မိတ္ထီလာမြို ့ ပြည်သာယာမြောက်ပိုင်း ၁ လမ်း နှင့် မြင်းခြံလမ်းမအနီးက ပြည့်တန်ဆာလုပ်ငန်း အရေးယူပေးစေချင်

kyaw kyawApril 18, 20141min730

 

 

မိတ္ထီလာ ဧပြီ ၁၈

မိတ္ထီလာမြို ့ ပြည်သာယာမြောက်ပိုင်းရပ်ကွက်( က ) နယ်မြေ  ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးတွင် ပြည့်တန်ဆာလုပ်ငန်း

အား တရားဝင်လုပ်ငန်းကဲ့သို ့ လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်

လျက်ရှိကြောင်း သိရသည်။

ပြည်သာယာမြောက်ပိုင်း ၁ လမ်းက အိမ်တစ်အိမ်မှာ လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာလုပ်ငန်းကို မန ္တလေးတိုင်းဒေသကြီး

အဆင့်က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးအရေးယူဆောင်ရွက်သွားတာမို ့ အဲဒီနားမှာ မလုပ်တော့ဘူး။ဒီဘက်နား

မှာလည်း လာရောက်လုပ်ကိုင်နေကြတာ။ ၁လမ်း နဲ ့မြင်းခြံလမ်းမအနီးမှာ ရှိတဲ့ ရွှေမိုးတိုက်ပျက်ကြီးအနောက်ဘက်က

တိုက်အိမ် နှစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတာ သိပေမယ့်  ရပ်ကွက်က မပြောရဲဘူး။ တော်ကြာ ရဲစခန်းကို

လိုင်းကြေးပေးပြီး လုပ်ကိုင်နေတာများဖြစ်ခဲ့ရင် ပြောတဲ့သူပါ ဒုက္ခရောက်မှာ စိုးနေကြလို ့ ရပ်ကွက်ဒေသခံတွေက မပြော

ရဲဘူး။ တာဝန်ရှိသူတွေကို မတိုင်ကြားရဲဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲမှာလည်း အမျိုးသား အမျိုးသမီးငယ်တွေရှိတယ်။

မိကောင်းဖခင်သားသမီးတွေလည်း ယုန်ထင်ကြောင်ထင် အထင်ခံရနိုင်လို ့ အသွားအလာဆင်ခြင်ဖို ့ ပြောဆိုဆုံးမနေရ

တယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်းကို တာဝန်ရှိသူတွေ အနေနဲ ့  မျက်စိမှိတ် ကြည့်မနေဘဲ အရေးယူဆောင်ရွက်ပေးရင်

တော့ အကောင်းဆုံးပေါ့ဗျာ ဟု  ပြည်သာယာမြောက်ပိုင်း ဒေသခံတစ်ဦးဖြစ်သူ ကိုမိုး ( အမည်လွဲက ) က ပြောသည်။

အဆိုပါ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးရှိ တိုက်အိမ်နှစ်ခုအနက် မြင်းခြံလမ်းမအနီး

မှနေအိမ်တွင် လူနေပြီး ၎င်း နေအိမ်၏တောင်ဘက် တိုက်အိမ် အမှတ် က/၁၉၁ တွင် ပြည့်တန်ဆာလုပ်ငန်းအလို

ငှာ အမျိုးသမီးငယ်များထားရှိ လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။    ဇီးကွက်