ငွေကြေးများအမြန်ဆုံး..ဝင်စေနည်း

zaw mgAugust 10, 20101min24925

………ငွေကြေးအဆင်မပြေသူများအတွက်…….နည်းလမ်းကောင်းလေးတစ်ခုပါယုံယုံကြည်ကြည်နဲ့

ပြုလုပ်မယ်ဆိုရင်အဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်။

ပြုလုပ်ဘို့ကတော့……………..ကြေးလင်ပန်းထဲတွင်လဖ္ဘာက် (၉) ပုံပုံစေ၍အလယ်တွင်ရွှေပြား (၉) ပြား အားပုံငထည့်ပြီး  ငွေနံပေါ်ချိန် တနင်္လာနေ့နံနက် ( ၉ ) နာရီ (၄၅ )မိနစ် တွင်ဘုရားကပ်လှုဒါန်းပါ။

ထို့နောက်…ငွေကြေးများအမြန်ဆုံးဝင်ပါစေ……ဟုပါးစပ်မှဆုတောင်းပါ။

မေတ္တာဖြင့်

akk

25 comments

  • sofiadimple

    August 10, 2010 at 4:02 am

    အဲဒီအချိန်ဘာကိုနှလုံးသွင်းပြီးရည်မှန်းထားရမှာလဲ???

  • winne

    August 10, 2010 at 4:43 am

    လောဘကို နှလုံးသွင်းရမယ်

  • kai

    August 10, 2010 at 5:41 am

    ရွှေပြား (၉) ပြား ဆိုတာမို့ …ငွေကြေးတော်တော်တော့ အိုကေနေပြီထင်မိပါတယ်။
    ငွေကြေးအဆင်မပြေသူလို့ခေါ်နိုင်ပါ့မလား…ဟင်င်င်..။
    လိုအပ်တာထက်ပိုလိုနေချင်နေတာများလား…။
    အဲဒါကြောင့် ..လောဘကိုနှလုံးသွင်းရမယ်ဆိုတာထင်တယ်နော..။ 🙂

    • hmee

      September 22, 2011 at 2:20 pm

      သဂျီး ရွှေပြားဆိုတာ ဘုရားမှာ ရောင်းတဲ့ ရွှေပြား ဖြစ်မယ် ထင်ပါတယ်။

  • Pyaung Gye

    August 10, 2010 at 7:09 am

    ရွှေပြား မရှိ တော့ ဘယ်လိုလုပ်မလဲ

  • Yin Nyine Nway

    August 10, 2010 at 8:15 am

    ဒါနဲ့ ပဲ ငွေဝင်ရောလား…:)

  • Zaw Min Kha

    August 10, 2010 at 8:43 am

    ဘယ်ကနေဝင်လာမှာလဲ မိုးပေါ်ကနေကျလာမှာလား….
    သေချာတာကတော့ ရတြာချေမယ့် ရွှေပြား၉ပြားကို သွားရောင်းလိုက်ရင် ချက်ချင်းငွေဝင်မှာပဲ…အဟိ

  • nature

    September 21, 2011 at 10:50 pm

    ဗဟုသုတရပါတယ်။ စမ်းကြည့်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။

  • naywoonni

    September 21, 2011 at 11:00 pm

    အဲဒိလိုနဲ့ဝင်ရောလား..။ ဘယ်ကမှရစရာမရှိတာကို…။ ဘယ်သူကအမွေလာပေးမှာလဲ…။ မနက်စောစော ထပြီး ပွဲဈေးတန်းဘက်လျှောက်ပါဆိုရင် ကောက်တွေ့ချင်တွေ့နိုင်စရာရှိသေး…။ အတိတ်စိမ်းပေးလို့ နှစ်လုံးထိုးပါဆိုတော်သေး..။ အားမပါဘူး………….

