီး ပျက်​ချိန်​တန်​ရင်​ ကြိုးနဲ့ ချည်​ထားလို့လဲ မရပါဘူး အချိန်​ကာလက တန်​ဘိုးဖြတ်​သွားပါလိမ်​့မယ်​ အဲ့ မှားတာကို မှားတယ်​လို့ လူတိုင်​းလက်​ခံလာ​အောင်​ အထူးသဖြင်​့ နိုင်​ငံ ဥ​သျှောင်​​တွေ လက်​ခံလာ​အောင်​လုပ်​​ပေးဖို့​တော့လိုလိမ်​့မယ်​ နို့မဟုတ်​ရင်​ ဘုရင်​​ခေတ်​က ပု​ရောဟိတ်​ ​ပြောသမျှ မျက်​စိမှိတ်​ပီး ​ခေါင်​းညိမ်​့​နေသလို ဖြစ်​​နေရင်​​တော့ မလွယ်​ဘူး

  • alinsett (gazette)

    April 18, 2014 at 1:47 pm

    ကရင်ပြည်နယ်မှာတော့..ရေပက်တာကနည်းနည်း..
    တကယ့် နံ့သာတွေ သနပ်ခါးတွေ ပေါင်ဒါမှုန် ့တွေ ရေဖျော်ပြီး.လာသမျှ လူကို..
    မျက်နှာပေါ် လိမ်းပေးကြတယ်… .

    ကြမ်းကြမ်းတမ်းတမ်းမဟုတ်ပဲ..ညင်သာသိမ်မွေ ့လို ့…
    ရန်ကုန်က..ရေပက် ရေပက်ခံခြင်းတွေထက် ပိုကြည်နူးမိပါရဲ ့…

Leave a Reply