  • etone

    September 22, 2011 at 9:05 am

    မယုံပါဘူး ဗျို့ … အဲ့နည်းနဲ့သာ ရမယ်ဆိုလျှင် လူတွေ အကုန်လုံး ချမ်းသာပြီ … ။ ရွှေပြားဆိုတာလည်း မရှင်းမရှင်းရေးထားတယ် … ပိုက်ဆံမရှိပါဘူးဆိုမှ ရွှေပြားလည်း ရှိစရာလားလို့ … 😛

  • nozomi

    September 22, 2011 at 9:27 am

    သူကြီးက ဒီလိုနည်းလမ်းတွေ ယုံလဲ မယုံဘူး လက်လဲမခံဘူး

    ဒါပေမဲ့ ရွာထဲမှာ ဘက်ဂျက်က မြန်မာအစိုးရလို လိုငွေပြနေတာမို့ ရလို့ရငြား တိတ်တိတ်လေး စမ်းဘို့လုပ်နေပါတယ်

  • intro

    September 22, 2011 at 9:40 am

    ကိုယ်တွေ့ဇာတ်လမ်းလေးရှိရင် ပြောပြပါဦးဗျာ… ဘယ်ပုံဘယ်နည်း ငွေဝင်တာလဲ လို့ 😀

  • koyinmaung

    September 22, 2011 at 10:05 am

    ရွှေဈေ းကအတက်ဘဲရှိတာလေ
    ရွှေပြာ၉ပြားကြီးကြီးဝယ်လိုက်
    သူပြောသလိုလုပ်
    နောက်ပြန်ရောင်းလိုက်
    ကြိမ်းသေငွေဝင်မှာလေ
    ဒါလေးများ…..
    ဈေ းကျယင်တော့
    သူလာပေးလိပ်မယ်…ငှဲငှဲငှဲငှဲ….

  • nature

    September 22, 2011 at 10:14 am

    မယုံမကြည် လုပ်လိုု့ ရှိရင် မအောင်မြင်နိုင်ပါ။ ယုံယုံကြည်ကြည် လုပ်ရင် လူတိုင်း မဟုတ်ပေမဲ့ တချို့လေတော့ အောင်မြင်နိုင်မယ်ထင်ပါတယ်။ ယတြာဆိုတာ အပြည့်အဝ ယုံလို့မရသလို လုံးဝယုံကြည်လို့လည်းမရပါဘူး။ ဒါကတော့ ဘုရားကို လှုတာဖြစ်လို့ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရပါတယ်။
    Zaw Mg ရဲ့စေတနာကိုလေးစားပါတယ်။

    • etone

      September 22, 2011 at 11:38 am

      အကျိုးလိုလို့ ညောင်ရည်သွန်းပြီး လှူတဲ့ ပုံစံမျိုးက ရတဲ့ ကုသိုလ်နဲ့ … စေတနာ ထက်အားသန်လို့ လှူပြီး ရတဲ့ ကုသိုလ်ချင်းတော့ ကွာမယ်ထင်ပါရဲ့နော် … 😛

  • ကြောင်ကြီး

    September 22, 2011 at 10:21 am

    ရွှေပြားအစစ်နဲ့လုပ်ရင် တကဲ့ပိုက်ဆံဝင်မယ်၊ ရွှေပြားအတုသုံးရင် ပိုက်ဆံအတုပဲရမယ်။ ကြိုက်တာလုပ်ကြ။ လောကမှာ ရွှေရှိရင်ငွေရှိတယ်ဆိုတာ အဲဒါပဲ။

    • နွယ်ပင်

      September 22, 2011 at 10:33 am

      ဦးကြောင်ကြီး ပြောသလိုဆို ငွေအစစ်ဝင်ဖို့အတွက်
      ရွှေပြားအစစ် (9) ပြားကို အရင်ရှာရဦးမှာပေါ့လေ ……..
      ဒီလိုဆိုရင်တော့ မျှော်လင့်ရင်းနဲ့ဝေးပေါ့ ……… 😀

  • manawphyulay

    September 22, 2011 at 11:22 am

    ငွေကြေးမရှိလို့ အဆင်ပြေအောင် လုပ်ပါတယ်ဆိုမှ ဘယ်က ရွှေပြားကို သွားခိုးပြီး ယူလာရမှာတုန်း… စထဲက လွဲနေပြီ နည်းလမ်းလေးရယ်…

  • etone

    September 22, 2011 at 11:40 am

    အားလုံး မေ့နေတဲ့ အချက်ရှိတယ်နော် …သူပြောတဲ့ ငွေဝင်တယ်ဆိုတာ …သူ့ဘာသာသူ ငွေဝင်တာပြောတာ .. ။ ဟုတ်တယ်လေ .. အခုပဲ လက်တွေ့ကြည့် .. သူဒီနည်းလေးလည်း တင်ရော… (လုပ်တောင်မလုပ်ကြည့်ရသေးဘူး နော် 😡 ) တစ်ယောက် သုံးပွိုင့် သုံးပွိုင့် လာလာပေးကြတာ ..မန်ဘာ အယောက်လေးထောင်ဆိုတော့ … တာ်ကြာ ရွှေပြားဖိုး ရသွားမှဖြင့် သဂျီးတော့ အော်ငိုနေတော့မှာပဲ 😛 😛

  • cobra

    September 22, 2011 at 2:07 pm

    ရွှေပြားဝယ်ဖို့အရင်ပိုက်ဆံရှာလိုက်ဦးမယ်။
    ဒါမှမဟုတ်လည်းစာရေးသူကအရင်ချေးထားလေ
    ပြီးမှပြန်ပေးမှာပေါ့။

  • kai

    September 22, 2011 at 2:45 pm

    ဒီနည်းကို.. ဘီလ်ဂိတ်ကိုရောင်းစားရမယ်…။
    ဒီနည်းကို.. အင်တဲလ်ကုမ္ပဏီကိုရောင်းစားရမယ်…။
    ဒီနည်းကို.. ဂိုဂယ်ကိုရောင်းစားရမယ်…။
    အဲဒီလိုနဲ့.. ကမ္ဘာသူကမ္ဘာသားတွေ… ဝင်းဒိုစ်းမသုံးရ..ကွန်ပြူတာတွေမျိုးပြုတ်..အင်တာနက်မရှိဖြစ်ပြီး.. လေစားပြီး အသက်ဆက်.. ထိုင်နေကြရမယ်ပေါ့..

    ( တုန်မမပြောသလို.. ယတြာချေခိုင်းတဲ့..စာတင်သူကတော့.. လာထား.. ၃ကျပ်တဲ့..။ ငွေဝင်သွားပြီ..
    ကောင်းလေစွ…ကောင်းလေစွ.. (ဖိနပ်နဲ့ပေါက်ဖို့) 🙂 )

    • etone

      September 22, 2011 at 3:02 pm

      ha ha ha ha 😀 😀 ဒီနေ့ တနေ့လုံး ဖတ်ရတဲ့ ကော့မန့်တွေထဲ သဂျီးရဲ့ ကော့မန့် အရယ်ရဆုံးပဲ ဟန်မဆောင် နိုင်အောင်ပဲ အသံထွက်ရယ်မိတော ့.. ဘေးက လုပ်ဖော်ကိုင်ဘက်တွေက ဂေါက်သွားပလားတဲ့လေ .. ဟားဟား … သဘောကျမိလို့ သုံးကျပ်ထပ်ပေးလိုက်တယ် …
      (((ငွေဝင်သွားပြီ..ကောင်းလေစွ…ကောင်းလေစွ.. (ဖိနပ်နဲ့ပေါက်ဖို့) ))) 😀

    • nature

      September 22, 2011 at 3:32 pm

      ဟား ..ဟား.. ဟာ….။ရီလို်က်ရတာ သူကြီးရေ။ သူကြီးရေ ဖိနပ်နဲ့ပေါက်ရင်လဲ Branded အသစ်နဲ့ပေါက်မှ လက်ခံမယ်နော်။ ၂ဖက်စလုံးနဲ့ ပေါက်ရမယ်။ လာထား ၅ပွိုင့်။ 🙂

  • chitsu

    September 22, 2011 at 3:33 pm

    ရွှေပြားကိုzawmgကပေးမှလားဟင်

  • nature

    September 22, 2011 at 6:14 pm

    ပညာဆိုတာ ပညာရှင်အချင်းချင်းမှသိတာ နော်..။ လူတိုင်းလွယ်လွယ်သိလွယ်လွယ်လုပ်လို့ လွယ်လွယ်ဖြစ်နေရင် အဖိုးတန် ပညာလို့ ဘယ်ခေါ်တော့မလဲ။ ပညာမရှိ တဲ့သူတွေကတော့ ဒါတွေကို လုပ်လို့ဖြစ်မှာမဟုတ်ဘူး ။ ကျနော်ကတော့စမ်းကြည့်ဖို့စိတ်ကူးတယ်။ အဟီးးး နောက်တာနော် Sorry 🙂 🙂

Leave a Reply